တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏နေအိမ်သို့ Catholic Yangon Youth လူမျိုးပေါင်းစုံမှ လူငယ်များအဖွဲ့လာရောက်၍ ခရစ္စမတ်ဓမ္မတေးသီချင်းများ သီဆိုပြီး ငြိမ်းချမ်းရေး ဆုတောင်းစကားများဂုဏ်ပြုပြောကြား

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၂၃

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၏ ေနအိမ္သုိ႔ ယေန႔ ညေနပုိင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ Catholic Yangon Youth လူမ်ိဳးေပါင္းစုံမွ လူငယ္မ်ား အဖြဲ႕ လာေရာက္၍ ခရစ္စမတ္ဓမၼေတး သီခ်င္းမ်ားသီဆုိၿပီး ၿငိမ္းခ်မ္းေရးဆုေတာင္း စကားမ်ား ဂုဏ္ျပဳေျပာၾကားၾကသည္။

ဦးစြာ Catholic Yangon Youth လူမ်ိဳးေပါင္းစုံမွ လူငယ္မ်ားအဖြဲ႕က ခရစ္စမတ္ ဓမၼေတးသီခ်င္းႏွင့္ ၿငိမ္းခ်မ္းေရးေတးသီခ်င္းမ်ားသီဆုိၾကသည္။ ယင္းေနာက္ Catholic Yangon Youth လူမ်ိဳးေပါင္းစုံမွ လူငယ္မ်ားအဖြဲ႔မွ အဖြဲ႕၀င္ ကုိေကာင္းျပည့္ပုိင္က ဆုေတာင္းစကားေျပာၾကားရာတြင္ ယခုကဲ့သုိ႔ခရစ္စမတ္ ဆုေတာင္းေတးသီခ်င္းမ်ား လာေရာက္သီဆုိခြင့္ရရွိသည့္အတြက္ ေက်းဇူးတင္ရွိပါေၾကာင္း၊ အခက္အခဲအမ်ိဳးမ်ိဳးၾကားမွ ႏုိင္ငံေတာ္ကုိကာကြယ္ေပးေနသည့္အတြက္ မိမိတုိ႔လူငယ္မ်ားအေနျဖင့္ ေက်းဇူးတင္ရွိပါေၾကာင္း၊ မည္သုိ႔အခက္အခဲမ်ားရွိေနပါေစ ခ်စ္ျခင္းေမတၱာမ်ားျဖင့္ ႏုိင္ငံေတာ္ အားဆက္လက္ကာကြယ္ေပးရန္ ေမတၱာရပ္ခံလုိပါေၾကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တပ္မေတာ္သားမိသားစု၀င္မ်ားအားလုံး စိတ္၏ခ်မ္းသာျခင္း၊ ကုိယ္၏က်န္းမာ ျခင္းႏွင့္ျပည့္စုံၿပီး တုိင္းျပည္အက်ိဳးပုိမိုထမ္းေဆာင္ႏုိင္ရန္အတြက္ Catholic Yangon Youth လူမ်ိဳးေပါင္းစုံမွလူငယ္မ်ားအဖြဲ႔မွ ဆုမြန္ေကာင္းေတာင္းပါေၾကာင္း ေျပာၾကားသည္။

