တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၉)သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကျင်းပ

ေနျပည္ေတာ္၊  ဒီဇင္ဘာ ၁၉

တပ္မေတာ္(ၾကည္း၊ေရ၊ေလ)အတြက္လုိအပ္ေသာ လက္႐ုံးရည္၊ ႏွလုံးရည္ ျပည့္၀သည့္ ေဆးသိပၸံ ပညာရွင္အရာရွိေကာင္းမ်ား ေမြးထုတ္ေပးရန္ဆုိသည့္  ရည္ရြယ္ခ်က္ျဖင့္ ဖြင့္လွစ္သင္ၾကားလ်က္ ရွိသည့္ တပ္မေတာ္ေဆးတကၠသုိလ္၏  ဗုိလ္ေလာင္းသင္တန္းအမွတ္စဥ္(၁၉)သင္တန္းဆင္း ဂုဏ္ျပဳ စစ္ေရးျပအခမ္းအနားအား ယေန႔နံနက္ပုိင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ အဆုိပါတပ္မေတာ္ေဆးတကၠသုိလ္ စစ္ေရးျပကြင္း၌ က်င္းပျပဳလုပ္သည္။

အခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္တက္ေရာက္၍ မိန္႔ခြန္းေျပာၾကားၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ဗုိလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုးမွ တပ္မေတာ္အရာရိွႀကီးမ်ား၊ တုိင္းမွဴးမ်ား၊ တပ္မေတာ္ေဆးတကၠသိုလ္ ေက်ာင္းအုပ္ႀကီးႏွင့္ မဂၤလာဒုံတပ္နယ္မွ တပ္မေတာ္ အရာရိွႀကီးမ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား၊ သင္တန္းဆင္းဗိုလ္ေလာင္းမ်ား ၏ မိဘေဆြမ်ိဳးမ်ားတက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္က ဗိုလ္ေလာင္းတပ္ခြဲမ်ား၏ အေလးျပဳျခင္းကိုခံယူသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္သည္ ေက်ာင္းဆင္းဗိုလ္ေလာင္းတပ္ခဲြမ်ားကို စစ္ေဆးသည္။ ထို႔ေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္အား ဗိုလ္ေလာင္းတပ္ခဲြက အေႏွးေလွ်ာက္၊ အျမန္ေလွ်ာက္တို႔ျဖင့္ ခ်ီတက္ အေလးျပဳၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္က တပ္မေတာ္ေဆးတကၠသိုလ္ ဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္(၁၉)မွ ေအာင္စစ္သည္ဆုရရွိသူ ဗိုလ္ေလာင္းအမွတ္ ၅၃၈၅ ဗိုလ္ေလာင္း ဘုန္းျပည့္ေက်ာ္၊ ေလ့က်င့္ေရးထူးခြၽန္ဆုရရိွသူ ဗိုလ္ေလာင္းအမွတ္ ၅၃၉၆ ဗုိလ္ေလာင္း ေ၀ယံျပည့္စုံ၊ စာေပထူးခြၽန္ဆုရရိွသူ ဗိုလ္ေလာင္းအမွတ္ ၅၃၆၉ ဗိုလ္ေလာင္း ေကာင္းျပည့္စုံတို႔အား ဆုမ်ားအသီးသီးေပးအပ္ခ်ီးျမႇင့္သည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က မိန္႔ခြန္းေျပာၾကားရာ၌ တပ္မေတာ္အရာရွိ ဆရာ၀န္ေကာင္းမ်ား ျဖစ္လာေစရန္ေလ့က်င့္ပ်ိဳးေထာင္ေပးမႈႏွင့္ ပတ္သက္၍-

