ခေါင်းဆောင်ကောင်းများဖြစ်လာစေရန် ရိုးသားကြိုးစားမှု၊ ကိုယ်ချင်းစာစိတ်နှင့် စိတ်ရင်း စေတနာကောင်းထားရှိမှု၊ ရောင့်ရဲတင်းတိမ်နိုင်မှု၊ လူ့သဘောသဘာ၀ သိရှိနားလည်နိုင်မှုတို့ဖြင့် ဆောင်ရွက်ကြရန်လို

ေနျပည္ေတာ္ ၊  ဒီဇင္ဘာ  ၇

ေခါင္းေဆာင္မႈနယ္ပယ္ဆုိသည္မွာက်ယ္ေျပာလွသျဖင့္ မိမိတုိ႔ျဖတ္သန္းရမည့္ နယ္ပယ္အသီးသီးတြင္ စာေတြ႕လက္ေတြ႕သီအုိရီမ်ားကုိ ေကာင္းစြာအသုံးခ်ၿပီး မိမိေခါင္းေဆာင္ကြပ္ကဲရသည့္ အဖြဲ႕အစည္း ႏွင့္အတူ ေပးအပ္လာသည့္ ရည္မွန္းခ်က္တာ၀န္မ်ားကုိ ေက်ပြန္ေအာင္ေဆာင္ရြက္ၾကရမည္ ျဖစ္ေၾကာင္း၊ ထုိသုိ႔ေဆာင္ရြက္ရာတြင္လည္း လက္ေအာက္ငယ္သားမ်ား၏ ႐ုိေသေလးစားမႈ၊ ယုံၾကည္ကုိးစားမႈ၊ သစၥာရွိစြာ ပူးေပါင္းေဆာင္ရြက္မႈမ်ားကုိရယူရန္လုိအပ္ေၾကာင္း၊ ေခါင္းေဆာင္မႈ အရည္အခ်င္းဆုိသည္မွာ ေမြးကတည္းကပါလာသည္မဟုတ္ဘဲ ေလ့လာ၊က်င့္ႀကံ၊ ႀကိဳးစားအားထုတ္ ရျခင္းျဖစ္သည့္အတြက္ မိမိတုိ႔အေနျဖင့္ ေခါင္းေဆာင္ေကာင္းမ်ား ျဖစ္လာေစရန္ ႐ုိးသားႀကိဳးစားမႈ၊ ကုိယ္ခ်င္းစာစိတ္ႏွင့္ စိတ္ရင္းေစတနာေကာင္းထားရွိမႈ၊ ေရာင့္ရဲတင္းတိမ္ႏုိင္မႈ၊ လူ႕သေဘာ သဘာ၀သိရွိနားလည္ႏုိင္မႈတုိ႔ျဖင့္ ေဆာင္ရြက္ၾကရန္လုိေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္က ယေန႔နံနက္ပုိင္းတြင္ ျပင္ဦးလြင္ၿမဳိ႕၊ စစ္တကၠသိုလ္ စစ္ေရးျပကြင္း၌ က်င္းပျပဳလုပ္ေသာ စစ္တကၠသုိလ္ ဗုိလ္ေလာင္းသင္တန္း အမွတ္စဥ္ (၆၀) သင္တန္းဆင္းဂုဏ္ျပဳ စစ္ေရးျပ အခမ္းအနားသုိ႔ တက္ေရာက္မိန္႔ခြန္းေျပာၾကားစဥ္ ထည့္သြင္း ေျပာၾကားသည္။

အဆုိပါအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊  ျပည္ထဲေရး ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး သီရိပ်ံခ်ီေက်ာ္ေဆြႏွင့္ ဇနီး၊ နယ္စပ္ေရးရာ ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး သီရိပ်ံခ်ီ ရဲေအာင္ႏွင့္ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ တင္ေအာင္စန္း ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ တပ္မေတာ္အရာရိွႀကီးမ်ား ႏွင့္ဇနီးမ်ား၊ တိုင္းမွဴးမ်ား၊ စစ္တကၠသိုလ္ေက်ာင္းအုပ္ႀကီးႏွင့္ ျပင္ဦးလြင္တပ္နယ္မွ အရာရိွႀကီးမ်ား၊ ျပည္ေထာင္စု သမၼတျမန္မာႏိုင္ငံေတာ္ဆိုင္ရာ ႏိုင္ငံျခားစစ္သံ႐ံုးမ်ားမွ စစ္သံမွဴးမ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ားႏွင့္ သင္တန္းဆင္းဗိုလ္ေလာင္းမ်ား၏ မိဘေဆြမ်ိဳးမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္က ဗိုလ္ေလာင္းတပ္ရင္းမ်ား၏ အေလးျပဳျခင္းကိုခံယူၿပီး ေက်ာင္းဆင္း ဗိုလ္ေလာင္းတပ္ရင္းမ်ားကုိ စစ္ေဆးသည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္အား ဗိုလ္ေလာင္းတပ္ရင္းမ်ားက အေႏွးေလွ်ာက္၊ အျမန္ေလွ်ာက္တို႔ျဖင့္ ခ်ီတက္အေလးျပဳၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စစ္တကၠသိုလ္ဗိုလ္ေလာင္း သင္တန္း အမွတ္စဥ္(၆၀)မွ ေအာင္စစ္သည္ဆုရရွိသူ ဗုိလ္ေလာင္းအမွတ္ ၃၂၄၀၅၊ ဗုိလ္ေလာင္း ေအာင္ခန္႔မင္း၊ ေလ့က်င့္ေရးထူးခြၽန္ဆုရရွိသူ ဗိုလ္ေလာင္းအမွတ္ ၃၁၆၇၀၊ ဗုိလ္ေလာင္း ေကာင္းထက္၊ စာေပ ထူးခြၽန္ဆု(၀ိဇၨာ)ရရွိသူ ဗိုလ္ေလာင္းအမွတ္ ၃၁၇၉၃၊ ဗုိလ္ေလာင္း စုိးရန္ႏုိင္၊ စာေပထူးခြၽန္ဆု(သိပံၸ) ရရိွသူ ဗိုလ္ေလာင္းအမွတ္ ၃၁၉၀၉၊ ဗိုလ္ေလာင္း ညီညီႏုိင္၊ စာေပထူးခြၽန္ဆု(ကြန္ပ်ဴတာ) ရရိွသူ ဗိုလ္ေလာင္းအမွတ္  ၃၂၃၁၅၊ ဗိုလ္ေလာင္း သက္ခုိင္ထူးတို႔အား ဆုမ်ားအသီးသီး ေပးအပ္ ခ်ီးျမႇင့္ သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သင္တန္းဆင္းဗိုလ္ေလာင္းမ်ားအား မိန္႕ခြန္း ေျပာၾကားရာတြင္ မိမိတို႔သည္ တပ္မေတာ္၌ေခါင္းေဆာင္ငယ္မ်ားအျဖစ္ တာ၀န္ထမ္းေဆာင္ရမွာ ျဖစ္သည့္အတြက္ တပ္မေတာ္၏မြန္ျမတ္သည့္အတိတ္သမုိင္းေၾကာင္းမ်ားကုိသိရွိၿပီး ေကာင္းမြန္သည့္ အစဥ္အလာမ်ားကုိလည္း လက္ဆင့္ကမ္းအေမြ အျဖစ္ ဆက္လက္ထိန္းသိမ္းသြားရမည္ျဖစ္ေၾကာင္း၊ မိမိတို႔တပ္မေတာ္အား ၁၉၄၁ ခုႏွစ္၊ ဒီဇင္ဘာ ၂၇ ရက္ေန႔တြင္ ထုိင္းႏုိင္ငံ၊ ဘန္ေကာက္ၿမိဳ႕၌ ဗုိလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ ရဲေဘာ္သုံးက်ိပ္တုိ႔၏ဦးေဆာင္မႈျဖင့္ ဗမာ့လြတ္လပ္ေရးတပ္မေတာ္(BIA) အျဖစ္စတင္သေႏၶတည္ဖြဲ႕စည္းခဲ့ေၾကာင္း၊ ယခုကဲ့သုိ႔ေပါက္ဖြားလာသည့္ တပ္မေတာ္သည္ လြတ္လပ္ေရးႀကိဳးပမ္းမႈကာလ၊ လြတ္လပ္ေရးရၿပီးစကာလ၊ ပါလီမန္ဒီမုိကေရစီအစုိးရကာလ၊ အိမ္ေစာင့္အစုိးရကာလ၊ ေတာ္လွန္ေရးေကာင္စီအစုိးရကာလ၊ ျမန္မာ့ဆုိရွယ္လစ္လမ္းစဥ္ပါတီ အစုိးရကာလ၊ တပ္မေတာ္အစုိးရကာလစတဲ့ ေခတ္အဆက္ဆက္တြင္ တပ္မေတာ္သည္ ျပည္သူ မ်ား၏ အသက္အုိးအိမ္စည္းစိမ္ႏွင့္ အက်ိဳးစီးပြားကုိအၿမဲကာကြယ္ေပးခဲ့ေၾကာင္း၊ မိမိတုိ႔ႏုိင္ငံသမုိင္းစဥ္ တစ္ေလွ်ာက္ တုိင္းျပည္၏အခ်ဳပ္အျခာအာဏာဆုံး႐ႈံးရမည့္အေျခအေန၊ ျပည္ေထာင္စုၿပိဳကြဲႏုိင္သည့္ အေျခအေနမ်ားမွ အႀကိမ္ႀကိမ္ကာကြယ္ေစာင့္ေရွာက္ခဲ့သည့္ အစဥ္အလာေကာင္းမ်ားႏွင့္ ျပည့္၀သည့္တပ္မေတာ္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ သမုိင္းေၾကာင္းႏွင့္ ပထ၀ီအေနအေထားအရ ဒုိ႔တာ၀န္အေရးသုံးပါးကုိ အမ်ိဳးသားေရး  တာ၀န္အျဖစ္ခံယူၿပီး တပ္မေတာ္၏အစဥ္အလာေကာင္း မ်ားကုိဆက္လက္ထိန္းသိမ္းသြား ရန္လုိေၾကာင္းမွာၾကားသည္။

