တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးနန်းမြို့ အတွင်းရှိ နယ်မြေခံတပ်မတော်ဆေးတပ်ရင်း၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် စစ်သည်၊ မိသားစု များအား တွေ့ဆုံအားပေးစကားပြောကြား၊ ကျောက်ဆည် တပ်နယ်၊ ဟန်မြင့်မိုရ်ရှိ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်များအား တွေ့ဆုံအမှာ စကားပြောကြား

ေနျပည္ေတာ္၊ ႏို၀င္ဘာ – ၂၀

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္ အရာရွိႀကီးမ်ား၊ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္မွဴးခ်ဳပ္ ေက်ာ္စြာလင္းႏွင့္ တာ၀န္ရွိသူမ်ားလုိက္ပါၿပီး ယေန႔နံနက္ပုိင္းတြင္ မႏၲေလးနန္းၿမိဳ႕ အတြင္းရွိနယ္ေျမခံ တပ္မေတာ္ေဆးတပ္ရင္းသုိ႔ေရာက္ရွိၾကၿပီး ေဆး႐ုံတက္ေရာက္ကုသလ်က္ရွိသည့္ စစ္သည္၊ မိသားစုမ်ားအား တစ္ဦးခ်င္းရင္းရင္းႏွီးႏွီးလုိက္လံႏႈတ္ဆက္အားေပးစကား ေျပာၾကားၿပီး စားေသာက္ဖြယ္ရာမ်ားေပးအပ္သည္။

ထုိ႔ေနာက္ ေဆး႐ုံအစည္းအေ၀းခန္းမတြင္ ေဆး႐ုံတပ္မွဴးက ေဆးကုသေပးမႈ အေျခအေနမ်ား၊ ဦး၊ ေရး၊ ေထာက္လုပ္ငန္းမ်ားေဆာင္ရြက္ထားရွိမႈႏွင့္ ေဒသခံ ျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးလ်က္ရွိမႈ အေျခအေနမ်ားအားရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လုိအပ္သည္မ်ား မွာၾကားျဖည့္ဆည္းေဆာင္ရြက္ေပးသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ေက်ာက္ဆည္တပ္နယ္၊ ဟန္ျမင့္မုိရ္ရွိ နယ္ေျမခံတပ္မွ အရာရွိ၊ စစ္သည္မ်ားအားေတြ႕ဆုံအမွာစကားေျပာၾကားရာ၌ ယခုအခါမိမိတုိ႔ တပ္မေတာ္အား ႏုိင္ငံေတာ္ကာကြယ္ေရးအတြက္ သမား႐ုိးက်စစ္ကုိ ဆင္ႏႊဲႏုိင္သည့္ တပ္မေတာ္ (Standard ARMY)ျဖစ္ေအာင္တည္ေဆာက္လ်က္ရွိေၾကာင္း၊ ထုိသုိ႔ေဆာင္ရြက္ရန္အတြက္ စစ္သည္မ်ား၏ပညာရည္ျမင့္မားေရးကုိ ေဆာင္ရြက္လ်က္ ရွိသကဲ့သုိ႔ လုိအပ္သည့္လူသားအရင္း အျမစ္မ်ားကုိလည္း စဥ္ဆက္မျပတ္ေမြးထုတ္ ေပးလ်က္ရွိေၾကာင္း၊ တပ္မေတာ္သားမ်ား၏ ပညာရည္ ျမင့္မားေရးသာမက တပ္မေတာ္သား မိသားစု၀င္မ်ား၏ ပညာရည္ျမင့္မားေရးကုိလည္း မိမိတုိ႔ အေနျဖင့္တတ္ႏုိင္သမွ် ျဖည့္ဆည္းေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ ထုိ႔အျပင္ တပ္မေတာ္သားမ်ားႏွင့္ မိသားစု၀င္ မ်ားသက္သာေခ်ာင္ခ်ိမႈရွိေစေရးအတြက္ တပ္ပုိင္စုိက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကုိ ေဆာင္ရြက္ေစၿပီး ထြက္ရွိလာသည့္ အသား၊ ငါး၊ ဟင္းသီးဟင္းရြက္ႏွင့္ ၾကက္ဥမ်ားကုိ သက္သာေသာေစ်းႏႈန္းျဖင့္ ေရာင္းခ်ေပးလ်က္ရွိေၾကာင္း၊ ေငြကုန္ေၾကးက်မ်ားေစႏုိင္သည့္ သုံးစြဲမႈ မ်ားကုိေရွာင္ရွား၍ မိမိတုိ႔၀င္ေငြႏွင့္ထြက္ေငြကုိ ညီၫြတ္မွ်တစြာသုံးစြဲရန္လုိေၾကာင္း၊ က်န္းမာေရးကုိ ထိခိုက္ေစႏုိင္သည့္ အရက္ေသစာေသာက္စားျခင္းႏွင့္ ေဆးလိပ္၊ ကြမ္း စားသုံးျခင္းမ်ားကုိတတ္ႏုိင္မွ် ေရွာင္ၾကဥ္ရန္လုိေၾကာင္းမွာၾကားသည္။

