တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့(PNO) အသွင်ပြောင်းပြည်သူ့စစ်ဌာနေအဖွဲ့နာယက ဦးအောင်ခမ်းထီအားလက်ခံတွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များဆွေးနွေး

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ ၂၈

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္သည္ ပအုိ၀္းၿငိမ္းခ်မ္းေရးအဖြဲ႕ (PNO) အသြင္ေျပာင္းျပည္သူ႕စစ္ဌာေနအဖြဲ႕နာယက ဦးေအာင္ခမ္းထီ အား ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံၿပီး နယ္ေျမေဒသဖြံ႕ၿဖိဳး တုိးတက္ေရးဆုိင္ရာမ်ားအားေဆြးေႏြးသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး သန္းထြန္းဦးႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ပအုိ၀္း ၿငိမ္းခ်မ္းေရးအဖြဲ႕(PNO) အသြင္ေျပာင္းျပည္သူ႕စစ္ဌာေနအဖြဲ႕နာယကႏွင့္အတူ ဗဟုိေကာ္မတီ၀င္ ဦးခြန္ျမင့္ေအာင္ႏွင့္ ပအုိ၀္းၿငိမ္းခ်မ္းေရးအဖြဲ႕(PNO)အဖြဲ႕၊ လႊတ္ေတာ္ကုိယ္စားလွယ္မ်ားႏွင့္ တာ၀န္ ရွိသူမ်ားတက္ေရာက္ၾကသည္။

ေတြ႕ဆုံစဥ္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ယခုအခါတြင္ပအုိ၀္းေဒသသည္ တည္ၿငိမ္ေအးခ်မ္း လ်က္ရွိၿပီး ပအုိ၀္းၿငိမ္းခ်မ္းေရးအဖြဲ႕(PNO)၏ေဆာင္ရြက္ခ်က္မ်ားအား ေက်းဇူးတင္ရွိပါေၾကာင္း၊ ထုိ႔အတူနယ္ေျမတည္ၿငိမ္ေအးခ်မ္းေရးသာမက ေဒသဖြံ႔ၿဖိဳးတုိးတက္ေရးကုိ အေထာက္အကူ ျဖစ္ေစမည့္ စုိက္ပ်ိဳးေမြးျမဴေရးကိုအေျခခံေသာ စီးပြားေရးႏွင့္ စက္မႈလုပ္ငန္းမ်ားျဖစ္ထြန္း ေအာင္ျမင္ ေအာင္ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ထုိသို႔ေဆာင္ရြက္ႏုိင္ရန္အတြက္ လွ်ပ္စစ္ဓာတ္အားႏွင့္ ေရေကာင္းေရသန္႔ရရွိရန္လည္း လုိအပ္ေၾကာင္း၊ ေဒသတြင္းရွိမ်ိဳးဆက္သစ္ေက်ာင္းသား၊ ေက်ာင္းသူ မ်ားမွ အတန္းပညာျမင့္မားေသာ ပညာတတ္မ်ားထြက္ေပၚလာၿပီး မိမိတုိ႔နယ္ေျမဖြံ႕ၿဖိဳးတုိးတက္ရန္ အတြက္ ေဆာင္ရြက္ၾကေစလုိေၾကာင္း၊ လူငယ္လူရြယ္မ်ား ပညာေကာင္းမြန္စြာသင္ၾကားႏုိင္ေစရန္ အတြက္ ေဒသအသီးသီးတြင္ တကၠသုိလ္ေက်ာင္းမ်ားရွိထားၿပီးျဖစ္ေၾကာင္း၊ ပညာသင္ၾကားႏုိင္ရန္ အတြက္ က်န္းမာေရးေကာင္းမြန္ရန္လုိအပ္ၿပီး က်န္းမာေရးကုိ ထိခိုက္ေစႏုိင္သည့္ အရက္၊ ေဆးလိပ္၊ ကြမ္းစားသုံးျခင္းမ်ားမျပဳလုပ္ရန္ ထိန္းသိမ္းေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ တည္ၿငိမ္ေအးခ်မ္းမႈ ရရွိေနေသာပအုိ၀္းေဒသကုိ စံနမူနာျပ ဖြံ႕ၿဖိဳးတုိးတက္မႈမ်ားရရွိေအာင္ ေဆာင္ရြက္ၾကေစလုိေၾကာင္း၊ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားေဆာင္ရြက္ရာတြင္လည္း တပ္မေတာ္အေနျဖင့္တတ္ႏုိင္သည့္ဘက္မွ ကူညီေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း၊ ယခုအခါ ျပည္သူမ်ားမွေရြးခ်ယ္သည့္ ပါတီစုံဒီမုိကေရစီ လမ္းေၾကာင္းေပၚ၌ ေလွ်ာက္လွမ္းလ်က္ရွိရာတြင္ ႏုိင္ငံဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ အဓိက အေရးပါေသာ ထာ၀ရၿငိမ္းခ်မ္းေရးရရွိေအာင္ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ထုိသုိ႔ေဆာင္ရြက္ရာတြင္ လည္း တည္ရွိၿပီးျပည္ေထာင္စုႀကီးအတြင္းစုေပါင္းေနထုိင္ၾကေသာ တုိင္းရင္းသားအားလုံးက ျမန္မာစိတ္ဓာတ္ေမြး၍ ျပည္ေထာင္စုစိတ္ဓာတ္၊ ညီရင္းအစ္ကုိသဖြယ္စိတ္ဓာတ္၊ မိသားစုသဖြယ္ စိတ္ဓာတ္ျဖင့္ ပူးေပါင္းေဆာင္ရြက္သြားၾကရန္လုိေၾကာင္း၊ တုိင္းရင္းသားအားလုံး အုပ္ခ်ဳပ္ေရး အပါအ၀င္ နယ္ပယ္ေပါင္းစုံ၌ အသိပညာရွင္၊ အတတ္ပညာရွင္မ်ားအျဖစ္ဦးေဆာင္ဦးရြက္ျပဳႏုိင္ၾကရန္၊ မိမိေနရာ ၊ မိမိေဒသအတြက္တာ၀န္ထမ္းေဆာင္ႏုိင္ၾကေစလုိေၾကာင္း၊ အျခားႏုိင္ငံမ်ားႏွင့္ႏႈိင္းယွဥ္ ပါက ၿပိဳင္ဘက္လုိႀကိဳးစားအားထုတ္ၾကရမည္ျဖစ္ေသာ္လည္း မိမိတုိ႔ႏုိင္ငံတြင္းေနထုိင္မႈအတြက္ တစ္မိသားစုစိတ္ျဖင့္ေနထုိင္ၾကရန္လုိေၾကာင္း ေျပာၾကားသည္။