ယင္းေနာက္ တပ္ရင္းတပ္ဖြဲ႕အသီးသီးတြင္ ျပန္တမ္း၀င္အရာရွိေခါင္းေဆာင္ငယ္မ်ားအျဖစ္ တာ၀န္ ထမ္းေဆာင္မည့္မိမိတုိ႔အေနျဖင့္ ကြပ္ကဲအုပ္ခ်ဳပ္ရသည့္ တပ္ဖြဲ႕၀င္မ်ားအေပၚ မွန္ကန္သည့္ ေခါင္းေဆာင္မႈေပးရန္လုိေၾကာင္း၊ ေက်ာင္းမွသင္ၾကားေပးလုိက္သည့္ စစ္ပညာ၊ ေခါင္းေဆာင္မႈ ပညာရပ္မ်ားသည္ အေျခခံသေဘာမွ်သာျဖစ္သည့္အတြက္ လက္ေတြ႕နယ္ပယ္တြင္ မိမိတုိ႔ကုိယ္တုိင္ ထပ္မံဆည္းပူးသြားရမွာျဖစ္ေၾကာင္း၊ လက္ေအာက္ကုိ ေခါင္းေဆာင္မႈေပးရာတြင္ လက္ေအာက္က ယုံၾကည္အားကုိးၿပီး တစ္စိတ္တစ္၀မ္းတည္း အားလုံးလုိက္ပါေဆာင္ရြက္သည့္ ေခါင္းေဆာင္မႈမ်ိဳး ျဖစ္ရန္လုိအပ္ေၾကာင္း၊ စစ္မွန္သည့္ ေခါင္းေဆာင္ဆုိသည္မွာ ကုိယ္တုိင္စံနမူနာျပ ေနထုိင္ က်င့္ႀကံေျပာဆုိၿပီး လက္ေအာက္ငယ္သားမ်ား၏ ခ်စ္ခင္ေလးစားမႈႏွင့္ ပတ္၀န္းက်င္ရွိလူမ်ား၏ ေလးစား အသိအမွတ္ျပဳမႈကုိ ရယူႏုိင္သည့္သူမ်ိဳးျဖစ္ေၾကာင္း၊ ေခါင္းေဆာင္လုပ္သူသည္ လက္ေအာက္ငယ္သားမ်ားအေပၚ မိဘသဖြယ္၊ တပ္မွဴးေကာင္းသဖြယ္၊ ဆရာသမားသဖြယ္၊ ေဆြမ်ိဳးသားခ်င္း၊ ရဲေဘာ္ရဲဘက္မ်ားသဖြယ္ ခံယူေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ မွန္ကန္သည့္ ေခါင္းေဆာင္မႈ၊ ဥပေဒႏွင့္ညီၫြတ္သည့္အမိန္႔၊ မွ်တသည့္ဆုံးျဖတ္ခ်က္မ်ားႏွင့္ မိမိကြပ္ကဲရသည့္ တပ္ဖြဲ႕ကုိ တုိးတက္ေအာင္ျမင္ေအာင္စနစ္တက်ဦးေဆာင္ သြားၾကရမည္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ ေခါင္းေဆာင္မႈအရည္အခ်င္းျပည့္၀ေနေစရန္အတြက္ တပ္မေတာ္ကခ်မွတ္ေပးထားသည့္ ေခါင္းေဆာင္မႈအဂၤါရပ္(၁၆)ရပ္ႏွင့္အညီ က်င့္ႀကံ ႀကိဳးစားလုပ္ေဆာင္ၾကရန္မွာၾကားသည္။

ဆက္လက္ၿပီး အဖြဲ႕အစည္းတစ္ခု ခုိင္ခုိင္မာမာျဖင့္အဓြန္႔ရွည္ၾကာစြာ ရပ္တည္ႏုိင္ရန္အတြက္ မွန္ကန္သည့္မူ၀ါဒ၊ တိက်ခုိင္မာသည့္စည္းမ်ဥ္း၊ စည္းကမ္း၊ လုိက္နာေစာင့္ထိန္းရမည့္ဥပေဒ၊ တာ၀န္ယူမႈ၊ တာ၀န္ခံမႈရွိသည့္ ႀကီးၾကပ္ကြပ္ကဲမႈမ်ားႏွင့္ စနစ္က်သည့္ဖြဲ႕စည္းေလ့က်င့္မႈ မ်ားရွိရမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔တပ္မေတာ္သည္ အဆုိပါအခ်က္မ်ားႏွင့္ စနစ္တက်ဖြဲ႕စည္းထားသည့္ အဖြဲ႕အစည္းတစ္ခုျဖစ္ေၾကာင္း၊ တပ္မေတာ္သည္ ႏုိင္ငံေတာ္ကုိကုိယ္စားျပဳၿပီး ႏုိင္ငံေတာ္အက်ိဳးကုိ ေရွး႐ႈေဆာင္ရြက္ေနသည့္အဖြဲ႕အစည္းျဖစ္သည့္အတြက္ တပ္မေတာ္သားအားလုံးသည္ ခ်မွတ္ထား သည့္ စည္းမ်ဥ္းစည္းကမ္းအားလုံးကုိတိက်စြာလုိက္နာၾကရမည္ျဖစ္ေၾကာင္း၊ စည္းကမ္းရွိျခင္းသည္ စိတ္ဓာတ္ေကာင္းမြန္မႈ၊ အမိန္႔နာခံတတ္မႈႏွင့္ တုိးတက္ေအာင္ျမင္မႈကုိ ေမြးဖြားေပးႏုိင္ေၾကာင္း၊ တစ္ဦးခ်င္းတစ္ေယာက္ခ်င္း စည္းကမ္းေကာင္းမြန္မႈရွိမွသာ မိမိတုိ႔တပ္မေတာ္၏အားကုိ တည္ေဆာက္ႏုိင္ၿပီး တုိ္င္းရင္းသားအားလုံး၏ ယုံၾကည္ကုိးစားမႈကုိ ရရွိေစမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔ အေနျဖင့္ တပ္မေတာ္သားေကာင္းတစ္ေယာက္ျဖစ္ရန္ အေျခခံျဖစ္သည့္ အပါး(၆၀)ေသာ စစ္သည္ေတာ္က်င့္၀တ္မ်ားကုိခါး၀တ္ပုဆုိးပမာ ၿမဲၿမံစြာေစာင့္ထိန္းၾကရန္ လုိအပ္ေၾကာင္း မွာၾကားသည္။

တပ္မေတာ္တြင္တာ၀န္ထမ္းေဆာင္ေနသည့္ အရာရွိ/စစ္သည္မ်ားအား စစ္မႈထမ္းစည္းမ်ဥ္း၊ စည္းကမ္းမ်ားႏွင့္အညီသတ္မွတ္ထားသည့္ အရည္အခ်င္းမ်ားႏွင့္ ခန္႔အပ္ဖြဲ႕စည္းထားျခင္း ျဖစ္ေၾကာင္း၊ ထုိကဲ့သုိ႔ခန္႔အပ္တာ၀န္ေပးျခင္းခံရသည့္ တပ္မေတာ္သားမ်ားသည္ စစ္ဘက္ဆုိင္ရာ စည္းမ်ဥ္းစည္းကမ္းႏွင့္ ဥပေဒမ်ားကုိတိက်စြာလုိက္နာေဆာင္ရြက္ရသည့္အျပင္ နယ္ဘက္ဆုိင္ရာ ဥပေဒ၊ ႏုိင္ငံတကာစစ္ပြဲဆုိင္ရာဥပေဒမ်ားႏွင့္ ထိေတြ႕တုိက္ခုိက္မႈစည္းမ်ဥ္း (Rule of Engagement-ROE) မ်ားကုိလည္းတိက်စြာ လိုက္နာၾကရေၾကာင္း၊ တပ္မေတာ္၏စစ္မႈထမ္းစည္းမ်ဥ္းအရ အသက္ ၁၈ ႏွစ္ျပည့္ၿပီးမွသာ တစ္နည္းအားျဖင့္ ဥပေဒအရမဲေပးခြင့္ရွိသူမ်ားသာ တပ္္မေတာ္အတြင္း တာ၀န္ထမ္းေဆာင္ခြင့္ရွိေသာေၾကာင့္ တရားဥပေဒအား မသိနားမလည္သျဖင့္ဆုိၿပီး ခ်ိဳးေဖာက္၍ မရသကဲ့သုိ႔ ခ်ိဳးေဖာက္လာခဲ့ပါက အေရးယူျခင္းခံရမည္ျဖစ္ေၾကာင္း၊ ျပ႒ာန္းထားသည့္ စစ္ဘက္၊ နယ္ဘက္ဥပေဒမ်ားႏွင့္အညီ လုိက္နာက်င့္သုံးေဆာင္ရြက္ရမည္ ျဖစ္သကဲ့သုိ႔ ဥပေဒအရ ေပးထားသည့္အခြင့္အေရးႏွင့္ အကာအကြယ္ေပးမႈမ်ားကုိလည္း တစ္ေျပးညီရယူႏုိင္ရမည္ ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ေခါင္းေဆာင္ငယ္မ်ားအျဖစ္ တာ၀န္ထမ္းေဆာင္မည့္ မိမိတုိ႔အေနျဖင့္ ျပ႒ာန္းထားသည့္ စစ္ဘက္၊ နယ္ဘက္ဆုိင္ရာ ဥပေဒမ်ားႏွင့္ ထုတ္ျပန္ထားသည့္ အမိန္႔ ၫႊန္ၾကားခ်က္မ်ားကုိသိရွိေအာင္ ေလ့လာမွတ္သားၿပီး မိမိကုိယ္တုိင္စံနမူနာျပ လုိက္နာက်င့္သုံး၍ လက္ေအာက္ငယ္သားမ်ားပါလုိက္နာမႈရွိေစေရး ၾကပ္မတ္ေဆာင္ရြက္သြားၾကရန္ အေလးထား မွာၾကားသည္။

ထုိ႔ေနာက္ မိမိတုိ႔သည္ အသက္ငယ္ငယ္ရြယ္ရြယ္ျဖင့္ ေခါင္းေဆာင္တာ၀န္မ်ားကုိ ထမ္းေဆာင္ခြင့္ ရရွိၾကသူမ်ားျဖစ္ေၾကာင္း၊ အနာဂါတ္၏ေခါင္းေဆာင္မ်ားျဖစ္လာမည့္ မိမိတုိ႔အေနျဖင့္ စိတ္ဓာတ္ႏွင့္ ကုိယ္က်င့္တရားေကာင္းမြန္ရန္အေရးႀကီးေၾကာင္း၊ မိမိတုိ႔ ရည္မွန္းခ်က္မ်ားကုိ အေကာင္အထည္ေဖာ္ ရာတြင္ ႀကိဳးစားအားထုတ္မႈမ်ားအျပင္ မိမိကုိယ္ကုိ ထိန္းသိမ္းေနထုိင္ရန္လည္းလုိအပ္ေၾကာင္း၊ မိမိဘ၀တုိးတက္ေအာင္ျမင္ေရးကုိ ထိခိုက္ေစမည့္ အေနအထုိင္၊ အျပဳအမူ၊ အေျပာအဆုိမ်ားကုိ ေရွာင္ၾကဥ္ရန္လုိအပ္သည့္အျပင္ ကုိယ္က်င့္တရားေကာင္းမြန္ေစရန္အတြက္ ဘာသာေရး၊ လူမႈေရး အဆုံးအမမ်ားႏွင့္အညီ က်င့္ႀကံေနထုိင္ၾကရမည္ျဖစ္ေၾကာင္း၊ မိမိကုိယ္ကုိႏွင့္ မိမိထမ္းေဆာင္ရသည့္ တာ၀န္မ်ားကုိတန္ဖုိးထားၿပီး မိမိဂုဏ္ကုိထိန္းသိမ္းတတ္ရမည္ျဖစ္ေၾကာင္း၊ ထုိ႔အျပင္  သူတစ္ပါး အေပၚကုိယ္ခ်င္းစာစိတ္ေမြးၿပီး ေလးစားတန္ဖုိးထားရမည္ျဖစ္ေၾကာင္း၊ ၿခိဳးၿခံေခြၽတာစိတ္ရွိၿပီး လုိခ်င္တပ္မက္မႈနည္းရမည္၊ အေပ်ာ္အပါး၊ အေသာက္အစားကင္းစြာျဖင့္ တန္ဖုိးရွိရွိေနထုိင္ရမည္၊ မိမိ၀င္ေငြႏွင့္ ထြက္ေငြကုိမွ်တေအာင္သုံးစြဲတတ္ရမည္ျဖစ္ေၾကာင္း၊ အသုံးႏွင့္အျဖဳန္းကုိသိၿပီး သြားသင့္သြားထုိက္သည့္ေနရာ၊ ေပ်ာ္သင့္ေပ်ာ္ထုိက္သည့္ ေနရာတြင္ စည္းႏွင့္ကမ္းႏွင့္ေဆာင္ရြက္ၿပီး မိမိကုိယ္ကုိထိန္းသိမ္းေစာင့္ေရွာက္ျခင္းျဖင့္ မိမိဂုဏ္ကုိျမႇင့္တင္ၾကရမည္ျဖစ္ေၾကာင္းေျပာၾကားသည္။