“ယခုကဲ့သုိ႔ တပ္မေတာ္အရာရွိဆရာ၀န္ေကာင္းမ်ားျဖစ္လာေစရန္ ေလ့က်င့္ ပ်ိဳးေထာင္ေပးရာတြင္ တပ္မေတာ္ဗုိလ္ေရြးအဖြဲ႕၌ စတင္ေရြးခ်ယ္စဥ္ကတည္းက စာေတြ႕၊ လက္ေတြ႕၊ လူေတြ႕စာေမးပြဲမ်ား ေျဖဆုိၿပီး သတ္မွတ္ခ်က္မ်ားႏွင့္အညီ အဆင့္မီစြာ ေအာင္ျမင္သူမ်ားကုိသာ စနစ္တက်ေရြးခ်ယ္ ခဲ့ျခင္းျဖစ္ေၾကာင္း၊ တပ္မေတာ္ေဆးတကၠသုိလ္ေရာက္ရွိခ်ိန္တြင္လည္း စစ္ပညာႏွင့္ေဆးပညာမ်ားကုိ ဗုိလ္ေလာင္းကာလ တစ္ေလွ်ာက္လုံး စနစ္တက်သင္ၾကားေလ့က်င့္ေပးခဲ့သကဲ့သုိ႔ တပ္မေတာ္ အစဥ္အလာေကာင္းမ်ားကုိ လက္ဆင့္ကမ္းသယ္ပုိးထမ္းေဆာင္ႏုိင္သည့္ တပ္မေတာ္အရာရွိ ဆရာ၀န္ေကာင္းမ်ား ျဖစ္လာေအာင္လည္း ေလ့က်င့္ေပးခဲ့ၿပီးျဖစ္ေၾကာင္း၊ ႏုိင္ငံေတာ္ႏွင့္ တပ္မေတာ္က ေဆးပညာရပ္မ်ားႏွင့္ စစ္ပညာမ်ားကုိ အခ်ိန္ႏွင့္ေငြေၾကး အကုန္အက်ခံၿပီး ေလ့က်င့္သင္ၾကားေပးခဲ့ရျခင္းျဖစ္သကဲ့သုိ႔  တပ္မေတာ္အရာရွိ ဆရာ၀န္ဆုိသည့္ဂုဏ္သိကၡာအား ထိန္းသိမ္းၿပီးမိမိကုိယ္ကုိမိမိ တန္ဖုိးထား ဂုဏ္ယူတတ္ၾကရန္ အေလးအနက္ထားမွာၾကားလုိေၾကာင္း၊ ေဆးပညာရွင္မ်ားျဖစ္သည့္ မိမိတုိ႔သည္ဘ၀ရည္မွန္းခ်က္ ျမင့္ျမင့္မားမားထားရွိၿပီး ရည္မွန္းထား သည့္အတုိင္း မိမိဘ၀တုိးတက္ေအာင္ စိတ္ဓာတ္ခံယူခ်က္ မွန္ကန္ေကာင္းမြန္စြာျဖင့္ ႀကိဳးစား သြားၾကရန္ လုိအပ္သကဲ့သုိ႔ တပ္မေတာ္သားျဖစ္သည့္ မိမိတုိ႔အေနျဖင့္ အမိန္႔နာခံမႈအားေကာင္းၿပီး မိမိတပ္ဖြဲ႕၊ တပ္မေတာ္ႏွင့္တုိင္းျပည္အေပၚသစၥာရွိရွိျဖင့္ စစ္သားေကာင္းပီသစြာ ေပးအပ္လာသည့္ မည္သည့္တာ၀န္ကုိမဆုိ ေက်ပြန္စြာထမ္းေဆာင္သြားၾကရန္ လုိအပ္ေၾကာင္း” ေျပာၾကားသည္။

ဆက္လက္ၿပီး ေဆးသိပၸံနယ္ပယ္တုိးတက္မႈမ်ားအား ေလ့လာသင္ယူ အသုံးခ်ရန္ လုိအပ္မႈႏွင့္ ပတ္သက္၍-

“ယေန႔ေခတ္တြင္ သိပၸံႏွင့္နည္းပညာရပ္မ်ားအရွိန္အဟုန္ျဖင့္ တုိးတက္ျဖစ္ေပၚေနသည့္ ေခတ္ ျဖစ္သျဖင့္ ေဆးသိပၸံနယ္ပယ္တြင္ ေရာဂါရွာေဖြသည့္ ပစၥည္းကိရိယာမ်ား၊ ကုသသည့္ကိရိယာမ်ား၊ ေဆး၀ါးႏွင့္ကုထုံးမ်ားသည္လည္း အၿမဲဆန္းသစ္ တုိးတက္ေပၚထြန္းေနသည့္အတြက္ မ်က္ျခည္မျပတ္ ေလ့လာသင္ယူၿပီး စာေတြ႕ လက္ေတြ႕ ထိေရာက္စြာအသုံးခ်ႏုိင္ေရး ႀကိဳးစားသြားၾကရန္လုိေၾကာင္း၊ ေခတ္ႏွင့္အညီ ေျပာင္းလဲတုိးတက္ေနသည့္ စစ္ပညာရပ္မ်ားႏွင့္ ေဆးပညာရပ္မ်ားကုိ ထိေရာက္စြာ အသုံးခ်ႏုိင္ရန္အတြက္ အၿမဲေလ့လာ၊ ကြၽမ္းက်င္မႈရွိေအာင္အၿမဲေလ့က်င့္၊ ေလ့လာ ေလ့က်င့္ခဲ့မႈမ်ား အား လက္ေတြ႕နယ္ပယ္တြင္ အၿမဲလုိက္နာက်င့္သုံးေနၾကရန္မွာၾကား လုိေၾကာင္း” ေျပာၾကားသည္။

ေခတ္မီတပ္မေတာ္အျဖစ္တည္ေဆာက္လ်က္ရွိရာတြင္ ေဆး၀န္ထမ္းတပ္ဖြဲ႕မ်ား၏ ေဆာင္ရြက္ေပး ရမည့္လုပ္ငန္းမ်ားအလြန္အေရးပါမႈႏွင့္ပတ္သက္၍-

