“စည်းလုံးခြင်းသည်အင်အား” ဆိုသည့်အတိုင်း ပြည်သူလူထုတစ်ရပ်လုံးစည်းလုံးညီညွတ်ပါက အင်အားတောင့်တင်းသောနိုင်ငံတစ်နိုင်ငံဖြစ်လာမည်ဖြစ်

နေပြည်တော်၊ စက်တင်ဘာ ၁၆ ပြည်တွင်းစည်းလုံးညီညွတ်မှုရှိသောနိုင်ငံများသည် နိုင်ငံကြီး/ငယ်မဟူ အင်အားတောင့်တင်း ခိုင်မာသောနိုင်ငံများအဖြစ် ကမ္ဘာ၌ရပ်တည်နိုင်ကြောင်း၊ “စည်းလုံးခြင်းသည် အင်အား” ဆိုသည့် အတိုင်း မိမိတို့နိုင်ငံ၏ တိုင်းရင်းသားပြည်သူလူထု အားလုံးစည်းလုံး ညီညွတ်ရေးကို ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကလောတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအားယနေ့နံနက်ပိုင်းတွင်

ဆက်ဖတ်ရန်

တော်တည့်မှန်ကန်သည့်ခေါင်းဆောင်မှုဖြင့် လက်အောက်ကိုဦးဆောင်ရန်နှင့် လက်အောက်က ယုံကြည်အားကိုးရသောခေါင်းဆောင်များဖြစ်ရန်လိုအပ်

နေပြည်တော်၊ စက်တင်ဘာ – ၁၅ ခေါင်းဆောင်မှုဆိုသည်မှာ ခေါင်းဆောင်ပီသ၍ လက်အောက်ကယုံကြည်အားကိုး ပြီးအားလုံးလိုက်ပါ ဆောင်ရွက်သည့်ခေါင်းဆောင်မှုမျိုးဖြစ်ရန်လိုကြောင်း၊ တော်တည့်မှန်ကန်သည့် ခေါင်းဆောင်မှုဖြင့် လက်အောက်ကိုဦးဆောင်ရန်နှင့် လက်အောက် အခြေအနေကိုသိရန်လိုကြောင်း၊ “မသိလျှင်မေး၊ မစင်လျှင်ဆေး” ဆိုသည့်အတိုင်း မိမိ မသိသည်များကို မေးမြန်းလေ့လာရန်လိုပြီး အခြေအနေမှန် သိမှသာ မှန်ကန်သောဆုံးဖြတ်ချက်ချနိုင်မည်ဖြစ်ကြောင်း၊ တပ်မှူးကောင်းဆိုသည်မှာ

ဆက်ဖတ်ရန်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလောမြို့နယ်၊ ဟဲဟိုးမြို၊ ဘော်နင်းကျေးရွာအုပ်စုရှိ အာလူးစိုက်တောင်သူများနှင့်တွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာ ၁၄ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်နှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့ညနေပိုင်းတွင် ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဘော်နင်းကျေးရွာအုပ်စုရှိ အာလူးစိုက်တောင်သူများ နှင့်တွေ့ဆုံသည်။

ဆက်ဖတ်ရန်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ကြီးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအားတွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ စက်တင်ဘာ ၁၄ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်သို့ရောက်ရှိရာ အစည်းအဝေးခန်းမ၌ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်က တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ထားရှိမှုများအားရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်ကာကွယ်ရေး တာဝန်များကျေပွန်စွာထမ်းဆောင်နိုင်ရန်အတွက် စွမ်းရည်ထက်မြက်သော တပ်များဖြစ်လာစေရေး

ဆက်ဖတ်ရန်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ကြီးမြို့ရှိ ရွှေဘုန်းပွင့်စေတီတော်နှင့် စူဠာမုနိစေတီတော်သို့သွားရောက်ဖူးမြော်ကြည်ညို

နေပြည်တော်၊ စက်တင်ဘာ – ၁၃ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့ညပိုင်းတွင် တောင်ကြီးမြို့ရှိ့ ရွှေဘုန်းပွင့်စေတီတော် နှင့် စူဠာမုနိစေတီတော်သို့သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဆက်ဖတ်ရန်