မိမိတုိ႔အေနျဖင့္မူလတာ၀န္မ်ားျဖစ္သည့္ စစ္ပညာမ်ားကုိစဥ္ဆက္မျပတ္ ေလ့လာေနရမည္ ျဖစ္သကဲ့သုိ႔ ဘ၀အတြက္အေကာင္းအဆုိးမ်ားကုိ ေ၀ဖန္ပုိင္းျခားေပးမည့္ သုတ၊ ရသ စာအုပ္ စာေပမ်ားကုိလည္း ဖတ္႐ႈေလ့လာေနရမည္ျဖစ္ေၾကာင္း၊ ျပင္ပဗဟုသုတစာေပမ်ားကုိ မ်က္ျခည္ မျပတ္ဖတ္႐ႈျခင္းအားျဖင့္လည္း ေကာင္းမြန္သည့္ အေတြးအျမင္ ခံယူခ်က္မ်ား ကိန္းေအာင္း လာမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္ကုိ ေခတ္မီတပ္မေတာ္ (Standard Army) အျဖစ္ တည္ေဆာက္ေနသည့္ကာလတြင္ ပညာရည္ျမင့္မားေရးကိစၥရပ္သည္ အလြန္အေရးႀကီးသည့္ အတြက္ အရာရွိ၊ စစ္သည္မ်ားအားလုံး ပညာရည္ျမင့္မားေရးကိစၥရပ္မ်ားအား အေလးထား လုပ္ေဆာင္လ်က္ရွိေၾကာင္း၊ တပ္မေတာ္တြင္ရွိသည့္ တပ္ရင္း/တပ္ဖြဲ႕တုိင္း၌ စာၾကည့္တုိက္မ်ား ရွိသကဲ့သုိ႔ အဆုိပါစာၾကည့္တုိက္မ်ားတြင္လည္း သုတ၊ ရသ၊ ကေလးစာေပအပါအ၀င္ က႑စုံ စာအုပ္မ်ားထားရွိေပးထားေၾကာင္း၊ စာေပမွေပးသည့္ အသိအျမင္၊ အေတြးအေခၚမ်ားသည္ မိမိတုိ႔၏စိတ္ဓာတ္ခံယူခ်က္မ်ားကုိ ျမင့္တက္လာေစမည္ျဖစ္သျဖင့္ စာေကာင္းေပမြန္မ်ားကုိ ဖတ္႐ႈျခင္းအားျဖင့္ မိမိကုိယ္ကုိ ထိန္းသိမ္းလာႏုိင္ၿပီး စိတ္ဓာတ္စည္းကမ္းမ်ား ပုိမုိတုိးတက္ေကာင္းမြန္ လာမည္ျဖစ္ေၾကာင္း၊ မိမိကုိယ္တုိင္စာဖတ္သကဲ့သုိ႔ မိမိတာ၀န္ယူကြပ္ကဲရသူမ်ားကုိလည္း စာဖတ္ ေအာင္ စည္း႐ုံးတုိက္တြန္းသြားရန္လုိအပ္ေၾကာင္း၊ သုိ႔မွသာ မိမိတုိ႔ႏုိင္ငံတုိးတက္ေကာင္းမြန္ေအာင္ ေဆာင္ရြက္လုိသည့္အျမင္မ်ိဳးရွိလာမည္ျဖစ္ၿပီး မိမိကုိယ္ကိုထိန္းသိမ္းကာ ႀကိဳးစားအားထုတ္ မႈမ်ားျဖင့္ ဘ၀ကုိတုိးတက္ေအာင္ေဆာင္ရြက္သြားရန္မွာၾကားလုိေၾကာင္းေျပာၾကားသည္။

ယေန႔ကာလတြင္ ဆက္သြယ္ေရးကြန္ရက္မ်ားကုိ လြယ္လင့္တကူျဖင့္ သုံးစြဲလာႏုိင္ၿပီး လူမႈကြန္ရက္မ်ားကုိ တလြဲသုံးစြဲလာမႈမ်ားေၾကာင့္ မိမိတုိ႔၏စာရိတၱမ႑ိဳင္ ယိမ္းယိုင္လာၿပီး ကုိယ္က်င့္တရားႏွင့္ စိတ္ဓာတ္မ်ားပ်က္စီးလာတတ္ၾကေၾကာင္း၊ အက်ိဳးရွိမွန္ကန္ စြာအသုံးမခ်တတ္ ပါက မိမိကုိယ္တုိင္သာမက မိမိအဖြဲ႕အစည္း၏ပုံရိပ္ႏွင့္ဂုဏ္သိကၡာ ကုိပါထိခုိက္လာႏုိင္သည့္အတြက္ သတိျပဳဆင္ျခင္ေဆာင္ရြက္ၾကရန္လုိေၾကာင္း၊ လူမႈကြန္ရက္မွတစ္ဆင့္ သတင္းေပါက္ၾကားမႈမ်ား ျဖစ္ေပၚတတ္သကဲ့သုိ႔ သတင္းမွားမ်ား၊ ေကာလာဟလမ်ား ေသြးထုိးလႈံ႕ေဆာ္မႈမ်ား ပါ၀င္ ေနျခင္းျဖစ္သည့္အတြက္ဉာဏ္သတိႏွင့္ယွဥ္ၿပီး စည္းကမ္းတက်အသုံးတတ္ၾကရန္လုိအပ္ေၾကာင္း၊ တပ္မေတာ္သည္ျပည္ေထာင္စုမၿပိဳကြဲေရး၊ တုိင္းရင္းသားစည္းလုံးညီၫြတ္မႈမၿပိဳကြဲေရး၊ အခ်ဳပ္အျခာ အာဏာတည္တံ့ခုိင္ၿမဲေရးဆုိသည့္ ဒုိ႔တာ၀န္အေရးသုံးပါးကုိ အမ်ိဳးသားေရးမူ၀ါဒအျဖစ္ ဦးထိပ္ပန္ဆင္ၿပီး ႏုိင္ငံေတာ္ကာကြယ္ေရးတာ၀န္၊ ေလ့က်င့္ေရးတာ၀န္၊ ျပည္သူ႕အက်ိဳးျပဳလုပ္ငန္း တာ၀န္ဆုိသည့္ တပ္မေတာ္၏အဓိကလုပ္ငန္းတာ၀န္မ်ားကုိ ထမ္းေဆာင္ရန္အတြက္ မိမိတုိ႔ တပ္မေတာ္သားမ်ားသည္ မိမိတုိ႔သေဘာဆႏၵအေလ်ာက္ ၀င္ေရာက္အမႈထမ္းၾကသည့္ သူမ်ား ျဖစ္ေၾကာင္း၊ ႏုိင္ငံေတာ္ကာကြယ္ေရးတာ၀န္ဆုိသည္မွာ လုိအပ္ပါက မိမိတုိ႔၏အသက္ခႏၶာကုိယ္ ကုိေပးအပ္ရသည္မ်ားရွိသည့္အတြက္ အၿမဲေလ့က်င့္ျပင္ဆင္ေဆာင္ရြက္ေနရမည္ျဖစ္ေၾကာင္း၊ ႐ုပ္ပိုင္း ဆုိင္ရာ၊ စိတ္ပုိင္းဆုိင္ရာက်န္းမာႀကံံ့ခုိင္မႈရွိရန္အထူးလုိအပ္ေၾကာင္း၊ စိတ္ဓာတ္ကုိ႐ုိက္ခ်ိဳးခံရပါက စြမ္းပကားက်ဆုံးေစတာျဖစ္သျဖင့္ စိတ္ဓာတ္ႀကံ့ခုိင္ေအာင္ တည္ေဆာက္ရမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ကာကြယ္ေရးဆုိသည္မွာ မိမိႏုိင္ငံကုိထိခုိက္မည့္၊ ေဒသတြင္းကုိထိခုိက္ေစမည့္ ကိစၥရပ္မ်ားကုိ ကာကြယ္ရမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔တပ္မေတာ္သားမ်ားသည္ စစ္ေရးတြင္ သာမက ကာကြယ္ေရးတြင္ပါတာ၀န္ရွိသည့္အတြက္ အမ်ိဳးဘာသာ၊ သာသနာ၊ ထုံးတမ္း စဥ္လာ၊ ယဥ္ေက်းမႈ၊ အားကစားေအာင္ျမင္မႈ၊ မ်ိဳးခ်စ္စိတ္ဓာတ္မ်ားကုိအဖ်က္အစီးမခံရေစရန္၊ မပ်က္စီးေစရန္၊ ေရရွည္တည္တံ့ခုိင္ၿမဲေစရန္အတြက္ အမ်ိဳးသားႏုိင္ငံေရးစိတ္ဓာတ္ျဖင့္ ထိန္းသိမ္းကာကြယ္ ေစာင့္ေရွာက္ၾကရမည္ျဖစ္ေၾကာင္း၊ အမ်ိဳးသားႏုိင္ငံေရးဆုိသည္မွာ ႏုိင္ငံေတာ္၏လုိအပ္ခ်က္၊ ႏုိင္ငံတြင္းမွီတင္းေနထုိင္ၾကသည့္ တုိင္ရင္းသားအားလုံးတုိ႔၏ လုိအပ္ခ်က္မ်ားျဖစ္သည့္ အမ်ိဳးသား အက်ိဳးစီးပြားကုိေဖာ္ေဆာင္ေပးျခင္းပင္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ မိမိတုိ႔အေနျဖင့္ တပ္မေတာ္၏အဓိက လုပ္ငန္းတာ၀န္ႀကီး(၃)ရပ္အားထမ္းေဆာင္ရာတြင္ အမ်ဳိးသားႏုိင္ငံေရးအသိႏွင့္ယွဥ္ၿပီး အမ်ိဳးသား အက်ိဳးစီးပြားကုိ ဦးထိပ္ပန္ဆင္ေဆာင္ရြက္ၾကရန္မွာၾကားလုိေၾကာင္း၊ တပ္မေတာ္သားတစ္ေယာက္ အတြက္ ေလ့က်င့္သားျပည့္၀မႈသည္ အလြန္အေရးပါသည့္အတြက္ သင္တန္းေက်ာင္းမ်ားတြင္ သာမက မိမိတို႔တပ္ဌာနခ်ဳပ္မ်ားတြင္လည္း ဆက္လက္ၿပီး အၿမဲေလ့က်င့္ေဆာင္ရြက္ရန္ လိုအပ္ေၾကာင္း၊ ထုိ႔ေၾကာင့္မိမိတုိ႔အေနျဖင့္ “က်န္းမာႀကံ့ခုိင္ရမည္၊ ကြၽမ္းက်င္ရမည္၊ ရဲစြမ္း သတၱိရွိရမည္” ဆုိသည့္ တပ္မေတာ္၏ေလ့က်င့္ေရးမူ၀ါဒမ်ားႏွင့္အညီ စိတ္ပုိင္း႐ုပ္ပုိင္းအစဥ္ႀကံ့ခုိင္မႈ ရွိေအာင္ စဥ္ဆက္မျပတ္ေလ့က်င့္ေနၾကရန္မွာၾကားလုိေၾကာင္း၊ အုပ္ခ်ဳပ္မႈညီၫြတ္မႈမွ်တျခင္းသည္ တပ္တြင္းစည္းလုံးညီၫြတ္ေရးႏွင့္ သက္သာေခ်ာင္ခ်ိေရးကုိ အေထာက္အကူျပဳေစမွာျဖစ္ေၾကာင္း၊ မိမိတုိ႔ေခါင္းေဆာင္ငယ္မ်ားအေနျဖင့္ အုပ္ခ်ဳပ္မႈေလ်ာ့နည္းျဖစ္စဥ္မ်ားမျဖစ္ပြားေစေရး မိမိကုိယ္ကုိ ထိန္းသိမ္းသြားရမည္ျဖစ္သကဲ့သုိ႔ မိမိကြပ္ကဲရသည့္အဖြဲ႕အစည္းကုိလည္း နည္းမွန္လမ္းမွန္ျဖင့္ ၾကပ္မတ္ကြပ္ကဲရမည္ျဖစ္ေၾကာင္း၊ လက္ေအာက္ငယ္သားမ်ားကုိအုပ္ခ်ဳပ္ရာတြင္ ဘက္လုိက္မႈမရွိဘဲ ညီၫြတ္မွ်တၿပီး ေတာ္တည့္မွန္ကန္စြာအုပ္ခ်ဳပ္ရမွာျဖစ္သည့္အျပင္ ဥပေဒႏွင့္ပတ္သက္လာလွ်င္ လည္း ပုဂၢိဳလ္စြဲ၊ ဆႏၵစြဲကင္းစြာျဖင့္တရားမွ်တစြာ ေဆာင္ရြက္ရမွာျဖစ္ေၾကာင္း၊ အဆင့္လုိက္ညီၫြတ္ မွ်တစြာကြပ္ကဲအုပ္ခ်ဳပ္ျခင္းသည္ တပ္မေတာ္၏ အစဥ္အလာေကာင္းတစ္ရပ္ျဖစ္သည့္အတြက္ အဆင့္လုိက္အျပန္အလွန္ေလးစားမႈရွိရွိ တာ၀န္ထမ္းေဆာင္ၾကရန္မွာၾကားလုိေၾကာင္း၊ မိမိတုိ႔ကြပ္ကဲရ သည့္ တပ္မေတာ္သားမ်ားႏွင့္ မိသားစုမ်ား၏ စား၀တ္ေနေရးႏွင့္ သက္သာေခ်ာင္ခ်ိေရး ကုိလည္းအေလးထားရမည္ ျဖစ္သည့္အတြက္ စား၀တ္ေနေရးကိစၥရပ္မ်ားတြင္ အမွန္တကယ္သ က္သာေခ်ာင္ခ်ိမႈရရွိေအာင္ ရသင့္ရထုိက္၊ ခံစားခြင့္ခံစားထုိက္သည့္ ရပုိင္ခြင့္မ်ားရရွိေအာင္ျဖည့္ဆည္း ေဆာင္ရြက္ေပးရန္လုိအပ္ေၾကာင္းေျပာၾကားသည္။

