နန်းဦးစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူ ပူဇော်ပွဲ၊ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ၊ အာသောကစေတီတော် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကျင်းပ

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ ၂၁

မႏၲေလးတုိင္းေဒသႀကီး၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ နန္းၿမိဳ႕အတြင္းရွိ နန္းဦး ေစတီေတာ္ျမတ္ႀကီးစိန္ဖူးေတာ္၊ ငွက္ျမတ္နားေတာ္၊ ေရႊထီးေတာ္တင္လွဴပူေဇာ္ပြဲ၊ အာေသာကေစတီေတာ္လုံးေတာ္ျပည့္ေရႊသကၤန္းကပ္လွဴ ပူေဇာ္ပြဲ၊ အာ႐ုံခံတန္ေဆာင္း ေဆာက္လုပ္လွဴဒါန္းပြဲႏွင့္ ဗုဒၶါဘိေသကအေနကဇာတင္ မဟာမဂၤလာအခမ္း အနားအား ယေန႔နံနက္ပုိင္းတြင္က်င္းပျပဳလုပ္ရာ ႏုိင္ငံေတာ္ၾသ၀ါဒါစရိယ၊ မႏၲေလးၿမိဳ႕၊ ခ်မ္းေအး သာစံၿမိဳ႕နယ္၊ မဟာ၀ိဇိတာ႐ုံပရိယတၱိစာသင္တုိက္ ဦးစီးပဓာနနာယက အဘိဓဇ မဟာရ႒ဂု႐ု ဘဒၵႏၲ ၀ိစာရိႏၵာဘိ၀ံသအမွဴး ျပဳေသာသံဃာေတာ္မ်ားတက္ေရာက္ ခ်ီးျမႇင့္ ေတာ္မူၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ႏွင့္ ဇနီးေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္မွဴးခ်ဳပ္ ေက်ာ္စြာလင္းႏွင့္ဇနီး၊ ဖိတ္ၾကား ထားသည့္ ဧည့္သည္ေတာ္မ်ားႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ ၀တ္အသင္းအဖြဲ႕မ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔က ဓမၼာ႐ုံအတြင္းရွိ ဗုဒၶ႐ုပ္ပြား ေတာ္ျမတ္အား ျမသပိတ္ ဆြမ္းေတာ္ႏွင့္ ပန္း၊ ေရခ်မ္း၊ ဆီမီးမ်ားကပ္လွဴပူေဇာ္သည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အခမ္းအနားတက္ေရာက္လာၾက သူမ်ားက ႏုိင္ငံေတာ္ၾသ၀ါဒါစရိယ၊ ျမေတာင္ေက်ာင္းတုိက္ ဦးစီးပဓာန နာယက ဆရာေတာ္ ဘဒၵႏၲ အကုၤရထံမွ ကုိးပါးသီလခံယူေဆာက္တည္ၾကၿပီး သံဃာေတာ္ အရွင္သူျမတ္တုိ႕ ရြတ္ပြားသရဇၩာယ္ခ်ီးျမႇင့္ေတာ္မူၾကသည့္ ေမတၱသုတ္ပရိတ္တရားေတာ္ မ်ားကုိနာယူၾကသည္။

ထုိ႔ေနာက္ ပရိတ္ပန္း၊ ပရိတ္ေရ၊ ပရိတ္ခ်ည္၊ ပရိတ္သဲမ်ားအား ေစတီေတာ္၀တၱဳကံ ေနရာတြင္ ပက္ဖ်န္း ႀကဲျဖန္႔ခ်ည္ေႏွာင္တားဆီးကာရံၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔က ရတနာ စိန္ဖူးေတာ္၊ ရတနာေရႊက်ဳတ္ေတာ္၊ ငွက္ျမတ္နားေတာ္ႏွင့္လွဴဖြယ္ပစၥည္းမ်ားအား မဟာ၀ိဇိတာ႐ုံ ပရိယတၱိ စာသင္တုိက္ ဦးစီးပဓာနနာယကဆရာေတာ္ႀကီးထံ ဆက္ကပ္လွဴဒါန္းၾကသည္။

