(၃၁)ကြိမ်မြောက်သာသနာ့ဝန်ဆောင်သာမဏေကျော် စာတော်ပြန် ပွဲဖြေဆိုနေသည့် သံဃာတော်များ၊ ရှင်သာမဏေများနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှမိသားစုက နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ေနျပည္ေတာ္ ၊ ဒီဇင္ဘာ ၁၈

သီလသုတစြယ္စုံလွ၍သာသနာ့တန္ေဆာင္ အလင္းေဆာင္ႏုိင္ေစရန္ ရည္ရြယ္၍ သာသနာ့၀န္ေဆာင္အသင္းက ဦးစီးက်င္းပသည့္(၃၁)ႀကိမ္ေျမာက္ သာသနာ့၀န္ေဆာင္ သာမေဏေက်ာ္စာျပန္ပြဲကုိ ဒီဇင္ဘာ ၁၇ ရက္ေန႔မွ ဒီဇင္ဘာ ၁၉ ရက္အထိ ရန္ကုန္ၿမိဳ႕၊ ေရႊတိဂုံေစတီေတာ္ အေရွ႕ဖက္မုဒ္ရွိ တပ္မေတာ္ဓမၼာ႐ုံ၊ ရွင္သာမေဏဓမၼာ႐ုံ၊ မဂၤလာဗ်ဴဟာဓမၼာ႐ုံ စာစစ္ဌာနမ်ားတြင္က်င္းပလ်က္ရွိရာ ျမန္မာတစ္ႏုိင္ငံလုံးရွိ သံဃာေတာ္မ်ား၊ သာမေဏမ်ားႏွင့္ သာသနာ့ႏြယ္၀င္ သီလရွင္ မ်ားအား ယေန႔တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွ မိသားစုကေန႔ဆြမ္းဆက္ကပ္လွဴဒါန္းသည္။

အဆုိပါေန႔ဆြမ္းဆက္ကပ္လွဴဒါန္းပြဲအခမ္းအနားသုိ႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီးေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး မ်ိဳးေဇာ္သိန္း၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ သက္ပုံႏွင့္တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ သံဃာေတာ္မ်ား၊ ရွင္သာမေဏမ်ားႏွင့္ သာသနာ့ ႏြယ္၀င္သီလရွင္မ်ား၏ ေျဖဆုိေနမႈမ်ားအား လုိက္လံၾကည့္႐ႈအားေပးၾကသည္။ ယင္းေနာက္ ဗဟန္းၿမိဳ႕နယ္ရွိ မဟာ၀ိသုဒၶါ႐ုံ ေက်ာင္းတုိက္မွ တုိက္ၾကပ္ဆရာေတာ္ ဒြိပိဋကဓရပါဠိပါရဂူ ဘဒၵႏၲ၀ဇိရ ပါဏီ လကၤာရာဘိ၀ံသ အမွဴးျပဳေသာသံဃာေတာ္မ်ားအား ေန႔ဆြမ္းဆက္ကပ္လွဴဒါန္းၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ မိသားစု၀င္မ်ားႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ားက စာေျဖသံဃာေတာ္မ်ားႏွင့္ ရွင္သာမေဏမ်ားအား ေန႔ဆြမ္းေလာင္းလွဴၾကၿပီး သာသနာ့ႏြယ္၀င္သီလရွင္မ်ားအား ေန႔ဆြမ္းဆက္ကပ္ လွဴဒါန္းၾကကာ သံဃာေတာ္မ်ား၊ ရွင္သာမေဏမ်ားႏွင့္ သာသနာ့ႏြယ္၀င္သီလရွင္ မ်ား ေန႔ဆြမ္းဘုန္းေပးေနမႈအား လုိက္လံၾကည့္႐ႈခဲ့ၾကသည္။

