စစ်တက္ကသိုလ်တွင်ပညာသင်ကြားပေးခဲ့သည့် ဆရာကြီး၊ ဆရာမကြီးများအား စတုတ္ထအကြိမ်မြောက်အာစရိယပူဇော်ပွဲကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ- ၂၃ စစ်တက္ကသိုလ်တွင် စာပေပညာ၊ စစ်ပညာများသင်ကြားပေးခဲ့သည့် စစ်ဘက်၊ နယ်ဘက် ဆရာကြီး၊ ဆရာမကြီးများအား စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉)တို့၏ စတုတ္ထအကြိမ်မြောက်အာစရိယပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားတောင်ဘက်မုခ်ရှိ တပ်မတော် ဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။ အဆိုပါအခမ်းအနားသို့

ဆက်ဖတ်ရန်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နေအိမ်သို့ Catholic Kachin Youth Yangon(CKYY) ဓမ္မတေးအဖွဲ့လာရောက်၍ ခရစ္စမတ် ဓမ္မတေးသီချင်းများသီဆိုပြီး ငြိမ်းချမ်းရေးဆုတောင်းစကားများ ဂုဏ်ပြုပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ ၂၃ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏နေအိမ်သို့ ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Catholic Kachin Youth Yangon (CKYY) ဓမ္မတေးအဖွဲ့ လာရောက်၍ ခရစ္စမတ်ဓမ္မတေးသီချင်းများ သီဆိုပြီး ငြိမ်းချမ်းရေးဆုတောင်းစကားများ ဂုဏ်ပြုပြောကြားသည်။ ဦးစွာဓမ္မတေးအဖွဲ့က ခရစ်စမတ်ဓမ္မတေးသီချင်းနှင့် ငြိမ်းချမ်းရေးတေးသီချင်းများ သီဆိုကြသည်။

ဆက်ဖတ်ရန်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် စစ်တက္ကသိုလ်တွင်ပညာသင်ကြားပေးခဲ့သည့် ဆရာကြီး၊ ဆရာမကြီးများအား စတုတ္ထအကြိမ်မြောက်အာစရိယပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားတောင်ဘက်မုခ်ရှိ တပ်မတော်ဓမ္မာရုံတွင် ကျင်းပပြုလုပ်သည့် စစ်တက္ကသိုလ်တွင် စာပေပညာ၊ စစ်ပညာများသင်ကြားပေးခဲ့သည့် စစ်ဘက်၊ နယ်ဘက် ဆရာကြီး၊ ဆရာမကြီးများအား စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉)တို့၏

ဆက်ဖတ်ရန်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၊ ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၄) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားတက်ရောက်ချီးမြှင့်

နေပြည်တော် ၊ ဒီဇင်ဘာ- ၂၁ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၊ ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၄) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)ရှိ ပြည်ထောင်စုခန်းမ၌ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။ အဆိုပါသင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန

ဆက်ဖတ်ရန်

လွတ်လပ်ရေးထိန်းသိမ်းမှုနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်မှုကာလများတွင် အမျိုးသမီး စစ်ဝန်ထမ်းတပ်များ ပါဝင်ဖွဲ့စည်းပြီး ကျရာအခန်းကဏ္ဍတွင် ထူးချွန်ပြောင်မြောက်စွာ ပါဝင်ထမ်းဆောင်ခဲ့

နေပြည်တော် ၊ ဒီဇင်ဘာ ၂၁ မိမိတို့နိုင်ငံ၏အတိတ်သမိုင်းတွင် ခေတ်မီတပ်မတော်တစ်ရပ်တည်ထောင်နိုင်ခဲ့ခြင်းမရှိသဖြင့် သူ့ကျွန်ဘ၀သို့ရောက်ရှိခဲ့ရကြောင်း၊ နိုင်ငံလွတ်လပ်ရေးရရှိရန်အတွက် မိမိတို့တပ်မတော်သည် ပြည်သူများနှင့်လက်တွဲပြီး နယ်ချဲ့ဖက်ဆစ်များကိုတွန်းလှန်ခဲ့ကြကြောင်း၊ ထိုသို့သူ့ကျွန်မခံတွန်းလှန်မှုများနှင့် လွတ်လပ်ရေးကြိုးပမ်းမှုများတွင် မြန်မာအမျိုးသမီးများကလည်း အမျိုးသားများနည်းတူ ပါဝင်ဆောင်ရွက်ခဲ့ကြသည်မှာ သမိုင်းတွင် အထင်အရှားရှိကြောင်း၊ ထို့အပြင်လွတ်လပ်ရေးထိန်းသိမ်းမှုနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်မှုကာလများတွင်လည်း အမျိုးသမီးစစ်ဝန်ထမ်းတပ်များ ပါဝင်ဖွဲ့စည်းပြီး ကျရာအခန်းကဏ္ဍတွင်

ဆက်ဖတ်ရန်