ခေတ်မီတပ်မတော်တည်ဆောက်ရာတွင် “အင်ဂျင်နီယာ စွမ်းပကား တပ်မတော်အား”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်နှင့်တပ်မတော်က အားထားရသည့် ထူးချွန်သော အင်ဂျင်နီယာ ပညာရှင်များဖြစ်အောင် ကြိုးစားဆောင်ရွက်

ေနျပည္ေတာ္ ၊ ဒီဇင္ဘာ ၁၂

လူ႕စြမ္းအားအရင္းအျမစ္ဖြံ႕ၿဖိဳးတုိးတက္ေရးတည္ေဆာက္ရာတြင္ တပ္မေတာ္သုိ႔ စတင္၀င္ေရာက္ ထမ္းေဆာင္သည့္ စစ္မႈထမ္းမ်ား၏ ပညာအရည္အခ်င္းသတ္မွတ္ ခ်က္အား ျမႇင့္တင္ ေဆာင္ရြက္သကဲ့သုိ႔ တပ္မေတာ္၌ တာ၀န္ထမ္းေဆာင္ေနသည့္ တပ္မေတာ္သားမ်ား၏ ပညာရည္ျမႇင့္တင္မႈကုိေဆာင္ရြက္လ်က္ရွိၿပီး ယခုကဲ့သုိ႔ေသာ အတတ္ပညာရွင္မ်ားကုိလည္း စဥ္ဆက္မျပတ္ေမြးထုတ္ေပးလ်က္ရွိေၾကာင္း၊ ထုိ႔ေၾကာင့္ မိမိတုိ႔အေနျဖင့္ ေခတ္မီတပ္မေတာ္ တည္ေဆာက္သည့္ေနရာတြင္ “အင္ဂ်င္နီယာ စြမ္းပကား တပ္မေတာ္အား” ဆုိသည့္ ေဆာင္ပုဒ္ႏွင့္ အညီ ႏုိင္ငံေတာ္ႏွင့္တပ္မေတာ္က အားထားရသည့္ ထူးခြၽန္ေသာအင္ဂ်င္နီယာ ပညာရွင္ မ်ားျဖစ္ေအာင္ ႀကဳိးစားေဆာင္ရြက္သြားၾကရန္လုိေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္က ယေန႔နံနက္ပုိင္းတြင္ ျပင္ဦးလြင္ၿမိဳ႕၊ တပ္မေတာ္နည္းပညာတကၠသုိလ္ စစ္ေရးျပကြင္း၌ က်င္းပျပဳလုပ္သည့္ တပ္မေတာ္နည္းပညာ တကၠသုိလ္ ဗုိလ္ေလာင္းသင္တန္း အမွတ္စဥ္(၂၀)သင္တန္းဆင္း ဂုဏ္ျပဳစစ္ေရးျပ အခမ္းအနားသုိ႔ တက္ေရာက္မိန္႔ခြန္း ေျပာၾကားရာတြင္ ထည့္သြင္းေျပာၾကားသည္။

အဆုိပါအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရး ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ စိန္၀င္းႏွင့္ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ)ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ တပ္မေတာ္အရာရိွႀကီးမ်ားႏွင့္ ဇနီးမ်ား၊ တိုင္းမွဴးမ်ား၊ တပ္မေတာ္နည္းပညာတကၠသိုလ္ေက်ာင္းအုပ္ႀကီးႏွင့္ ျပင္ဦးလြင္ တပ္နယ္မွ တပ္မေတာ္အရာရိွႀကီးမ်ား၊ ဖိတ္ၾကားထားသည့္ဧည့္သည္ေတာ္မ်ား၊ သင္တန္းဆင္း ဗိုလ္ေလာင္းမ်ား၏ မိဘေဆြမ်ိဳးမ်ားတက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမဟာသေရစည္သူ မင္းေအာင္လိႈင္သည္ ဗိုလ္ေလာင္းတပ္ရင္းမ်ား၏ အေလးျပဳျခင္းကိုခံယူၿပီး ေက်ာင္းဆင္းဗိုလ္ေလာင္း တပ္ရင္းမ်ားအား စစ္ေဆးသည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္အား ဗိုလ္ေလာင္းတပ္ရင္းမ်ားက အေႏွးေလွ်ာက္၊ အျမန္ေလွ်ာက္တို႔ျဖင့္ ခ်ီတက္အေလးျပဳၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္က တပ္မေတာ္နည္းပညာတကၠသိုလ္ ဗိုလ္ေလာင္းသင္တန္းအမွတ္စဥ္ (၂၀)မွ ေအာင္စစ္သည္ဆုရရွိသူ ဗိုလ္ေလာင္းအမွတ္ ၇၃၇၆ ဗိုလ္ေလာင္း ေသာ္လြင္ဦး၊ ေလ့က်င့္ေရးထူးခြၽန္ဆုရရိွသူ ဗိုလ္ေလာင္း အမွတ္ ၇၃၅၃ ဗိုလ္ေလာင္း ရန္ႏုိင္ၿဖိဳးႏွင့္ စာေပထူးခြၽန္ဆုရရိွသူ ဗိုလ္ေလာင္းအမွတ္ ၇၃၆၄ ဗိုလ္ေလာင္း လႈိင္မ်ိဳးသက္တို႔အား ဆုမ်ားအသီးသီးေပးအပ္ခ်ီးျမႇင့္သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္က သင္တန္းဆင္းဗိုလ္ေလာင္းမ်ားအား မိန္႕ခြန္းေျပာၾကားရာတြင္ ႏုိင္ငံေတာ္ကာကြယ္ေရး တာ၀န္ ဆုိသည္မွာ မိမိႏုိင္ငံ၏နယ္နိမိတ္ႏွင့္ အခ်ဳပ္အျခာ အာဏာ၊ ႏုိင္ငံသူႏုိင္ငံသားမ်ားႏွင့္ ႏုိင္ငံေတာ္ အစုိးရ၊ ႏုိင္ငံေတာ္၏အက်ိဳးစီးပြားမွန္သမွ်အား ထိပါးေႏွာင့္ယွက္လာမည့္ အႏၲရာယ္မ်ိဳးစုံကုိ ႀကိဳတင္တြက္ဆၿပီး လုိအပ္သည့္ ကာကြယ္ေရးအစီအမံမ်ား ေဆာင္ရြက္သည့္လုပ္ငန္းမ်ားအျပင္ မိမိႏုိင္ငံေတာ္ႏွင့္ ႏုိင္ငံသားတုိ႔၏ ဘ၀လုံၿခဳံမႈ၊ အသက္ရွင္သန္ရပ္တည္မႈ၊ အခ်ဳပ္အျခာအာဏာ တည္တံ့ခုိင္ၿမဲမႈ၊ ႏုိင္ငံအက်ိဳးစီးပြားဖြံ႕ၿဖိဳးတုိးတက္မႈတုိ႔အတြက္ ႀကဳံေတြ႕လာရမည့္ အႏၲရာယ္မ်ိဳးစံုအား တားဆီးတြန္းလွန္ေခ်ဖ်က္ေဆာင္ရြက္ရမည့္ လုပ္ငန္းစဥ္အားလုံး ကုိ စုေပါင္းေခၚဆုိျခင္းျဖစ္ေၾကာင္း၊ မိမိတို႔တပ္မေတာ္သည္ ႏုိင္ငံေတာ္ကာကြယ္ေရး တာ၀န္ကုိ ထမ္းေဆာင္ရာတြင္ ႏုိင္ငံအတြက္ မရွိမျဖစ္လုိအပ္သည့္ “ျပည္ေထာင္စု မၿပိဳကြဲေရး၊ တုိင္းရင္းသားစည္းလုံးညီၫြတ္မႈမၿပိဳကြဲေရး၊ အခ်ဳပ္အျခာအာဏာတည္တံ့ခုိင္ၿမဲေရး” ဆုိသည့္ ဒုိ႔တာ၀န္အေရးသုံးပါးကုိ အမ်ိဳးသားေရး တာ၀န္ အျဖစ္ တပ္မေတာ္က အစဥ္ထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္လ်က္ရွိေၾကာင္း၊ အမ်ိဳးသားေရး တာ၀န္ကုိ သမုိင္းေပးတာ၀န္တစ္ရပ္အျဖစ္တပ္မေတာ္က ထမ္းေဆာင္ရာတြင္ ေခတ္အဆက္ဆက္ ျဖတ္သန္းလာသည့္ ႏုိင္ငံေရးေရစီးေၾကာင္း၊ လြတ္လပ္ေရးႏွင့္ အတူ ေပၚေပါက္လာသည့္ လက္နက္ကုိင္အဖြဲ႕အစည္းမ်ား၏ ရပ္တည္မႈ၊ တရားဥပေဒ စုိးမုိးေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းမႈ အျပည့္အ၀မရရွိေသးသည့္ အေျခအေနမ်ားေၾကာင့္ ျပည္သူမ်ားလုိလားသည့္ ပါတီစုံဒီမုိကေရစီ လမ္းေၾကာင္း ေပ်ာက္ပ်က္မသြားေအာင္ မိမိတုိ႔တပ္မေတာ္အေနျဖင့္ အမ်ိဳးသားႏုိင္ငံေရးဦးေဆာင္မႈ အခန္းက႑တြင္ ပါ၀င္ ထမ္းေဆာင္ေနျခင္းျဖစ္ေၾကာင္း၊ ႏုိင္ငံေတာ္၏ အမိ်ဳးသားႏုိင္ငံေရးဦးေဆာင္မႈ အခန္းက႑တြင္ ပါ၀င္ထမ္းေဆာင္ႏုိင္ရန္အတြက္ စြမ္းရည္သုံးရပ္ထက္ျမက္သည့္ ကာကြယ္ေရး အင္အားစုႀကီးတစ္ရပ္ ေလ့က်င့္ပ်ိဳးေထာင္ၿပီး စစ္မွန္သည့္ မ်ိဳးခ်စ္စိတ္ဓာတ္ျဖစ္သည့္ ျပည္ေထာင္စုစိတ္ဓာတ္ျဖင့္ ႏုိင္ငံေတာ္ကုိကာကြယ္ေစာင့္ေရွာက္လ်က္ရွိေၾကာင္းေျပာၾကားသည္။

