နေပြည်တော် ဒီဇင်ဘာ ၂၉ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနေမှုကို လာရောက်လေ့လာခဲ့သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌လာရောက်ဂါရဝပြုတွေ့ဆုံသည်။ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ
Month: ဒီဇင်ဘာ ၂၀၂၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား
စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကိုအခြေခံသည့် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် နိုင်ငံ့စီးပွားရေး အားကောင်းလာမည်ဖြစ်သကဲ့သို့သွင်းကုန်ပစ္စည်းများကိုလည်း လျှော့ချနိုင်မည်ဖြစ် နေပြည်တော် ဒီဇင်ဘာ ၂၁ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များနှင့် ယနေ့နံနက်ပိုင်းတွင် ပြည်မြို့၊ သီရိခေတ္တရာ ရတနာ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပြောကြားသည်။ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူးတွဲဖက်အမှုဆောင်ချုပ်
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော် ဒီဇင်ဘာ ၂၁ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား မြဧရာတပ်နယ်ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။ အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင် အတွင်းရေးမှူး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ကျက်သရေဆောင် လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးအားဖူးမြော်ကြည်ညို
နေပြည်တော် ဒီဇင်ဘာ ၂၀ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များနှင့်အတူယနေ့ညနေပိုင်း တွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ကျက်သရေဆောင် လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးအားသွားရောက်ဖူးမြော်ကြည်ညိုသည်။ ဦးစွာ နိုင်ငံတော်ယာယီသမ္မတနိုင်ငံ တော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး၊အဖွဲ့ဝင်များအား ဂေါပကအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက် ကြသည်။ ထို့နောက် စေတီတော်မြတ်ကြီး အား လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညို၍ ပြည်မြို့ညနေ နေဝင်ချိန်ရှုခင်း အား ကြည့်ရှုသည်။ ထို့နောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံ တော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး၊အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော် မြတ်အား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း ကပ်လှူပူဇော်သည်။ ယင်းနောက်ရွှေဆံတော်စေတီတော် ဗုဒ္ဓပြတိုက်အတွင်း၌ Pagoda Digital Directory Online Website ဆောင်ရွက်ထားရှိမှုအခြေအနေများအားတာဝန်ရှိသူတစ်ဦးမှရှင်းလင်းတင်ပြရာအွန်လိုင်းတွင်ဖော်ပြရာ၌ဘုရား များ၏သမိုင်းအထောက်အထားများခိုင်ခိုင်မာမာဖြစ်ရန်လိုကြောင်း၊ဓာတ်ပုံများကိုလည်းခေတ်နှင့်လျော် ညီသည့် ဓာတ်ပုံအရည်အသွေးများဖြစ်ရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။ ထို့နောက် ပြတိုက်အတွင်းခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက်၌သွန်းလောင်းပူဇော်ခဲ့ကြသည့် ဗုဒ္ဓရုပ်ပွားတော် မြတ်များနှင့်သမိုင်း အထောက်အထားများကို လှည့်လည်ကြည့်ရှုသည်။ ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် ပြည်မြို့ကျက်သရေဆောင် လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးပူဇော်ပြီး စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူခဲ့ကြပြီးဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။ အလားတူယနေ့ညနေပိုင်းတွင် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌနှင့်ဇနီး၊အဖွဲ့ဝင်များသည် ပြည်မြို့ကမ်းနား လမ်းသို့ရောက်ရှိပြီး ကမ်းနားလမ်းရှိခေတ္တရာညဈေးတန်း၌ ဒေသရိုးရာအစားအသောက်များ၊ ဈေးဆိုင်ခန်းများဖွင့်လှစ်ရောင်းချနေမှုများကိုလိုက်လံကြည့်ရှုပြီး ဈေးရောင်းချ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မင်းဘူးမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ မြို့မိ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ များ ဆွေးနွေးပြောကြား
မိမိတို့ဒေသကိုချစ်သည့်စိတ်၊နိုင်ငံကောင်းရာကောင်းကျိုးကိုလိုလားသည့်စိတ်များဖြင့်ဒေသနှင့်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို ဝိုင်းဝန်းဆောင်ရွက်ကြစေလို နေပြည်တော် ဒီဇင်ဘာ ၂၀ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်မင်းဘူးမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စား(MSME)စီးပွားရေးလုပ်ငန်းရှင်များနှင့်ယနေ့နံနက်ပိုင်းတွင်မင်းဘူးမြို့ သာသနာ့ဗိမာန်တော်ရှိ မင်းပူးဦးဩဘာသခန်းမ၌တွေ့ဆုံ၍ဒေသဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပြောကြားသည်။ အဆိုပါတွေ့ဆုံပွဲသို့နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူးတွဲဖက်အမှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ပြည်ထောင်စုဝန်ကြီးများ၊မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊မြို့မိမြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME) စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ကြသည်။ ဒေသဆိုင်ရာအချက်အလက်များနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်ချက်များအား အသီးသီးတင်ပြ ဦးစွာခရိုင်အုပ်ချုပ်ရေးမှူးကမင်းဘူးခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်မှာကြားချက်များအပေါ်လိုက်နာဆောင်ရွက်ပြီးစီးမှု၊စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊အဓိကသီးနှံများအား ပန်းတိုင်အထွက်နှုန်းတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ခရိုင်အတွင်းဆန်နှင့်ဆီဖူလုံမှု၊ဆီထွက်သီးနှံများအား






