တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်နည်းပညာ တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၀)သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ေနျပည္ေတာ္ ၊ ဒီဇင္ဘာ ၁၂

တပ္မေတာ္နည္းပညာတကၠသုိလ္ ဗုိလ္ေလာင္းသင္တန္းအမွတ္စဥ္(၂၀) သင္တန္းဆင္းဂုဏ္ျပဳ ညစာစားပဲြအခမ္းအနားကုိ ယေန႔ညေနပုိင္းတြင္ ျပင္ဦးလြင္ၿမဳိ႕၊ တပ္မေတာ္နည္းပညာတကၠသုိလ္ရွိ ပညာတန္ေဆာင္ခန္းမ၌က်င္းပရာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ တက္ေရာက္ခ်ီးျမႇင့္သည္။

အဆိုပါသင္တန္းဆင္း ဂုဏ္ျပဳညစာစားပဲြအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္စိန္၀င္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ ဇနီး၊ တပ္မေတာ္အရာရိွႀကီးမ်ားႏွင့္ဇနီးမ်ား၊ တိုင္းမွဴးမ်ား၊ တပ္မေတာ္နည္းပညာတကၠသုိလ္ေက်ာင္းအုပ္ႀကီးႏွင့္ ဖိတ္ၾကားထားသည့္ဧည့္သည္ေတာ္မ်ား၊ သင္တန္းဆင္းအရာရိွမ်ားႏွင့္ မိဘေဆြမ်ိဳးမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က သင္တန္းဆင္း အရာရိွမ်ားအား တစ္ဦးခ်င္းရင္းရင္းႏွီးႏွီး လိုက္လံႏႈတ္ဆက္သည္။ ထို႔ေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖဲြ႕၀င္မ်ားသည္ သင္တန္းဆင္းအရာရိွမ်ား၊ မိဘေဆြမ်ိဳးမ်ားႏွင့္အတူ ညစာသံုးေဆာင္ၾကသည္။

ညစာသုံးေဆာင္ေနစဥ္အတြင္း ျပည္သူ႕ဆက္ဆံေရးႏွင့္စိတ္ဓာတ္စစ္ဆင္ေရးၫႊန္ၾကားေရးမွဴး႐ုံး ကြပ္ကဲမႈေအာက္ အမွတ္(၁) တပ္မေတာ္အသံလႊင့္တပ္၊ သဇင္ေတးဂီတ အဖြဲ႕ႏွင့္ တပ္မေတာ္ နည္းပညာတကၠသုိလ္ ဂုဏ္ျပဳစစ္တီး၀ုိင္းအဖြဲ႕တုိ႔က ေတးသီခ်င္းမ်ား ျဖင့္သီဆုိတီးမႈတ္ ေဖ်ာ္ေျဖၾကသည္။ ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ တပ္မေတာ္ နည္းပညာတကၠသုိလ္ ဂုဏ္ျပဳစစ္တီး၀ုိင္းတပ္ဖြဲ႕၏ ဂုဏ္ျပဳတီးမႈတ္မႈအား ၾကည့္႐ႈအားေပးၿပီး ခ်ီးျမႇင့္ေငြမ်ားေပးအပ္သည္။

သင္တန္းဆင္းဂုဏ္ျပဳညစာစားပဲြအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖဲြ႕၀င္မ်ားသည္ သဇင္ေတးဂီတအဖြဲ႕၊ အမွတ္(၁)တပ္မေတာ္႐ုပ္ျမင္သံၾကား ထုတ္လႊင့္ေရးတပ္ “စိန္တင့္ဆန္း” ဆုိင္းအဖဲြ႕ႏွင့္ အမွတ္(၂)နယ္လွည့္ျပည္သူ႕ ဆက္ဆံေရးတပ္ခြဲ “န၀ရက္ကုိးသြယ္” အၿငိမ့္အဖဲြ႕တို႔၏ ေဖ်ာ္ေျဖတင္ဆက္မႈမ်ားကို ၾကည့္ရႈအားေပးခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်နည်းပညာ တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၀)သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော် ၊ ဒီဇင်ဘာ ၁၂

တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၀) သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ပြင်ဦးလွင်မြို့၊ တပ်မတော်နည်းပညာတက္ကသိုလ်ရှိ ပညာတန်ဆောင်ခန်းမ၌ကျင်းပရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အဆိုပါသင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်စိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ တိုင်းမှူးများ၊ တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ သင်တန်းဆင်းအရာရှိများနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သင်တန်းဆင်း အရာရှိများအား တစ်ဦးချင်းရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် သင်တန်းဆင်းအရာရှိများ၊ မိဘဆွေမျိုးများနှင့်အတူ ညစာသုံးဆောင်ကြသည်။

ညစာသုံးဆောင်နေစဉ်အတွင်း ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် အမှတ်(၁) တပ်မတော်အသံလွှင့်တပ်၊ သဇင်တေးဂီတ အဖွဲ့နှင့် တပ်မတော် နည်းပညာတက္ကသိုလ် ဂုဏ်ပြုစစ်တီးဝိုင်းအဖွဲ့တို့က တေးသီချင်းများ ဖြင့်သီဆိုတီးမှုတ် ဖျော်ဖြေကြသည်။ ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော် နည်းပညာတက္ကသိုလ် ဂုဏ်ပြုစစ်တီးဝိုင်းတပ်ဖွဲ့၏ ဂုဏ်ပြုတီးမှုတ်မှုအား ကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေများပေးအပ်သည်။

သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သဇင်တေးဂီတအဖွဲ့၊ အမှတ်(၁)တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် “စိန်တင့်ဆန်း” ဆိုင်းအဖွဲ့နှင့် အမှတ်(၂)နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲ “နဝရက်ကိုးသွယ်” အငြိမ့်အဖွဲ့တို့၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။