ထုိ႔ေနာက္ ယခုမိမိတုိ႔တပ္မေတာ္၏ အခန္းက႑အား ပကတိအရွိတရား အတုိင္းေလ့လာၾကည့္လွ်င္ ႏုိင္ငံေတာ္၏လူမႈစီးပြားဖြံ႕ၿဖိဳးတုိးတက္ေရး၊ ႏုိင္ငံတကာဆက္ဆံေရး၊ အခ်ဳပ္အျခာအာဏာ တည္တံ့ခုိင္ၿမဲေရး၊ ျပည္တြင္းေသာင္းက်န္းမႈ ႏွိမ္နင္းေရး၊ လုံၿခဳံေရးႏွင့္တရားဥပေဒစုိးမုိးေရး၊ ေခတ္မီတပ္မေတာ္တည္ေဆာက္ေရး စသည့္ က႑အသီးသီးတြင္ အင္တုိက္အားတုိက္ ပါ၀င္ ေဆာင္ရြက္လ်က္ရွိသည္ကုိ ျမင္ေတြ႕ရမည္ျဖစ္ေၾကာင္း၊ ထုိသို႕ေဆာင္ရြက္မႈမ်ားအေပၚ ျပည္တြင္း ျပည္ပဆန္႔က်င္ဘက္ အင္အားစုမ်ား၊ အခ်ိဳ႕အဖြဲ႕အစည္းမ်ားက တပ္မေတာ္၏အခန္းက႑မ်ား ေလ်ာ့က် သြားေစရန္အတြက္ နည္းမ်ိဳးစုံျဖင့္ ေႏွာင့္ယွက္ဟန္႔တားမႈမ်ားျပဳလုပ္ၿပီး တပ္မေတာ္ ၿပိဳကြဲေရးအထိ ဦးတည္ေဆာင္ရြက္လာသည္ကုိ အထူးသတိျပဳၾကရမည္ျဖစ္ေၾကာင္း၊ ႏုိင္ငံတကာ ျဖစ္စဥ္ျဖစ္ရပ္မ်ားအရ တပ္မေတာ္ၿပိဳကြဲသည္ႏွင့္ ႏုိင္ငံေရး၊ စီးပြားေရး၊ လူမႈေရးမ်ားပါယိမ္းယို္င္သြားၿပီး ျပည္သူမ်ား၏အသက္အုိးအိမ္စည္းစိမ္၊ ႏုိင္ငံေတာ္ အခ်ဳပ္အျခာအာဏာႏွင့္ နယ္ေျမတည္တံ့ေရး တုိ႔တြင္လည္း လုံၿခဳံမႈမရွိေတာ့သည္ကုိ ေတြ႕ၾကရမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔ႏုိင္ငံ၏ပထ၀ီအေန အထားအရ၊ မ်က္ေမွာက္ ေခတ္ကာလစစ္ပြဲမ်ား၏ အသြင္သ႑န္အရ၊ အနာဂတ္စစ္ပြဲမ်ား၏ အလားအလာအရ ႏုိင္ငံေတာ္အေပၚက်ေရာက္လာမည့္ ျပည္တြင္းျပည္ပအႏၲရာယ္မ်ားအား ကာကြယ္ႏုိင္ရန္အတြက္ မိမိတုိ႔တပ္မေတာ္ကုိ စြမ္းရည္ထက္ျမက္သည့္ ေခတ္မီတပ္မေတာ္အျဖစ္ ရည္မွန္းခ်က္ထားၿပီး ႏုိင္ငံတကာႏွင့္ ရင္ေပါင္တန္းႏုိင္ရန္ Standard Army ျဖစ္ေအာင္ ဖြဲ႕စည္းတည္ေဆာက္လ်က္ရွိေၾကာင္း၊ ယခုကဲ့သုိ႔ ေခတ္မီတပ္မေတာ္အျဖစ္ တည္ေဆာက္လ်က္ ရွိသည့္ ေနရာတြင္ စြမ္းရည္ထက္ျမက္သည့္၊ အရည္အခ်င္းရွိသည့္ စစ္သည္မ်ား လုိအပ္သည့္ အတြက္ လူ႕စြမ္းအား အရင္းအျမစ္ဖြံ႕ၿဖိဳးတုိးတက္ေရးကုိ အေလးအနက္ထားေဆာင္ရြက္လ်က္ ရွိေၾကာင္း၊ စြမ္းရည္ထက္ျမက္သည့္ ေခတ္မီတပ္မေတာ္ျဖစ္ေစရန္အတြက္ ေလ့က်င့္ေရးသည္ အဓိကက်သကဲ့သုိ႔ ႏုိင္ငံတကာႏွင့္ရင္ေပါင္တန္းၿပီး ေခတ္မီ စစ္လက္နက္ပစၥည္းမ်ား တပ္ဆင္ အသုံးျပဳေရးသည္လည္းအေရးႀကီးေၾကာင္း၊ တပ္ဆင္ထားသည္ ေခတ္မီစစ္လက္နက္ပစၥည္းမ်ားကုိ ကုိင္တြယ္အသုံးျပဳမည့္ စစ္သည္မ်ား စြမ္းေဆာင္ရည္ျမင့္မားေရးႏွင့္ စိတ္ဓာတ္ေကာင္းမြန္ၿပီး ယုံၾကည္ခ်က္၊ ခံယူခ်က္မွန္ကန္ေရးသည္ အေရးႀကီးသည့္အခ်က္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ မိမိတုိ႔ တပ္မေတာ္ကုိ စြမ္းရည္ထက္ျမက္သည့္ ေခတ္မီတပ္မေတာ္တည္ေဆာက္ရာတြင္ လူ႕စြမ္းအား အရင္းအျမစ္သည္ အလြန္အေရးႀကီးၿပီး လူ႕စြမ္းအားအရင္းအျမစ္ကုိ အေျခခံသည့္ Standard Army တစ္ခုအျဖစ္ဖြဲ႕စည္းတည္ေဆာက္လ်က္ရွိေၾကာင္း ေျပာၾကားသည္။