အဆုိပါစာျပန္ပြဲ၌ ပထမေန႔တြင္ ၀ိနည္းပါဠိေတာ္၊ ဒုတိယေန႔တြင္ အဂၤုတၳိဳရ္ပါဠိေတာ္၊ တတိယေန႔တြင္ ဓမၼပဒပါဠိေတာ္ႏွင့္ အ႒ကထာတုိ႔ကုိ ေျဖဆုိ ခဲ့ၾကသည္။ ယင္းစာေတာ္ျပန္ပြဲ၌ ပထမအဆင့္တြင္ ေျဖဆုိသူ ၁၃၇၃ ပါး၊ ဒုတိယ အဆင့္တြင္ ေျဖဆုိသူ ၉၇၈ ပါး၊ တတိယအဆင့္တြင္ ေျဖဆုိသူ ၄၉၇ ပါး၊ စုစုေပါင္း ႏုိင္ငံတစ္၀န္းရွိ သံဃာေတာ္၊ ရွင္သာမေဏႏွင့္ သာသနာ့ႏြယ္၀င္သီလရွင္ စုစုေပါင္း ၂၈၄၈ ပါး ၀င္ေရာက္ေျဖဆုိၾကၿပီး ပထမအဆင့္ေျဖဆုိမည့္ သံဃာေတာ္၊ ရွင္သာမေဏ ႏွင့္ သာသနာ့ ႏြယ္၀င္သီ လရွင္မ်ားသည္ ႏႈတ္ေျဖစာေမးပြဲကုိ ပထမဆုံးေျဖဆုိၾကရၿပီး ႏႈတ္ေျဖေအာင္ျမင္မွသာ ေရးေျဖစာေမးပြဲအား ဆက္လက္ေျဖဆုိၾကရမည္ျဖစ္သည္။

စာေတာ္ျပန္ပြဲတြင္ သံဃာေတာ္၊ ရွင္သာမေဏႏွင့္ သာသာနာ့ႏြယ္၀င္သီလရွင္ တုိ႔သည္ သက္ဆုိင္ရာ အဆင့္အလုိက္ ေျဖဆုိရမည္ျဖစ္ၿပီး ပထမအဆင့္ ၀ိနည္းပါဠိေတာ္၊ ပထမအဆင့္ အဂၤုတၳိဳရ္ပါဠိေတာ္၊ ပထမအဆင့္ ဓမၼပဒပါဠိေတာ္၊ ဒုတိယအဆင့္ ၀ိနည္းပါဠိေတာ္၊ ဒုတိယအဆင့္ အဂၤုတၳိဳရ္ပါဠိေတာ္၊ ဒုတိယအဆင့္ ဓမၼပဒပါဠိေတာ္၊ တတိယအဆင့္ ၀ိနည္းပါဠိေတာ္၊ တတိယအဆင့္ အဂၤုတၳိဳရ္ပါဠိေတာ္၊ တတိယအဆင့္ ဓမၼပဒပါဠိေတာ္တုိ႔ကုိ ေျဖဆုိၾကရၿပီး တတိယအဆင့္ကုိေအာင္ျမင္မွသာ သာသနာ လကၤာရဘြဲ႕ကုိ ဆက္ကပ္မည္ျဖစ္သည္။ ေျဖဆုိခဲ့သည့္ စာေျဖလႊာမ်ားကုိ ျမန္မာတစ္ ႏုိင္ငံလုံးရွိ စာသင္တုိက္မ်ားမွ စာခ်ဆရာေတာ္မ်ားက အေသးစိတ္စစ္ေဆးၿပီးမွသာ ေအာင္စာရင္းကုိ ထုတ္ျပန္ေၾကျငာၿပီး သာမေဏေက်ာ္စာေမးပြဲပထမအဆင့္ႏွင့္ ဒုတိယအဆင့္စာေမးပြဲမ်ားကုိ အသက္ ၂၀ ေအာက္ သံဃာေတာ္ႏွင့္ ရွင္သာမေဏ၊ သာသနာ့ႏြယ္၀င္သီလရွင္မ်ားသာေျဖဆုိရၿပီး တတိယအဆင့္ စာေမးပြဲကုိ အသက္ ၂၃ ႏွစ္အထိေျဖဆုိႏုိင္ေၾကာင္းသိရွိရသည္။

(၃၁)ႀကိမ္ေျမာက္ သာသနာ့၀န္ေဆာင္ သာမေဏေက်ာ္စာေတာ္ျပန္ပြဲ တြင္ ေအာင္ျမင္ခဲ့ၾကသည့္ သံဃာေတာ္၊ ရွင္သာမေဏႏွင့္ သာသနာ့ႏြယ္၀င္သီလရွင္ မ်ားကုိ ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္၀ါရီ ၁၂ ရက္(ျပည္ေထာင္စုေန႔) တြင္ ရွင္သာမေဏ ဓမၼာ႐ုံ၌ ပထမအဆင့္ႏွင့္ ဒုတိယအဆင့္ေအာင္ျမင္သည့္သံဃာေတာ္၊ သာမေဏႏွင့္ သာသနာ့ႏြယ္၀င္သီလရွင္မ်ားကုိ စာေအာင္ဆုႏွင့္စာေအာင္လက္မွတ္မ်ားကုိ ဆက္ကပ္မည္ျဖစ္ၿပီး တတိယအဆင့္ေအာင္ျမင္သည့္ သံဃာေတာ္မ်ား၊ ရွင္သာမေဏ ႏွင့္ သာသနာ့ႏြယ္၀င္သီလရွင္မ်ားကုိ သာသနာလကၤာရဘြဲ႕ကုိ ဆက္ကပ္သြားမည္ ျဖစ္ေၾကာင္းႏွင့္ သာမေဏေက်ာ္စာျပန္ပြဲကုိ သီတင္းကြၽတ္ လကုန္ဆုံးသည္ႏွင့္ အနယ္နယ္အရပ္ရပ္ရွိ သာသနာေရးအသင္းမ်ားက ၿမိဳ႕နယ္မ်ားအလုိက္ ႏွစ္စဥ္ က်င္းပလ်က္ရွိသည္။