ဆက္လက္ၿပီး ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ႏွင့္ဇနီး၊ တပ္မေတာ္အရာ ရွိႀကီးမ်ားႏွင့္တုိင္းမွဴးတုိ႔က ေရႊထီးေတာ္ဘုံအဆင့္ဆင့္ႏွင့္ လွဴဖြယ္ပစၥည္းမ်ားအား သံဃာေတာ္အရွင္ သူျမတ္မ်ားထံ ဆက္ကပ္လွဴဒါန္းၾကသည္။ ထုိ႔ေနာက္ႏုိင္ငံေတာ္သံဃမဟာနာယကအဖြဲ႕၀င္၊ မႏၲေလးၿမိဳ႕၊ အေ၀ရာရာမရန္ကင္း ေက်ာင္းတုိက္ဆရာေတာ္ အဂၢမဟာပ႑ိတ ဘဒၵႏၲ ၾသဒါတသိရီဘိ၀ံသထံမွ အႏုေမာဒနာ တရားနာယူ၍ လွဴဒါန္းမႈအစုစုအတြက္ေရစက္သြန္းခ်အမွ်ေပးေ၀ၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ရတနာေရႊက်ဳတ္ေတာ္အတြင္းသုိ႔ ရတနာပစၥည္း မ်ားအားထည့္သြင္းပူေဇာ္သည္။ ၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အဖြဲ႕၀င္မ်ားသည္ ရတနာစိန္ဖူးေတာ္၊ ငွက္ျမတ္နားေတာ္ႏွင့္ ေရႊထီးေတာ္ဘုံအဆင့္ဆင့္ အားပင့္ေဆာင္၍ ေစတီေတာ္ႀကီးအားလက္ယာရစ္လွည့္လည္ပူေဇာ္ၾကသည္။

ယင္းေနာက္ မဂၤလာအခ်ိန္တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ား သည္ ရတနာစိန္ဖူးေတာ္၊ ငွက္ျမတ္နားေတာ္ႏွင့္ေရႊထီးေတာ္ဘုံအဆင့္ဆင့္အား မဂၤလာ ရထားပ်ံျဖင့္ ေစတီေတာ္အထြတ္ သုိ႔ပင့္ေဆာင္ တင္လွဴပူေဇာ္ၾကၿပီး ေရႊထီးေတာ္တင္ လွဴပူေဇာ္မႈေအာင္ျမင္ျခင္း အထိမ္းအမွတ္ ရတနာေရႊမုိးေငြမုိးမ်ား ရြာသြန္းၿဖိဳးၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွတုိ႔သည္ ေစတီေတာ္ႀကီးျပန္လည္ျပဳျပင္မြမ္းမံတည္ေဆာက္ပူေဇာ္ျခင္း ေအာင္ပြဲမဂၤလာေမာ္ကြန္း အား အေမႊးနံ႔သာရည္မ်ားပက္ဖ်န္းၾကသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔သည္ အေသာက ေစတီေတာ္ျမတ္ႀကီးအား ျမသပိတ္ဆြမ္းေတာ္ႏွင့္ ပန္း၊ ေရခ်မ္းမ်ား ကပ္လွဴပူေဇာ္ၿပီး အာ႐ုံခံတန္ေဆာင္းတည္ေဆာက္ျခင္းအထိမ္းအမွတ္ ေအာင္ပြဲမဂၤလာေမာ္ကြန္းအား အေမႊးနံ႔သာရည္မ်ားပက္ဖ်န္းၾကသည္။ ယင္းေနာက္သံဃာေတာ္ အရွင္ သူျမတ္ မ်ားက နန္းဦးေစတီေတာ္ျမတ္ႀကီးအား ဗုဒၶါဘိေသကအေနကဇာတင္၍ ဗုဒၶါဘိသိက္သြန္းေတာ္ မူၾကသည္။

အခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အခမ္းအနား တက္ေရာက္လာၾကသူမ်ားသည္ ဆရာေတာ္သံဃာေတာ္မ်ားအားေန႔ဆြမ္းဆက္ကပ္လွဴဒါန္းၾကသည္။ အဆုိပါနန္းဦးေစတီေတာ္ႀကီးအား မင္းတုန္းမင္းတရားႀကီးက စတင္တည္ ထားခဲ့ျခင္းျဖစ္ၿပီး ျမနန္းစံေက်ာ္ေရႊနန္းေတာ္ႀကီးထက္ ဦးစြာတည္ ထားခဲ့ျခင္းျဖစ္သျဖင့္ နန္းဦးေစတီဟု ဘြဲ႕အမည္ေပးခဲ့ျခင္းျဖစ္သည္။ ေလာကကုိျမတ္စြာဘုရား၏ အဆုံးအမ သာသနာထြန္းလင္းေစျခင္းငွာ ေလာကဆီမီးေစတီေတာ္ဟူ၍လည္းေကာင္း၊ ေနာင္ေတာ္ ပုဂံမင္း ကုိေအာင္ႏုိင္ ေသာေၾကာင့္ ရန္ေအာင္ျမင္ေစတီဟူ၍လည္းေကာင္း၊ ဆုေတာင္းျပည့္ ျခင္းႏွင့္ မင္းတုန္းမင္းႀကီး သစၥာျပဳခဲ့ျခင္း တုိ႔ေၾကာင့္ သစၥာျပဳဆုေတာင္းျပည့္ေစတီဟူ၍ လည္းေကာင္း ဘြဲ႕အမည္မ်ားရွိခဲ့သည္ဟု သမုိင္းအေထာက္ အထားမ်ားအရသိရွိရသည္။ ယခုအခါ အဆုိပါနန္းဦးေစတီေတာ္ႀကီးအား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီး ေဒၚၾကဴၾကဴလွအမွဴးျပဳေသာ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားႏွင့္အလွဴရွင္မ်ား စုေပါင္းလွဴဒါန္း မႈျဖင့္ျပန္လည္ျပဳျပင္မြမ္းမံခဲ့ျခင္းျဖစ္သည္။