ဆက္လက္ၿပီး မိမိတုိ႔အေနျဖင့္တပ္မေတာ္မွခ်မွတ္ထားသည့္ စည္းကမ္းမ်ားကုိ စစ္သားဂုဏ္ျဖင့္ လုိက္နာေနထုိင္ၿပီး ထမ္းေဆာင္ရသည့္သက္ဆုိင္ရာက႑အလုိက္ လုပ္ငန္းတာ၀န္မ်ားကုိ ေက်ပြန္စြာ ထမ္းေဆာင္ၾကရန္လုိေၾကာင္း၊ မိမိတုိ႔၏ ဗဟုသုတ တုိးပြားေစရန္အတြက္ သုတ၊ ရသ စာအုပ္ စာေစာင္မ်ားအား အၿမဲမျပတ္ဖတ္႐ႈေလ့လာ ေနရန္လုိေၾကာင္း၊ ထုိုသို႔ဖတ္႐ႈေလ့လာႏုိင္ရန္ အတြက္ လုိအပ္သည့္စာအုပ္စာေစာင္မ်ားအား တပ္ရင္း/တပ္ဖြဲ႕ စာၾကည့္တုိက္မ်ားတြင္ ျဖည့္ဆည္း ထားရွိ ေပးထားေၾကာင္း ေျပာၾကားသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အရာရွိ၊ စစ္သည္မ်ားအတြက္ စားေသာက္ဖြယ္မ်ားအားေပးအပ္ရာ တာ၀န္ရွိသူတစ္ဦးက လက္ခံရယူသည္။ ၎ေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)က သုတ၊ ရသ စာအုပ္စာေစာင္မ်ားအား လည္းေကာင္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ)က အားကစားပစၥည္းမ်ားအားလည္းေကာင္း အသီးသီးေပးအပ္ရာ တာ၀န္ရွိသူမ်ားက လက္ခံရယူၾကသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ကုလားမ ေတာင္ေက်းရြာရွိ ေရႊအုိးႏုိ႔စားႏြားေမြးျမဴေရးၿခံ (Nucleus Farm) သုိ႔ေရာက္ရွိၾကရာ ေမြးျမဴေရး လုပ္ငန္းရွင္ ဦးတင္၀င္းက မ်ိဳးေကာင္းမ်ိဳးသန္႔ႏုိ႔စားႏြား မ်ားအား ေခတ္မီနည္းစနစ္မ်ားအသုံးျပဳ၍ ေမြးျမဴထားရွိမႈအေျခအေနမ်ား၊ ႏုိ႕ႏွင့္ ႏုိ႔ထြက္ပစၥည္းထုတ္လုပ္ေနမႈအေျခအေနမ်ားအား လုိက္လံျပသ ရွင္းလင္းရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာႏုိင္ငံတြင္ႏုိ႕ဆီႏွင့္ႏုိ႕ထြက္ပစၥည္းမ်ားကုိ ႏွစ္စဥ္ျပည္ပမွ ႏုိင္ငံျခားေငြမ်ားစြာအကုန္က်ခံ၍ တင္သြင္းေနရေၾကာင္း၊ ယခုကဲ့သုိ႔ေခတ္မီ နည္းစနစ္မ်ားအသုံးျပဳ၍ေမြးျမဴႏုိင္ျခင္းျဖင့္ သြင္းကုန္အစားထုိးႏုိင္ျခင္း၊ ျမန္မာႏုိင္ငံတြင္ ႏြားေမြးျမဴရန္ ေရ၊ ေျမ၊ ရာသီဥတု၊ အစားအစာအေျခခံေကာင္းမ်ား ျပည့္စုံစြာ ရရွိႏုိင္ျခင္းတုိ႔ေၾကာင့္ ႏုိ႕စားႏြား ေမြးျမဴေရးလုပ္ငန္းကုိ တုိးခ်ဲ႕ေမြးျမဴရန္လုိေၾကာင္း၊ တပ္မေတာ္ကလည္း ႏုိင္ငံအတြင္းႏုိ႕ႏွင့္ ႏုိ႕ထြက္ ပစၥည္းလုိအပ္ခ်က္ကုိ တစ္ဖက္ တစ္လမ္းမွျဖည့္ဆည္းေပးႏုိင္ရန္ ႀကိဳးစားေဆာင္ရြက္ေနေၾကာင္း၊ ယခုေရႊအုိးႏုိ႕စားႏြား ေမြးျမဴေရးလုပ္ငန္းေအာင္ျမင္ေအာင္ ဆက္လက္ေဆာင္ရြက္ႏုိင္ရန္ အားေပး ပါေၾကာင္း ျဖင့္ေဆြးေႏြး၍ သိရွိလုိသည္မ်ားေမးျမန္းျခင္းႏွင့္ လုိအပ္သည္မ်ားအႀကံျပဳေျပာၾကားခဲ့ သည္။