“တပ္မေတာ္အား စြမ္းရည္ရွိသည့္ေခတ္မီတပ္မေတာ္ (Standard Army) အျဖစ္ တည္ေဆာက္ လ်က္ရွိရာတြင္ လက္နက္နည္းပညာေခတ္မီတုိးတက္ၿပီး စစ္ေရးစြမ္းအား (Military Might) ရွိေန႐ုံသာမက ေခတ္မီလက္နက္မ်ားကုိ ကုိင္တြယ္ အသုံးျပဳမည့္ တပ္မေတာ္သားတုိင္းကလည္း က်န္းမာႀကံ့ခုိင္ၿပီးအၿမဲတမ္းတုိက္ပြဲ၀င္ အသင့္ျဖစ္ေနေစရန္အတြက္ ေဆး၀န္ထမ္းတပ္ဖြဲ႕မ်ားက ေဆာင္ရြက္ေပးရမည္ျဖစ္ေၾကာင္း၊ ႏုိင္ငံေတာ္ကာကြယ္ေရးတာ၀န္မ်ားကုိ အခ်ိန္ရာသီမေရြး၊ ေနရာေဒသမေရြး တာ၀န္ထမ္းေဆာင္ၾကရမည့္တပ္မေတာ္သားမ်ားသည္ က်န္းမာႀကံ့ခုိင္မႈမ်ားႏွင့္ ျပည့္စုံမွသာ စစ္ဆင္ေရးတာ၀န္မ်ားကုိ အၿမဲအသင့္ထမ္းေဆာင္ႏုိင္မွာျဖစ္သျဖင့္  က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ားသည္ အလြန္အေရးႀကီးေၾကာင္း”ေျပာၾကား သည္။

သမားေကာင္းတစ္ဦး၏ ကုိယ္က်င့္တရားမ်ားျဖင့္ပတ္သက္ၿပီး ေဆာင္ရြက္ရမည့္ကိစၥရပ္မ်ားႏွင့္ တပ္မေတာ္သားမ်ားႏွင့္ မိသားစု၀င္မ်ားသာမက တုိင္းရင္းသား ျပည္သူလူထုမ်ားအား က်န္းမာေရး ေစာင့္ေရွာက္ေပးေနမႈႏွင့္ပတ္သက္၍-

“ေဆးပညာဘြဲ႕အပ္ႏွင္းသည့္အခမ္းအနားတုိင္းတြင္ သစၥာျပဳရသည့္ အဓိ႒ာန္ျပဳကတိသစၥာ ၉ ခ်က္ကုိ အေျခခံက်င့္၀တ္အေနျဖင့္ အၿမဲလက္ကုိင္ျပဳၿပီး Medical Ethics ဟုေခၚသည့္ ေဆးပညာက်င့္၀တ္၊ Research  Ethics ဟုေခၚသည့္ သုေတသနက်င့္၀တ္မ်ားကုိ ေစာင့္ထိန္းလုိက္နာၿပီး ေစတနာ၊ အၾကင္နာ၊ က႐ုဏာ ႏွင့္ကုိယ္ခ်င္းစာမႈမ်ား ထားရွိေဆာင္ရြက္ေပးသြားရန္မွာၾကားလိုေၾကာင္း၊ တပ္မေတာ္ နယ္လွည့္ေဆးကုသေရးအဖြဲ႕မ်ားျဖင့္ျပည္နယ္၊ တုိင္းေဒသႀကီးအသီးသီးတြင္ တုိင္းရင္းသားျပည္သူမ်ား၏ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားကုိ ေဆာင္ရြက္ ေပးလ်က္ ရွိေၾကာင္း၊ ထုိသုိ႔ေဆာင္ရြက္ေပးရာတြင္ ေ၀းလံေခါင္ပါးေဒသမ်ားျဖစ္သည့္ စစ္ကုိင္းတုိင္းေဒသႀကီး၊ ခ်င္းျပည္နယ္ႏွင့္ နာဂကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသမ်ားတြင္ တာ၀န္ထမ္းေဆာင္ရန္အတြက္ မိမိ သေဘာဆႏၵအေလ်ာက္ဆႏၵျပဳခဲ့သည့္ ပထမဆုံး တပ္မေတာ္သားဆရာ၀န္ ၄၄ ဦးအဖြဲ႕သည္ ၂၀၁၆ ခုႏွစ္၊ မတ္လမွစတင္ၿပီး အဆုိပါေဒသမ်ားတြင္ရွိသည့္ ေဆး႐ုံေပါင္း ၂၂ ႐ုံတြင္ ေဆးကုသေရး တာ၀န္မ်ားကုိ ထမ္းေဆာင္ခဲ့ၾကေၾကာင္း၊ ယခုဆုိလွ်င္တပ္မေတာ္သားဆရာ၀န္ ၄၄ ဦးပါသည့္ ဒုတိယအဖြဲ႕သည္လည္း ၂၀၁၈ ခုႏွစ္၊ ဧၿပီလတြင္ ပထမအဖြဲ႕ႏွင့္ တာ၀န္လဲလွယ္ ထမ္းေဆာင္ ေနၾကၿပီျဖစ္ေၾကာင္း၊ အဆုိပါအဖြဲ႕မ်ားအေနျဖင့္ ေဒသခံတုိင္းရင္းသားျပည္သူမ်ား၏ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ားကုိ ေဆာင္ရြက္ရာတြင္ စိတ္ေရာကုိယ္ပါ ထိေရာက္စြာ ေဆာင္ရြက္ခဲ့သည့္ အျပင္ အားလပ္ခ်ိန္မ်ားတြင္လည္း ေဒသခံေက်ာင္းသား၊ ေက်ာင္းသူမ်ားကုိ အခမဲ့ပညာ သင္ၾကားေပးျခင္းမ်ားႏွင့္ လူမႈေရးလုပ္ငန္းမ်ား ကူညီေဆာင္ရြက္ေပးခဲ့ၾကသျဖင့္ ေဒသခံတုိင္းရင္းသား ျပည္သူမ်ား၏ ခ်စ္ခင္ေလးစားမႈကုိရရွိခဲ့ၾကေၾကာင္း၊ ထုိ႔ေၾကာင့္ တာ၀န္က်ရာ             တပ္အသီးသီးသုိ႔ ေရာက္ရွိပါက ျပည္သူလူထု၏ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားတြင္ အားတက္သေရာပါ၀င္ေဆာင္ရြက္သြားၾကရန္ အေလးအနက္ထားမွာၾကားလုိေၾကာင္း”ေျပာၾကား သည္။