ဆက္လက္ၿပီး ယေန႔ေခတ္သည္ သတင္းအခ်က္အလက္စီးဆင္းမႈလြယ္ကူ ျမန္ဆန္လာျခင္းႏွင့္ နည္းပညာဖြံ႕ၿဖိဳးတိုးတက္မႈမ်ားသည္ အရွိန္အဟုန္ျဖင့္ တုိးတက္ေျပာင္းလဲလာသည္ကုိ ေတြ႕ရွိ ေနရေၾကာင္း၊ နည္းပညာက႑တစ္ခုတည္းျဖင့္ ေခတ္မီ ႏုိင္ငံေတာ္ကုိ မတည္ေဆာက္ႏုိင္ေသာ္လည္း ေခတ္မီႏုိင္ငံေတာ္တည္ေဆာက္ရာတြင္ နည္းပညာသည္ မရွိမျဖစ္ပါ၀င္ေနသည္ကုိလည္း လက္ခံ ရမည္ျဖစ္ေၾကာင္း၊ ထုိ႔အျပင္ ေျပာင္းလဲလာသည့္ ကမၻာလုံးဆုိင္ရာျဖစ္စဥ္ (Globalization) ေၾကာင့္ စစ္မႈေရးရာ ေျပာင္းလဲမႈျဖစ္စဥ္မ်ား (Revolution in Military Affairs-RMA) တုိးတက္လာျခင္း ႏွင့္အတူ ႏုိင္ငံေတာ္လုံၿခဳံေရးကုိ စစ္ေရးအင္အားအေျချပဳသမား႐ုိးက်နည္း တစ္ခုတည္းျဖင့္ လုံေလာက္ေအာင္ကာကြယ္ေစာင့္ထိန္းႏုိင္ျခင္းမရွိေတာ့သည္ကုိ ေတြ႕ျမင္လာၾကရေၾကာင္း၊ ထုိ႔ေၾကာင့္ မိမိတုိ႔တပ္မေတာ္ကုိလည္း မ်က္ေမွာက္ကာလ နည္းပညာတုိးတက္မႈမ်ားကုိ အသုံးခ်ၿပီး ႏုိင္ငံတကာတပ္မေတာ္မ်ားႏွင့္ ရင္ေပါင္တန္းႏုိင္ရန္အတြက္ ရည္မွန္းခ်က္ထား ေဆာင္ရြက္သြား ရမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔အေနျဖင့္လည္း တုိးတက္ေျပာင္းလဲလာသည့္ နည္းပညာမ်ားကုိ ထုိးထြင္းႀကံဆမႈႏွင့္ စဥ္ဆက္မျပတ္ဆည္းပူးေလ့လာၿပီး လက္ေတြ႕နယ္ပယ္တြင္ကြၽမ္းက်င္စြာ အသုံးခ်ႏုိင္ေရး ႀကိဳးပမ္းေဆာင္ရြက္သြားၾကရန္မွာၾကားလုိေၾကာင္း၊ ႏုိင္ငံတကာ စစ္မႈသိပၸံႏွင့္ နည္းပညာဖြံ႕ၿဖိဳးတုိးတက္လာမႈေၾကာင့္ ေခတ္သစ္စစ္ပြဲ၏ အသြင္သ႑န္မွာလည္း နည္းပညာ အေျချပဳၿပီး ႏုိင္ငံေရး၊ စီးပြားေရး၊ လူမႈေရး၊ သေဘာတရားေရး၊ ၀ါဒျဖန္႔ခ်ိေရး၊ စစ္ေရး၊ သံတမန္ေရး စသည့္နည္းလမ္းမ်ားႏွင့္ ဘက္စုံစစ္ပြဲ Multidimensional Warfare အသြင္ဆင္ႏႊဲလာသည္ကုိ ေတြ႕ရွိရမည္ျဖစ္ေၾကာင္း၊ ဘက္စုံစစ္ပြဲအသြင္ဆင္ႏႊဲလာမည့္ ေခတ္သစ္စစ္ပြဲမ်ားတြင္ သတင္းစုံစြာ ရရွိရန္၊ လုံၿခဳံမႈႏွင့္အကာကြယ္ရရန္၊ ထိေရာက္စြာေခ်မႈန္းတုိက္ခုိက္ႏုိင္ရန္၊ အဆုံးအျဖတ္ တုိက္ပြဲ မ်ားကုိ အခ်ိန္တုိအတြင္း ဆင္ႏႊဲႏုိင္ရန္အတြက္ နည္းပညာေပၚတြင္ မ်ားစြာမွီခုိအသုံးျပဳလာသည္ကုိ ေတြ႕ရမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔အေနျဖင့္ ထုိသုိ႔ေျပာင္းလဲတုိးတက္ေနသည့္ နည္းပညာမ်ားကုိ အမီလုိက္ႏုိင္ရန္အတြက္ ႏုိင္ငံတကာတြင္ျဖစ္ေပၚတုိးတက္ေနသည့္ စစ္မႈသိပၸံႏွင့္ နည္းပညာမ်ားကုိ စဥ္ဆက္မျပတ္ေလ့့လာၿပီး မိမိႏုိင္ငံအတြက္ အေကာင္းဆုံးအသုံးခ်သြားရမည္ျဖစ္ေၾကာင္း၊ “က်င့္၀တ္၊ တီထြင္၊ စြမ္းအားရွင္” ဆုိသည့္ တပ္မေတာ္နည္းပညာတကၠသုိလ္၏ လမ္းၫႊန္ေဆာင္ပုဒ္ အတုိင္း အရာရာကုိတီထြင္ဖန္တီးလုိသည့္ စိတ္ကူးစိတ္သန္းျဖင့္ လက္ေတြ႕ အေကာင္အထည္ေဖာ္ႏုိင္သည့္ စြမ္းရည္မ်ား ရရွိေအာင္ႀကိဳးစားရမည့္အျပင္ တီထြင္ဖန္တီးမႈရလဒ္မ်ားကိုလည္း ကုိယ္က်င့္တရား၊ က်င့္၀တ္မ်ားႏွင့္အညီ လူ႕ေဘာင္ေလာကကုိ ေကာင္းက်ိဳးျဖစ္ထြန္းေအာင္ အသုံးခ်သြားၾကရန္ မွာၾကားသည္။