ထုိ႔ေနာက္ ပအုိ၀္းၿငိမ္းခ်မ္းေရးအဖြဲ႕(PNO) နာယကက ပအုိ၀္းေဒသဖြံ႔ၿဖိဳးတိုးတက္ေရးအတြက္ ႏုိင္ငံေတာ္ႏွင့္တပ္မေတာ္မွကူညီေဆာင္ရြက္ေပးေနမႈမ်ားအား ေက်းဇူးတင္ရွိပါေၾကာင္း၊ မိမိတုိ႔ တုိင္းရင္းသားအားလုံးသည္ တစ္ေျမတည္းေန၊ တစ္ေရတည္းေသာက္၊ တစ္ေလတည္း႐ႈ႐ႈိက္ ေနၾကရေသာေၾကာင့္ အားလုံးတစ္စိတ္တစ္၀မ္းတည္း စည္းလုံးညီၫြတ္စြာျဖင့္ ေနထုိင္ၾကရမည္ ျဖစ္ေၾကာင္း၊ မိမိတုိ႔ပအုိ၀္းတုိင္းရင္းသားမ်ားသည္ ႏုိင္ငံအႏွံ႕အျပားတြင္ မ်ားစြာေနထုိင္ၾကသည္ လည္းျဖစ္၍ တုိင္းရင္းသားအားလုံးအေပၚ လူမ်ိဳးစြဲမထားဘဲ ညီအစ္ကုိေမာင္ႏွမစိတ္ဓာတ္ျဖင့္ ေနထုိင္လ်က္ရွိၾကေၾကာင္းေျပာၾကား သည္။

ယင္းေနာက္ ပအုိ၀္းေဒသတြင္စုိက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားေဆာင္ရြက္ရာ၌ တပ္မေတာ္မွ ကူညီေဆာင္ရြက္ေပးမည့္အေျခအေနမ်ား၊ ေဒသဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ ေဆာင္ရြက္သင့္သည့္ အေျခအေနမ်ားအား ရင္းရင္းႏွီးႏွီးေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ပအုိ၀္းၿငိမ္းခ်မ္းေရးအဖြဲ႕ (PNO) အသြင္ေျပာင္းျပည္သူ႕စစ္ နာယကတုိ႔သည္အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ ၾကသည္။ ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ပအုိ၀္းၿငိမ္းခ်မ္းေရးအဖြဲ႕(PNO) အသြင္ေျပာင္းျပည္သူ႕စစ္ဌာေနအဖြဲ႕မွ အဖြဲ႕၀င္မ်ားအား လက္ေဆာင္ပစၥည္းမ်ားေပးအပ္ၿပီး အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပအို၀်းငြိမ်းချမ်းရေးအဖွဲ့(PNO) အသွင်ပြောင်းပြည်သူ့စစ်ဌာနေအဖွဲ့နာယက ဦးအောင်ခမ်းထီအားလက်ခံတွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များဆွေးနွေး

နေပြည်တော်၊ နို၀င်ဘာ ၂၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပအို၀်းငြိမ်းချမ်းရေးအဖွဲ့ (PNO) အသွင်ပြောင်းပြည်သူ့စစ်ဌာနေအဖွဲ့နာယက ဦးအောင်ခမ်းထီ အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံပြီး နယ်မြေဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများအားဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ပအို၀်း ငြိမ်းချမ်းရေးအဖွဲ့(PNO) အသွင်ပြောင်းပြည်သူ့စစ်ဌာနေအဖွဲ့နာယကနှင့်အတူ ဗဟိုကော်မတီဝင် ဦးခွန်မြင့်အောင်နှင့် ပအို၀်းငြိမ်းချမ်းရေးအဖွဲ့(PNO)အဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန် ရှိသူများတက်ရောက်ကြသည်။

တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုအခါတွင်ပအို၀်းဒေသသည် တည်ငြိမ်အေးချမ်း လျက်ရှိပြီး ပအို၀်းငြိမ်းချမ်းရေးအဖွဲ့(PNO)၏ဆောင်ရွက်ချက်များအား ကျေးဇူးတင်ရှိပါကြောင်း၊ ထို့အတူနယ်မြေတည်ငြိမ်အေးချမ်းရေးသာမက ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေမည့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသော စီးပွားရေးနှင့် စက်မှုလုပ်ငန်းများဖြစ်ထွန်း အောင်မြင် အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားနှင့် ရေကောင်းရေသန့်ရရှိရန်လည်း လိုအပ်ကြောင်း၊ ဒေသတွင်းရှိမျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူ များမှ အတန်းပညာမြင့်မားသော ပညာတတ်များထွက်ပေါ်လာပြီး မိမိတို့နယ်မြေဖွံ့ဖြိုးတိုးတက်ရန် အတွက် ဆောင်ရွက်ကြစေလိုကြောင်း၊ လူငယ်လူရွယ်များ ပညာကောင်းမွန်စွာသင်ကြားနိုင်စေရန် အတွက် ဒေသအသီးသီးတွင် တက္ကသိုလ်ကျောင်းများရှိထားပြီးဖြစ်ကြောင်း၊ ပညာသင်ကြားနိုင်ရန် အတွက် ကျန်းမာရေးကောင်းမွန်ရန်လိုအပ်ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အရက်၊ ဆေးလိပ်၊ ကွမ်းစားသုံးခြင်းများမပြုလုပ်ရန် ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှု ရရှိနေသောပအို၀်းဒေသကို စံနမူနာပြ ဖွံ့ဖြိုးတိုးတက်မှုများရရှိအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း တပ်မတော်အနေဖြင့်တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ယခုအခါ ပြည်သူများမှရွေးချယ်သည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်၌ လျှောက်လှမ်းလျက်ရှိရာတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အရေးပါသော ထာဝရငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လည်း တည်ရှိပြီးပြည်ထောင်စုကြီးအတွင်းစုပေါင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံးက မြန်မာစိတ်ဓာတ်မွေး၍ ပြည်ထောင်စုစိတ်ဓာတ်၊ ညီရင်းအစ်ကိုသဖွယ်စိတ်ဓာတ်၊ မိသားစုသဖွယ် စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ တိုင်းရင်းသားအားလုံး အုပ်ချုပ်ရေး အပါအဝင် နယ်ပယ်ပေါင်းစုံ၌ အသိပညာရှင်၊ အတတ်ပညာရှင်များအဖြစ်ဦးဆောင်ဦးရွက်ပြုနိုင်ကြရန်၊ မိမိနေရာ ၊ မိမိဒေသအတွက်တာဝန်ထမ်းဆောင်နိုင်ကြစေလိုကြောင်း၊ အခြားနိုင်ငံများနှင့်နှိုင်းယှဉ် ပါက ပြိုင်ဘက်လိုကြိုးစားအားထုတ်ကြရမည်ဖြစ်သော်လည်း မိမိတို့နိုင်ငံတွင်းနေထိုင်မှုအတွက် တစ်မိသားစုစိတ်ဖြင့်နေထိုင်ကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ပအို၀်းငြိမ်းချမ်းရေးအဖွဲ့(PNO) နာယကက ပအို၀်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်နှင့်တပ်မတော်မှကူညီဆောင်ရွက်ပေးနေမှုများအား ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ တိုင်းရင်းသားအားလုံးသည် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်လေတည်းရှုရှိုက် နေကြရသောကြောင့် အားလုံးတစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်စွာဖြင့် နေထိုင်ကြရမည် ဖြစ်ကြောင်း၊ မိမိတို့ပအို၀်းတိုင်းရင်းသားများသည် နိုင်ငံအနှံ့အပြားတွင် များစွာနေထိုင်ကြသည် လည်းဖြစ်၍ တိုင်းရင်းသားအားလုံးအပေါ် လူမျိုးစွဲမထားဘဲ ညီအစ်ကိုမောင်နှမစိတ်ဓာတ်ဖြင့် နေထိုင်လျက်ရှိကြကြောင်းပြောကြား သည်။

ယင်းနောက် ပအို၀်းဒေသတွင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာ၌ တပ်မတော်မှ ကူညီဆောင်ရွက်ပေးမည့်အခြေအနေများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့် အခြေအနေများအား ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ပအို၀်းငြိမ်းချမ်းရေးအဖွဲ့ (PNO) အသွင်ပြောင်းပြည်သူ့စစ် နာယကတို့သည်အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ် ကြသည်။ ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပအို၀်းငြိမ်းချမ်းရေးအဖွဲ့(PNO) အသွင်ပြောင်းပြည်သူ့စစ်ဌာနေအဖွဲ့မှ အဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းများပေးအပ်ပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။