ထုိ႔ေနာက္ Catholic Yangon Youth လူမ်ိဳးေပါင္းစုံမွလူငယ္မ်ားအဖြဲ႔မွ ခရစ္စမတ္ လက္ေဆာင္ပစၥည္းအား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီးေဒၚၾကဴၾကဴလွထံ ေပးအပ္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီးတို႔က ဓမၼေတးသီခ်င္းမ်ားသီဆုိ ရာတြင္ အသုံးျပဳႏုိင္ရန္အတြက္လိုအပ္သည့္ တူရိယာပစၥည္း၊ အလွဴေငြမ်ားႏွင့္ လက္ေဆာင္ပစၥည္းမ်ားျပန္လည္ေပးအပ္သည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က Catholic Yangon Youth လူမ်ိဳး ေပါင္းစုံမွလူငယ္မ်ား အဖြဲ႔အား ႏႈတ္ခြန္းဆက္စကားေျပာၾကားရာတြင္ ယခုကဲ့သုိ႔လာေရာက္၍ ဆုမြန္ေကာင္းေတာင္းေပးသည့္ အတြက္ ေက်းဇူးတင္ရွိပါေၾကာင္း၊ မိမိတုိ႔ႏုိင္ငံသားမ်ား အေနျဖင့္ တုိင္းျပည္ကုိတုိးတက္ေကာင္းမြန္ေအာင္ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ မည္သည့္ဘာသာတြင္မဆုိ ေအးခ်မ္းမႈကုိလုိလားသည္ကုိ အဆုံးအမမ်ားတြင္ ေတြ႕ျမင္ႏုိင္ေၾကာင္း၊ သို႔ေသာ္တစ္ခ်ိဳ႕မွအဓိပၸါယ္အမ်ိဳးမ်ိဳးဖြင့္ဆုိၿပီး အသုံးခ်ေဆာင္ရြက္ေနသည္မ်ားလည္း ရွိသျဖင့္ အားလုံးမွ ၀ုိင္း၀န္းထိန္းသိမ္းၿပီး အရွိတရားအတုိင္းေဆာင္ရြက္ၾကေစလုိေၾကာင္း၊ မိမိတုိ႔အေနျဖင့္ တုိင္းျပည္တည္ၿငိမ္ေအးခ်မ္းမႈႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈကုိ လုိလားပါေၾကာင္း၊ မိမိတုိ႔ႏုိင္ငံသားမ်ားအေနျဖင့္ ႏုိင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ သက္ဆုိင္ရာက႑အလုိက္ တာ၀န္ေက်ပြန္စြာ ထမ္းေဆာင္ၾကရန္လုိေၾကာင္း၊ ၿပီးခဲ့သည့္ဒီဇင္ဘာလ ၂၁ ရက္ေန႔က ထာ၀ရၿငိမ္းခ်မ္းေရးကုိေရွး႐ႈလ်က္ ေဒသခံတုိင္းရင္းသားမ်ား၏ ေဘးဒုကၡကုိစာနာၿပီး ပစ္ခတ္တုိက္ခိုက္မႈရပ္စဲေရးေၾကညာခ်က္ အား ႏွစ္သစ္ကူးလက္ေဆာင္အျဖစ္ထုတ္ျပန္ခဲ့ေၾကာင္း၊ ႏုိင္ငံအတြင္းတြင္ေနထုိင္ၾကသည့္ တုိင္းရင္းသားေပါင္းစုံ၊ ဘာသာေပါင္းစုံပူးေပါင္းၿပီး ၿငိမ္းခ်မ္းသာယာ၀ေျပာေအာင္ ေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္း၊ ယခုခရစ္ စမတ္ကာလမွစ၍ အနာဂတ္ကာလတြင္ တည္ၿငိမ္ေအးခ်မ္းမႈ၊ ၿငိမ္းခ်မ္းမႈ၊ စိတ္ခ်မ္းသာမႈ၊ ဖြံ႕ၿဖိဳးတိုးတက္မႈမ်ား ရရွိေစရန္ ဆုမြန္ေကာင္းေတာင္းပါေၾကာင္း ေျပာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ မိသားစုမ်ားက Catholic Yangon Youth လူမ်ိဳး ေပါင္းစုံမွ လူငယ္မ်ားအဖြဲ႔အား စားေသာက္ဖြယ္ရာမ်ားႏွင့္ တည္ခင္းဧည့္ခံ ၿပီး တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွ ၊ မိသားစု၀င္မ်ားက Catholic Yangon Youth လူမ်ိဳးေပါင္းစုံမွလူငယ္မ်ားအဖြဲ႔အား တစ္ဦးခ်င္း ရင္းရင္းႏွီးႏွီး ႏႈတ္ဆက္ခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏နေအိမ်သို့ Catholic Yangon Youth လူမျိုးပေါင်းစုံမှ လူငယ်များအဖွဲ့လာရောက်၍ ခရစ္စမတ်ဓမ္မတေးသီချင်းများ သီဆိုပြီး ငြိမ်းချမ်းရေး ဆုတောင်းစကားများဂုဏ်ပြုပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ – ၂၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နေအိမ်သို့ ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Catholic Yangon Youth လူမျိုးပေါင်းစုံမှ လူငယ်များ အဖွဲ့ လာရောက်၍ ခရစ်စမတ်ဓမ္မတေး သီချင်းများသီဆိုပြီး ငြိမ်းချမ်းရေးဆုတောင်း စကားများ ဂုဏ်ပြုပြောကြားကြသည်။

