တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Vikram Misri အား လက်ခံတွေ့ဆုံ 

ေနျပည္ေတာ္ ဒီဇင္ဘာ ၁၇ 

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ သည္ တာ၀န္ၿပီးဆံုး၍ ျပန္လည္ထြက္ခြာမည့္ ျမန္မာႏုိင္ငံဆိုင္ရာ အိႏၵိယႏုိင္ငံသံအမတ္ႀကီး H.E. Mr. Vikram Misri အား ယေန႔နံနက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕၊ ကုန္းျမင့္သာရွိ ေဇယ်ာသီရိဗိမာန္၌ လက္ခံေတြ႕ဆံုသည္။ 

အဆိုပါေတြ႕ဆံုပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ားတက္ေရာက္ၾကၿပီး ျမန္မာႏုိင္ငံဆုိင္ရာ အိႏၵိယႏုိင္ငံ သံအမတ္ႀကီးႏွင့္အတူ ျမန္မာႏုိင္ငံဆိုင္ရာ အိႏၵိယႏုိင္ငံ ၾကည္းတပ္စစ္သံမွဴး၊ ေရတပ္စစ္သံမွဴးႏွင့္ တာ၀န္ရွိ သူမ်ား တက္ေရာက္ၾကသည္။ 

ထိုသို႔ေတြ႕ဆံုရာတြင္ အိႏၵိယသမၼတႀကီး၏ ျမန္မာႏုိင္ငံခ်စ္ၾကည္ေရးခရီးစဥ္ေအာင္ျမင္မႈအေျခအေနမ်ား၊ တပ္မေတာ္ႏွစ္ရပ္အၾကား ရင္းရင္းႏွီးႏွီးျဖင့္ နီးကပ္စြာပူးေပါင္းေဆာင္ရြက္လ်က္ရွိျခင္းေၾကာင့္ ႏွစ္ႏုိင္ငံႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏီွးမႈပိုမိုတိုးတက္ေကာင္းမြန္လာသည့္အေျခအေနမ်ား၊ ျမန္မာႏုိင္ငံ ရင္ဆိုင္ေနရသည့္စိန္ေခၚမႈမ်ားႏွင့္ အခက္အခဲမ်ားအေပၚ အိႏၵိယႏုိင္ငံ က ျမန္မာႏုိင္ငံဘက္မွ အားေပး ေထာက္ခံရပ္တည္ေဆာင္ရြက္ေပးလ်က္ရွိသည့္အေျခအေနမ်ား၊ ႏွစ္ႏုိင္ငံနယ္စပ္ေဒသလံုၿခံဳေရး၊ တည္ၿငိမ္ ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ က်ယ္က်ယ္ျပန္႔ျပန္႔ပူးေပါင္းေဆာင္ ရြက္ေနမႈအေျခအေနမ်ား၊ တပ္မေတာ္ႏွစ္ရပ္ အၾကား ေလ့က်င့္ေရးဆိုင္ရာကိစၥရပ္မ်ား တြင္ ပူးေပါင္းေဆာင္ရြက္ေနမႈႏွင့္ ခ်စ္ၾကည္ ရင္းႏွီးမႈပိုမိုတိုးတက္ေစေရးအတြက္ အဆင့္ျမင့္ေခါင္းေဆာင္မ်ားအျပင္ စစ္မႈထမ္းမ်ား အဆင့္လိုက္ ခ်စ္ၾကည္ေရးခရီးမ်ား အျပန္အလွန္လည္ပတ္ေရးဆိုင္ရာကိစၥရပ္မ်ားအား ရင္းႏွီးပြင့္လင္းစြာ အျပန္အလွန္ ေဆြးေႏြးခဲ့ ၾကသည္။ 

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ ျမန္မာႏုိင္ငံဆိုင္ရာ အိႏၵိယႏုိင္ငံ သံအမတ္ႀကီးတို႔သည္ အမွတ္တရလက္ ေဆာင္ပစၥည္း အျပန္အလွန္ေပးအပ္ၿပီး တက္ေရာက္လာၾကသူမ်ားႏွင့္အတူ စုေပါင္း ဓာတ္ပံု႐ိုက္ခဲ့ၾကသည္။ 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Vikram Misri အား လက်ခံတွေ့ဆုံ 

နေပြည်တော် ဒီဇင်ဘာ ၁၇ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vikram Misri အား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန်၌ လက်ခံတွေ့ဆုံသည်။ 

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများတက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ ကြည်းတပ်စစ်သံမှူး၊ ရေတပ်စစ်သံမှူးနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။ 

ထိုသို့တွေ့ဆုံရာတွင် အိန္ဒိယသမ္မတကြီး၏ မြန်မာနိုင်ငံချစ်ကြည်ရေးခရီးစဉ်အောင်မြင်မှုအခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ရင်းရင်းနှီးနှီးဖြင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိခြင်းကြောင့် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးတက်ကောင်းမွန်လာသည့်အခြေအနေများ၊ မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့်စိန်ခေါ်မှုများနှင့် အခက်အခဲများအပေါ် အိန္ဒိယနိုင်ငံ က မြန်မာနိုင်ငံဘက်မှ အားပေး ထောက်ခံရပ်တည်ဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျယ်ကျယ်ပြန့်ပြန့်ပူးပေါင်းဆောင် ရွက်နေမှုအခြေအနေများ၊ တပ်မတော်နှစ်ရပ် အကြား လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များ တွင် ပူးပေါင်းဆောင်ရွက်နေမှုနှင့် ချစ်ကြည် ရင်းနှီးမှုပိုမိုတိုးတက်စေရေးအတွက် အဆင့်မြင့်ခေါင်းဆောင်များအပြင် စစ်မှုထမ်းများ အဆင့်လိုက် ချစ်ကြည်ရေးခရီးများ အပြန်အလှန်လည်ပတ်ရေးဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ ကြသည်။ 

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးတို့သည် အမှတ်တရလက် ဆောင်ပစ္စည်း အပြန်အလှန်ပေးအပ်ပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြသည်။ 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။