ႏုိင္ငံေတာ္တည္တံ့ခုိင္ၿမဲေရးအတြက္ ႏုိင္ငံသားမ်ား၏အမ်ိဳးသားေရး စိတ္ဓာတ္ အေရးႀကီးေၾကာင္း ေျပာၾကားရာတြင္-

အမ်ိဳးသားေရးစိတ္ဓာတ္ဆုိသည္မွာ ႏုိင္ငံတစ္ႏုိင္ငံကုိ အတူတကြပုိင္ဆုိင္ ၾကသည္ဆုိသည့္ အသိတရားေပၚတြင္အေျခခံၿပီး မိမိႏုိင္ငံအေပၚသစၥာရွိျခင္း၊ မိမိႏုိင္ငံ၏ ယဥ္ေက်းမႈသမုိင္း အစဥ္အလာမ်ားအေပၚ ဂုဏ္ယူ၀င့္ၾကြားျခင္း၊ မိမိႏုိင္ငံ၏ လြတ္လပ္ေရးကိုျမတ္ႏုိးျခင္းဆုိသည့္ စိတ္ဓာတ္မ်ားႏွင့္ မိမိႏုိင္ငံတည္ၿမဲေရးအတြက္ ညီၫြတ္စြာေပါင္းစည္းထားသည့္စိတ္ဓာတ္သည္ အမ်ိဳးသားေရးစိတ္ဓာတ္ပင္ ျဖစ္ေၾကာင္း၊ တစ္နည္းအားျဖင့္ ႏုိင္ငံအတြင္းေနထုိင္ၾကသည့္ ႏုိင္ငံသား အားလုံး၏ မ်ိဳးခ်စ္စိတ္၊ ႏုိင္ငံခ်စ္စိတ္ကို အမ်ိဳးသားေရးစိတ္ဓာတ္ဟုေခၚဆုိ္ႏုိင္ၿပီး မိမိတုိ႔ျမန္မာမ်ား ေရွးအစဥ္အဆက္သုံးစြဲခဲ့သည့္ ၀ံသာႏုရကၡိတတရားလည္းျဖစ္ေၾကာင္း၊ “၀ံသာႏု ရကၡိတ တရား” ကုိျမန္မာအဘိဓာန္မွာ “မိမိႏုိင္ငံႏွင့္ မိမိလူမ်ိဳးကုိ အစဥ္ေစာင့္ေရွာက္ျခင္း” ဟုအဓိပၸါယ္ ဖြင့္ဆုိ ထားသည္ကုိ ေတြ႕ရမည္ျဖစ္ေၾကာင္း၊ အမ်ိဳးသားေရးစိတ္ဓာတ္ျဖစ္သည့္ ၀ံသာႏု ရကၡိတတရား ပ်က္ျပားေလ်ာ့နည္းေစမည့္ လုပ္ငန္းမွန္သမွ်အား အသိတရားျဖင့္ကာကြယ္သြားမွသာ မိမိတုိ႔ႏုိင္ငံ၏ အမ်ိဳးသားေရး  ကုိယ္ခံစြမ္းအားျမင့္တက္ေနမည္ျဖစ္ၿပီး ကမၻာတည္သေရြ႕ ျမန္မာဆုိတာတည္တံ့ ခုိင္ၿမဲေနမည္ျဖစ္ေၾကာင္း” ေျပာၾကားသည္။