ယင္းေနာက္ တုိင္းျပည္၏အားသည္ျပည္တြင္းမွာသာရွိၿပီး တပ္မေတာ္၏အားကုိ တပ္မေတာ္တြင္း အေျခခံတည္ေဆာက္ရေၾကာင္း၊ ထုိ႔ေၾကာင့္တပ္တြင္း စည္းလုံးညီၫြတ္မႈအစဥ္အလာေကာင္းကုိ ဆက္လက္ထိန္းသိမ္းရမည္ျဖစ္ေၾကာင္း၊ တပ္တြင္းစည္းလုံးညီၫြတ္ေရး တည္ေဆာက္ရာတြင္ ေက်ာသားရင္သားမခြဲျခားဘဲ ညီၫြတ္မွ်တသည့္ အမိန္႔ႏွင့္တာ၀န္ေပးအပ္ျခင္း၊ စနစ္တက် စီမံခန္႔ခြဲျခင္း၊ စည္း႐ုံးျခင္း၊ သာတူညီမွ်အခြင့္ အေရးေပးအပ္ျခင္းမ်ားကုိ ေဆာင္ရြက္ၿပီး “ဘယ္သူခြဲခြဲဒုိ႔မကြဲ အၿမဲစည္းလုံးမည္” ဆုိသည့္အတုိင္း က်စ္လ်စ္ခုိင္မာစြာ တည္ေဆာက္ ထားၾကရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္ထဲတြင္ ျပည္နယ္ႏွင့္တုိင္းအသီးသီးမွ တုိင္းရင္းသားမ်ား စုစည္းေနထုိင္တာ၀န္ထမ္းေဆာင္ျခင္းျဖစ္သည့္အတြက္ မိသားစုစိတ္ဓာတ္ေမြးျမဴၿပီး စည္းလုံး ညီၫြတ္စြာ ေနထုိင္ၾကရမည္ျဖစ္ေၾကာင္း၊ စုေပါင္းအားသည္ ထုကုိရရွိေစၿပီးခုိင္မာမႈကုိပုိမုိရရွိေစ ေၾကာင္း၊ တပ္မေတာ္သားမ်ားႏွင့္မိသားစု၀င္မ်ား၊ ျပည္သူမ်ားအားလုံး စုေပါင္းအားႏွင့္ရွိေနပါက မည္သည့္အရာကုိမဆုိ ရင္ဆုိင္ေအာင္ျမင္ႏုိင္မွာျဖစ္ေၾကာင္း၊ ျပည္သူအားလုံး၏စုေပါင္းအား ရရွိေစရန္အတြက္လည္း တပ္ျပင္စည္း႐ုံးေရးကုိ အေလးထားေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ျပည္သူတစ္ရပ္လုံးပါ၀င္ဆင္ႏႊဲသည့္ တရားေသာစစ္ကသာ က်ဴးေက်ာ္သူမွန္သမွ်ကုိ ရာႏႈန္းျပည့္ တြန္းလွန္ႏုိင္ခဲ့သည္ကုိ အတိတ္ကျဖစ္စဥ္မ်ားတြင္ေတြ႕ခဲ့ရေၾကာင္း၊ ထုိ႔ေၾကာင့္လည္း စာဆိုတစ္ဦးက “စစ္နည္းဗ်ဴဟာဘယ္သုိ႔သာလည္း၊ ဆြဲကိုင္လက္နက္ ဘယ္လိုထက္လည္း၊ ျပည္သူ႕ႏွလံုး မသိမ္းက်ံဳးလွ်င္၊ ျပည္သူ႕ခြန္အား မကိုးစားလွ်င္ ဓားသြားလည္းေၾကြ၊ လွံလည္းေခြအံ့” လို႔ ေရးသား စပ္ဆိုခဲ့ျခင္းပင္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ ျပည္သူပါ၀င္ပူးေပါင္းမွ ေအာင္ျမင္မႈရရွိႏုိင္မည္ျဖစ္သည့္ အတြက္ တပ္ႏွင့္ျပည္သူတစ္သားတည္းရွိေစရန္၊ စုစည္းညီၫြတ္မႈရွိရန္ တပ္ျပင္စည္း႐ုံးေရး ေဆာင္ရြက္ရာတြင္ မိမိတုိ႔အေနျဖင့္ စစ္သည္ေတာ္က်င့္၀တ္ႏွင့္အညီ ေနထုိင္က်င့္ႀကံၿပီးမိမိနယ္ေျမ အလုိက္ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားတြင္ တစ္တပ္တစ္အားေဆာင္ရြက္ေပးျခင္း၊ သဘာ၀ေဘး အႏၲရာယ္မ်ားႏွင့္ ရင္ဆုိင္ရပါက လူနည္းစု၊ တုိင္းရင္းသား၊ ဘာသာခြဲျခားမႈမရွိဘဲ အခ်ိန္ႏွင့္တစ္ေျပးညီ ကူညီေဆာင္ရြက္ေပးျခင္း၊ ပညာေရး၊ က်န္းမာေရး၊ လူမႈေရးဆုိင္ရာ ကူညီေစာင့္ေရွာက္ေပးျခင္း အပါအ၀င္ ျပည္သူ႕အက်ိဳးျပဳလုပ္ငန္းမွန္မွ်အား “ျပည္သူသာအမိ၊ ျပည္သူသာအဖ” ကဲ့သုိ႔ သေဘာထားၿပီး ေဆာင္ရြက္ေပးၾကရန္၊ ႏုိင္ငံ့အားကုိ အေလးထားရန္မွာၾကားလုိေၾကာင္း ေျပာၾကားသည္။

