တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၂၇

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ယေန႔နံနက္ပုိင္းတြင္ ကာကြယ္ ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ ေက်ာ္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားလုိက္ပါၿပီး ႀတိဂံေဒသတုိင္းစစ္ ဌာနခ်ဳပ္သုိ႔ေရာက္ရွိၾကရာ အစည္းအေ၀းခန္းမတြင္ တုိင္းမွဴးဗုိလ္ခ်ဳပ္ခင္လႈိင္က နယ္ေျမေဒသလုံၿခဳံေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းမႈရွိေစရန္ ေဆာင္ရြက္ထားရွိမႈအေျခအေနမ်ားအား ရွင္းလင္းတင္ျပသည္။ ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လုိအပ္သည္မ်ား မွာၾကားျဖည့္ဆည္း ေဆာင္ရြက္ေပးသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ မြန္းလြဲပုိင္းတြင္ က်ိဳင္းတုံတပ္နယ္ရွိ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ႀတိဂံေဒသတုိင္းစစ္ဌာနခ်ဳပ္ရွိ ျပည္ၿငိမ္းေအးခန္းမ၌ေတြ႕ဆုံအမွာစကားေျပာၾကားသည္။ အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ႀတိဂံေဒသတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ ခင္လႈိင္ႏွင့္ က်ိဳင္းတုံတပ္နယ္မွအရာရွိ၊ စစ္သည္၊ မိသားစုမ်ားတက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာ၌ ၂၀၁၁ ခုႏွစ္ျပည္သူမ်ားမွေရြးခ်ယ္သည့္ ပါတီစုံဒီမုိကေရစီလမ္းေၾကာင္းကုိေလွ်ာက္လွမ္းရာတြင္ လက္ရွိႏုိင္ငံေရးစနစ္မွာ သက္တမ္းႏုနယ္ေသး သျဖင့္ ႏုိင္ငံေရးစနစ္တည္ၿငိမ္မႈရွိေအာင္ တပ္မေတာ္ကထိန္းသိမ္းေဆာင္ရြက္လ်က္ရွိေၾကာင္း၊ တပ္မေတာ္ သည္ ႏုိင္ငံေတာ္ကာကြယ္ေရး တာ၀န္ထမ္းေဆာင္ရန္တာ၀န္ရွိသကဲ့သုိ႔ ေဒသဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ ပါ ေဆာင္ရြက္ေပးရမည္ျဖစ္ေၾကာင္း၊ ထုိသုိ႔ေဆာင္ရြက္ရျခင္းမွာ တပ္မေတာ္သည္ႏုိင္ငံေတာ္၏ အစိတ္ အပုိင္းတစ္ခုျဖစ္ၿပီး ဥပေဒႏွင့္အညီဖြဲ႕စည္းထားသည့္ အဖြဲ႕အစည္းျဖစ္ေၾကာင္း၊ ဖြဲ႕စည္းရာတြင္ပါ၀င္ၾက သည့္ တပ္မေတာ္သားမ်ားႏွင့္ မိသားစု၀င္မ်ားသည္ ျပည္သူမ်ားမွေပါက္ဖြားလာေသာ ႏုိင္ငံသူ၊ ႏုိင္ငံသားမ်ားျဖစ္သျဖင့္ ႏုိင္ငံ၏ေကာင္းျခင္း၊ ဆုိးျခင္းမ်ားကုိ အတူမွ်ေ၀ခံစားၾကရန္တာ၀န္ရွိေၾကာင္း၊ ထုိ႔ေၾကာင့္ ႏုိင္ငံဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ ၀ုိင္း၀န္းေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္ အေန ျဖင့္ ေဒသအက်ိဳးစီးပြားတုိးတက္ေကာင္းမြန္ေစရန္၊ ျပည္သူမ်ား၏ အက်ိဳးစီးပြားေကာင္းမြန္ေစရန္ႏွင့္ ျပည္သူမ်ား၏ဘ၀လုံၿခဳံမႈရွိေစရန္ ကူညီေဆာင္ရြက္ ေပးေနျခင္းျဖစ္ေၾကာင္း၊ ဒီဇင္ဘာလ ၂၁ ရက္ေန႔က ျပည္တြင္းၿငိမ္းခ်မ္းမႈရရွိရန္အတြက္ တပ္မေတာ္၏သေဘာထား ေၾကညာခ်က္အားထုတ္ျပန္ခဲ့ရာတြင္ ႏုိင္ငံေတာ္အစုိးရ၏ အုပ္ခ်ဳပ္မႈအဆင့္အဆင့္ ကုိမထိခုိက္ရန္၊ ျပည္သူလူထု၏ အသက္အုိးအိမ္လုံၿခဳံမႈအား မထိခိုက္ရန္၊ လမ္းပန္းဆက္သြယ္ေရးလုံၿခဳံ ေခ်ာေမြ႕မႈကုိမထိခုိက္ပါက တပ္မေတာ္အေနျဖင့္ ပစ္ခတ္ တုိက္ခုိက္မႈကုိရပ္ဆုိင္းထားမည္ဟု ထုတ္ျပန္ခဲ့ေၾကာင္း၊ အဆုိပါထုတ္ျပန္ခ်က္မွာ တပ္မေတာ္၏ ရွင္းလင္း ျပတ္သားသည့္သေဘာထားပင္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္သည္လြတ္လပ္ေရးႀကိဳးပမ္းမႈကာလႏွင့္ ျပည္တြင္းေသာင္းက်န္းမႈႏွိမ္နင္းေရး ကာလမ်ားတြင္ ျပည္သူလူထု၏အသက္အုိးအိမ္စည္းစိမ္ကုိ ကာကြယ္ရန္ႏွင့္ တုိင္းျပည္တည္ၿငိမ္ေအးခ်မ္း ေရးအတြက္ ရွိသည့္စစ္အသုံးအေဆာင္ ပစၥည္းမ်ားႏွင့္ မိမိတို႔အသက္ကုိပဓာနမထားဘဲ ရြပ္ရြပ္ရႊံရႊံ တုိက္ပြဲ၀င္ခဲ့ၾကေၾကာင္း၊ ယခုအခါ တပ္မေတာ္အေနျဖင့္ ႏုိင္ငံေတာ္ကာကြယ္ေရးတာ၀န္ကုိ ထမ္းေဆာင္ ႏုိင္ရန္အတြက္ စြမ္းရည္၊ စြမ္းအားရွိေအာင္တည္ေဆာက္လ်က္ရွိေၾကာင္း၊ ကာကြယ္ေရးတာ၀န္ ဆုိသည္မွာ ယခုခ်က္ခ်င္းေဆာင္ရြက္၍မရသျဖင့္ တပ္မေတာ္မွသတ္မွတ္ထားသည့္ စံခ်ိန္စံၫႊန္းမ်ား အတုိင္း မွန္မွန္ကန္ကန္ေလ့က်င့္ေနရမည္ျဖစ္ေၾကာင္း၊ သတ္မွတ္ ထားေသာေန႔စဥ္လုပ္ငန္းမ်ား၊ အမိန္႔ႏွင့္ၫႊန္ၾကားခ်က္မ်ားကုိ မည္သည့္တုိက္တြန္းမႈမွ မပါဘဲ မွန္မွန္ကန္ကန္ေဆာင္ရြက္ေနျခင္းသည္ အၿမဲမျပတ္ေလ့က်င့္ေနျခင္းပင္ျဖစ္ေၾကာင္း၊ ထုိ႔အျပင္တပ္မေတာ္သားတုိင္းသည္ စစ္သားေကာင္း စိတ္ဓာတ္ရွိေအာင္ အၿမဲေမြးျမဴေဆာင္ရြက္ရမည္ျဖစ္သကဲ့သုိ႔ မိမိကုိယ္ကုိတန္ဖုိးထားေနထုိင္ၿပီး မိမိတာ၀န္ထမ္းေဆာင္သည့္တပ္ကုိခ်စ္ရမည္ျဖစ္ေၾကာင္း၊ ထုိ႔အတူ ႏုိင္ငံေတာ္ႏွင့္ တပ္မေတာ္၏ ေက်းဇူး ကုိသိရွိၿပီး ႏုိင္ငံေတာ္ႏွင့္တပ္မေတာ္ကုိခ်စ္ရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္သားမ်ားသည္ ေပးအပ္လာသည့္ တာ၀န္ကုိ တုံးတုိက္တုိက္က်ားကုိက္ကုိက္ စိတ္ဓာတ္ျဖင့္ ေဆာင္ရြက္ၾကသူမ်ားျဖစ္ေၾကာင္း၊ မိမိတုိ႔၏ လုပ္ငန္းတာ၀န္မ်ားကုိ မွန္မွန္ကန္ကန္ျဖင့္ ေက်ပြန္စြာထမ္းေဆာင္ႏုိင္သည့္ အေလ့အက်င့္ေကာင္းမ်ားကုိ ေမြးျမဴရမည္ျဖစ္ေၾကာင္းမွာၾကားသည္။