ဆက္လက္ၿပီး ေခါင္းေဆာင္မႈအရည္အခ်င္းမ်ား ျပည့္စုံေအာင္ေဆာင္ရြက္ရမည့္ကိစၥရပ္မ်ားႏွင့္ ပတ္သက္၍-

“တပ္မေတာ္သားဆရာ၀န္မ်ားျဖစ္သည္ မိမိတုိ႔သည္ စစ္ဘက္ေခါင္းေဆာင္ငယ္မ်ားလည္းျဖစ္သျဖင့္ မိမိကုိယ္ကုိ ေခါင္းေဆာင္မႈအရည္အခ်င္းမ်ားႏွင့္ ျပည့္စုံ ေနေစရန္ တည္ေဆာက္ၾကရမည္ ျဖစ္ေၾကာင္း၊ ေခါင္းေဆာင္မႈဆုိသည္မွာ မိမိ လက္ေအာက္မွ ယုံၾကည္အားကုိးစြာျဖင့္ေခါင္းေဆာင္၏ ဦးေဆာင္မႈအတုိင္း လုိက္ပါေဆာင္ရြက္သည့္ ေခါင္းေဆာင္မႈမ်ိဳးကုိ ဆုိလုိျခင္းျဖစ္ေၾကာင္း၊ မွန္ကန္သည့္ ေခါင္းေဆာင္မႈေပးၿပီး မိမိတပ္ဖြဲ႕၀င္မ်ားႏွင့္အတူ ေပးအပ္လာသည့္ ရည္မွန္းခ်က္ တာ၀န္မ်ားကုိ ေက်ပြန္ေအာင္ထမ္းေဆာင္ႏုိင္ၾကရမည္ျဖစ္ေၾကာင္း၊ တစ္ဦးခ်င္းစီ၏ စြမ္းရည္ သုံးရပ္ျပည့္၀မႈ၊ တပ္ရင္း၊ တပ္ဖြဲ႕မ်ား၏ စြမ္းရည္သုံးရပ္ျပည္စုံမႈမ်ားမွတစ္ဆင့္ တပ္မေတာ္တစ္ရပ္လုံး စြမ္းရည္သုံးရပ္ျပည့္၀ထက္ျမက္ကာ မိမိတုိ႔ႏုိင္ငံ၏ ကာကြယ္ေရးစြမ္းရည္ျမင့္မားေနမည္ျဖစ္ေၾကာင္း” ေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္ သည္ ဗိုလ္ေလာင္းတပ္ခဲြမ်ား၏ အေလးျပဳျခင္းကို ခံယူၿပီးစစ္ေရးျပအခမ္းအနားမွ ျပန္လည္ထြက္ခြာ သြားသည္။

စစ္ေရးျပအခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴဳးႀကီး မဟာသေရ စည္သူ မင္းေအာင္လိႈင္သည္ တပ္မေတာ္ေဆးတကၠသိုလ္ ဧည့္ခန္းမေဆာင္၌ တပ္မေတာ္ ေဆးတကၠသိုလ္ ဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္(၁၉) မွ ထူးခြၽန္ဆုရရိွၾကသည့္ ဗိုလ္ေလာင္းမ်ားႏွင့္ ၎တို႔၏မိဘမ်ားအားေတြ႕ဆံု၍ ဂုဏ္ျပဳအမွာစကားေျပာၾကားခဲ့သည္။

 

(Unicode Version)

တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၉)သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကျင်းပ

နေပြည်တော်၊  ဒီဇင်ဘာ ၁၉

တပ်မတော်(ကြည်း၊ရေ၊လေ)အတွက်လိုအပ်သော လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသည့် ဆေးသိပ္ပံ ပညာရှင်အရာရှိကောင်းများ မွေးထုတ်ပေးရန်ဆိုသည့်  ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်သင်ကြားလျက် ရှိသည့် တပ်မတော်ဆေးတက္ကသိုလ်၏  ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၉)သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အဆိုပါတပ်မတော်ဆေးတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်တက်ရောက်၍ မိန့်ခွန်းပြောကြားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တိုင်းမှူးများ၊ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် မင်္ဂလာဒုံတပ်နယ်မှ တပ်မတော် အရာရှိကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းဆင်းဗိုလ်လောင်းများ ၏ မိဘဆွေမျိုးများတက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲများကို စစ်ဆေးသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား ဗိုလ်လောင်းတပ်ခွဲက အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက် အလေးပြုကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၉)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၅၃၈၅ ဗိုလ်လောင်း ဘုန်းပြည့်ကျော်၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၅၃၉၆ ဗိုလ်လောင်း ဝေယံပြည့်စုံ၊ စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၅၃၆၉ ဗိုလ်လောင်း ကောင်းပြည့်စုံတို့အား ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်းပြောကြားရာ၌ တပ်မတော်အရာရှိ ဆရာဝန်ကောင်းများ ဖြစ်လာစေရန်လေ့ကျင့်ပျိုးထောင်ပေးမှုနှင့် ပတ်သက်၍-