လက္ေတြ႕လုပ္ငန္းခြင္မ်ားတြင္ အင္ဂ်င္နီယာပညာရပ္ႏွင့္ ေအာင္ေအာင္ျမင္ျမင္လုပ္ကုိင္ႏုိင္ရန္ စဥ္ဆက္မျပတ္ အဆင့္ဆင့္ေလ့က်င့္သင္ၾကားေနၾကရမည္ ျဖစ္ေၾကာင္း၊ ပထမအဆင့္အေနျဖင့္ မိမိတုိ႔အားဘြဲ႕ရတစ္ဦးရွိရမည့္ သတ္မွတ္အရည္ အေသြးျပည့္မီသည္အထိ အမိတကၠသုိလ္မွ သင္ၾကားေလ့က်င့္ေပးခဲ့ၿပီးျဖစ္ေၾကာင္း၊ ဒုတိယအဆင့္အေနျဖင့္ သက္ဆုိင္ရာလက္႐ုံးတပ္ဖြဲ႕အလုိက္ ဖြင့္လွစ္သည့္သင္တန္းမ်ားတြင္ မြမ္းမံေလ့လာသြားရမည္ျဖစ္ေၾကာင္း၊ လုပ္ငန္းခြင္မ်ားတြင္လည္း ၀ါရင့္အင္ဂ်င္နီယာမ်ား၏ ႀကီးၾကပ္မႈႏွင့္ေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္း၊ ေနာက္ဆုံးအဆင့္အေနျဖင့္ က်င့္၀တ္စည္းကမ္းမ်ားႏွင့္အညီ မိမိကြၽမ္းက်င္တတ္ေျမာက္မႈမ်ားကုိ သက္ဆုိင္ရာပညာရပ္ နယ္ပယ္မ်ားတြင္ စဥ္ဆက္မျပတ္ေလ့လာလုပ္ကုိင္သြားၾကရမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔သည္ အင္ဂ်င္နီယာပညာဒႆန (Engineering Philosophy) အရ လူ႕အဖြဲ႕အစည္းအတြက္ မိမိတုိ႔၏ပညာရပ္မ်ားကုိ မည္ကဲ့သုိ႔အက်ိဳးရွိရွိ အသုံးျပဳရမည္ဆုိသည္ကုိ အၿမဲႀကံဆလုပ္ေဆာင္ေနရ မည္ျဖစ္သကဲ့သုိ႔ အင္ဂ်င္နီယာမ်ား လုိက္နာရမည့္ အေျခခံက်င့္၀တ္ (Code of Ethics) မ်ားကုိလည္း လုိက္နာေစာင့္ထိန္းသြားရမည္ျဖစ္ေၾကာင္း၊ ကုိယ္က်င့္တရားအရျဖစ္ေစ၊ နည္းပညာအရျဖစ္ေစ သတ္မွတ္ထားသည့္ စည္းမ်ဥ္း၊ စည္းကမ္းမ်ားကုိ မိမိတုိ႔၏ဘ၀တစ္ေလွ်ာက္လုံး ထိန္းသိမ္း ေစာင့္ေရွာက္ေနထုိင္က်င့္ႀကံသြားျခင္းအားျဖင့္ တပ္မေတာ္အင္ဂ်င္နီယာအရာရွိ ေကာင္းမ်ား ျဖစ္ေအာင္ ႀကိဳးစားသြားၾကရန္ တုိက္တြန္းေျပာၾကားလုိေၾကာင္း၊ တပ္မေတာ္၏ စစ္အင္ဂ်င္နီယာ ေခါင္းေဆာင္ငယ္မ်ားအျဖစ္ တာ၀န္ထမ္းေဆာင္ၾကရမည့္ မိမိတုိ႔သည္ ကြပ္ကဲရမည့္ လက္ေအာက္ တပ္ဖြဲ႕၀င္မ်ားကုိ မွန္ကန္သည့္ေခါင္းေဆာင္မႈေပးႏုိင္ရန္လုိေၾကာင္း၊ မိမိတုိ႔သည္ လူငယ္၊ ေခါင္းေဆာင္ငယ္မ်ားျဖစ္သျဖင့္ ေခါင္းေဆာင္လုိေတြး၊ ေခါင္းေဆာင္လုိက်င့္ႀကံရမည္၊ ဆုိလုိသည္မွာ ေခါင္းေဆာင္မႈ အဂၤါရပ္ ၁၆ ရပ္ႏွင့္ျပည့္စုံေအာင္ ျပဳမူက်င့္ႀကံေနထုိင္ေဆာင္ရြက္သြားၾကရမည္ ျဖစ္ေၾကာင္း၊ ေခါင္းေဆာင္မႈအတတ္ပညာသည္ ႏုိင္ငံတုိင္း၊ လူမ်ိဳးတုိင္းအတြက္ အသက္တမွ် အေရးႀကီးသည့္ လုိအပ္ခ်က္ျဖစ္ေၾကာင္း၊ မိမိတပ္ဖြဲ႕ကုိ မွန္ကန္သည့္ ဦးေဆာင္မႈေပးႏုိင္ရန္ အဓိက က်င့္သုံးရမည့္ စိတ္ဓာတ္မွာ မိဘသဖြယ္စိတ္ဓာတ္ပင္ ျဖစ္ၿပီး လက္ေအာက္ငယ္သားမ်ားအေပၚတြင္ ေက်ာသားရင္သားမခြဲျခားဘဲ မွန္ကန္စြာ ေခါင္းေဆာင္မႈေပးျခင္းျဖင့္ လက္ေအာက္ငယ္သားမ်ား၏ ခ်စ္ေၾကာက္႐ုိေသ အားကုိးမႈကုိရယူၾကရမည္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ ေခါင္းေဆာင္ေကာင္းပီသစြာျဖင့္ လက္ေအာက္ကုိ မွန္ကန္စြာကြပ္ကဲအုပ္ခ်ဳပ္သကဲ့သုိ႔ အထက္ကေပးအပ္သည့္ အမိန္႔ႏွင့္တာ၀န္ကုိ ေက်ပြန္စြာထမ္းေဆာင္ႏုိင္သည့္ ေနာက္လုိက္ေကာင္းတစ္ေယာက္အျဖစ္လည္း က်င့္ႀကံ ေဆာင္ရြက္ရင္း တပ္မေတာ္ကအားထားရသည့္ အင္ဂ်င္နီယာ အရာရွိေကာင္းမ်ားျဖစ္လာေအာင္ ႀကိဳးပမ္းေဆာင္ရြက္သြားၾကရန္အေလးထား မွာၾကားလုိေၾကာင္း ေျပာၾကားသည္။

