ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)ရုံး/ဌာနမိသားစုများ၏ အဋ္ဌမအကြိမ် စုပေါင်းမဟာ ဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ဇေယျာသီရိမြို့နယ်၊ သာယာဝှမ်းကျေးရွာ၌ကျင်းပ

ေနျပည္ေတာ္၊ ႏို၀င္ဘာ ၁၅

 

ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း၊ ေရ၊ ေလ)႐ုံး/ဌာန မိသားစုမ်ားမွ ခင္းက်င္း လွဴဒါန္းသည့္ အ႒မ အႀကိမ္ေျမာက္ မဟာဘုံကထိန္အလွဴေတာ္မဂၤလာအခမ္းအနားကုိ ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္၊ ေဇယ်ာသီရိၿမိဳ႕နယ္၊ သာယာ၀ွမ္းေက်းရြာရွိ အတုလမာန္ေအာင္ေက်ာင္းတိုက္၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ တက္ေရာက္၍ ကထိန္လ်ာသကၤန္းႏွင့္လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဧည့္ပရိသတ္မ်ားသည္ ဘုန္းေတာ္ႀကီးေက်ာင္းအသီးသီး သို႔ လွဴဒါန္းရန္အတြက္ ခင္းက်င္းထားေသာ ကထိန္လ်ာ သကၤန္း၊ လွဴဖြယ္ပစၥည္းမ်ားႏွင့္ ပေဒသာပင္မ်ားအား လွည့္လည္ၾကည့္႐ႈၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သာလြန္း ေလာကရန္ေအာင္ေစတီေတာ္ရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ပန္း၊ ေရခ်မ္း၊ ဆီမီးမ်ားကပ္လွဴ ပူေဇာ္သည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ဘုန္းေတာ္ႀကီးေက်ာင္းအတြင္းရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ျမသပိတ္ ဆြမ္းေတာ္၊ သစ္သီးပန္းမန္မ်ားႏွင့္ ေသာက္ေတာ္ေရခ်မ္းတို႔ကို ကပ္လွဴပူေဇာ္သည္။

ယင္းေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ား၏ အ႒မအႀကိမ္ေျမာက္ မဟာဘုံကထိန္အလွဴေတာ္မဂၤလာအခမ္းအနားကုိ က်င္းပျပဳလုပ္ရာ ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕၊ မဂၤလာေဇယ်ဳံပါဠိတကၠသုိလ္ေက်ာင္းတုိက္ ပဓာနနာယက၊ အဂၢမဟာဂႏၴ၀ါစကပ႑ိတ အဂၢမဟာ ပ႑ိတ ဘဒၵႏၲ၀ိမလဗုဒၶိအမွဴးျပဳေသာ သံဃာေတာ္ ၅၄ ပါးၾကြေရာက္ခ်ီးျမႇင့္ေတာ္မူၾကၿပီး တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၊ ျပည္ထဲေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြႏွင့္ဇနီး၊ ကာကြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး စိန္၀င္း၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗုိလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း၊ေရ၊ေလ) မွ တပ္မေတာ္ အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴးႏွင့္ဇနီး၊ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ ရပ္မိရပ္ဖမ်ားႏွင့္ ေဒသခံျပည္သူမ်ားတက္ေရာက္ၾကသည္။

အလွဴေတာ္မဂၤလာအခမ္းအနားတြင္ ေရဆင္းကန္ဦးပရိယတၱိစာသင္တိုက္ ပဓာနနာယကဆရာေတာ္ သာသနဓဇဓမၼာစရိယ မဟာဂႏၴ၀ါစကပ႑ိတ ဘဒၵႏၲ၀ိလာသထံမွ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ အမွဴးျပဳေသာ ပရိသတ္အေပါင္းတို႔က ကိုးပါးသီလခံယူ ေဆာက္တည္ၾကၿပီး သံဃာေတာ္အရွင္သူျမတ္တို႔ ရြတ္ပြားသရဇၩာယ္ခ်ီးျမႇင့္ေတာ္မူၾကသည့္ ပရိတ္တရားေတာ္မ်ားကိုနာယူၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သာယာ၀ွမ္းေက်းရြာ၊ အတုလမာန္ေအာင္ ေက်ာင္းတုိက္ ဆရာေတာ္ ဘဒၵႏၲၾသဘာသထံ ကထိန္လ်ာသကၤန္းႏွင့္ လွဴဖြယ္၀တၳဳပစၥည္းမ်ားကို လည္းေကာင္း၊ ပ်ဥ္းမနားၿမိဳ႕၊ မဂၤလာေဇယ်ဳံပါဠိ တကၠသုိလ္ေက်ာင္းတုိက္ ပဓာနနာယက ဆရာေတာ္ႀကီးထံ ကထိန္သကၤန္းႏွင့္ လွဴဖြယ္၀တၳဳပစၥည္းမ်ားကိုလည္းေကာင္း ဆက္ကပ္ လွဴဒါန္းသည္။

