တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှေးဟောင်း သမိုင်းဝင်မွေတော် ကက္ကူဘုရားသို့ သွားရောက် ဖူးမြော်ကြည်ညို၊ တိုင်းရင်းသား ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ

နေပြည်တော် ၊ ဒီဇင်ဘာ ၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင်မွေတော်ကက္ကူဘုရားသို့ သွားရောက်ဖူးမြော် ကြည်ညိုသည်။




ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အောင်ဆုဟော်ဘုံဓမ္မာရုံ၌ ဒေသခံပြည်သူများ အားတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအားပြောကြားရာတွင် ယခုဒေသ၌တည်ရှိသော ရှေးဟောင်း မွေတော်ကက္ကူဘုရားသည် မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာကလည်း သိရှိသည့် ရှေးဟောင်းအမွေအနှစ်နေရာတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် မွေတော်ကက္ကူဘုရားအား ပြည်တွင်း၊ ပြည်ပ ခရီးသွားဘုရားဖူးဧည့်သည်များ ယခုထက်ပိုမိုလာရောက်စေရန်အတွက် ပင်မစီမံကိန်းတစ်ခုကို ပညာရှင်များဖြင့် ညှိနှိုင်းတိုင်ပင်ရေးဆွဲ၍ ရှေးမူမပျက်စေဘဲခေတ်မီနည်းပညာများဖြင့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ကိုထိန်းသိမ်းပြီး ပတ်ဝန်းကျင်အားသန့်ရှင်းသပ်ရပ် လှပစွာဖြစ်စေရန်အတွက် လိုအပ်သည်များအားပြုပြင်မွမ်းမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း မိမိတို့ တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများအနေဖြင့် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ဘုရားဖူးခရီးသည်များ ယခုထက် ပိုမိုလာရောက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှအထောက်အကူပြု နိုင်မည်ဖြစ်ကြာင်း၊ မိမိတို့ပအိုဝ်းဒေသတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို စံနမူနာပြ ဖြစ်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေသည့် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေး လုပ်ငန်းများနှင့်အခြားစီးပွားရေး လုပ်ငန်းများကို ခေတ်မီနည်းပညာများအသုံးပြု၍ အထွက်နှုန်း ကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် လိုအပ်သော လျှပ်စစ်ဓာတ်အား၊ ရေအရင်းအမြစ်များ လုံလောက်စွာရရှိရန်လိုကြောင်း၊ အိမ်ထောင်ဦးစီးများသည် မိမိတို့မိသားစုဘ၀ တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်သကဲ့သို့ တာဝန်ရှိသူများ အနေဖြင့်လည်း မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်အောင်ဦးဆောင်ဦးရွက်ပြု၍ ဆောင်ရွက်ရမည် ဖြစ်ကြောင်းပြောကြားသည်။


(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှေးဟောင်း သမိုင်းဝင်မွေတော် ကက္ကူဘုရားသို့ သွားရောက် ဖူးမြော်ကြည်ညို၊ တိုင်းရင်းသား ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ

နေပြည်တော် ၊ ဒီဇင်ဘာ ၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် တာဝန်ရှိသူများလို်က်ပါပြီး ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင်မွေတော်ကက္ကူဘုရားသို့ သွားရောက်ဖူးမြော် ကြည်ညိုသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မွေတော်ကက္ကူ ဘုရားသို့ရောက်ရှိရာ ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် တာဝန်ရှိသူများ၊ ဒေသခံ ပြည်သူများကကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် မွေတော်ကက္ကူဘုရားအတွင်းရှိ စေတီတော်များအား လှည့်လည်ဖူးမြော်ရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ငလျင်ဒဏ်ကြောင့် စေတီတော်များပျက်စီးခဲ့မှုနှင့် ပြည်လည်ပြုပြင်ထိန်းသိမ်း ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စေတီတော်များအား ပြန်လည်ပြုပြင်မွမ်းမံခြင်းနှင့် ထိန်းသိမ်းဆောင်ရွက်ခြင်းများဆောင်ရွက်ချိန်တွင် မူလပုံစံမပျက် ထိန်းသိမ်းရန်လိုကြောင်းနှင့် ဘုရားပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရန်လိုအပ်ကြောင်းမှာကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် မွေတော်ကက္ကူဘုရား၊ မြောက်ဘက် အရုဏ်ခံအတွင်းရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော် ကြည်ညိုပြီး မြသပိတ်ဆွမ်းတော်၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် သစ်သီးများကပ်လှူပူဇော်သည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သီရိလင်္ကာနိုင်ငံမှ လှူဒါန်းပူဇော်ထားသည့် ဗုဒ္ဓဓာတ်တော်များနှင့် စွယ်တော်မြတ်အား ဖူးမြော်ကြည်ညိုပြီး ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင်လက်မှတ်ရေးထိုးသည်။