“ယခုကဲ့သို့ တပ်မတော်အရာရှိဆရာဝန်ကောင်းများဖြစ်လာစေရန် လေ့ကျင့် ပျိုးထောင်ပေးရာတွင် တပ်မတော်ဗိုလ်ရွေးအဖွဲ့၌ စတင်ရွေးချယ်စဉ်ကတည်းက စာတွေ့၊ လက်တွေ့၊ လူတွေ့စာမေးပွဲများ ဖြေဆိုပြီး သတ်မှတ်ချက်များနှင့်အညီ အဆင့်မီစွာ အောင်မြင်သူများကိုသာ စနစ်တကျရွေးချယ် ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော်ဆေးတက္ကသိုလ်ရောက်ရှိချိန်တွင်လည်း စစ်ပညာနှင့်ဆေးပညာများကို ဗိုလ်လောင်းကာလ တစ်လျှောက်လုံး စနစ်တကျသင်ကြားလေ့ကျင့်ပေးခဲ့သကဲ့သို့ တပ်မတော် အစဉ်အလာကောင်းများကို လက်ဆင့်ကမ်းသယ်ပိုးထမ်းဆောင်နိုင်သည့် တပ်မတော်အရာရှိ ဆရာဝန်ကောင်းများ ဖြစ်လာအောင်လည်း လေ့ကျင့်ပေးခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်က ဆေးပညာရပ်များနှင့် စစ်ပညာများကို အချိန်နှင့်ငွေကြေး အကုန်အကျခံပြီး လေ့ကျင့်သင်ကြားပေးခဲ့ရခြင်းဖြစ်သကဲ့သို့  တပ်မတော်အရာရှိ ဆရာဝန်ဆိုသည့်ဂုဏ်သိက္ခာအား ထိန်းသိမ်းပြီးမိမိကိုယ်ကိုမိမိ တန်ဖိုးထား ဂုဏ်ယူတတ်ကြရန် အလေးအနက်ထားမှာကြားလိုကြောင်း၊ ဆေးပညာရှင်များဖြစ်သည့် မိမိတို့သည်ဘဝရည်မှန်းချက် မြင့်မြင့်မားမားထားရှိပြီး ရည်မှန်းထား သည့်အတိုင်း မိမိဘဝတိုးတက်အောင် စိတ်ဓာတ်ခံယူချက် မှန်ကန်ကောင်းမွန်စွာဖြင့် ကြိုးစား သွားကြရန် လိုအပ်သကဲ့သို့ တပ်မတော်သားဖြစ်သည့် မိမိတို့အနေဖြင့် အမိန့်နာခံမှုအားကောင်းပြီး မိမိတပ်ဖွဲ့၊ တပ်မတော်နှင့်တိုင်းပြည်အပေါ်သစ္စာရှိရှိဖြင့် စစ်သားကောင်းပီသစွာ ပေးအပ်လာသည့် မည်သည့်တာဝန်ကိုမဆို ကျေပွန်စွာထမ်းဆောင်သွားကြရန် လိုအပ်ကြောင်း” ပြောကြားသည်။

ဆက်လက်ပြီး ဆေးသိပ္ပံနယ်ပယ်တိုးတက်မှုများအား လေ့လာသင်ယူ အသုံးချရန် လိုအပ်မှုနှင့် ပတ်သက်၍-

“ယနေ့ခေတ်တွင် သိပ္ပံနှင့်နည်းပညာရပ်များအရှိန်အဟုန်ဖြင့် တိုးတက်ဖြစ်ပေါ်နေသည့် ခေတ် ဖြစ်သဖြင့် ဆေးသိပ္ပံနယ်ပယ်တွင် ရောဂါရှာဖွေသည့် ပစ္စည်းကိရိယာများ၊ ကုသသည့်ကိရိယာများ၊ ဆေးဝါးနှင့်ကုထုံးများသည်လည်း အမြဲဆန်းသစ် တိုးတက်ပေါ်ထွန်းနေသည့်အတွက် မျက်ခြည်မပြတ် လေ့လာသင်ယူပြီး စာတွေ့ လက်တွေ့ ထိရောက်စွာအသုံးချနိုင်ရေး ကြိုးစားသွားကြရန်လိုကြောင်း၊ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် စစ်ပညာရပ်များနှင့် ဆေးပညာရပ်များကို ထိရောက်စွာ အသုံးချနိုင်ရန်အတွက် အမြဲလေ့လာ၊ ကျွမ်းကျင်မှုရှိအောင်အမြဲလေ့ကျင့်၊ လေ့လာ လေ့ကျင့်ခဲ့မှုများ အား လက်တွေ့နယ်ပယ်တွင် အမြဲလိုက်နာကျင့်သုံးနေကြရန်မှာကြား လိုကြောင်း” ပြောကြားသည်။