ဦးစွာ Catholic Yangon Youth လူမျိုးပေါင်းစုံမှ လူငယ်များအဖွဲ့က ခရစ်စမတ် ဓမ္မတေးသီချင်းနှင့် ငြိမ်းချမ်းရေးတေးသီချင်းများသီဆိုကြသည်။ ယင်းနောက် Catholic Yangon Youth လူမျိုးပေါင်းစုံမှ လူငယ်များအဖွဲ့မှ အဖွဲ့ဝင် ကိုကောင်းပြည့်ပိုင်က ဆုတောင်းစကားပြောကြားရာတွင် ယခုကဲ့သို့ခရစ်စမတ် ဆုတောင်းတေးသီချင်းများ လာရောက်သီဆိုခွင့်ရရှိသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အခက်အခဲအမျိုးမျိုး ကြားမှ နိုင်ငံတော်ကိုကာကွယ်ပေးနေသည့်အတွက် မိမိတို့လူငယ်များအနေဖြင့် ကျေးဇူး တင်ရှိပါကြောင်း၊ မည်သို့အခက်အခဲများရှိနေပါစေ ချစ်ခြင်းမေတ္တာများဖြင့် နိုင်ငံတော် အားဆက်လက်ကာကွယ်ပေးရန် မေတ္တာရပ်ခံလိုပါကြောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တပ်မတော်သားမိသားစုဝင်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာ ခြင်းနှင့်ပြည့်စုံပြီး တိုင်းပြည်အကျိုးပိုမိုထမ်းဆောင်နိုင်ရန်အတွက်Catholic Yangon Youth လူမျိုးပေါင်းစုံမှလူငယ်များအဖွဲ့မှ ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။

ထို့နောက် Catholic Yangon Youth လူမျိုးပေါင်းစုံမှလူငယ်များအဖွဲ့မှ ခရစ်စမတ် လက်ဆောင်ပစ္စည်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးဒေါ်ကြူကြူလှထံ ပေးအပ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ဓမ္မတေးသီချင်းများသီဆို ရာတွင် အသုံးပြုနိုင်ရန်အတွက်လိုအပ်သည့် တူရိယာပစ္စည်း၊ အလှူငွေများ နှင့် လက်ဆောင်ပစ္စည်းများပြန်လည်ပေးအပ်သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က Catholic Yangon Youth လူမျိုး ပေါင်းစုံမှလူငယ်များ အဖွဲ့အား နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယခုကဲ့သို့လာရောက်၍ ဆုမွန်ကောင်းတောင်းပေးသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့နိုင်ငံသားများ အနေဖြင့် တိုင်းပြည်ကိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မည်သည့်ဘာသာတွင်မဆို အေးချမ်းမှုကိုလိုလားသည်ကို အဆုံးအမများတွင် တွေ့မြင် နိုင်ကြောင်း၊ သို့သော်တစ်ချို့မှအဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုပြီး အသုံးချဆောင်ရွက်နေသည် များလည်း ရှိသဖြင့် အားလုံးမှဝိုင်းဝန်းထိန်းသိမ်းပြီး အရှိတရားအတိုင်းဆောင်ရွက်ကြစေ လိုကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို လိုလားပါကြောင်း၊ မိမိတို့နိုင်ငံသားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ကျေပွန်စွာ ထမ်းဆောင် ကြရန်လိုကြောင်း၊ ပြီးခဲ့သည့်ဒီဇင်ဘာလ ၂၁ ရက်နေ့က ထာဝရငြိမ်းချမ်းရေးကိုရှေးရှုလျက် ဒေသခံတိုင်းရင်းသားများ၏ ဘေးဒုက္ခကိုစာနာပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကြေညာချက် အား နှစ်သစ်ကူးလက်ဆောင်အဖြစ်ထုတ်ပြန်ခဲ့ကြောင်း၊ နိုင်ငံအတွင်းတွင်နေထိုင်ကြသည့် တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံပူးပေါင်းပြီး ငြိမ်းချမ်းသာယာဝပြောအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခုခရစ် စမတ်ကာလမှစ၍ အနာဂတ်ကာလတွင် တည်ငြိမ်အေးချမ်းမှု၊ ငြိမ်းချမ်းမှု၊ စိတ်ချမ်းသာမှု၊ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မိသားစုများက Catholic Yangon Youth လူမျိုး ပေါင်းစုံမှ လူငယ်များအဖွဲ့အား စားသောက်ဖွယ်ရာများနှင့် တည်ခင်းဧည့်ခံ ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး ဒေါ်ကြူကြူလှ ၊ မိသားစုဝင်များက Catholic Yangon Youth လူမျိုးပေါင်းစုံမှလူငယ်များအဖွဲ့အား တစ်ဦးချင်း ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။