တပ္မေတာ္၏အဓိကလုပ္ငန္းႀကီး သုံးရပ္ျဖစ္သည့္ ႏုိင္ငံေတာ္ကာကြယ္ေရးတာ၀န္၊ ေလ့က်င့္ေရး တာ၀န္၊ ျပည္သူ႕အက်ိဳးျပဳလုပ္ငန္းတာ၀န္ဆုိသည့္ တာ၀န္ႀကီးသုံးရပ္အား ေက်ပြန္စြာ ထမ္းေဆာင္ ႏုိင္ရန္အတြက္ မိမိတုိ႔သည္ ႐ုပ္ပုိင္းစိတ္ပုိင္း ႀကံ့ခုိင္ေနရန္လုိအပ္ေၾကာင္း၊ သုိ႔မွသာ တပ္မေတာ္၏ ရည္မွန္းခ်က္တာ၀န္မ်ားကုိ ေအာင္ျမင္ေအာင္ ထမ္းေဆာင္ႏုိင္ၾကမည္ျဖစ္ေၾကာင္း၊ ႐ုပ္ပုိင္းဆုိင္ရာ ႀကံ့ခုိင္ေရး အေနျဖင့္ သတ္မွတ္ထားသည့္ ကုိယ္လက္ႀကံ့ခုိင္ေရး ေလ့က်င့္မႈမ်ားမွအစ၊ ယုံၾကည္မႈ ၁၅ မ်ိဳး၊ ႀကံ့ခုိင္ေရးဆန္းစစ္ ၈ မ်ိဳးတုိ႔အျပင္ တပ္မေတာ္၏ခံႏုိင္ရည္စံႏႈန္းမ်ားျဖစ္သည့္ ၅ မုိင္ မနားတမ္း အေျပးတက္ႏုိင္ရမည္၊ ၁၀ မုိင္မနားတမ္းလမ္းေလွ်ာက္ႏုိင္ရမည္၊ တစ္ေန႔မုိင္ ၃၀ ခရီးေပါက္ရမည္ ဆုိသည့္ ရည္မွန္းခ်က္အတုိင္း ေလ့က်င့္ေဆာင္ရြက္ေနရန္လုိေၾကာင္း၊ ထုိ႔အျပင္က်န္းမာေရးကုိ ထိခုိက္ေစႏုိင္သည့္ ေဆးလိပ္၊ ကြမ္း၊ အရက္ႏွင့္ စိတ္ကုိေျပာင္းလဲေစတတ္ေသာ ေဆး၀ါးမ်ားကုိ လည္းသုံးစြဲျခင္းလုံး၀မျပဳ လုပ္ရန္အေလးအနက္မွာၾကားလုိေၾကာင္း၊ စိတ္ပုိင္းဆုိင္ရာႀကံ့ခုိင္မႈ အေနျဖင့္လည္း သုတ၊ ရသ စာအုပ္မ်ိဳးစုံကုိေလ့လာဖတ္႐ႈၿပီး စာေပကေပးသည့္ အသိအလိမၼာမ်ားကုိ လက္ေတြ႕နယ္ပယ္တြင္ ျပန္လည္အသုံးခ်ၾကရမည္ျဖစ္ေၾကာင္း၊ စာဖတ္ျခင္းသည္ အေတြးအေခၚ ျမင့္မားေစသည့္အျပင္ ကုိယ္က်င့္တရားေကာင္းမြန္ေရးႏွင့္ မွန္ကန္သည့္ အသိတရားကုိလည္း ရရွိ ေစျခင္းေၾကာင့္ စာဖတ္ျခင္းကုိအေလးအနက္ထား ေဆာင္ရြက္ေစလုိေၾကာင္း၊ အုပ္ခ်ဳပ္မႈစြမ္းရည္ ေကာင္းမြန္ေစရန္အတြက္လည္း စစ္ဦးစီး၊ စစ္ေရး၊ စစ္ေထာက္ဆုိင္ရာလုပ္ထုံးလုပ္နည္းမ်ားကုိ ကြၽမ္းက်င္ႏွံ႕စပ္ပုိင္ႏုိင္ေအာင္ ေလ့လာသြားၾကရန္လုိအပ္ေၾကာင္း၊ မိမိတာ၀န္ယူထားသည့္ တပ္ဖြဲ႕ မ်ားကုိ အုပ္ခ်ဳပ္မႈ ညီၫြတ္မွ်တေစရန္အေလးထားေဆာင္ရြက္ၾကရမည္ျဖစ္ၿပီး တပ္တြင္း စည္းလုံး ညီၫြတ္ေရးကုိ ထိခုိက္ပ်က္စီးေစတတ္သည့္ အျပဳအမူမ်ားကုိလည္း ေရွာင္ရွား သြားၾကရန္ လုိေၾကာင္း၊ မိမိကြပ္ကဲရသည့္ တပ္ဖြဲ႕မ်ား၏သက္သာ ေခ်ာင္ခ်ိေရးကုိ အေလးထား ေဆာင္ရြက္ ေပးရန္လုိအပ္ၿပီး သက္သာေခ်ာင္ခ်ိေရး ေကာင္းသည္ႏွင့္အမွ် စိတ္ဓာတ္ စည္းကမ္းသည္လည္း ေကာင္းလာမည္ျဖစ္ေၾကာင္း၊ စိတ္ဓာတ္စည္းကမ္းေကာင္းမြန္သည့္ တပ္သည္ အရာရာမွာ စည္းလုံးညီၫြတ္စြာ ေဆာင္ရြက္ႏုိင္ၿပီး ေအာင္ျမင္မႈမ်ားရရွိႏုိင္ခဲ့သည္ကုိ ကမၻာ့သမုိင္းမ်ားအား ေလ့လာၾကည့္ပါက အထင္အရွား ေတြ႕ျမင္ရမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔တပ္မေတာ္၏ အဓိက တာ၀န္ျဖစ္သည့္ ႏုိင္ငံေတာ္ကာကြယ္ေရးႏွင့္ လုံၿခဳံေရးတာ၀န္မ်ားကုိ ထိေရာက္ေအာင္ျမင္စြာ စြမ္းေဆာင္ႏုိင္ရန္အတြက္ ခ်မွတ္ထားသည့္ စစ္ဘက္ဆုိင္ရာဥပေဒ၊ နည္းဥပေဒမ်ားအျပင္ အရပ္ဘက္ ဥပေဒ၊ စည္းမ်ဥ္းစည္းကမ္းမ်ားကုိလည္း တိက်စြာသိရွိလုိက္နာၾကရမည္ျဖစ္ေၾကာင္း၊ ႏုိင္ငံေတာ္ ကာကြယ္ေရးတာ၀န္ထမ္းေဆာင္ရာတြင္ မရွိမျဖစ္အလုိအပ္ဆုံးျဖစ္သည့္ စစ္ေရးစြမ္းရည္၊ အုပ္ခ်ဳပ္ေရး စြမ္းရည္၊ စည္း႐ုံးေရးစြမ္းရည္မ်ားႏွင့္ ျပည့္၀ေနရန္လိုေၾကာင္း၊ စည္း႐ုံးေရးလုပ္ျခင္းသည္ အင္အားတည္ေဆာက္ျခင္းျဖစ္သျဖင့္ တပ္တြင္း စည္းလုံးညီၫြတ္မႈရွိေအာင္ မိမိတာ၀န္က်ရာ တပ္ရင္း၊ တပ္ဖြဲ႕ရွိ အရာရွိ၊ အရာခံ၊ အၾကပ္၊ စစ္သည္ မိသားစု၀င္မ်ားကုိ တစည္း တလုံးတည္းျဖစ္ေအာင္ ေဆာင္ရြက္သြားရန္လုိေၾကာင္း၊ စည္း႐ုံးေရးစြမ္းရည္က်ဆင္းပါက အုပ္ခ်ဳပ္ေရး စြမ္းရည္ႏွင့္ စစ္ေရးစြမ္းရည္ပါ က်ဆင္းလာမည္ျဖစ္သျဖင့္ တပ္တြင္းစည္းလုံးညီၫြတ္မႈ ပုိမုိက်စ္လ်စ္ ခုိင္မာေအာင္ အေလးထားေဆာင္ရြက္ၾကရန္လုိအပ္ေၾကာင္း၊ ထုိသုိ႔ေဆာင္ရြက္ရာတြင္လည္း မိမိ လက္ေအာက္ငယ္သားမ်ားအေပၚ မွ်တသည့္စိတ္ထား၊ မွန္ကန္သည့္ သေဘာထား၊ တာ၀န္ယူမႈ၊ တာ၀န္ခံမႈ၊ အဆင့္ႏွင့္ေလ်ာ္ညီသည့္ လုပ္ငန္းကြၽမ္းက်င္ မႈမ်ားႏွင့္ ရဲေဘာ္ရဲဘက္စိတ္ထားရွိကာ အုပ္ခ်ဳပ္မႈႏွင့္ သက္သာေခ်ာင္ခ်ိေရး ေကာင္းမြန္ျပည့္စုံေနရန္ အၿမဲစီမံေဆာင္ရြက္ေပးၾက ရမည္ျဖစ္ေၾကာင္း၊ တပ္ျပင္စည္း႐ုံးေရးအတြက္ စစ္သည္ေတာ္က်င့္၀တ္ႏွင့္အညီ ေနထုိင္က်င့္ႀကံၿပီး မိမိနယ္ေျမအလုိက္ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားေဆာင္ရြက္ေပးျခင္း၊ သဘာ၀ေဘးအႏၲရာယ္မ်ားႏွင့္ ရင္ဆုိင္ရပါက အခ်ိန္ႏွင့္တစ္ေျပးညီကူညီေဆာင္ရြက္ေပးျခင္း၊ ပညာေရး၊ က်န္းမာေရး၊ လူမႈေရး ဆုိင္ရာ ကူညီေစာင့္ေရွာက္ေရးလုပ္ငန္းမ်ားတြင္ အားတက္သေရာ ကူညီလုပ္ကုိင္ၿပီး ျပည္သူမ်ား၏ လူေနမႈဘ၀ျမင့္မားေရးအတြက္ ျဖည့္ဆည္းျခင္းစသည့္ စည္း႐ုံးေရးလုပ္ငန္းမ်ားကုိ ေစတနာထား ေဆာင္ရြက္သြားရန္ အေလးအနက္ထား မွာၾကားလုိေၾကာင္းေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္ သည္ ဗိုလ္ေလာင္းတပ္ရင္းမ်ား၏ အေလးျပဳျခင္း ကိုခံယူၿပီးေနာက္ စစ္ေရးျပအခမ္းအနားမွ ျပန္လည္ထြက္ခြာသည္။

စစ္ေရးျပအခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရ စည္သူ မင္းေအာင္လိႈင္သည္ တပ္မေတာ္နည္းပညာ တကၠသိုလ္ေက်ာင္းဌာနခ်ဳပ္ဧည့္ခန္းမ၌ ထူးခြၽန္ဆုရရွိၾကသည့္ ဗိုလ္ေလာင္း(၃) ဦးႏွင့္ ၎တုိ႔၏ မိဘမ်ားအားေတြ႕ဆံု၍ ဂုဏ္ျပဳအမွာ စကားေျပာၾကားခဲ့သည္။

(Unicode Version)

ခေတ်မီတပ်မတော်တည်ဆောက်ရာတွင် “အင်ဂျင်နီယာ စွမ်းပကား တပ်မတော်အား”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်နှင့်တပ်မတော်က အားထားရသည့် ထူးချွန်သော အင်ဂျင်နီယာ ပညာရှင်များဖြစ်အောင် ကြိုးစားဆောင်ရွက်