မိမိတုိ႔ႏုိင္ငံသည္ ကုိလုိနီဘ၀က နယ္ခ်ဲဲ႕မ်ားက်င့္သုံးခဲ့သည့္ အုပ္ခ်ဳပ္မွႈစနစ္ အမ်ိဳးမ်ိဳးႏွင့္ ေသြးခြဲ အုပ္ခ်ဳပ္မႈမ်ား၏ အက်ိဳးဆက္မ်ားႏွင့္ လြတ္လပ္ေရးရရွိၿပီးစကာလတြင္ က်င့္သုံးခဲ့သည့္ ၁၉၄၇ ခုႏွစ္ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံအေျခခံဥပေဒ၏ အားနည္းခ်က္မ်ားေၾကာင့္ တုိင္းရင္းသားအခ်င္းခ်င္း၊ လူမ်ိဳးစုမ်ား အခ်င္းခ်င္းၾကား ေသြးကြဲခဲ့ရၿပီး လက္နက္ကုိင္ ပဋိပကၡမ်ားအထိျဖစ္ခဲ့ရေၾကာင္း၊ ယေန႔အထိ ျဖစ္ပြားလ်က္ရွိသည့္ လက္နက္ကုိင္ပဋိပကၡမ်ား၏ ဇစ္ျမစ္ႏွင့္ စတင္ခဲ့သည့္အခ်ိန္ကာလအရ ျပည္တြင္းလက္နက္ကုိင္ပဋိပကၡမ်ားသည္ တပ္မေတာ္ႏွင့္တုိင္းရင္းသားလက္နက္ကုိင္မ်ားအၾကား စတင္ျဖစ္ပြားခဲ့ျခင္း မဟုတ္ဘဲသက္ဆုိင္ရာအစုိးရႏွင့္ တုိင္းရင္းသားမ်ားအၾကား ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး မိမိတုိ႔တပ္မေတာ္အေနျဖင့္ ႏုိင္ငံေတာ္ႏွင့္အစုိးရ၏ အခ်ဳပ္အျခာအာဏာကုိ ကာကြယ္ရန္ တာ၀န္ရွိသည့္အဖြဲ႕အစည္းပီသစြာကာကြယ္ေဆာင္ရြက္ခဲ့ရျခင္းသာျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ တပ္္မေတာ္အေနျဖင့္ ၿငိမ္းခ်မ္းေစလုိသည့္ျပည္သူလူထု၏ဆႏၵကုိ ျဖည့္ဆည္းေဆာင္ရြက္ေပးရန္ သမုိင္းေပးတာ၀န္ကုိေက်ပြန္စြာထမ္းေဆာင္ႏုိင္ေရး၊ ထာ၀ရၿငိမ္းခ်မ္းေရးရရွိေစေရးအတြက္ စြမ္းစြမ္း တမံေဆာင္ရြက္လ်က္ရွိေၾကာင္း၊ တဒဂၤၿငိမ္းခ်မ္းေရးမဟုတ္ဘဲ ထာ၀ရၿငိမ္းခ်မ္းေရး ရရွိေစရန္အတြက္ တစ္ႏုိင္ငံလုံးပစ္ခတ္တုိက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ (Nationwide Ceasefire Agreement-NCA)လမ္းေၾကာင္းကုိ အေျခခံၿပီးေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ NCA သည္ ပစ္ခတ္တုိက္ခုိက္မႈ ရပ္စဲေရး သက္သက္မဟုတ္ဘဲ ပုိမုိက်ယ္ျပန္႔ျမင့္မားသည့္ရည္ရြယ္ခ်က္မ်ား၊ တုိင္းရင္းသားျပည္သူ လူထုအားလုံး၏လုိလားခ်က္မ်ားကုိ လက္ေတြ႕က်က် အေကာင္အထည္ေဖာ္ေပးႏုိင္မည့္ စစ္မွန္ခုိင္မာသည့္ ထာ၀ရၿငိမ္းခ်မ္းေရးလမ္းေၾကာင္းျဖစ္ေၾကာင္း၊ ဒီမုိကေရစီႏွင့္ ဖက္ဒရယ္စနစ္ကုိ အေျခခံသည့္ ျပည္ေထာင္စုအျဖစ္တည္ေဆာက္ရာတြင္ ထာ၀ရၿငိမ္းခ်မ္းေရးရရွိရန္ မျဖစ္မေန လုိအပ္သည့္အတြက္ တပ္မေတာ္အေနျဖင့္ ဒုိ႔တာ၀န္အေရးသုံးပါးကုိ အေျခခံသည့္ ၿငိမ္းခ်မ္းေရး မူ၀ါဒ(၆)ရပ္ကုိခ်မွတ္ၿပီး ခုိင္ခုိင္မာမာေဆာင္ရြက္လ်က္ရွိေၾကာင္း၊ တပ္မေတာ္က ခ်မွတ္ထားသည့္ ၿငိမ္းခ်မ္းေရးမူ၀ါဒ(၆)ရပ္သည္ ယခင္ျဖတ္သန္းခဲ့ရသည့္ ၿငိမ္းခ်မ္းေရးအေတြ႕အႀကဳံမ်ားႏွင့္ လက္ရွိၿငိမ္းခ်မ္းေရးေဆာင္ရြက္ရာတြင္ ေတြ႕ႀကဳံလာသည့္ အခက္အခဲမ်ားအရ ႏုိင္ငံေတာ္ တည္ၿငိမ္ေရး၊ စည္းလုံးညီၫြတ္ေရးႏွင့္ ဖြံ႕ၿဖိဳးတုိးတက္ေရးမ်ားကုိ ဦးတည္ခ်မွတ္ထားျခင္းလည္း ျဖစ္ေၾကာင္း၊ ထာ၀ရၿငိမ္းခ်မ္းေရးရရွိေအာင္ေဆာင္ရြက္ရာတြင္ Time Frame ေရးဆြဲထားရန္ လုိအပ္မည္ျဖစ္ၿပီး ႏုိင္ငံေရးဆုိင္ရာ ကတိက၀တ္မ်ားႏွင့္အတူ လုံၿခဳံေရးဆုိင္ရာျပန္လည္ေပါင္းစည္း ျခင္းလုပ္ငန္းစဥ္မ်ားကုိလည္း တစ္ၿပိဳင္တည္းေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္ဆုိသည္မွာ ႏုိင္ငံေတာ္ကထုတ္ျပန္ထားသည့္တည္ဆဲဥပေဒမ်ား၊ တပ္မေတာ္အက္ဥပေဒ၊ နည္းဥပေဒမ်ားကုိ ေလးစားလုိက္နာေစာင့္ထိန္းရသည့္ ႏုိင္ငံေတာ္ကုိကုိယ္စားျပဳေသာ ခုိင္မာသည့္ အဖြဲ႕အစည္း ျဖစ္သည့္အတြက္ NCA စာခ်ဳပ္ပါအခ်က္မ်ားအတုိင္း ေလးစားလုိက္နာ ေဆာင္ရြက္သြားမည္ျ ဖစ္သည္ကုိေျပာၾကားလုိေၾကာင္း၊ မည္သည့္ႏုိင္ငံေရးစနစ္က်င့္သုံးသည့္ ႏုိင္ငံျဖစ္ေစ ႏုိင္ငံေတာ္ ကာကြယ္ေရးအတြက္ အဓိကလက္နက္ကုိင္ အဖြဲ႕အစည္းတစ္ရပ္၊ တပ္မေတာ္တစ္ခုသာ ထားရွိၾကေၾကာင္း၊ မိမိတုိ႔တပ္မေတာ္အေနျဖင့္ ႏုိင္ငံတကာနည္းတူ တစ္ခုတည္းေသာမူ၀ါဒကုိ လက္ကုိင္ထားၿပီး ဒုိ႔တာ၀န္အေရးသုံးပါးကုိကာကြယ္ေစာင့္ေရွာက္သြားမည္ ျဖစ္ေၾကာင္း ေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္ သည္ ဗိုလ္ေလာင္းတပ္ရင္းမ်ား၏ အေလးျပဳျခင္းကို ခံယူၿပီးေနာက္ စစ္ေရးျပအခမ္းအနားမွ ျပန္လည္ထြက္ခြာသည္။

စစ္ေရးျပအခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴဳးႀကီး မဟာသေရ စည္သူ မင္းေအာင္လိႈင္သည္ စစ္တကၠသိုလ္ေက်ာင္းဌာနခ်ဳပ္၊ ဧည့္ခန္းမ၌ ထူးခြၽန္ဆုရရိွၾကသည့္ ဗိုလ္ေလာင္း ၅ ဦးႏွင့္ ၎တို႔၏မိဘမ်ားအား ေတြ႕ဆံု၍ ဂုဏ္ျပဳအမွာစကားေျပာၾကားခဲ့သည္။

 

(Unicode Version)

 ခေါင်းဆောင်ကောင်းများဖြစ်လာစေရန် ရိုးသားကြိုးစားမှု၊ ကိုယ်ချင်းစာစိတ်နှင့် စိတ်ရင်း စေတနာကောင်းထားရှိမှု၊ ရောင့်ရဲတင်းတိမ်နိုင်မှု၊ လူ့သဘောသဘာ၀ သိရှိနားလည်နိုင်မှုတို့ဖြင့် ဆောင်ရွက်ကြရန်လို

နေပြည်တော် ၊  ဒီဇင်ဘာ  ၇

ခေါင်းဆောင်မှုနယ်ပယ်ဆိုသည်မှာကျယ်ပြောလှသဖြင့် မိမိတို့ဖြတ်သန်းရမည့် နယ်ပယ်အသီးသီးတွင် စာတွေ့လက်တွေ့သီအိုရီများကို ကောင်းစွာအသုံးချပြီး မိမိခေါင်းဆောင်ကွပ်ကဲရသည့် အဖွဲ့အစည်း နှင့်အတူ ပေးအပ်လာသည့် ရည်မှန်းချက်တာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း လက်အောက်ငယ်သားများ၏ ရိုသေလေးစားမှု၊ ယုံကြည်ကိုးစားမှု၊ သစ္စာရှိစွာ ပူးပေါင်းဆောင်ရွက်မှုများကိုရယူရန်လိုအပ်ကြောင်း၊ ခေါင်းဆောင်မှု အရည်အချင်းဆိုသည်မှာ မွေးကတည်းကပါလာသည်မဟုတ်ဘဲ လေ့လာ၊ကျင့်ကြံ၊ ကြိုးစားအားထုတ် ရခြင်းဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် ရိုးသားကြိုးစားမှု၊ ကိုယ်ချင်းစာစိတ်နှင့် စိတ်ရင်းစေတနာကောင်းထားရှိမှု၊ ရောင့်ရဲတင်းတိမ်နိုင်မှု၊ လူ့သဘော သဘာဝသိရှိနားလည်နိုင်မှုတို့ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သော စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၀) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊  ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သီရိပျံချီကျော်ဆွေနှင့် ဇနီး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သီရိပျံချီ ရဲအောင်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်း နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မောင်မောင်ကျော်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ နှင့်ဇနီးများ၊ တိုင်းမှူးများ၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် ပြင်ဦးလွင်တပ်နယ်မှ အရာရှိကြီးများ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းဆင်းဗိုလ်လောင်းများ၏ မိဘဆွေမျိုးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်း ဗိုလ်လောင်းတပ်ရင်းများကို စစ်ဆေးသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား ဗိုလ်လောင်းတပ်ရင်းများက အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၆၀)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၃၂၄၀၅၊ ဗိုလ်လောင်း အောင်ခန့်မင်း၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၃၁၆၇၀၊ ဗိုလ်လောင်း ကောင်းထက်၊ စာပေ ထူးချွန်ဆု(ဝိဇ္ဇာ)ရရှိသူ ဗိုလ်လောင်းအမှတ် ၃၁၇၉၃၊ ဗိုလ်လောင်း စိုးရန်နိုင်၊ စာပေထူးချွန်ဆု(သိပ္ပံ) ရရှိသူ ဗိုလ်လောင်းအမှတ် ၃၁၉၀၉၊ ဗိုလ်လောင်း ညီညီနိုင်၊ စာပေထူးချွန်ဆု(ကွန်ပျူတာ) ရရှိသူ ဗိုလ်လောင်းအမှတ်  ၃၂၃၁၅၊ ဗိုလ်လောင်း သက်ခိုင်ထူးတို့အား ဆုများအသီးသီး ပေးအပ် ချီးမြှင့် သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းဆင်းဗိုလ်လောင်းများအား မိန့်ခွန်း ပြောကြားရာတွင် မိမိတို့သည် တပ်မတော်၌ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင်ရမှာ ဖြစ်သည့်အတွက် တပ်မတော်၏မွန်မြတ်သည့်အတိတ်သမိုင်းကြောင်းများကိုသိရှိပြီး ကောင်းမွန်သည့် အစဉ်အလာများကိုလည်း လက်ဆင့်ကမ်းအမွေ အဖြစ် ဆက်လက်ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်အား ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့၏ဦးဆောင်မှုဖြင့် ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA) အဖြစ်စတင်သန္ဓေတည်ဖွဲ့စည်းခဲ့ကြောင်း၊ ယခုကဲ့သို့ပေါက်ဖွားလာသည့် တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုကာလ၊ လွတ်လပ်ရေးရပြီးစကာလ၊ ပါလီမန်ဒီမိုကရေစီအစိုးရကာလ၊ အိမ်စောင့်အစိုးရကာလ၊ တော်လှန်ရေးကောင်စီအစိုးရကာလ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရကာလ၊ တပ်မတော်အစိုးရကာလစတဲ့ ခေတ်အဆက်ဆက်တွင် တပ်မတော်သည် ပြည်သူ များ၏ အသက်အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားကိုအမြဲကာကွယ်ပေးခဲ့ကြောင်း၊ မိမိတို့နိုင်ငံသမိုင်းစဉ် တစ်လျှောက် တိုင်းပြည်၏အချုပ်အခြာအာဏာဆုံးရှုံးရမည့်အခြေအနေ၊ ပြည်ထောင်စုပြိုကွဲနိုင်သည့် အခြေအနေများမှ အကြိမ်ကြိမ်ကာကွယ်စောင့်ရှောက်ခဲ့သည့် အစဉ်အလာကောင်းများနှင့် ပြည့်ဝသည့်တပ်မတော်ဖြစ်ကြောင်း၊ ထို့ကြောင့် သမိုင်းကြောင်းနှင့် ပထဝီအနေအထေားအရ ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေး  တာဝန်အဖြစ်ခံယူပြီး တပ်မတော်၏အစဉ်အလာကောင်း များကိုဆက်လက်ထိန်းသိမ်းသွား ရန်လိုကြောင်းမှာကြားသည်။