“ေရႊအုိး”ႏုိ႕စားႏြားေမြးျမဴေရးလုပ္ငန္းကုိ ၂၀၀၃ ခုႏွစ္တြင္ ႏုိ႕စားႏြား ၆ ေကာင္ျဖင့္ စတင္ေမြးျမဴခဲ့ၿပီး လုပ္ငန္းတုိးခ်ဲ႕ခဲ့ရာ ၂၀၁၄ ခုႏွစ္တြင္ ျမန္မာႏုိင္ငံႏွင့္ နယူးဇီလန္ႏွစ္ႏုိင္ငံမိတ္ဖက္အစီအစဥ္ျဖင့္ ႏုိ႕စားႏြားေမြးျမဴေရးလုပ္ငန္းမ်ားပူးေပါင္း ေဆာင္ရြက္ေရးစီမံကိန္းအရ နယူးဇီလန္ႏုိင္ငံမွ နည္းပညာ အကူအညီမ်ားျဖင့္ ေခတ္မီ ႏုိ႕စားႏြားေမြးျမဴနည္းစနစ္ကုိ ေျပာင္းလဲေဆာင္ရြက္ခဲ့ေၾကာင္း၊ ယခုအခါ ႏုိ႕စားႏြားေကာင္ေရ ၂၂၀ ခန္႔ရွိၿပီး ႏုိ႕ထြက္ေကာင္ေရ ၆၄ ေကာင္၊ ႏုိ႕ထြက္ႏႈန္းမွာ တစ္ေကာင္လွ်င္ ၁၅ ပိႆာခန္႔အထိအမ်ားဆုံး ထြက္ရွိၿပီး ပွ်မ္းမွ်အားျဖင့္ ၇ ပိႆာခန္႔ထြက္ရွိေၾကာင္း၊ လက္ရွိ “ေရႊအုိး” အမွတ္တံဆိပ္ျဖင့္ ပုိးသတ္ေပါင္းခံၿပီး ႏြားႏုိ႔စစ္စစ္၊ ဒိန္ခ်ဥ္၊ ဒိန္ခဲမ်ားကုိ လက္လီလက္ကားတြင္က်ယ္စြာ ထုတ္လုပ္ျဖန္႔ျဖဴး ေရာင္းခ်လ်က္ရွိသည္။

(Unicode Version)