နေပြည်တော် ၊ ဒီဇင်ဘာ ၁၂

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတည်ဆောက်ရာတွင် တပ်မတော်သို့ စတင်ဝင်ရောက် ထမ်းဆောင်သည့် စစ်မှုထမ်းများ၏ ပညာအရည်အချင်းသတ်မှတ် ချက်အား မြှင့်တင် ဆောင်ရွက်သကဲ့သို့ တပ်မတော်၌ တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများ၏ ပညာရည်မြှင့်တင်မှုကိုဆောင်ရွက်လျက်ရှိပြီး ယခုကဲ့သို့သော အတတ်ပညာရှင်များကိုလည်း စဉ်ဆက်မပြတ်မွေးထုတ်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ခေတ်မီတပ်မတော် တည်ဆောက်သည့်နေရာတွင် “အင်ဂျင်နီယာ စွမ်းပကား တပ်မတော်အား” ဆိုသည့် ဆောင်ပုဒ်နှင့် အညီ နိုင်ငံတော်နှင့်တပ်မတော်က အားထားရသည့် ထူးချွန်သောအင်ဂျင်နီယာ ပညာရှင် များဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ တပ်မတော်နည်းပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သည့် တပ်မတော်နည်းပညာ တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၀)သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မောင်မောင်ကျော်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တိုင်းမှူးများ၊ တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် ပြင်ဦးလွင် တပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ သင်တန်းဆင်း ဗိုလ်လောင်းများ၏ မိဘဆွေမျိုးများတက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမဟာသရေစည်သူ မင်းအောင်လှိုင်သည် ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်းဗိုလ်လောင်း တပ်ရင်းများအား စစ်ဆေးသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား ဗိုလ်လောင်းတပ်ရင်းများက အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက် အလေးပြုကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၀)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ရ၃၇၆ ဗိုလ်လောင်း သော်လွင်ဦး၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်း အမှတ် ရ၃၅၃ ဗိုလ်လောင်း ရန်နိုင်ဖြိုးနှင့် စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ရ၃၆၄ ဗိုလ်လောင်း လှိုင်မျိုးသက်တို့အား ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က သင်တန်းဆင်းဗိုလ်လောင်းများအား မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတော်ကာကွယ်ရေး တာဝန် ဆိုသည်မှာ မိမိနိုင်ငံ၏နယ်နိမိတ်နှင့် အချုပ်အခြာ အာဏာ၊ နိုင်ငံသူနိုင်ငံသားများနှင့် နိုင်ငံတော် အစိုးရ၊ နိုင်ငံတော်၏အကျိုးစီးပွားမှန်သမျှအား ထိပါးနှောင့်ယှက်လာမည့် အန္တရာယ်မျိုးစုံကို ကြိုတင်တွက်ဆပြီး လိုအပ်သည့် ကာကွယ်ရေးအစီအမံများ ဆောင်ရွက်သည့်လုပ်ငန်းများအပြင် မိမိနိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဘဝလုံခြုံမှု၊ အသက်ရှင်သန်ရပ်တည်မှု၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှု၊ နိုင်ငံအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ကြုံတွေ့လာရမည့် အန္တရာယ်မျိုးစုံအား တားဆီးတွန်းလှန်ချေဖျက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အားလုံး ကို စုပေါင်းခေါ်ဆိုခြင်းဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်ရာတွင် နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့် “ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး” ဆိုသည့် ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေး တာဝန် အဖြစ် တပ်မတော်က အစဉ်ထိန်းသိမ်းကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း၊ အမျိုးသားရေး တာဝန်ကို သမိုင်းပေးတာဝန်တစ်ရပ်အဖြစ်တပ်မတော်က ထမ်းဆောင်ရာတွင် ခေတ်အဆက်ဆက် ဖြတ်သန်းလာသည့် နိုင်ငံရေးရေစီးကြောင်း၊ လွတ်လပ်ရေးနှင့် အတူ ပေါ်ပေါက်လာသည့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ ရပ်တည်မှု၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှု အပြည့်အဝမရရှိသေးသည့် အခြေအနေများကြောင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်း ပျောက်ပျက်မသွားအောင် မိမိတို့တပ်မတော်အနေဖြင့် အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ပါ၀င် ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ပါ၀င်ထမ်းဆောင်နိုင်ရန်အတွက် စွမ်းရည်သုံးရပ်ထက်မြက်သည့် ကာကွယ်ရေး အင်အားစုကြီးတစ်ရပ် လေ့ကျင့်ပျိုးထောင်ပြီး စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်လျက်ရှိကြောင်းပြောကြားသည်။

ထို့နောက် ယခုမိမိတို့တပ်မတော်၏ အခန်းကဏ္ဍအား ပကတိအရှိတရား အတိုင်းလေ့လာကြည့်လျှင် နိုင်ငံတော်၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာဆက်ဆံရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေး၊ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး၊ ခေတ်မီတပ်မတော်တည်ဆောက်ရေး စသည့် ကဏ္ဍအသီးသီးတွင် အင်တိုက်အားတိုက် ပါ၀င် ဆောင်ရွက်လျက်ရှိသည်ကို မြင်တွေ့ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်မှုများအပေါ် ပြည်တွင်း ပြည်ပဆန့်ကျင်ဘက် အင်အားစုများ၊ အချို့အဖွဲ့အစည်းများက တပ်မတော်၏အခန်းကဏ္ဍများ လျော့ကျ သွားစေရန်အတွက် နည်းမျိုးစုံဖြင့် နှောင့်ယှက်ဟန့်တားမှုများပြုလုပ်ပြီး တပ်မတော် ပြိုကွဲရေးအထိ ဦးတည်ဆောင်ရွက်လာသည်ကို အထူးသတိပြုကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ ဖြစ်စဉ်ဖြစ်ရပ်များအရ တပ်မတော်ပြိုကွဲသည်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများပါယိမ်းယို်င်သွားပြီး ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်၊ နိုင်ငံတော် အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ရေး တို့တွင်လည်း လုံခြုံမှုမရှိတော့သည်ကို တွေ့ကြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ပထဝီအနေ အထားအရ၊ မျက်မှောက် ခေတ်ကာလစစ်ပွဲများ၏ အသွင်သဏ္ဍန်အရ၊ အနာဂတ်စစ်ပွဲများ၏ အလားအလာအရ နိုင်ငံတော်အပေါ်ကျရောက်လာမည့် ပြည်တွင်းပြည်ပအန္တရာယ်များအား ကာကွယ်နိုင်ရန်အတွက် မိမိတို့တပ်မတော်ကို စွမ်းရည်ထက်မြက်သည့် ခေတ်မီတပ်မတော်အဖြစ် ရည်မှန်းချက်ထားပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် Standard Army ဖြစ်အောင် ဖွဲ့စည်းတည်ဆောက်လျက်ရှိကြောင်း၊ ယခုကဲ့သို့ ခေတ်မီတပ်မတော်အဖြစ် တည်ဆောက်လျက် ရှိသည့် နေရာတွင် စွမ်းရည်ထက်မြက်သည့်၊ အရည်အချင်းရှိသည့် စစ်သည်များ လိုအပ်သည့် အတွက် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးအနက်ထားဆောင်ရွက်လျက် ရှိကြောင်း၊ စွမ်းရည်ထက်မြက်သည့် ခေတ်မီတပ်မတော်ဖြစ်စေရန်အတွက် လေ့ကျင့်ရေးသည် အဓိကကျသကဲ့သို့ နိုင်ငံတကာနှင့်ရင်ပေါင်တန်းပြီး ခေတ်မီ စစ်လက်နက်ပစ္စည်းများ တပ်ဆင် အသုံးပြုရေးသည်လည်းအရေးကြီးကြောင်း၊ တပ်ဆင်ထားသည် ခေတ်မီစစ်လက်နက်ပစ္စည်းများကို ကိုင်တွယ်အသုံးပြုမည့် စစ်သည်များ စွမ်းဆောင်ရည်မြင့်မားရေးနှင့် စိတ်ဓာတ်ကောင်းမွန်ပြီး ယုံကြည်ချက်၊ ခံယူချက်မှန်ကန်ရေးသည် အရေးကြီးသည့်အချက်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ တပ်မတော်ကို စွမ်းရည်ထက်မြက်သည့် ခေတ်မီတပ်မတော်တည်ဆောက်ရာတွင် လူ့စွမ်းအား အရင်းအမြစ်သည် အလွန်အရေးကြီးပြီး လူ့စွမ်းအားအရင်းအမြစ်ကို အခြေခံသည့် Standard Army တစ်ခုအဖြစ်ဖွဲ့စည်းတည်ဆောက်လျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ယနေ့ခေတ်သည် သတင်းအချက်အလက်စီးဆင်းမှုလွယ်ကူ မြန်ဆန်လာခြင်းနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုများသည် အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲလာသည်ကို တွေ့ရှိ နေရကြောင်း၊ နည်းပညာကဏ္ဍတစ်ခုတည်းဖြင့် ခေတ်မီ နိုင်ငံတော်ကို မတည်ဆောက်နိုင်သော်လည်း ခေတ်မီနိုင်ငံတော်တည်ဆောက်ရာတွင် နည်းပညာသည် မရှိမဖြစ်ပါ၀င်နေသည်ကိုလည်း လက်ခံ ရမည်ဖြစ်ကြောင်း၊ ထို့အပြင် ပြောင်းလဲလာသည့် ကမ္ဘာလုံးဆိုင်ရာဖြစ်စဉ် (Globalization) ကြောင့် စစ်မှုရေးရာ ပြောင်းလဲမှုဖြစ်စဉ်များ (Revolution in Military Affairs-RMA) တိုးတက်လာခြင်း နှင့်အတူ နိုင်ငံတော်လုံခြုံရေးကို စစ်ရေးအင်အားအခြေပြုသမားရိုးကျနည်း တစ်ခုတည်းဖြင့် လုံလောက်အောင်ကာကွယ်စောင့်ထိန်းနိုင်ခြင်းမရှိတော့သည်ကို တွေ့မြင်လာကြရကြောင်း၊ ထို့ကြောင့် မိမိတို့တပ်မတော်ကိုလည်း မျက်မှောက်ကာလ နည်းပညာတိုးတက်မှုများကို အသုံးချပြီး နိုင်ငံတကာတပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်ရန်အတွက် ရည်မှန်းချက်ထား ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်လည်း တိုးတက်ပြောင်းလဲလာသည့် နည်းပညာများကို ထိုးထွင်းကြံဆမှုနှင့် စဉ်ဆက်မပြတ်ဆည်းပူးလေ့လာပြီး လက်တွေ့နယ်ပယ်တွင်ကျွမ်းကျင်စွာ အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်မှာကြားလိုကြောင်း၊ နိုင်ငံတကာ စစ်မှုသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ခေတ်သစ်စစ်ပွဲ၏ အသွင်သဏ္ဍန်မှာလည်း နည်းပညာ အခြေပြုပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘောတရားရေး၊ ၀ါဒဖြန့်ချိရေး၊ စစ်ရေး၊ သံတမန်ရေး စသည့်နည်းလမ်းများနှင့် ဘက်စုံစစ်ပွဲ Multidimensional Warfare အသွင်ဆင်နွှဲလာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ဘက်စုံစစ်ပွဲအသွင်ဆင်နွှဲလာမည့် ခေတ်သစ်စစ်ပွဲများတွင် သတင်းစုံစွာ ရရှိရန်၊ လုံခြုံမှုနှင့်အကာကွယ်ရရန်၊ ထိရောက်စွာချေမှုန်းတိုက်ခိုက်နိုင်ရန်၊ အဆုံးအဖြတ် တိုက်ပွဲ များကို အချိန်တိုအတွင်း ဆင်နွှဲနိုင်ရန်အတွက် နည်းပညာပေါ်တွင် များစွာမှီခိုအသုံးပြုလာသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ထိုသို့ပြောင်းလဲတိုးတက်နေသည့် နည်းပညာများကို အမီလိုက်နိုင်ရန်အတွက် နိုင်ငံတကာတွင်ဖြစ်ပေါ်တိုးတက်နေသည့် စစ်မှုသိပ္ပံနှင့် နည်းပညာများကို စဉ်ဆက်မပြတ်လေ့့လာပြီး မိမိနိုင်ငံအတွက် အကောင်းဆုံးအသုံးချသွားရမည်ဖြစ်ကြောင်း၊ “ကျင့်ဝတ်၊ တီထွင်၊ စွမ်းအားရှင်” ဆိုသည့် တပ်မတော်နည်းပညာတက္ကသိုလ်၏ လမ်းညွှန်ဆောင်ပုဒ် အတိုင်း အရာရာကိုတီထွင်ဖန်တီးလိုသည့် စိတ်ကူးစိတ်သန်းဖြင့် လက်တွေ့ အကောင်အထည်ဖော်နိုင်သည့် စွမ်းရည်များ ရရှိအောင်ကြိုးစားရမည့်အပြင် တီထွင်ဖန်တီးမှုရလဒ်များကိုလည်း ကိုယ်ကျင့်တရား၊ ကျင့်ဝတ်များနှင့်အညီ လူ့ဘောင်လောကကို ကောင်းကျိုးဖြစ်ထွန်းအောင် အသုံးချသွားကြရန် မှာကြားသည်။

