တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၊ ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၅) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားတက်ရောက်ချီးမြှင့်

ေနျပည္ေတာ္ ၊ ဒီဇင္ဘာ- ၂၆

တပ္မေတာ္(ၾကည္း)ဗုိလ္သင္တန္းေက်ာင္း(ေမွာ္ဘီ)၊ ဘြဲ႕ရအမ်ိဳးသမီး ဗုိလ္ေလာင္းသင္တန္း အမွတ္စဥ္(၅) သင္တန္းဆင္းဂုဏ္ျပဳညစာစားပဲြအခမ္းအနားကုိ ယေန႔ညေနပုိင္းတြင္ ရန္ကုန္ၿမိဳ႕၊ တပ္မေတာ္(ၾကည္း)ဗုိလ္သင္တန္းေက်ာင္း(ေမွာ္ဘီ)ရွိ ျပည္ေထာင္စုခန္းမ၌က်င္းပရာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ တက္ေရာက္ခ်ီးျမႇင့္သည္။

အဆိုပါသင္တန္းဆင္း ဂုဏ္ျပဳညစာစားပဲြအခမ္းအနားသို႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး ဒုတိယ ဗုိလ္ခ်ဳပ္ႀကီးစိန္၀င္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးမွ တပ္မေတာ္အရာရိွႀကီးမ်ားႏွင့္ ဇနီးမ်ား၊ ရန္ကုန္တုိင္း စစ္ဌာနခ်ဳပ္တုိင္းမွဴး၊ တပ္မေတာ္(ၾကည္း) ဗုိလ္သင္တန္းေက်ာင္း (ေမွာ္ဘီ) ေခတၱေက်ာင္းအုပ္ႀကီးႏွင့္ ဖိတ္ၾကားထားသည့္ဧည့္သည္ေတာ္မ်ား၊ သင္တန္းဆင္းအရာရိွမ်ားႏွင့္ မိဘေဆြမ်ိဳးမ်ားတက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က သင္တန္းဆင္း အရာရိွမ်ားအား တစ္ဦးခ်င္းရင္းရင္းႏွီးႏွီး လိုက္လံႏႈတ္ဆက္သည္။ ထို႔ေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖဲြ႕၀င္မ်ားသည္ သင္တန္းဆင္းအရာရိွမ်ား၊ မိဘေဆြမ်ိဳးမ်ားႏွင့္အတူ ညစာသံုးေဆာင္ၾကသည္။

ညစာသုံးေဆာင္ေနစဥ္အတြင္း ျပည္သူ႕ဆက္ဆံေရးႏွင့္စိတ္ဓာတ္စစ္ဆင္ေရး ၫႊန္ၾကားေရးမွဴး႐ုံး ကြပ္ကဲမႈေအာက္ ျမ၀တီေတးဂီတအဖြဲ႕ႏွင့္ တပ္မေတာ္(ၾကည္း) ဗုိလ္သင္တန္းေက်ာင္း(ေမွာ္ဘီ) ဂုဏ္ျပဳစစ္တီး၀ုိင္းတပ္ခြဲတုိ႔က ေတးသီခ်င္းမ်ားျဖင့္ သီဆုိ တီးမႈတ္ေဖ်ာ္ေျဖၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ တပ္မေတာ္(ၾကည္း) ဗုိလ္သင္တန္းေက်ာင္း (ေမွာ္ဘီ)ဂုဏ္ျပဳစစ္တီး၀ုိင္းတပ္ခြဲ၏ ဂုဏ္ျပဳ တီးမႈတ္မႈအား ၾကည့္႐ႈအားေပးၿပီး ခ်ီးျမႇင့္ေငြမ်ား ေပးအပ္သည္။

သင္တန္းဆင္းဂုဏ္ျပဳညစာစားပဲြအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ႏွင့္အဖဲြ႕၀င္မ်ားသည္ ျမ၀တီသဘင္ေဆာင္၌ ျမ၀တီေတးဂီတအဖဲြ႕ႏွင့္ျမ၀တီအၿငိမ့္ အဖဲြ႕တို႔၏ ေဖ်ာ္ေျဖတင္ဆက္မႈမ်ားကို ၾကည့္ရႈအားေပးခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၊ ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၅) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားတက်ရောက်ချီးမြှင့်

နေပြည်တော် ၊ ဒီဇင်ဘာ- ၂၆

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၊ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၅) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)ရှိ ပြည်ထောင်စုခန်းမ၌ကျင်းပရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အဆိုပါသင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ခေတ္တကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ သင်တန်းဆင်းအရာရှိများနှင့် မိဘဆွေမျိုးများတက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သင်တန်းဆင်း အရာရှိများအား တစ်ဦးချင်းရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် သင်တန်းဆင်းအရာရှိများ၊ မိဘဆွေမျိုးများနှင့်အတူ ညစာသုံးဆောင်ကြသည်။

ညစာသုံးဆောင်နေစဉ်အတွင်း ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့နှင့် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဂုဏ်ပြုစစ်တီးဝိုင်းတပ်ခွဲတို့က တေးသီချင်းများဖြင့် သီဆို တီးမှုတ်ဖျော်ဖြေကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)ဂုဏ်ပြုစစ်တီးဝိုင်းတပ်ခွဲ၏ ဂုဏ်ပြု တီးမှုတ်မှုအား ကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေများ ပေးအပ်သည်။

သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များသည် မြဝတီသဘင်ဆောင်၌ မြဝတီတေးဂီတအဖွဲ့နှင့်မြဝတီအငြိမ့် အဖွဲ့တို့၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။