(Unicode Version)

(၃၁)ကြိမ်မြောက်သာသနာ့ဝန်ဆောင်သာမဏေကျော် စာတော်ပြန် ပွဲဖြေဆိုနေသည့် သံဃာတော်များ၊ ရှင်သာမဏေများနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှမိသားစုက နေ့ဆွမ်းဆက်ကပ်လှူဒါန်း

နေပြည်တော် ၊ ဒီဇင်ဘာ ၁၈

သီလသုတစွယ်စုံလှ၍သာသနာ့တန်ဆောင် အလင်းဆောင်နိုင်စေရန် ရည်ရွယ်၍ သာသနာ့ဝန်ဆောင် အသင်းက ဦးစီးကျင်းပသည့်(၃၁)ကြိမ်မြောက် သာသနာ့ဝန်ဆောင် သာမဏေကျော်စာပြန်ပွဲကို ဒီဇင်ဘာ ၁၇ ရက်နေ့မှ ဒီဇင်ဘာ ၁၉ ရက်အထိ ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော် အရှေ့ဖက်မုဒ်ရှိ တပ်မတော်ဓမ္မာရုံ၊ ရှင်သာမဏေဓမ္မာရုံ၊ မင်္ဂလာဗျူဟာဓမ္မာရုံ စာစစ်ဌာနများတွင်ကျင်းပလျက်ရှိရာ မြန်မာတစ်နိုင်ငံလုံးရှိ သံဃာတော်များ၊ သာမဏေများနှင့် သာသနာ့နွယ်ဝင် သီလရှင် များအား ယနေ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဒေါ်ကြူကြူလှ မိသားစု ကနေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။

အဆိုပါနေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ် ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် သံဃာတော်များ၊ ရှင်သာမဏေများနှင့် သာသနာ့ နွယ်ဝင်သီလရှင်များ၏ ဖြေဆိုနေမှုများအား လိုက်လံကြည့်ရှုအားပေးကြသည်။ ယင်းနောက် ဗဟန်းမြို့နယ်ရှိ မဟာဝိသုဒ္ဓါရုံ ကျောင်းတိုက်မှ တိုက်ကြပ်ဆရာတော် ဒွိပိဋကဓရပါဠိပါရဂူ ဘဒ္ဒန္တဝဇိရ ပါဏီ လင်္ကာရာဘိ၀ံသ အမှူးပြုသောသံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ မိသားစုဝင်များနှင့် တပ်မတော်အရာရှိကြီးများက စာဖြေသံဃာတော်များနှင့် ရှင်သာမဏေများအား နေ့ဆွမ်းလောင်းလှူကြပြီး သာသနာ့နွယ်ဝင်သီလရှင်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြကာ သံဃာတော်များ၊ ရှင်သာမဏေများနှင့် သာသနာ့နွယ်ဝင်သီလရှင် များ နေ့ဆွမ်းဘုန်းပေးနေမှုအား လိုက်လံကြည့်ရှုခဲ့ကြသည်။