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးနန်းမြို့ အတွင်းရှိ နယ်မြေခံတပ်မတော်ဆေးတပ်ရင်း၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် စစ်သည်၊ မိသားစု များအား တွေ့ဆုံအားပေးစကားပြောကြား၊ ကျောက်ဆည် တပ်နယ်၊ ဟန်မြင့်မိုရ်ရှိ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်များအား တွေ့ဆုံအမှာ စကားပြောကြား

နေပြည်တော်၊ နိုဝင်ဘာ – ၂၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်းနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် မန္တလေးနန်းမြို့ အတွင်းရှိနယ်မြေခံ တပ်မတော်ဆေးတပ်ရင်းသို့ရောက်ရှိကြပြီး ဆေးရုံတက်ရောက်ကုသလျက်ရှိသည့် စစ်သည်၊ မိသားစုများအား တစ်ဦးချင်းရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်သည်။

ထို့နောက် ဆေးရုံအစည်းအဝေးခန်းမတွင် ဆေးရုံတပ်မှူးက ဆေးကုသပေးမှု အခြေအနေများ၊ ဦး၊ ရေး၊ ထောက်လုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများအားရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ကျောက်ဆည်တပ်နယ်၊ ဟန်မြင့်မိုရ်ရှိ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်များအားတွေ့ဆုံအမှာစကားပြောကြားရာ၌ ယခုအခါမိမိတို့ တပ်မတော်အား နိုင်ငံတော်ကာကွယ်ရေးအတွက် သမားရိုးကျစစ်ကို ဆင်နွှဲနိုင်သည့် တပ်မတော် (Standard ARMY)ဖြစ်အောင်တည်ဆောက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရန်အတွက် စစ်သည်များ၏ပညာရည်မြင့်မားရေးကို ဆောင်ရွက်လျက် ရှိသကဲ့သို့ လိုအပ်သည့်လူသားအရင်း အမြစ်များကိုလည်း စဉ်ဆက်မပြတ်မွေးထုတ် ပေးလျက်ရှိကြောင်း၊ တပ်မတော်သားများ၏ ပညာရည် မြင့်မားရေးသာမက တပ်မတော်သား မိသားစုဝင်များ၏ ပညာရည်မြင့်မားရေးကိုလည်း မိမိတို့ အနေဖြင့်တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင် တပ်မတော်သားများနှင့် မိသားစုဝင် များသက်သာချောင်ချိမှုရှိစေရေးအတွက် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်စေပြီး ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် ကြက်ဥများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ ငွေကုန်ကြေးကျများစေနိုင်သည့် သုံးစွဲမှု များကိုရှောင်ရှား၍ မိမိတို့ဝင်ငွေနှင့်ထွက်ငွေကို ညီညွတ်မျှတစွာသုံးစွဲရန်လိုကြောင်း၊ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အရက်သေစာသောက်စားခြင်းနှင့် ဆေးလိပ်၊ ကွမ်း စားသုံးခြင်းများကိုတတ်နိုင်မျှ ရှောင်ကြဉ်ရန်လိုကြောင်းမှာကြားသည်။