အဆိုပါ ရှေးဟောင်းသမိုင်းဝင်မွေတော်ကက္ကူဘုရားသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး မြို့နယ်၊ ကက္ကူကျေးရွာအုပ်စု၊ မွေတော်ကျေးရွာအနီးတွင်တည်ရှိပြီး ကဗ္ပည်းစာများအရ အဆိုပါ ကက္ကူဘုရားတွင် စေတီပေါင်း ၂၄၈၇ ဆူရှိကာ သီရိဓမ္မာသောကမင်းကြီး၏ စေတီပေါင်း ၈၄၀၀၀ တွင် ပါ၀င်သည့် ရှေးဟောင်းဘုရားများ ဖြစ်ကြောင်းသိရှိရသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အောင်ဆုဟော်ဘုံဓမ္မာရုံ၌ ဒေသခံပြည်သူများ အားတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအားပြောကြားရာတွင် ယခုဒေသ၌တည်ရှိသော ရှေးဟောင်း မွေတော်ကက္ကူဘုရားသည် မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာကလည်း သိရှိသည့် ရှေးဟောင်းအမွေအနှစ်နေရာတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် မွေတော်ကက္ကူဘုရားအား ပြည်တွင်း၊ ပြည်ပ ခရီးသွားဘုရားဖူူးဧည့်သည်များ ယခုထက်ပိုမိုလာရောက်စေရန်အတွက် ပင်မစီမံကိန်းတစ်ခုကို ပညာရှင်များဖြင့် ညှိနှိုင်းတိုင်ပင်ရေးဆွဲ၍ ရှေးမူမပျက်စေဘဲခေတ်မီနည်းပညာများဖြင့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ကိုထိန်းသိမ်းပြီး ပတ်ဝန်းကျင်အားသန့်ရှင်းသပ်ရပ် လှပစွာဖြစ်စေရန်အတွက် လိုအပ်သည်များအားပြုပြင်မွမ်းမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း မိမိတို့ တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများအနေဖြင့် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ဘုရားဖူးခရီးသည်များ ယခုထက် ပိုမိုလာရောက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှအထောက်အကူပြု နိုင်မည်ဖြစ်ကြာင်း၊ မိမိတို့ပအိုဝ်းဒေသတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို စံနမူနာပြ ဖြစ်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေသည့် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေး လုပ်ငန်းများနှင့်အခြားစီးပွားရေး လုပ်ငန်းများကို ခေတ်မီနည်းပညာများအသုံးပြု၍ အထွက်နှုန်း ကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် လိုအပ်သော လျှပ်စစ်ဓာတ်အား၊ ရေအရင်းအမြစ်များ လုံလောက်စွာရရှိရန်လိုကြောင်း၊ အိမ်ထောင်ဦးစီးများသည် မိမိတို့မိသားစုဘဝ တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်သကဲ့သို့ တာဝန်ရှိသူများ အနေဖြင့်လည်း မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်အောင်ဦးဆောင်ဦးရွက်ပြု၍ ဆောင်ရွက်ရမည် ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်က ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများ ဆောင်ရွက်လျက်ရှိမှုနှင့် ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသခံပြည်သူများအတွက် ရွှေဖီဦး အသင့်ဖျော် လက်ဘက်ရည် ထုပ်များအားပေးအပ်ရာ ရပ်မိရပ်ဖတစ်ဦးကလက်ခံရယူခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။