အလားတူ အေသာကေစတီေတာ္ျမတ္ႀကီးသည္ နန္္းဦးေစတီေတာ္ႀကီး၏ အေရွ႕ ေတာင္ဘက္တြင္တည္ရွိၿပီး သီရိဓမၼာအာေသာကမင္းႀကီးက ေရႊမုေ႒ာေစတီဘြဲ႕ အမည္ျဖင့္တည္ထားခဲ့ျခင္းျဖစ္သည္။ အေသာက ေစတီေတာ္ႀကီးအား ရေသ့ႀကီး ဦးခႏၲီက အရံေစတီ(၂၈)ဆူႏွင့္အတူ ျပဳျပင္လွဴဒါန္းမႈမ်ားျပဳလုပ္ခဲ့ေၾကာင္းႏွင့္ ယခုအခါတပ္မေတာ္ (ၾကည္း၊ေရ၊ေလ)မိသားစုမ်ားက ေစတီေတာ္ျမတ္ႀကီးအား လုံးေတာ္ျပည့္ေရႊသကၤန္း ကပ္လွဴပူေဇာ္ၿပီး အာ႐ုံခံတန္ေဆာင္းေဆာက္လုပ္လွဴဒါန္းခဲ့ျခင္းျဖစ္သည္။

(Unicode Version)

နန်းဦးစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူ ပူဇော်ပွဲ၊ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ၊ အာသောကစေတီတော် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော်၊ နို၀င်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ နန်းမြို့အတွင်းရှိ နန်းဦး စေတီတော်မြတ်ကြီးစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူပူဇော်ပွဲ၊ အာသောကစေတီတော်လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူ ပူဇော်ပွဲ၊ အာရုံခံတန်ဆောင်း ဆောက်လုပ်လှူဒါန်းပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်း အနားအား ယနေ့နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ရာ နိုင်ငံတော်သြဝါဒါစရိယ၊ မန္တလေးမြို့၊ ချမ်းအေး သာစံမြို့နယ်၊ မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တ ၀ိစာရိန္ဒာဘိ၀ံသအမှူး ပြုသောသံဃာတော်များတက်ရောက် ချီးမြှင့် တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်းနှင့်ဇနီး၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ၀တ်အသင်းအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ဓမ္မာရုံအတွင်းရှိ ဗုဒ္ဓရုပ်ပွား တော်မြတ်အား မြသပိတ် ဆွမ်းတော်နှင့် ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်သည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြ သူများက နိုင်ငံတော်သြဝါဒါစရိယ၊ မြတောင်ကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တ အကုင်္ရထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူကြသည့် မေတ္တသုတ်ပရိတ်တရားတော် များကိုနာယူကြသည်။

ထို့နောက် ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများအား စေတီတော်ဝတ္တုကံ နေရာတွင် ပက်ဖျန်း ကြဲဖြန့်ချည်နှောင်တားဆီးကာရံကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ရတနာ စိန်ဖူးတော်၊ ရတနာရွှေကျုတ်တော်၊ ငှက်မြတ်နားတော်နှင့်လှူဖွယ်ပစ္စည်းများအား မဟာဝိဇိတာရုံ ပရိယတ္တိ စာသင်တိုက် ဦးစီးပဓာနနာယကဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) နှင့်ဇနီး၊ တပ်မတော်အရာ ရှိကြီးများနှင့်တိုင်းမှူးတို့က ရွှေထီးတော်ဘုံအဆင့်ဆင့်နှင့် လှူဖွယ်ပစ္စည်းများအား သံဃာတော်အရှင် သူမြတ်များထံ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ မန္တလေးမြို့၊ အဝေရာရာမရန်ကင်း ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သြဒါတသိရီဘိ၀ံသထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချအမျှပေးဝေကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရတနာရွှေကျုတ်တော်အတွင်းသို့ ရတနာပစ္စည်း များအားထည့်သွင်းပူဇော်သည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့် အားပင့်ဆောင်၍ စေတီတော်ကြီးအားလက်ယာရစ်လှည့်လည်ပူဇော်ကြသည်။