ဆက္လက္၍ ျပည္ထဲေရး၀န္ႀကီးဌာနျပည္ေထာင္စု၀န္ႀကီး၊ ကာကြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု ၀န္ႀကီး၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ)၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ႏွင့္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ)တုိ႔က သံဃာေတာ္အရွင္သူျမတ္မ်ားထံ ကထိန္သကၤန္းႏွင့္ လွဴဖြယ္၀တၳဳပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၾကသည္။ ယင္းေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ သာယာ၀ွမ္းေက်းရြာရပ္မိရပ္ဖမ်ားက သံဃာေတာ္အရွင္သူျမတ္တို႔ထံ ကထိန္သကၤန္းႏွင့္ လွဴဖြယ္ ၀တၳဳပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၾကသည္။

ထုိ႔ေနာက္ ေဇယ်ာသီရိၿမိဳ႕နယ္၊ စည္ပင္သာယာေက်ာင္းတိုက္မွ ဆရာေတာ္ ဘဒၵႏၲဣႏၵာစကၠႏွင့္ ၀ိဇၨာသိပၸံေက်ာင္းတုိက္မွ ဆရာေတာ္ ဘဒၵႏၲေသာဘဏတို႔က ကထိန္အေမးအေျဖမ်ား ေဆာင္ရြက္ ေတာ္မူၾကသည္။ ၎ေနာက္ ပ်ဥ္းမနားၿမိဳ႕၊ မဂၤလာေဇယ်ဳံပါဠိ တကၠသုိလ္ေက်ာင္းတုိက္ ပဓာန နာယက၊ ဆရာေတာ္ႀကီးထံမွ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ အမွဴးျပဳေသာ ပရိသတ္မ်ားက ကထိန္အႏုေမာဒနာတရားနာယူၾကၿပီး လွဴဒါန္းမႈအစုစုအတြက္ ေရစက္ သြန္းခ်အမွ်ေပးေ၀ၾကသည္။

အခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က မဟာ ဘုံကထိန္အလွဴေတာ္မဂၤလာအခမ္းအနား ၿပီးေျမာက္ေအာင္ျမင္ျခင္းအထိမ္းအမွတ္ ရတနာေရႊမိုး၊ ေငြမိုးမ်ားရြာသြန္းေပးသည္။ ယင္းေနာက္ သံဃာေတာ္အရွင္သူျမတ္တို႔အား တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ဧည့္ပရိသတ္မ်ားက ေန႔ဆြမ္းဆက္ကပ္လွဴဒါန္းၾကသည္။

ထို႔ေနာက္ အခမ္းအနားတက္ေရာက္လာၾကသည့္ သာယာ၀ွမ္းေက်းရြာမွ ရပ္မိရပ္ဖမ်ား၊ ေဒသခံ ျပည္သူမ်ားႏွင့္ဧည့္ပရိသတ္မ်ားအား အလွဴမဂၤလာမ႑ပ္၌ ေန႔လယ္စာျဖင့္ ဧည့္ခံေကြၽးေမြးသည္။

ယေန႔က်င္းပျပဳလုပ္ေသာ မဟာဘုံကထိန္ အလွဴေတာ္မဂၤလာအခမ္းအနား သည္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း၊ေရ၊ေလ)႐ုံး/ဌာန မိသားစုမ်ားမွ ေဇယ်ာသီရိ ၿမိဳ႕နယ္အတြင္း ကထိန္မရရွိေသး ေသာ ဘုန္းေတာ္ႀကီးေက်ာင္း ၅၄ ေက်ာင္းအတြက္ ရည္မွန္း၍ျပဳလုပ္ျခင္းျဖစ္ၿပီး ပေဒသာပင္စုစုေပါင္း ၅၄ ပင္၊ တန္ဖိုးေငြက်ပ္ ၄၄၇ သိန္း ေက်ာ္ပါ၀င္လွဴဒါန္းခဲ့ၾကေၾကာင္းသိရွိရသည္။ ႏို၀င္ဘာ ၁၄ ရက္ နံနက္ပိုင္းကလည္း အဆိုပါပေဒသာပင္မ်ားကို ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ သာယာ၀ွမ္း ေက်းရြာရွိ အတုလမာန္ေအာင္ေက်ာင္းတိုက္သို႔ စည္ကားသိုက္ၿမဳိက္စြာလွည့္လည္ပို႔ေဆာင္ခဲ့သည္။