လက်တွေ့လုပ်ငန်းခွင်များတွင် အင်ဂျင်နီယာပညာရပ်နှင့် အောင်အောင်မြင်မြင်လုပ်ကိုင်နိုင်ရန် စဉ်ဆက်မပြတ် အဆင့်ဆင့်လေ့ကျင့်သင်ကြားနေကြရမည် ဖြစ်ကြောင်း၊ ပထမအဆင့်အနေဖြင့် မိမိတို့အားဘွဲ့ရတစ်ဦးရှိရမည့် သတ်မှတ်အရည် အသွေးပြည့်မီသည်အထိ အမိတက္ကသိုလ်မှ သင်ကြားလေ့ကျင့်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် သက်ဆိုင်ရာလက်ရုံးတပ်ဖွဲ့အလိုက် ဖွင့်လှစ်သည့်သင်တန်းများတွင် မွမ်းမံလေ့လာသွားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်များတွင်လည်း ၀ါရင့်အင်ဂျင်နီယာများ၏ ကြီးကြပ်မှုနှင့်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နောက်ဆုံးအဆင့်အနေဖြင့် ကျင့်ဝတ်စည်းကမ်းများနှင့်အညီ မိမိကျွမ်းကျင်တတ်မြောက်မှုများကို သက်ဆိုင်ရာပညာရပ် နယ်ပယ်များတွင် စဉ်ဆက်မပြတ်လေ့လာလုပ်ကိုင်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့သည် အင်ဂျင်နီယာပညာဒဿန (Engineering Philosophy) အရ လူ့အဖွဲ့အစည်းအတွက် မိမိတို့၏ပညာရပ်များကို မည်ကဲ့သို့အကျိုးရှိရှိ အသုံးပြုရမည်ဆိုသည်ကို အမြဲကြံဆလုပ်ဆောင်နေရ မည်ဖြစ်သကဲ့သို့ အင်ဂျင်နီယာများ လိုက်နာရမည့် အခြေခံကျင့်ဝတ် (Code of Ethics) များကိုလည်း လိုက်နာစောင့်ထိန်းသွားရမည်ဖြစ်ကြောင်း၊ ကိုယ်ကျင့်တရားအရဖြစ်စေ၊ နည်းပညာအရဖြစ်စေ သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများကို မိမိတို့၏ဘဝတစ်လျှောက်လုံး ထိန်းသိမ်း စောင့်ရှောက်နေထိုင်ကျင့်ကြံသွားခြင်းအားဖြင့် တပ်မတော်အင်ဂျင်နီယာအရာရှိ ကောင်းများ ဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ တပ်မတော်၏ စစ်အင်ဂျင်နီယာ ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင်ကြရမည့် မိမိတို့သည် ကွပ်ကဲရမည့် လက်အောက် တပ်ဖွဲ့ဝင်များကို မှန်ကန်သည့်ခေါင်းဆောင်မှုပေးနိုင်ရန်လိုကြောင်း၊ မိမိတို့သည် လူငယ်၊ ခေါင်းဆောင်ငယ်များဖြစ်သဖြင့် ခေါင်းဆောင်လိုတွေး၊ ခေါင်းဆောင်လိုကျင့်ကြံရမည်၊ ဆိုလိုသည်မှာ ခေါင်းဆောင်မှု အင်္ဂါရပ် ၁၆ ရပ်နှင့်ပြည့်စုံအောင် ပြုမူကျင့်ကြံနေထိုင်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ခေါင်းဆောင်မှုအတတ်ပညာသည် နိုင်ငံတိုင်း၊ လူမျိုးတိုင်းအတွက် အသက်တမျှ အရေးကြီးသည့် လိုအပ်ချက်ဖြစ်ကြောင်း၊ မိမိတပ်ဖွဲ့ကို မှန်ကန်သည့် ဦးဆောင်မှုပေးနိုင်ရန် အဓိက ကျင့်သုံးရမည့် စိတ်ဓာတ်မှာ မိဘသဖွယ်စိတ်ဓာတ်ပင် ဖြစ်ပြီး လက်အောက်ငယ်သားများအပေါ်တွင် ကျောသားရင်သားမခွဲခြားဘဲ မှန်ကန်စွာ ခေါင်းဆောင်မှုပေးခြင်းဖြင့် လက်အောက်ငယ်သားများ၏ ချစ်ကြောက်ရိုသေ အားကိုးမှုကိုရယူကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ခေါင်းဆောင်ကောင်းပီသစွာဖြင့် လက်အောက်ကို မှန်ကန်စွာကွပ်ကဲအုပ်ချုပ်သကဲ့သို့ အထက်ကပေးအပ်သည့် အမိန့်နှင့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်သည့် နောက်လိုက်ကောင်းတစ်ယောက်အဖြစ်လည်း ကျင့်ကြံ ဆောင်ရွက်ရင်း တပ်မတော်ကအားထားရသည့် အင်ဂျင်နီယာ အရာရှိကောင်းများဖြစ်လာအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်အလေးထား မှာကြားလိုကြောင်း ပြောကြားသည်။