ယင်းနောက် တပ်ရင်းတပ်ဖွဲ့အသီးသီးတွင် ပြန်တမ်းဝင်အရာရှိခေါင်းဆောင်ငယ်များအဖြစ် တာဝန် ထမ်းဆောင်မည့်မိမိတို့အနေဖြင့် ကွပ်ကဲအုပ်ချုပ်ရသည့် တပ်ဖွဲ့ဝင်များအပေါ် မှန်ကန်သည့် ခေါင်းဆောင်မှုပေးရန်လိုကြောင်း၊ ကျောင်းမှသင်ကြားပေးလိုက်သည့် စစ်ပညာ၊ ခေါင်းဆောင်မှု ပညာရပ်များသည် အခြေခံသဘောမျှသာဖြစ်သည့်အတွက် လက်တွေ့နယ်ပယ်တွင် မိမိတို့ကိုယ်တိုင် ထပ်မံဆည်းပူးသွားရမှာဖြစ်ကြောင်း၊ လက်အောက်ကို ခေါင်းဆောင်မှုပေးရာတွင် လက်အောက်က ယုံကြည်အားကိုးပြီး တစ်စိတ်တစ်ဝမ်းတည်း အားလုံးလိုက်ပါဆောင်ရွက်သည့် ခေါင်းဆောင်မှုမျိုး ဖြစ်ရန်လိုအပ်ကြောင်း၊ စစ်မှန်သည့် ခေါင်းဆောင်ဆိုသည်မှာ ကိုယ်တိုင်စံနမူနာပြ နေထိုင် ကျင့်ကြံပြောဆိုပြီး လက်အောက်ငယ်သားများ၏ ချစ်ခင်လေးစားမှုနှင့် ပတ်ဝန်းကျင်ရှိလူများ၏ လေးစား အသိအမှတ်ပြုမှုကို ရယူနိုင်သည့်သူမျိုးဖြစ်ကြောင်း၊ ခေါင်းဆောင်လုပ်သူသည် လက်အောက်ငယ်သားများအပေါ် မိဘသဖွယ်၊ တပ်မှူးကောင်းသဖွယ်၊ ဆရာသမားသဖွယ်၊ ဆွေမျိုးသားချင်း၊ ရဲဘော်ရဲဘက်များသဖွယ် ခံယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မှန်ကန်သည့် ခေါင်းဆောင်မှု၊ ဥပဒေနှင့်ညီညွတ်သည့်အမိန့်၊ မျှတသည့်ဆုံးဖြတ်ချက်များနှင့် မိမိကွပ်ကဲရသည့် တပ်ဖွဲ့ကို တိုးတက်အောင်မြင်အောင်စနစ်တကျဦးဆောင် သွားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ခေါင်းဆောင်မှုအရည်အချင်းပြည့်ဝနေစေရန်အတွက် တပ်မတော်ကချမှတ်ပေးထားသည့် ခေါင်းဆောင်မှုအင်္ဂါရပ်(၁၆)ရပ်နှင့်အညီ ကျင့်ကြံ ကြိုးစားလုပ်ဆောင်ကြရန်မှာကြားသည်။

ဆက်လက်ပြီး အဖွဲ့အစည်းတစ်ခု ခိုင်ခိုင်မာမာဖြင့်အဓွန့်ရှည်ကြာစွာ ရပ်တည်နိုင်ရန်အတွက် မှန်ကန်သည့်မူဝါဒ၊ တိကျခိုင်မာသည့်စည်းမျဉ်း၊ စည်းကမ်း၊ လိုက်နာစောင့်ထိန်းရမည့်ဥပဒေ၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် ကြီးကြပ်ကွပ်ကဲမှုများနှင့် စနစ်ကျသည့်ဖွဲ့စည်းလေ့ကျင့်မှု များရှိရမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သည် အဆိုပါအချက်များနှင့် စနစ်တကျဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကိုကိုယ်စားပြုပြီး နိုင်ငံတော်အကျိုးကို ရှေးရှုဆောင်ရွက်နေသည့်အဖွဲ့အစည်းဖြစ်သည့်အတွက် တပ်မတော်သားအားလုံးသည် ချမှတ်ထား သည့် စည်းမျဉ်းစည်းကမ်းအားလုံးကိုတိကျစွာလိုက်နာကြရမည်ဖြစ်ကြောင်း၊ စည်းကမ်းရှိခြင်းသည် စိတ်ဓာတ်ကောင်းမွန်မှု၊ အမိန့်နာခံတတ်မှုနှင့် တိုးတက်အောင်မြင်မှုကို မွေးဖွားပေးနိုင်ကြောင်း၊ တစ်ဦးချင်းတစ်ယောက်ချင်း စည်းကမ်းကောင်းမွန်မှုရှိမှသာ မိမိတို့တပ်မတော်၏အားကို တည်ဆောက်နိုင်ပြီး တိုင်းရင်းသားအားလုံး၏ ယုံကြည်ကိုးစားမှုကို ရရှိစေမည်ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် တပ်မတော်သားကောင်းတစ်ယောက်ဖြစ်ရန် အခြေခံဖြစ်သည့် အပါး(၆၀)သော စစ်သည်တော်ကျင့်ဝတ်များကိုခါးဝတ်ပုဆိုးပမာ မြဲမြံစွာစောင့်ထိန်းကြရန် လိုအပ်ကြောင်း မှာကြားသည်။

တပ်မတော်တွင်တာဝန်ထမ်းဆောင်နေသည့် အရာရှိ/စစ်သည်များအား စစ်မှုထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီသတ်မှတ်ထားသည့် အရည်အချင်းများနှင့် ခန့်အပ်ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း၊ ထိုကဲ့သို့ခန့်အပ်တာဝန်ပေးခြင်းခံရသည့် တပ်မတော်သားများသည် စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေများကိုတိကျစွာလိုက်နာဆောင်ရွက်ရသည့်အပြင် နယ်ဘက်ဆိုင်ရာ ဥပဒေ၊ နိုင်ငံတကာစစ်ပွဲဆိုင်ရာဥပဒေများနှင့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rule of Engagement-ROE) များကိုလည်းတိကျစွာ လိုက်နာကြရကြောင်း၊ တပ်မတော်၏စစ်မှုထမ်းစည်းမျဉ်းအရ အသက် ၁၈ နှစ်ပြည့်ပြီးမှသာ တစ်နည်းအားဖြင့် ဥပဒေအရမဲပေးခွင့်ရှိသူများသာ တပ်မတော်အတွင်း တာဝန်ထမ်းဆောင်ခွင့်ရှိသောကြောင့် တရားဥပဒေအား မသိနားမလည်သဖြင့်ဆိုပြီး ချိုးဖောက်၍ မရသကဲ့သို့ ချိုးဖောက်လာခဲ့ပါက အရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ ပြဋ္ဌာန်းထားသည့် စစ်ဘက်၊ နယ်ဘက်ဥပဒေများနှင့်အညီ လိုက်နာကျင့်သုံးဆောင်ရွက်ရမည် ဖြစ်သကဲ့သို့ ဥပဒေအရ ပေးထားသည့်အခွင့်အရေးနှင့် အကာအကွယ်ပေးမှုများကိုလည်း တစ်ပြေးညီရယူနိုင်ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့်ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင်မည့် မိမိတို့အနေဖြင့် ပြဋ္ဌာန်းထားသည့် စစ်ဘက်၊ နယ်ဘက်ဆိုင်ရာ ဥပဒေများနှင့် ထုတ်ပြန်ထားသည့် အမိန့် ညွှန်ကြားချက်များကိုသိရှိအောင် လေ့လာမှတ်သားပြီး မိမိကိုယ်တိုင်စံနမူနာပြ လိုက်နာကျင့်သုံး၍ လက်အောက်ငယ်သားများပါလိုက်နာမှုရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားကြရန် အလေးထား မှာကြားသည်။

