တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၁)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ် လည်နေ့အထိမ်းအမှတ်ပြခန်းများအားကြည့်ရှု၊ ဂုဏ်ပြု ညစာစားပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ ဒီဇင်ဘာ ၁၅







(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၁)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ် လည်နေ့အထိမ်းအမှတ်ပြခန်းများအားကြည့်ရှု၊ ဂုဏ်ပြု ညစာစားပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ ဒီဇင်ဘာ ၁၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ် ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ အငြိမ်းစားကာကွယ်ရေး ဦးစီးချုပ်(ရေ)များ၊အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(လေ)များ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ လိုက်ပါပြီး ဒီဇင်ဘာ ၁၄ ရက်ညနေပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင်လေတပ်စခန်း ဌာနချုပ်၌ပြသထားသည့် (၇၁)နှစ်မြောက်တပ်မတော်(လေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပြခန်းများအားကြည့်ရှုသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် (၇၁)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ် လည်နေ့အထိမ်းအမှတ်ပြခန်းအတွင်း ပြသထားသည့် လေကြောင်းသမိုင်းမှတ်တမ်းဓာတ်ပုံများ၊ တပ်မတော်(လေ) အမျိုးသား၊ အမျိုးသမီးများ လေ့ကျင့်မှုမှတ်တမ်းဓာတ်ပုံများ၊ တပ်မတော်(လေ) စက်မှုလက်မှု အရာရှိ၊ စစ်သည်၊ အစားခန့်များအား လေ့ကျင့်ပျိုးထောင်မှုမှတ်တမ်းဓာတ်ပုံများ လေယာဉ် ပုံစံငယ်များနှင့် လေသူရဲအသုံးအဆောင်ပစ္စည်းများအားလှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် (၇၁)နှစ် မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ် မှတ်တမ်းတင်လက်မှတ်ရေး ထိုးကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စာအုပ်အရောင်းဆိုင်နှင့် တပ်မတော်မှထုတ်လုပ်သည့် လူသုံးကုန် ပစ္စည်းအရောင်းပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယနေ့ညနေပိုင်းတွင် မိထ္ထီလာတပ်နယ်ရှိ လေကြောင်း အတတ်သင်လေတပ်စခန်းဌာနချုပ်၌ ကျင်းပပြုလုပ် သည့်(၇၁) နှစ်မြောက်တပ်မတော်(လေ) နှစ်ပတ်လည် နေ့နှင့် လေယာဉ်များတပ်တော်ဝင် အခမ်းအနားအောင်မြင်ခြင်းအထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနား သို့ တက်ရောက်ချီးမြှင့်သည်။

အဆိုပါဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင် ကျော်၊ အငြိမ်းစားကာကွယ်ရေး ဦးစီးချုပ်(ရေ)များ၊အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(လေ)များ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ လေတပ်စခန်း ဌာနချုပ်မှူးများ၊ မိထ္ထီလာတပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဖိတ်ကြားထား သူများတက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အခမ်းအနား တက်ရောက်လာ ကြသူများသည်ညစာကို အတူတကွ သုံးဆောင်ကြသည်။ ယင်းနောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် လေကြောင်းအတတ် သင်လေတပ်စခန်းဌာနချုပ်၊ သူရအုန်းခိုင်ခန်းမ၌ တပ်မတော်(လေ)တေးဂီတအဖွဲ့နှင့် တပ်မတော်(လေ) မိသားစုဝင်များ ကတေးသီချင်းများနှင့်သီဆိုတီးမှုတ်ကပြဖျော်ဖြေသည့် ပဒေသာကပွဲသို့တက်ရောက် ကြည့်ရှု အားပေးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။