တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၉)သင်တန်းဆင်း ဂုဏ်ပြုညစာ စားပွဲအခမ်းအနားသို့ တက်ရောက် ချီးမြှင့်

ေနျပည္ေတာ္ ၊ ဒီဇင္ဘာ ၁၉

တပ္မေတာ္ေဆးတကၠသုိလ္ ဗုိလ္ေလာင္းသင္တန္းအမွတ္စဥ္(၁၉) သင္တန္းဆင္း ဂုဏ္ျပဳညစာ စားပဲြအခမ္းအနားကုိ ယေန႔ညေနပုိင္းတြင္ ရန္ကုန္ၿမဳိ႕ရွိ တပ္မေတာ္ ေဆးတကၠသိုလ္ ဘဲြ႕ႏွင္း သဘင္ခန္းမေဆာင္ႀကီး၏ စုေ၀းခန္းမ၌က်င္းပရာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ တက္ေရာက္ခ်ီးျမႇင့္သည္။

အဆိုပါ သင္တန္းဆင္း ဂုဏ္ျပဳညစာစားပဲြအခမ္းအနားသို႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးမွတပ္မေတာ္အရာရိွႀကီးမ်ား၊ တိုင္းမွဴးမ်ား၊ တပ္မေတာ္ေဆးတကၠသုိလ္ ေက်ာင္းအုပ္ႀကီးႏွင့္ ဖိတ္ၾကားထားသည့္ဧည့္သည္ေတာ္မ်ား၊ သင္တန္းဆင္းအရာရိွမ်ားႏွင့္ မိဘေဆြမ်ိဳးမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က သင္တန္းဆင္း အရာရိွမ်ားအား တစ္ဦးခ်င္းရင္းရင္းႏွီးႏွီးလိုက္လံႏႈတ္ဆက္သည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အဖဲြ႕၀င္မ်ားသည္ သင္တန္းဆင္းအရာရိွမ်ား၊ မိဘေဆြမ်ိဳးမ်ားႏွင့္အတူ ညစာ သံုးေဆာင္ၾကသည္။

ညစာသုံးေဆာင္ေနစဥ္အတြင္း ျပည္သူ႕ဆက္ဆံေရးႏွင့္စိတ္ဓာတ္စစ္ဆင္ေရး ၫႊန္ၾကားေရးမွဴး႐ုံး ကြပ္ကဲမႈေအာက္ အမွတ္(၁)တပ္မေတာ္႐ုပ္ျမင္သံၾကားထုတ္လႊင့္ေရးတပ္မွ တေယာအဖြဲ႕ႏွင့္ တပ္မေတာ္ေဆးတကၠသိုလ္ ဂုဏ္ျပဳစစ္တီး၀ုိင္းအဖြဲ႕တုိ႔က ေတးသံသာမ်ားျဖင့္ တီးမႈတ္ ေဖ်ာ္ေျဖၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ တပ္မေတာ္ ေဆးတကၠသုိလ္ ဂုဏ္ျပဳစစ္တီး၀ုိင္းတပ္ဖြဲ႕၏ ဂုဏ္ျပဳတီးမႈတ္မႈအား ၾကည့္႐ႈအားေပးၿပီး ခ်ီးျမႇင့္ေငြမ်ား ေပးအပ္သည္။

သင္တန္းဆင္းဂုဏ္ျပဳညစာစားပဲြအၿပီးတြင္ အမွတ္(၁)တပ္မေတာ္႐ုပ္ျမင္သံၾကား ထုတ္လႊင့္ေရးတပ္ “စိန္တင့္ဆန္း” ဆုိင္းအဖဲြ႕၊ ေခတ္ေပၚေတးဂီတအဖြဲ႕ႏွင့္ အမွတ္(၃) နယ္လွည့္ျပည္သူ႕ဆက္ဆံေရး တပ္ခြဲ “ျပည္ႀကီးမ႑ိဳင္” အၿငိမ့္အဖဲြ႕တုိ႔က ေတးသံသာမ်ား၊ ယိမ္းအကမ်ား၊ အၿငိမ့္မ်ားျဖင့္ ဂုဏ္ျပဳ ေဖ်ာ္ေျဖတင္ဆက္ခဲ့ၾကသည္။

 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၉)သင်တန်းဆင်း ဂုဏ်ပြုညစာ စားပွဲအခမ်းအနားသို့ တက်ရောက် ချီးမြှင့်

နေပြည်တော် ၊ ဒီဇင်ဘာ ၁၉

တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၉) သင်တန်းဆင်း ဂုဏ်ပြုညစာ စားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော် ဆေးတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမဆောင်ကြီး၏ စုဝေးခန်းမ၌ကျင်းပရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အဆိုပါ သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ တိုင်းမှူးများ၊ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ သင်တန်းဆင်းအရာရှိများနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သင်တန်းဆင်း အရာရှိများအား တစ်ဦးချင်းရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် သင်တန်းဆင်းအရာရှိများ၊ မိဘဆွေမျိုးများနှင့်အတူ ညစာ သုံးဆောင်ကြသည်။

ညစာသုံးဆောင်နေစဉ်အတွင်း ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် အမှတ်(၁)တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ တယောအဖွဲ့နှင့် တပ်မတော်ဆေးတက္ကသိုလ် ဂုဏ်ပြုစစ်တီးဝိုင်းအဖွဲ့တို့က တေးသံသာများဖြင့် တီးမှုတ် ဖျော်ဖြေကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်မတော် ဆေးတက္ကသိုလ် ဂုဏ်ပြုစစ်တီးဝိုင်းတပ်ဖွဲ့၏ ဂုဏ်ပြုတီးမှုတ်မှုအား ကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေများ ပေးအပ်သည်။

သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအပြီးတွင် အမှတ်(၁)တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် “စိန်တင့်ဆန်း” ဆိုင်းအဖွဲ့၊ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့် အမှတ်(၃) နယ်လှည့်ပြည်သူ့ဆက်ဆံရေး တပ်ခွဲ “ပြည်ကြီးမဏ္ဍိုင်” အငြိမ့်အဖွဲ့တို့က တေးသံသာများ၊ ယိမ်းအကများ၊ အငြိမ့်များဖြင့် ဂုဏ်ပြု ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။