ထို့နောက် မိမိတို့သည် အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ခေါင်းဆောင်တာဝန်များကို ထမ်းဆောင်ခွင့် ရရှိကြသူများဖြစ်ကြောင်း၊ အနာဂါတ်၏ခေါင်းဆောင်များဖြစ်လာမည့် မိမိတို့အနေဖြင့် စိတ်ဓာတ်နှင့် ကိုယ်ကျင့်တရားကောင်းမွန်ရန်အရေးကြီးကြောင်း၊ မိမိတို့ ရည်မှန်းချက်များကို အကောင်အထည်ဖော် ရာတွင် ကြိုးစားအားထုတ်မှုများအပြင် မိမိကိုယ်ကို ထိန်းသိမ်းနေထိုင်ရန်လည်းလိုအပ်ကြောင်း၊ မိမိဘဝတိုးတက်အောင်မြင်ရေးကို ထိခိုက်စေမည့် အနေအထိုင်၊ အပြုအမူ၊ အပြောအဆိုများကို ရှောင်ကြဉ်ရန်လိုအပ်သည့်အပြင် ကိုယ်ကျင့်တရားကောင်းမွန်စေရန်အတွက် ဘာသာရေး၊ လူမှုရေး အဆုံးအမများနှင့်အညီ ကျင့်ကြံနေထိုင်ကြရမည်ဖြစ်ကြောင်း၊ မိမိကိုယ်ကိုနှင့် မိမိထမ်းဆောင်ရသည့် တာဝန်များကိုတန်ဖိုးထားပြီး မိမိဂုဏ်ကိုထိန်းသိမ်းတတ်ရမည်ဖြစ်ကြောင်း၊ ထို့အပြင်  သူတစ်ပါး အပေါ်ကိုယ်ချင်းစာစိတ်မွေးပြီး လေးစားတန်ဖိုးထားရမည်ဖြစ်ကြောင်း၊ ခြိုးခြံချွေတာစိတ်ရှိပြီး လိုချင်တပ်မက်မှုနည်းရမည်၊ အပျော်အပါး၊ အသောက်အစားကင်းစွာဖြင့် တန်ဖိုးရှိရှိနေထိုင်ရမည်၊ မိမိဝင်ငွေနှင့် ထွက်ငွေကိုမျှတအောင်သုံးစွဲတတ်ရမည်ဖြစ်ကြောင်း၊ အသုံးနှင့်အဖြုန်းကိုသိပြီး သွားသင့်သွားထိုက်သည့်နေရာ၊ ပျော်သင့်ပျော်ထိုက်သည့် နေရာတွင် စည်းနှင့်ကမ်းနှင့်ဆောင်ရွက်ပြီး မိမိကိုယ်ကိုထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် မိမိဂုဏ်ကိုမြှင့်တင်ကြရမည်ဖြစ်ကြောင်းပြောကြားသည်။

မိမိတို့အနေဖြင့်မူလတာဝန်များဖြစ်သည့် စစ်ပညာများကိုစဉ်ဆက်မပြတ် လေ့လာနေရမည် ဖြစ်သကဲ့သို့ ဘဝအတွက်အကောင်းအဆိုးများကို ဝေဖန်ပိုင်းခြားပေးမည့် သုတ၊ ရသ စာအုပ် စာပေများကိုလည်း ဖတ်ရှုလေ့လာနေရမည်ဖြစ်ကြောင်း၊ ပြင်ပဗဟုသုတစာပေများကို မျက်ခြည် မပြတ်ဖတ်ရှုခြင်းအားဖြင့်လည်း ကောင်းမွန်သည့် အတွေးအမြင် ခံယူချက်များ ကိန်းအောင်း လာမည်ဖြစ်ကြောင်း၊ တပ်မတော်ကို ခေတ်မီတပ်မတော် (Standard Army) အဖြစ် တည်ဆောက်နေသည့်ကာလတွင် ပညာရည်မြင့်မားရေးကိစ္စရပ်သည် အလွန်အရေးကြီးသည့် အတွက် အရာရှိ၊ စစ်သည်များအားလုံး ပညာရည်မြင့်မားရေးကိစ္စရပ်များအား အလေးထား လုပ်ဆောင်လျက်ရှိကြောင်း၊ တပ်မတော်တွင်ရှိသည့် တပ်ရင်း/တပ်ဖွဲ့တိုင်း၌ စာကြည့်တိုက်များ ရှိသကဲ့သို့ အဆိုပါစာကြည့်တိုက်များတွင်လည်း သုတ၊ ရသ၊ ကလေးစာပေအပါအဝင် ကဏ္ဍစုံ စာအုပ်များထားရှိပေးထားကြောင်း၊ စာပေမှပေးသည့် အသိအမြင်၊ အတွေးအခေါ်များသည် မိမိတို့၏စိတ်ဓာတ်ခံယူချက်များကို မြင့်တက်လာစေမည်ဖြစ်သဖြင့် စာကောင်းပေမွန်များကို ဖတ်ရှုခြင်းအားဖြင့် မိမိကိုယ်ကို ထိန်းသိမ်းလာနိုင်ပြီး စိတ်ဓာတ်စည်းကမ်းများ ပိုမိုတိုးတက်ကောင်းမွန် လာမည်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင်စာဖတ်သကဲ့သို့ မိမိတာဝန်ယူကွပ်ကဲရသူများကိုလည်း စာဖတ် အောင် စည်းရုံးတိုက်တွန်းသွားရန်လိုအပ်ကြောင်း၊ သို့မှသာ မိမိတို့နိုင်ငံတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လိုသည့်အမြင်မျိုးရှိလာမည်ဖြစ်ပြီး မိမိကိုယ်ကိုထိန်းသိမ်းကာ ကြိုးစားအားထုတ် မှုများဖြင့် ဘဝကိုတိုးတက်အောင်ဆောင်ရွက်သွားရန်မှာကြားလိုကြောင်းပြောကြားသည်။

ယနေ့ကာလတွင် ဆက်သွယ်ရေးကွန်ရက်များကို လွယ်လင့်တကူဖြင့် သုံးစွဲလာနိုင်ပြီး လူမှုကွန်ရက်များကို တလွဲသုံးစွဲလာမှုများကြောင့် မိမိတို့၏စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်လာပြီး ကိုယ်ကျင့်တရားနှင့် စိတ်ဓာတ်များပျက်စီးလာတတ်ကြကြောင်း၊ အကျိုးရှိမှန်ကန် စွာအသုံးမချတတ် ပါက မိမိကိုယ်တိုင်သာမက မိမိအဖွဲ့အစည်း၏ပုံရိပ်နှင့်ဂုဏ်သိက္ခာ ကိုပါထိခိုက်လာနိုင်သည့်အတွက် သတိပြုဆင်ခြင်ဆောင်ရွက်ကြရန်လိုကြောင်း၊ လူမှုကွန်ရက်မှတစ်ဆင့် သတင်းပေါက်ကြားမှုများ ဖြစ်ပေါ်တတ်သကဲ့သို့ သတင်းမှားများ၊ ကောလာဟလများ သွေးထိုးလှုံ့ဆော်မှုများ ပါဝင် နေခြင်းဖြစ်သည့်အတွက်ဉာဏ်သတိနှင့်ယှဉ်ပြီး စည်းကမ်းတကျအသုံးတတ်ကြရန်လိုအပ်ကြောင်း၊ တပ်မတော်သည်ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဆိုသည့် ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးမူဝါဒအဖြစ် ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်း တာဝန်ဆိုသည့် တပ်မတော်၏အဓိကလုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန်အတွက် မိမိတို့ တပ်မတော်သားများသည် မိမိတို့သဘောဆန္ဒအလျောက် ဝင်ရောက်အမှုထမ်းကြသည့် သူများ ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်ဆိုသည်မှာ လိုအပ်ပါက မိမိတို့၏အသက်ခန္ဓာကိုယ် ကိုပေးအပ်ရသည်များရှိသည့်အတွက် အမြဲလေ့ကျင့်ပြင်ဆင်ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကျန်းမာကြံံ့ခိုင်မှုရှိရန်အထူးလိုအပ်ကြောင်း၊ စိတ်ဓာတ်ကိုရိုက်ချိုးခံရပါက စွမ်းပကားကျဆုံးစေတာဖြစ်သဖြင့် စိတ်ဓာတ်ကြံ့ခိုင်အောင် တည်ဆောက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ကာကွယ်ရေးဆိုသည်မှာ မိမိနိုင်ငံကိုထိခိုက်မည့်၊ ဒေသတွင်းကိုထိခိုက်စေမည့် ကိစ္စရပ်များကို ကာကွယ်ရမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သားများသည် စစ်ရေးတွင် သာမက ကာကွယ်ရေးတွင်ပါတာဝန်ရှိသည့်အတွက် အမျိုးဘာသာ၊ သာသနာ၊ ထုံးတမ်း စဉ်လာ၊ ယဉ်ကျေးမှု၊ အားကစားအောင်မြင်မှု၊ မျိုးချစ်စိတ်ဓာတ်များကိုအဖျက်အစီးမခံရစေရန်၊ မပျက်စီးစေရန်၊ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် အမျိုးသားနိုင်ငံရေးစိတ်ဓာတ်ဖြင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရမည်ဖြစ်ကြောင်း၊ အမျိုးသားနိုင်ငံရေးဆိုသည်မှာ နိုင်ငံတော်၏လိုအပ်ချက်၊ နိုင်ငံတွင်းမှီတင်းနေထိုင်ကြသည့် တိုင်ရင်းသားအားလုံးတို့၏ လိုအပ်ချက်များဖြစ်သည့် အမျိုးသား အကျိုးစီးပွားကိုဖော်ဆောင်ပေးခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တပ်မတော်၏အဓိက လုပ်ငန်းတာဝန်ကြီး(၃)ရပ်အားထမ်းဆောင်ရာတွင် အမျိုးသားနိုင်ငံရေးအသိနှင့်ယှဉ်ပြီး အမျိုးသား အကျိုးစီးပွားကို ဦးထိပ်ပန်ဆင်ဆောင်ရွက်ကြရန်မှာကြားလိုကြောင်း၊ တပ်မတော်သားတစ်ယောက် အတွက် လေ့ကျင့်သားပြည့်ဝမှုသည် အလွန်အရေးပါသည့်အတွက် သင်တန်းကျောင်းများတွင် သာမက မိမိတို့တပ်ဌာနချုပ်များတွင်လည်း ဆက်လက်ပြီး အမြဲလေ့ကျင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် “ကျန်းမာကြံ့ခိုင်ရမည်၊ ကျွမ်းကျင်ရမည်၊ ရဲစွမ်း သတ္တိရှိရမည်” ဆိုသည့် တပ်မတော်၏လေ့ကျင့်ရေးမူဝါဒများနှင့်အညီ စိတ်ပိုင်းရုပ်ပိုင်းအစဉ်ကြံ့ခိုင်မှု ရှိအောင် စဉ်ဆက်မပြတ်လေ့ကျင့်နေကြရန်မှာကြားလိုကြောင်း၊ အုပ်ချုပ်မှုညီညွတ်မှုမျှတခြင်းသည် တပ်တွင်းစည်းလုံးညီညွတ်ရေးနှင့် သက်သာချောင်ချိရေးကို အထောက်အကူပြုစေမှာဖြစ်ကြောင်း၊ မိမိတို့ခေါင်းဆောင်ငယ်များအနေဖြင့် အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်များမဖြစ်ပွားစေရေး မိမိကိုယ်ကို ထိန်းသိမ်းသွားရမည်ဖြစ်သကဲ့သို့ မိမိကွပ်ကဲရသည့်အဖွဲ့အစည်းကိုလည်း နည်းမှန်လမ်းမှန်ဖြင့် ကြပ်မတ်ကွပ်ကဲရမည်ဖြစ်ကြောင်း၊ လက်အောက်ငယ်သားများကိုအုပ်ချုပ်ရာတွင် ဘက်လိုက်မှုမရှိဘဲ ညီညွတ်မျှတပြီး တော်တည့်မှန်ကန်စွာအုပ်ချုပ်ရမှာဖြစ်သည့်အပြင် ဥပဒေနှင့်ပတ်သက်လာလျှင် လည်း ပုဂ္ဂိုလ်စွဲ၊ ဆန္ဒစွဲကင်းစွာဖြင့်တရားမျှတစွာ ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အဆင့်လိုက်ညီညွတ် မျှတစွာကွပ်ကဲအုပ်ချုပ်ခြင်းသည် တပ်မတော်၏ အစဉ်အလာကောင်းတစ်ရပ်ဖြစ်သည့်အတွက် အဆင့်လိုက်အပြန်အလှန်လေးစားမှုရှိရှိ တာဝန်ထမ်းဆောင်ကြရန်မှာကြားလိုကြောင်း၊ မိမိတို့ကွပ်ကဲရ သည့် တပ်မတော်သားများနှင့် မိသားစုများ၏ စားဝတ်နေရေးနှင့် သက်သာချောင်ချိရေး ကိုလည်းအလေးထားရမည် ဖြစ်သည့်အတွက် စားဝတ်နေရေးကိစ္စရပ်များတွင် အမှန်တကယ်သ က်သာချောင်ချိမှုရရှိအောင် ရသင့်ရထိုက်၊ ခံစားခွင့်ခံစားထိုက်သည့် ရပိုင်ခွင့်များရရှိအောင်ဖြည့်ဆည်း ဆောင်ရွက်ပေးရန်လိုအပ်ကြောင်းပြောကြားသည်။