ဆက်လက်ပြီး မိမိတို့အနေဖြင့်တပ်မတော်မှချမှတ်ထားသည့် စည်းကမ်းများကို စစ်သားဂုဏ်ဖြင့် လိုက်နာနေထိုင်ပြီး ထမ်းဆောင်ရသည့်သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန်လိုကြောင်း၊ မိမိတို့၏ ဗဟုသုတ တိုးပွားစေရန်အတွက် သုတ၊ ရသ စာအုပ် စာစောင်များအား အမြဲမပြတ်ဖတ်ရှုလေ့လာ နေရန်လိုကြောင်း၊ ထိုသို့ဖတ်ရှုလေ့လာနိုင်ရန် အတွက် လိုအပ်သည့်စာအုပ်စာစောင်များအား တပ်ရင်း/တပ်ဖွဲ့ စာကြည့်တိုက်များတွင် ဖြည့်ဆည်း ထားရှိ ပေးထားကြောင်း ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အရာရှိ၊ စစ်သည်များအတွက် စားသောက်ဖွယ်များအားပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။ ၎င်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)က သုတ၊ ရသ စာအုပ်စာစောင်များအား လည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)က အားကစားပစ္စည်းများအားလည်းကောင်း အသီးသီးပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ပုသိမ်ကြီးမြို့နယ်၊ ကုလားမ တောင်ကျေးရွာရှိ ရွှေအိုးနို့စားနွားမွေးမြူရေးခြံ (Nucleus Farm) သို့ရောက်ရှိကြရာ မွေးမြူရေး လုပ်ငန်းရှင် ဦးတင်ဝင်းက မျိုးကောင်းမျိုးသန့်နို့စားနွား များအား ခေတ်မီနည်းစနစ်များအသုံးပြု၍ မွေးမြူထားရှိမှုအခြေအနေများ၊ နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်နေမှုအခြေအနေများအား လိုက်လံပြသ ရှင်းလင်းရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံတွင်နို့ဆီနှင့်နို့ထွက်ပစ္စည်းများကို နှစ်စဉ်ပြည်ပမှ နိုင်ငံခြားငွေများစွာအကုန်ကျခံ၍ တင်သွင်းနေရကြောင်း၊ ယခုကဲ့သို့ခေတ်မီ နည်းစနစ်များအသုံးပြု၍မွေးမြူနိုင်ခြင်းဖြင့် သွင်းကုန်အစားထိုးနိုင်ခြင်း၊ မြန်မာနိုင်ငံတွင် နွားမွေးမြူရန် ရေ၊ မြေ၊ ရာသီဥတု၊ အစားအစာအခြေခံကောင်းများ ပြည့်စုံစွာ ရရှိနိုင်ခြင်းတို့ကြောင့် နို့စားနွား မွေးမြူရေးလုပ်ငန်းကို တိုးချဲ့မွေးမြူရန်လိုကြောင်း၊ တပ်မတော်ကလည်း နိုင်ငံအတွင်းနို့နှင့် နို့ထွက် ပစ္စည်းလိုအပ်ချက်ကို တစ်ဖက် တစ်လမ်းမှဖြည့်ဆည်းပေးနိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း၊ ယခုရွှေအိုးနို့စားနွား မွေးမြူရေးလုပ်ငန်းအောင်မြင်အောင် ဆက်လက်ဆောင်ရွက်နိုင်ရန် အားပေး ပါကြောင်း ဖြင့်ဆွေးနွေး၍ သိရှိလိုသည်များမေးမြန်းခြင်းနှင့် လိုအပ်သည်များအကြံပြုပြောကြားခဲ့ သည်။

“ရွှေအိုး”နို့စားနွားမွေးမြူရေးလုပ်ငန်းကို ၂၀၀၃ ခုနှစ်တွင် နို့စားနွား ၆ ကောင်ဖြင့် စတင်မွေးမြူခဲ့ပြီး လုပ်ငန်းတိုးချဲ့ခဲ့ရာ ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် နယူးဇီလန်နှစ်နိုင်ငံမိတ်ဖက်အစီအစဉ်ဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်းများပူးပေါင်း ဆောင်ရွက်ရေးစီမံကိန်းအရ နယူးဇီလန်နိုင်ငံမှ နည်းပညာ အကူအညီများဖြင့် ခေတ်မီ နို့စားနွားမွေးမြူနည်းစနစ်ကို ပြောင်းလဲဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ နို့စားနွားကောင်ရေ ၂၂၀ ခန့်ရှိပြီး နို့ထွက်ကောင်ရေ ၆၄ ကောင်၊ နို့ထွက်နှုန်းမှာ တစ်ကောင်လျှင် ၁၅ ပိဿာခန့်အထိအများဆုံး ထွက်ရှိပြီး ပျှမ်းမျှအားဖြင့် ၇ ပိဿာခန့်ထွက်ရှိကြောင်း၊ လက်ရှိ “ရွှေအိုး” အမှတ်တံဆိပ်ဖြင့် ပိုးသတ်ပေါင်းခံပြီး နွားနို့စစ်စစ်၊ ဒိန်ချဉ်၊ ဒိန်ခဲများကို လက်လီလက်ကားတွင်ကျယ်စွာ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။