အဆိုပါစာပြန်ပွဲ၌ ပထမနေ့တွင် ၀ိနည်းပါဠိတော်၊ ဒုတိယနေ့တွင် အင်္ဂုတ္ထိုရ်ပါဠိတော်၊ တတိယနေ့တွင် ဓမ္မပဒပါဠိတော်နှင့် အဋ္ဌကထာတို့ကို ဖြေဆို ခဲ့ကြသည်။ ယင်းစာတော်ပြန်ပွဲ၌ ပထမအဆင့်တွင် ဖြေဆိုသူ ၁၃၇၃ ပါး၊ ဒုတိယ အဆင့်တွင် ဖြေဆိုသူ ၉၇၈ ပါး၊ တတိယအဆင့်တွင် ဖြေဆိုသူ ၄၉၇ ပါး၊ စုစုပေါင်း နိုင်ငံတစ်ဝန်းရှိ သံဃာတော်၊ ရှင်သာမဏေနှင့် သာသနာ့နွယ်ဝင်သီလရှင် စုစုပေါင်း ၂၈၄၈ ပါး ၀င်ရောက်ဖြေဆိုကြပြီး ပထမအဆင့်ဖြေဆိုမည့် သံဃာတော်၊ ရှင်သာမဏေ နှင့် သာသနာ့ နွယ်ဝင်သီ လရှင်များသည် နှုတ်ဖြေစာမေးပွဲကို ပထမဆုံးဖြေဆိုကြရပြီး နှုတ်ဖြေအောင်မြင်မှသာ ရေးဖြေစာမေးပွဲအား ဆက်လက်ဖြေဆိုကြရမည်ဖြစ်သည်။

စာတော်ပြန်ပွဲတွင် သံဃာတော်၊ ရှင်သာမဏေနှင့် သာသာနာ့နွယ်ဝင်သီလရှင် တို့သည် သက်ဆိုင်ရာ အဆင့်အလိုက် ဖြေဆိုရမည်ဖြစ်ပြီး ပထမအဆင့် ၀ိနည်းပါဠိတော်၊ ပထမအဆင့် အင်္ဂုတ္ထိုရ်ပါဠိတော်၊ ပထမအဆင့် ဓမ္မပဒပါဠိတော်၊ ဒုတိယအဆင့် ၀ိနည်းပါဠိတော်၊ ဒုတိယအဆင့် အင်္ဂုတ္ထိုရ်ပါဠိတော်၊ ဒုတိယအဆင့် ဓမ္မပဒပါဠိတော်၊ တတိယအဆင့် ၀ိနည်းပါဠိတော်၊ တတိယအဆင့် အင်္ဂုတ္ထိုရ်ပါဠိတော်၊ တတိယအဆင့် ဓမ္မပဒပါဠိတော်တို့ကို ဖြေဆိုကြရပြီး တတိယအဆင့်ကိုအောင်မြင်မှသာ သာသနာ လင်္ကာရဘွဲ့ကို ဆက်ကပ်မည်ဖြစ်သည်။ ဖြေဆိုခဲ့သည့် စာဖြေလွှာများကို မြန်မာတစ် နိုင်ငံလုံးရှိ စာသင်တိုက်များမှ စာချဆရာတော်များက အသေးစိတ်စစ်ဆေးပြီးမှသာ အောင်စာရင်းကို ထုတ်ပြန်ကြေငြာပြီး သာမဏေကျော်စာမေးပွဲပထမအဆင့်နှင့် ဒုတိယအဆင့်စာမေးပွဲများကို အသက် ၂၀ အောက် သံဃာတော်နှင့် ရှင်သာမဏေ၊ သာသနာ့နွယ်ဝင်သီလရှင်များသာဖြေဆိုရပြီး တတိယအဆင့် စာမေးပွဲကို အသက် ၂၃ နှစ်အထိဖြေဆိုနိုင်ကြောင်းသိရှိရသည်။

(၃၁)ကြိမ်မြောက် သာသနာ့ဝန်ဆောင် သာမဏေကျော်စာတော်ပြန်ပွဲ တွင် အောင်မြင်ခဲ့ကြသည့် သံဃာတော်၊ ရှင်သာမဏေနှင့် သာသနာ့နွယ်ဝင်သီလရှင် များကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့) တွင် ရှင်သာမဏေ ဓမ္မာရုံ၌ ပထမအဆင့်နှင့် ဒုတိယအဆင့်အောင်မြင်သည့်သံဃာတော်၊ သာမဏေနှင့် သာသနာ့နွယ်ဝင်သီလရှင်များကို စာအောင်ဆုနှင့်စာအောင်လက်မှတ်များကို ဆက်ကပ်မည်ဖြစ်ပြီး တတိယအဆင့်အောင်မြင်သည့် သံဃာတော်များ၊ ရှင်သာမဏေ နှင့် သာသနာ့နွယ်ဝင်သီလရှင်များကို သာသနာလင်္ကာရဘွဲ့ကို ဆက်ကပ်သွားမည် ဖြစ်ကြောင်းနှင့် သာမဏေကျော်စာပြန်ပွဲကို သီတင်းကျွတ် လကုန်ဆုံးသည်နှင့် အနယ်နယ်အရပ်ရပ်ရှိ သာသနာရေးအသင်းများက မြို့နယ်များအလိုက် နှစ်စဉ်ကျင်းပလျက်ရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။