ခေတ်မီတပ်မတော်အဖြစ်တည်ဆောက်လျက်ရှိရာတွင် ဆေးဝန်ထမ်းတပ်ဖွဲ့များ၏ ဆောင်ရွက်ပေး ရမည့်လုပ်ငန်းများအလွန်အရေးပါမှုနှင့်ပတ်သက်၍-

“တပ်မတော်အား စွမ်းရည်ရှိသည့်ခေတ်မီတပ်မတော် (Standard Army) အဖြစ် တည်ဆောက် လျက်ရှိရာတွင် လက်နက်နည်းပညာခေတ်မီတိုးတက်ပြီး စစ်ရေးစွမ်းအား (Military Might) ရှိနေရုံသာမက ခေတ်မီလက်နက်များကို ကိုင်တွယ် အသုံးပြုမည့် တပ်မတော်သားတိုင်းကလည်း ကျန်းမာကြံ့ခိုင်ပြီးအမြဲတမ်းတိုက်ပွဲဝင် အသင့်ဖြစ်နေစေရန်အတွက် ဆေးဝန်ထမ်းတပ်ဖွဲ့များက ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို အချိန်ရာသီမရွေး၊ နေရာဒေသမရွေး တာဝန်ထမ်းဆောင်ကြရမည့်တပ်မတော်သားများသည် ကျန်းမာကြံ့ခိုင်မှုများနှင့် ပြည့်စုံမှသာ စစ်ဆင်ရေးတာဝန်များကို အမြဲအသင့်ထမ်းဆောင်နိုင်မှာဖြစ်သဖြင့်  ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများသည် အလွန်အရေးကြီးကြောင်း”ပြောကြား သည်။

သမားကောင်းတစ်ဦး၏ ကိုယ်ကျင့်တရားများဖြင့်ပတ်သက်ပြီး ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် တပ်မတော်သားများနှင့် မိသားစုဝင်များသာမက တိုင်းရင်းသား ပြည်သူလူထုများအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှုနှင့်ပတ်သက်၍-

“ဆေးပညာဘွဲ့အပ်နှင်းသည့်အခမ်းအနားတိုင်းတွင် သစ္စာပြုရသည့် အဓိဋ္ဌာန်ပြုကတိသစ္စာ ၉ ချက်ကို အခြေခံကျင့်ဝတ်အနေဖြင့် အမြဲလက်ကိုင်ပြုပြီး Medical Ethics ဟုခေါ်သည့် ဆေးပညာကျင့်ဝတ်၊ Research  Ethics ဟုခေါ်သည့် သုတေသနကျင့်ဝတ်များကို စောင့်ထိန်းလိုက်နာပြီး စေတနာ၊ အကြင်နာ၊ ကရုဏာ နှင့်ကိုယ်ချင်းစာမှုများ ထားရှိဆောင်ရွက်ပေးသွားရန်မှာကြားလိုကြောင်း၊ တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့များဖြင့်ပြည်နယ်၊ တိုင်းဒေသကြီးအသီးသီးတွင် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက် ပေးလျက် ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ပေးရာတွင် ဝေးလံခေါင်ပါးဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် တာဝန်ထမ်းဆောင်ရန်အတွက် မိမိ သဘောဆန္ဒအလျောက်ဆန္ဒပြုခဲ့သည့် ပထမဆုံး တပ်မတော်သားဆရာဝန် ၄၄ ဦးအဖွဲ့သည် ၂၀၁၆ ခုနှစ်၊ မတ်လမှစတင်ပြီး အဆိုပါဒေသများတွင်ရှိသည့် ဆေးရုံပေါင်း ၂၂ ရုံတွင် ဆေးကုသရေး တာဝန်များကို ထမ်းဆောင်ခဲ့ကြကြောင်း၊ ယခုဆိုလျှင်တပ်မတော်သားဆရာဝန် ၄၄ ဦးပါသည့် ဒုတိယအဖွဲ့သည်လည်း ၂၀၁၈ ခုနှစ်၊ ဧပြီလတွင် ပထမအဖွဲ့နှင့် တာဝန်လဲလှယ် ထမ်းဆောင် နေကြပြီဖြစ်ကြောင်း၊ အဆိုပါအဖွဲ့များအနေဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် စိတ်ရောကိုယ်ပါ ထိရောက်စွာ ဆောင်ရွက်ခဲ့သည့် အပြင် အားလပ်ချိန်များတွင်လည်း ဒေသခံကျောင်းသား၊ ကျောင်းသူများကို အခမဲ့ပညာ သင်ကြားပေးခြင်းများနှင့် လူမှုရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးခဲ့ကြသဖြင့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ချစ်ခင်လေးစားမှုကိုရရှိခဲ့ကြကြောင်း၊ ထို့ကြောင့် တာဝန်ကျရာ             တပ်အသီးသီးသို့ ရောက်ရှိပါက ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် အားတက်သရောပါဝင်ဆောင်ရွက်သွားကြရန် အလေးအနက်ထားမှာကြားလိုကြောင်း”ပြောကြား သည်။