ယင်းနောက် တိုင်းပြည်၏အားသည်ပြည်တွင်းမှာသာရှိပြီး တပ်မတော်၏အားကို တပ်မတော်တွင်း အခြေခံတည်ဆောက်ရကြောင်း၊ ထို့ကြောင့်တပ်တွင်း စည်းလုံးညီညွတ်မှုအစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ တပ်တွင်းစည်းလုံးညီညွတ်ရေး တည်ဆောက်ရာတွင် ကျောသားရင်သားမခွဲခြားဘဲ ညီညွတ်မျှတသည့် အမိန့်နှင့်တာဝန်ပေးအပ်ခြင်း၊ စနစ်တကျ စီမံခန့်ခွဲခြင်း၊ စည်းရုံးခြင်း၊ သာတူညီမျှအခွင့် အရေးပေးအပ်ခြင်းများကို ဆောင်ရွက်ပြီး “ဘယ်သူခွဲခွဲဒို့မကွဲ အမြဲစည်းလုံးမည်” ဆိုသည့်အတိုင်း ကျစ်လျစ်ခိုင်မာစွာ တည်ဆောက် ထားကြရမည်ဖြစ်ကြောင်း၊ တပ်မတော်ထဲတွင် ပြည်နယ်နှင့်တိုင်းအသီးသီးမှ တိုင်းရင်းသားများ စုစည်းနေထိုင်တာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မိသားစုစိတ်ဓာတ်မွေးမြူပြီး စည်းလုံး ညီညွတ်စွာ နေထိုင်ကြရမည်ဖြစ်ကြောင်း၊ စုပေါင်းအားသည် ထုကိုရရှိစေပြီးခိုင်မာမှုကိုပိုမိုရရှိစေ ကြောင်း၊ တပ်မတော်သားများနှင့်မိသားစုဝင်များ၊ ပြည်သူများအားလုံး စုပေါင်းအားနှင့်ရှိနေပါက မည်သည့်အရာကိုမဆို ရင်ဆိုင်အောင်မြင်နိုင်မှာဖြစ်ကြောင်း၊ ပြည်သူအားလုံး၏စုပေါင်းအား ရရှိစေရန်အတွက်လည်း တပ်ပြင်စည်းရုံးရေးကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူတစ်ရပ်လုံးပါဝင်ဆင်နွှဲသည့် တရားသောစစ်ကသာ ကျူးကျော်သူမှန်သမျှကို ရာနှုန်းပြည့် တွန်းလှန်နိုင်ခဲ့သည်ကို အတိတ်ကဖြစ်စဉ်များတွင်တွေ့ခဲ့ရကြောင်း၊ ထို့ကြောင့်လည်း စာဆိုတစ်ဦးက “စစ်နည်းဗျူဟာဘယ်သို့သာလည်း၊ ဆွဲကိုင်လက်နက် ဘယ်လိုထက်လည်း၊ ပြည်သူ့နှလုံး မသိမ်းကျုံးလျှင်၊ ပြည်သူ့ခွန်အား မကိုးစားလျှင် ဓားသွားလည်းကြွေ၊ လှံလည်းခွေအံ့” လို့ ရေးသား စပ်ဆိုခဲ့ခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူပါဝင်ပူးပေါင်းမှ အောင်မြင်မှုရရှိနိုင်မည်ဖြစ်သည့် အတွက် တပ်နှင့်ပြည်သူတစ်သားတည်းရှိစေရန်၊ စုစည်းညီညွတ်မှုရှိရန် တပ်ပြင်စည်းရုံးရေး ဆောင်ရွက်ရာတွင် မိမိတို့အနေဖြင့် စစ်သည်တော်ကျင့်ဝတ်နှင့်အညီ နေထိုင်ကျင့်ကြံပြီးမိမိနယ်မြေ အလိုက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တစ်တပ်တစ်အားဆောင်ရွက်ပေးခြင်း၊ သဘာဝဘေး အန္တရာယ်များနှင့် ရင်ဆိုင်ရပါက လူနည်းစု၊ တိုင်းရင်းသား၊ ဘာသာခွဲခြားမှုမရှိဘဲ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ကူညီစောင့်ရှောက်ပေးခြင်း အပါအဝင် ပြည်သူ့အကျိုးပြုလုပ်ငန်းမှန်မျှအား “ပြည်သူသာအမိ၊ ပြည်သူသာအဖ” ကဲ့သို့ သဘောထားပြီး ဆောင်ရွက်ပေးကြရန်၊ နိုင်ငံ့အားကို အလေးထားရန်မှာကြားလိုကြောင်း ပြောကြားသည်။

မိမိတို့နိုင်ငံသည် ကိုလိုနီဘဝက နယ်ချဲ့များကျင့်သုံးခဲ့သည့် အုပ်ချုပ်မှှုစနစ် အမျိုးမျိုးနှင့် သွေးခွဲ အုပ်ချုပ်မှုများ၏ အကျိုးဆက်များနှင့် လွတ်လပ်ရေးရရှိပြီးစကာလတွင် ကျင့်သုံးခဲ့သည့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ အားနည်းချက်များကြောင့် တိုင်းရင်းသားအချင်းချင်း၊ လူမျိုးစုများ အချင်းချင်းကြား သွေးကွဲခဲ့ရပြီး လက်နက်ကိုင် ပဋိပက္ခများအထိဖြစ်ခဲ့ရကြောင်း၊ ယနေ့အထိ ဖြစ်ပွားလျက်ရှိသည့် လက်နက်ကိုင်ပဋိပက္ခများ၏ ဇစ်မြစ်နှင့် စတင်ခဲ့သည့်အချိန်ကာလအရ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများသည် တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်များအကြား စတင်ဖြစ်ပွားခဲ့ခြင်း မဟုတ်ဘဲသက်ဆိုင်ရာအစိုးရနှင့် တိုင်းရင်းသားများအကြား ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိမိတို့တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့်အစိုးရ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် တာဝန်ရှိသည့်အဖွဲ့အစည်းပီသစွာကာကွယ်ဆောင်ရွက်ခဲ့ရခြင်းသာဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် ငြိမ်းချမ်းစေလိုသည့်ပြည်သူလူထု၏ဆန္ဒကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် သမိုင်းပေးတာဝန်ကိုကျေပွန်စွာထမ်းဆောင်နိုင်ရေး၊ ထာဝရငြိမ်းချမ်းရေးရရှိစေရေးအတွက် စွမ်းစွမ်း တမံဆောင်ရွက်လျက်ရှိကြောင်း၊ တဒင်္ဂငြိမ်းချမ်းရေးမဟုတ်ဘဲ ထာဝရငြိမ်းချမ်းရေး ရရှိစေရန်အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA)လမ်းကြောင်းကို အခြေခံပြီးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ NCA သည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သက်သက်မဟုတ်ဘဲ ပိုမိုကျယ်ပြန့်မြင့်မားသည့်ရည်ရွယ်ချက်များ၊ တိုင်းရင်းသားပြည်သူ လူထုအားလုံး၏လိုလားချက်များကို လက်တွေ့ကျကျ အကောင်အထည်ဖော်ပေးနိုင်မည့် စစ်မှန်ခိုင်မာသည့် ထာဝရငြိမ်းချမ်းရေးလမ်းကြောင်းဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုအဖြစ်တည်ဆောက်ရာတွင် ထာဝရငြိမ်းချမ်းရေးရရှိရန် မဖြစ်မနေ လိုအပ်သည့်အတွက် တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို အခြေခံသည့် ငြိမ်းချမ်းရေး မူဝါဒ(၆)ရပ်ကိုချမှတ်ပြီး ခိုင်ခိုင်မာမာဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်က ချမှတ်ထားသည့် ငြိမ်းချမ်းရေးမူဝါဒ(၆)ရပ်သည် ယခင်ဖြတ်သန်းခဲ့ရသည့် ငြိမ်းချမ်းရေးအတွေ့အကြုံများနှင့် လက်ရှိငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် တွေ့ကြုံလာသည့် အခက်အခဲများအရ နိုင်ငံတော် တည်ငြိမ်ရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများကို ဦးတည်ချမှတ်ထားခြင်းလည်း ဖြစ်ကြောင်း၊ ထာဝရငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက်ရာတွင် Time Frame ရေးဆွဲထားရန် လိုအပ်မည်ဖြစ်ပြီး နိုင်ငံရေးဆိုင်ရာ ကတိကဝတ်များနှင့်အတူ လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်း ခြင်းလုပ်ငန်းစဉ်များကိုလည်း တစ်ပြိုင်တည်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တပ်မတော်ဆိုသည်မှာ နိုင်ငံတော်ကထုတ်ပြန်ထားသည့်တည်ဆဲဥပဒေများ၊ တပ်မတော်အက်ဥပဒေ၊ နည်းဥပဒေများကို လေးစားလိုက်နာစောင့်ထိန်းရသည့် နိုင်ငံတော်ကိုကိုယ်စားပြုသော ခိုင်မာသည့် အဖွဲ့အစည်း ဖြစ်သည့်အတွက် NCA စာချုပ်ပါအချက်များအတိုင်း လေးစားလိုက်နာ ဆောင်ရွက်သွားမည်ြ ဖစ်သည်ကိုပြောကြားလိုကြောင်း၊ မည်သည့်နိုင်ငံရေးစနစ်ကျင့်သုံးသည့် နိုင်ငံဖြစ်စေ နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိကလက်နက်ကိုင် အဖွဲ့အစည်းတစ်ရပ်၊ တပ်မတော်တစ်ခုသာ ထားရှိကြကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့် နိုင်ငံတကာနည်းတူ တစ်ခုတည်းသောမူဝါဒကို လက်ကိုင်ထားပြီး ဒို့တာဝန်အရေးသုံးပါးကိုကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူုးကြီး မဟာသရေ စည်သူ မင်းအောင်လှိုင်သည် စစ်တက္ကသိုလ်ကျောင်းဌာနချုပ်၊ ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း ၅ ဦးနှင့် ၎င်းတို့၏မိဘများအား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။