တပ်မတော်၏အဓိကလုပ်ငန်းကြီး သုံးရပ်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေး တာဝန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်ဆိုသည့် တာဝန်ကြီးသုံးရပ်အား ကျေပွန်စွာ ထမ်းဆောင် နိုင်ရန်အတွက် မိမိတို့သည် ရုပ်ပိုင်းစိတ်ပိုင်း ကြံ့ခိုင်နေရန်လိုအပ်ကြောင်း၊ သို့မှသာ တပ်မတော်၏ ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် ထမ်းဆောင်နိုင်ကြမည်ဖြစ်ကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ရေး အနေဖြင့် သတ်မှတ်ထားသည့် ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်မှုများမှအစ၊ ယုံကြည်မှု ၁၅ မျိုး၊ ကြံ့ခိုင်ရေးဆန်းစစ် ၈ မျိုးတို့အပြင် တပ်မတော်၏ခံနိုင်ရည်စံနှုန်းများဖြစ်သည့် ၅ မိုင် မနားတမ်း အပြေးတက်နိုင်ရမည်၊ ၁၀ မိုင်မနားတမ်းလမ်းလျှောက်နိုင်ရမည်၊ တစ်နေ့မိုင် ၃၀ ခရီးပေါက်ရမည် ဆိုသည့် ရည်မှန်းချက်အတိုင်း လေ့ကျင့်ဆောင်ရွက်နေရန်လိုကြောင်း၊ ထို့အပြင်ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဆေးလိပ်၊ ကွမ်း၊ အရက်နှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများကို လည်းသုံးစွဲခြင်းလုံးဝမပြု လုပ်ရန်အလေးအနက်မှာကြားလိုကြောင်း၊ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု အနေဖြင့်လည်း သုတ၊ ရသ စာအုပ်မျိုးစုံကိုလေ့လာဖတ်ရှုပြီး စာပေကပေးသည့် အသိအလိမ္မာများကို လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးချကြရမည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းသည် အတွေးအခေါ် မြင့်မားစေသည့်အပြင် ကိုယ်ကျင့်တရားကောင်းမွန်ရေးနှင့် မှန်ကန်သည့် အသိတရားကိုလည်း ရရှိ စေခြင်းကြောင့် စာဖတ်ခြင်းကိုအလေးအနက်ထား ဆောင်ရွက်စေလိုကြောင်း၊ အုပ်ချုပ်မှုစွမ်းရည် ကောင်းမွန်စေရန်အတွက်လည်း စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများကို ကျွမ်းကျင်နှံ့စပ်ပိုင်နိုင်အောင် လေ့လာသွားကြရန်လိုအပ်ကြောင်း၊ မိမိတာဝန်ယူထားသည့် တပ်ဖွဲ့ များကို အုပ်ချုပ်မှု ညီညွတ်မျှတစေရန်အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပြီး တပ်တွင်း စည်းလုံး ညီညွတ်ရေးကို ထိခိုက်ပျက်စီးစေတတ်သည့် အပြုအမူများကိုလည်း ရှောင်ရှား သွားကြရန် လိုကြောင်း၊ မိမိကွပ်ကဲရသည့် တပ်ဖွဲ့များ၏သက်သာ ချောင်ချိရေးကို အလေးထား ဆောင်ရွက် ပေးရန်လိုအပ်ပြီး သက်သာချောင်ချိရေး ကောင်းသည်နှင့်အမျှ စိတ်ဓာတ် စည်းကမ်းသည်လည်း ကောင်းလာမည်ဖြစ်ကြောင်း၊ စိတ်ဓာတ်စည်းကမ်းကောင်းမွန်သည့် တပ်သည် အရာရာမှာ စည်းလုံးညီညွတ်စွာ ဆောင်ရွက်နိုင်ပြီး အောင်မြင်မှုများရရှိနိုင်ခဲ့သည်ကို ကမ္ဘာ့သမိုင်းများအား လေ့လာကြည့်ပါက အထင်အရှား တွေ့မြင်ရမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်၏ အဓိက တာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထိရောက်အောင်မြင်စွာ စွမ်းဆောင်နိုင်ရန်အတွက် ချမှတ်ထားသည့် စစ်ဘက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများအပြင် အရပ်ဘက် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကိုလည်း တိကျစွာသိရှိလိုက်နာကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေးတာဝန်ထမ်းဆောင်ရာတွင် မရှိမဖြစ်အလိုအပ်ဆုံးဖြစ်သည့် စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေး စွမ်းရည်၊ စည်းရုံးရေးစွမ်းရည်များနှင့် ပြည့်ဝနေရန်လိုကြောင်း၊ စည်းရုံးရေးလုပ်ခြင်းသည် အင်အားတည်ဆောက်ခြင်းဖြစ်သဖြင့် တပ်တွင်း စည်းလုံးညီညွတ်မှုရှိအောင် မိမိတာဝန်ကျရာ တပ်ရင်း၊ တပ်ဖွဲ့ရှိ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည် မိသားစုဝင်များကို တစည်း တလုံးတည်းဖြစ်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ စည်းရုံးရေးစွမ်းရည်ကျဆင်းပါက အုပ်ချုပ်ရေး စွမ်းရည်နှင့် စစ်ရေးစွမ်းရည်ပါ ကျဆင်းလာမည်ဖြစ်သဖြင့် တပ်တွင်းစည်းလုံးညီညွတ်မှု ပိုမိုကျစ်လျစ် ခိုင်မာအောင် အလေးထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း မိမိ လက်အောက်ငယ်သားများအပေါ် မျှတသည့်စိတ်ထား၊ မှန်ကန်သည့် သဘောထား၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ အဆင့်နှင့်လျော်ညီသည့် လုပ်ငန်းကျွမ်းကျင် မှုများနှင့် ရဲဘော်ရဲဘက်စိတ်ထားရှိကာ အုပ်ချုပ်မှုနှင့် သက်သာချောင်ချိရေး ကောင်းမွန်ပြည့်စုံနေရန် အမြဲစီမံဆောင်ရွက်ပေးကြ ရမည်ဖြစ်ကြောင်း၊ တပ်ပြင်စည်းရုံးရေးအတွက် စစ်သည်တော်ကျင့်ဝတ်နှင့်အညီ နေထိုင်ကျင့်ကြံပြီး မိမိနယ်မြေအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ရပါက အချိန်နှင့်တစ်ပြေးညီကူညီဆောင်ရွက်ပေးခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ဆိုင်ရာ ကူညီစောင့်ရှောက်ရေးလုပ်ငန်းများတွင် အားတက်သရော ကူညီလုပ်ကိုင်ပြီး ပြည်သူများ၏ လူနေမှုဘဝမြင့်မားရေးအတွက် ဖြည့်ဆည်းခြင်းစသည့် စည်းရုံးရေးလုပ်ငန်းများကို စေတနာထား ဆောင်ရွက်သွားရန် အလေးအနက်ထား မှာကြားလိုကြောင်းပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်း ကိုခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေ စည်သူ မင်းအောင်လှိုင်သည် တပ်မတော်နည်းပညာ တက္ကသိုလ်ကျောင်းဌာနချုပ်ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း(၃) ဦးနှင့် ၎င်းတို့၏ မိဘများအားတွေ့ဆုံ၍ ဂုဏ်ပြုအမှာ စကားပြောကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။