နိုင်ငံတော်တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံသားများ၏အမျိုးသားရေး စိတ်ဓာတ် အရေးကြီးကြောင်း ပြောကြားရာတွင်-

အမျိုးသားရေးစိတ်ဓာတ်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံကို အတူတကွပိုင်ဆိုင် ကြသည်ဆိုသည့် အသိတရားပေါ်တွင်အခြေခံပြီး မိမိနိုင်ငံအပေါ်သစ္စာရှိခြင်း၊ မိမိနိုင်ငံ၏ ယဉ်ကျေးမှုသမိုင်း အစဉ်အလာများအပေါ် ဂုဏ်ယူဝင့်ကြွားခြင်း၊ မိမိနိုင်ငံ၏ လွတ်လပ်ရေးကိုမြတ်နိုးခြင်းဆိုသည့် စိတ်ဓာတ်များနှင့် မိမိနိုင်ငံတည်မြဲရေးအတွက် ညီညွတ်စွာပေါင်းစည်းထားသည့်စိတ်ဓာတ်သည် အမျိုးသားရေးစိတ်ဓာတ်ပင် ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံအတွင်းနေထိုင်ကြသည့် နိုင်ငံသား အားလုံး၏ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ကို အမျိုးသားရေးစိတ်ဓာတ်ဟုခေါ်ဆိုနိုင်ပြီး မိမိတို့မြန်မာများ ရှေးအစဉ်အဆက်သုံးစွဲခဲ့သည့် ဝံသာနုရက္ခိတတရားလည်းဖြစ်ကြောင်း၊ “ဝံသာနု ရက္ခိတ တရား” ကိုမြန်မာအဘိဓာန်မှာ “မိမိနိုင်ငံနှင့် မိမိလူမျိုးကို အစဉ်စောင့်ရှောက်ခြင်း” ဟုအဓိပ္ပါယ် ဖွင့်ဆို ထားသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ အမျိုးသားရေးစိတ်ဓာတ်ဖြစ်သည့် ဝံသာနု ရက္ခိတတရား ပျက်ပြားလျော့နည်းစေမည့် လုပ်ငန်းမှန်သမျှအား အသိတရားဖြင့်ကာကွယ်သွားမှသာ မိမိတို့နိုင်ငံ၏ အမျိုးသားရေး  ကိုယ်ခံစွမ်းအားမြင့်တက်နေမည်ဖြစ်ပြီး ကမ္ဘာတည်သရွေ့ မြန်မာဆိုတာတည်တံ့ ခိုင်မြဲနေမည်ဖြစ်ကြောင်း” ပြောကြားသည်။

ဆက်လက်ပြီး ခေါင်းဆောင်မှုအရည်အချင်းများ ပြည့်စုံအောင်ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် ပတ်သက်၍-

“တပ်မတော်သားဆရာဝန်များဖြစ်သည် မိမိတို့သည် စစ်ဘက်ခေါင်းဆောင်ငယ်များလည်းဖြစ်သဖြင့် မိမိကိုယ်ကို ခေါင်းဆောင်မှုအရည်အချင်းများနှင့် ပြည့်စုံ နေစေရန် တည်ဆောက်ကြရမည် ဖြစ်ကြောင်း၊ ခေါင်းဆောင်မှုဆိုသည်မှာ မိမိ လက်အောက်မှ ယုံကြည်အားကိုးစွာဖြင့်ခေါင်းဆောင်၏ ဦးဆောင်မှုအတိုင်း လိုက်ပါဆောင်ရွက်သည့် ခေါင်းဆောင်မှုမျိုးကို ဆိုလိုခြင်းဖြစ်ကြောင်း၊ မှန်ကန်သည့် ခေါင်းဆောင်မှုပေးပြီး မိမိတပ်ဖွဲ့ဝင်များနှင့်အတူ ပေးအပ်လာသည့် ရည်မှန်းချက် တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်နိုင်ကြရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်းစီ၏ စွမ်းရည် သုံးရပ်ပြည့်ဝမှု၊ တပ်ရင်း၊ တပ်ဖွဲ့များ၏ စွမ်းရည်သုံးရပ်ပြည်စုံမှုများမှတစ်ဆင့် တပ်မတော်တစ်ရပ်လုံး စွမ်းရည်သုံးရပ်ပြည့်ဝထက်မြက်ကာ မိမိတို့နိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်မြင့်မားနေမည်ဖြစ်ကြောင်း” ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးစစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာ သွားသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူုးကြီး မဟာသရေ စည်သူ မင်းအောင်လှိုင်သည် တပ်မတော်ဆေးတက္ကသိုလ် ဧည့်ခန်းမဆောင်၌ တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၉) မှ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်းများနှင့် ၎င်းတို့၏မိဘများအားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။