 

(Unicode Version)

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)ရုံး/ဌာနမိသားစုများ၏ အဋ္ဌမအကြိမ် စုပေါင်းမဟာ ဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ဇေယျာသီရိမြို့နယ်၊ သာယာဝှမ်းကျေးရွာ၌ကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ ၁၅

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)ရုံး/ဌာန မိသားစုများမှ ခင်းကျင်း လှူဒါန်းသည့် အဋ္ဌမ အကြိမ်မြောက် မဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ သာယာဝှမ်းကျေးရွာရှိ အတုလမာန်အောင်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဧည့်ပရိသတ်များသည် ဘုန်းတော်ကြီးကျောင်းအသီးသီး သို့ လှူဒါန်းရန်အတွက် ခင်းကျင်းထားသော ကထိန်လျာ သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ပဒေသာပင်များအား လှည့်လည်ကြည့်ရှုကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သာလွန်း လောကရန်အောင်စေတီတော်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူ ပူဇော်သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ် ဆွမ်းတော်၊ သစ်သီးပန်းမန်များနှင့် သောက်တော်ရေချမ်းတို့ကို ကပ်လှူပူဇော်သည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ အဋ္ဌမအကြိမ်မြောက် မဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ရာ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိအမှူးပြုသော သံဃာတော် ၅၄ ပါးကြွရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မှ တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများတက်ရောက်ကြသည်။

အလှူတော်မင်္ဂလာအခမ်းအနားတွင် ရေဆင်းကန်ဦးပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် သာသနဓဇဓမ္မာစရိယ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိလာသထံမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှူးပြုသော ပရိသတ်အပေါင်းတို့က ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များကိုနာယူကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သာယာဝှမ်းကျေးရွာ၊ အတုလမာန်အောင် ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသြဘာသထံ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လည်းကောင်း၊ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိ တက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက ဆရာတော်ကြီးထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်းကောင်း ဆက်ကပ် လှူဒါန်းသည်။

ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ကာကွယ်ရေး ဦးစီးချုပ်(လေ)တို့က သံဃာတော်အရှင်သူမြတ်များထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် သာယာဝှမ်းကျေးရွာရပ်မိရပ်ဖများက သံဃာတော်အရှင်သူမြတ်တို့ထံ ကထိန်သင်္ကန်းနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဇေယျာသီရိမြို့နယ်၊ စည်ပင်သာယာကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တဣန္ဒာစက္ကနှင့် ဝိဇ္ဇာသိပ္ပံကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တသောဘဏတို့က ကထိန်အမေးအဖြေများ ဆောင်ရွက် တော်မူကြသည်။ ၎င်းနောက် ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိ တက္ကသိုလ်ကျောင်းတိုက် ပဓာန နာယက၊ ဆရာတော်ကြီးထံမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှူးပြုသော ပရိသတ်များက ကထိန်အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချအမျှပေးဝေကြသည်။

အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မဟာ ဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနား ပြီးမြောက်အောင်မြင်ခြင်းအထိမ်းအမှတ် ရတနာရွှေမိုး၊ ငွေမိုးများရွာသွန်းပေးသည်။ ယင်းနောက် သံဃာတော်အရှင်သူမြတ်တို့အား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဧည့်ပရိသတ်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသည့် သာယာဝှမ်းကျေးရွာမှ ရပ်မိရပ်ဖများ၊ ဒေသခံ ပြည်သူများနှင့်ဧည့်ပရိသတ်များအား အလှူမင်္ဂလာမဏ္ဍပ်၌ နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးသည်။

ယနေ့ကျင်းပပြုလုပ်သော မဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား သည် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)ရုံး/ဌာန မိသားစုများမှ ဇေယျာသီရိ မြို့နယ်အတွင်း ကထိန်မရရှိသေး သော ဘုန်းတော်ကြီးကျောင်း ၅၄ ကျောင်းအတွက် ရည်မှန်း၍ပြုလုပ်ခြင်းဖြစ်ပြီး ပဒေသာပင်စုစုပေါင်း ၅၄ ပင်၊ တန်ဖိုးငွေကျပ် ၄၄၇ သိန်း ကျော်ပါဝင်လှူဒါန်းခဲ့ကြကြောင်းသိရှိရသည်။ နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းကလည်း အဆိုပါပဒေသာပင်များကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ သာယာဝှမ်း ကျေးရွာရှိ အတုလမာန်အောင်ကျောင်းတိုက်သို့ စည်ကားသိုက်မြိုက်စွာလှည့်လည်ပို့ဆောင်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။