ယင်းနောက် မင်္ဂလာအချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များ သည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့်ရွှေထီးတော်ဘုံအဆင့်ဆင့်အား မင်္ဂလာ ရထားပျံဖြင့် စေတီတော်အထွတ် သို့ပင့်ဆောင် တင်လှူပူဇော်ကြပြီး ရွှေထီးတော်တင် လှူပူဇော်မှုအောင်မြင်ခြင်း အထိမ်းအမှတ် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် စေတီတော်ကြီးပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ပူဇော်ခြင်း အောင်ပွဲမင်္ဂလာမော်ကွန်း အား အမွှေးနံ့သာရည်များပက်ဖျန်းကြသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် အသောက စေတီတော်မြတ်ကြီးအား မြသပိတ်ဆွမ်းတော်နှင့် ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ပြီး အာရုံခံတန်ဆောင်းတည်ဆောက်ခြင်းအထိမ်းအမှတ် အောင်ပွဲမင်္ဂလာမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းကြသည်။ ယင်းနောက်သံဃာတော် အရှင် သူမြတ် များက နန်းဦးစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော် မူကြသည်။

အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် ဆရာတော်သံဃာတော်များအားနေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ အဆိုပါနန်းဦးစေတီတော်ကြီးအား မင်းတုန်းမင်းတရားကြီးက စတင်တည် ထားခဲ့ခြင်းဖြစ်ပြီး မြနန်းစံကျော်ရွှေနန်းတော်ကြီးထက် ဦးစွာတည် ထားခဲ့ခြင်းဖြစ်သဖြင့် နန်းဦးစေတီဟု ဘွဲ့အမည်ပေးခဲ့ခြင်းဖြစ်သည်။ လောကကိုမြတ်စွာဘုရား၏ အဆုံးအမ သာသနာထွန်းလင်းစေခြင်းငှာ လောကဆီမီးစေတီတော်ဟူ၍လည်းကောင်း၊ နောင်တော် ပုဂံမင်း ကိုအောင်နိုင် သောကြောင့် ရန်အောင်မြင်စေတီဟူ၍လည်းကောင်း၊ ဆုတောင်းပြည့် ခြင်းနှင့် မင်းတုန်းမင်းကြီး သစ္စာပြုခဲ့ခြင်း တို့ကြောင့် သစ္စာပြုဆုတောင်းပြည့်စေတီဟူ၍ လည်းကောင်း ဘွဲ့အမည်များရှိခဲ့သည်ဟု သမိုင်းအထောက် အထားများအရသိရှိရသည်။ ယခုအခါ အဆိုပါနန်းဦးစေတီတော်ကြီးအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး ဒေါ်ကြူကြူလှအမှူးပြုသော တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့်အလှူရှင်များ စုပေါင်းလှူဒါန်း မှုဖြင့်ပြန်လည်ပြုပြင်မွမ်းမံခဲ့ခြင်းဖြစ်သည်။

အလားတူ အသောကစေတီတော်မြတ်ကြီးသည် နန််းဦးစေတီတော်ကြီး၏ အရှေ့ တောင်ဘက်တွင်တည်ရှိပြီး သီရိဓမ္မာအာသောကမင်းကြီးက ရွှေမုဋ္ဌောစေတီဘွဲ့ အမည်ဖြင့်တည်ထားခဲ့ခြင်းဖြစ်သည်။ အသောက စေတီတော်ကြီးအား ရသေ့ကြီး ဦးခန္တီက အရံစေတီ(၂၈)ဆူနှင့်အတူ ပြုပြင်လှူဒါန်းမှုများပြုလုပ်ခဲ့ကြောင်းနှင့် ယခုအခါတပ်မတော် (ကြည်း၊ရေ၊လေ)မိသားစုများက စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ပြီး အာရုံခံတန်ဆောင်းဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။