ဆက္လက္ၿပီး တပ္မွဴးမ်ားႏွင့္တစ္ဆင့္ျမင့္ႀကီးၾကပ္ကြပ္ကဲေနရသူမ်ားအေနျဖင့္ အုပ္ခ်ဳပ္မႈႏွင့္ပတ္သက္ၿပီး ညီၫြတ္မွ်တရန္လုိေၾကာင္း၊ ေခါင္းေဆာင္မ်ားျဖစ္သည့္အတြက္ ဘက္ေပါင္းစုံမွၾကည့္၍ မေကာင္းတာကုိ တားျမစ္ရန္၊ ေကာင္းတာကုိတုိက္တြန္းၿပီး ရဲေဘာ္ရဲဘက္စိတ္ျဖင့္ ညီၫြတ္မွ်တစြာေဆာင္ရြက္ ေပးလုိသည့္ စိတ္ေမြးျမဴရန္လုိေၾကာင္း၊ စည္းကမ္းႏွင့္ပတ္သက္ၿပီး စည္းကမ္းဆုိသည္မွာ တုိက္တြန္းခ်က္၊ တားျမစ္ ခ်က္မ်ားပင္ျဖစ္ေၾကာင္း၊ သတ္မွတ္ထားသည့္စည္းကမ္းမ်ားႏွင့္အညီ ေနထုိင္ရန္လုိၿပီး ကန္႔သတ္ခ်က္ မ်ားကုိ လုိက္နာေဆာင္ရြက္ရန္လိုေၾကာင္း၊ တပ္မေတာ္သားမ်ားသာမက မွီခုိသူရဲေမမ်ားကုိလည္း စစ္ပညာမ်ားသင္ၾကားေပးျခင္းသည္ စည္းကမ္းလုိက္နာမႈကုိ ပိုမုိအေထာက္အကူျဖစ္ေစေၾကာင္း၊ က်န္းမာ ေရးကုိထိခုိက္ေစႏုိင္သည့္ ေဆးလိပ္၊ ကြမ္း၊ အရက္ သုံးစြဲမႈမ်ားကုိ တတ္ႏုိင္သမွ် ေရွာင္ၾကဥ္ရန္ လုိအပ္ၿပီး မိမိတုိ႔၀င္ေငြႏွင့္ထြက္ေငြညီၫြတ္မွ်တစြာသုံးစြဲရန္လုိေၾကာင္းမွာၾကားသည္။

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအတြက္ သုတ၊ ရသစာအုပ္၊ စာေစာင္မ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ားကုိ လည္းေကာင္း၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္၏ဇနီးက တပ္နယ္မိခင္ႏွင့္ကေလး ေစာင့္ေရွာက္ေရးအသင္းအတြက္ ခ်ီးျမႇင့္ေငြမ်ားကုိလည္း ေကာင္းေပးအပ္ရာ တုိင္းမွဴး ႏွင့္ဇနီးတို႔က လက္ခံရယူၾကသည္။

ယင္းေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီးသန္းထြန္းဦးတုိ႔က တပ္နယ္မွအရာရွိ၊ စစ္သည္၊ မိသားစုမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ားႏွင့္ အားကစားပစၥည္းမ်ား ေပးအပ္ရာ တာ၀န္ရွိသူမ်ားကလက္ခံရယူၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ အခမ္းအနားတက္ေရာက္ လာၾကသည့္ အရာရွိ၊ စစ္သည္မ်ားအားရင္းရင္းႏွီးႏွီးလုိက္လံ ႏႈတ္ဆက္သည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ က်ိဳင္းတုံၿမိဳ႕ ရပ္မိရပ္ဖမ်ားႏွင့္ ဌာနဆုိင္ရာတာ၀န္ရွိ သူမ်ားအားေတြ႕ဆုံၿပီး နယ္ေျမေဒသဖြံ႕ၿဖိဳးတုိးတက္ေရးဆုိင္ရာ ကိစၥရပ္မ်ားအားေမးျမန္းေျပာၾကားၿပီး ေဒသထြက္ကုန္အသီးအႏွံမ်ားအားဖြံ႕ၿဖိဳးတက္ ေအာင္ေဆာင္ရြက္ရန္လုိအပ္မႈ၊ ရာသီဥတုထိန္းသိမ္းႏုိင္ရန္ အတြက္ သစ္ေတာမ်ားျပဳန္းတီးမႈ မရွိေအာင္ေဆာင္ရြက္ရန္လုိအပ္မႈ၊ ေဒသစားေသာက္မႈ ဖူလုံေစေရး အတြက္ စုိက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားေဆာင္ရြက္ရန္လုိအပ္မႈ၊ ေက်ာင္းေနမႈရာခုိင္ႏႈန္းမ်ားတုိးတက္ ေအာင္ေဆာင္ရြက္ရန္လုိအပ္မႈ၊ လူငယ္မ်ားဘြဲ႕ရပညာတတ္မ်ားျဖစ္မွ မိမိေျခေထာက္ ေပၚရပ္တည္ႏုိင္မည့္ အေတြးအေခၚအေျမာ္အျမင္မ်ားရရွိႏုိင္သည္ျဖစ္၍ အတန္း ပညာမ်ားေအာင္ျမင္ေအာင္ သင္ၾကားေပးရန္ လုိအပ္မႈႏွင့္ ေဒသတြင္းေရအရင္းအျမစ္ႏွင့္ လွ်ပ္စစ္မီးရရွိေအာင္ ေဆာင္ရြက္ရန္လုိအပ္မႈမ်ားႏွင့္ ရပ္မိ ရပ္ဖမ်ား၊ တာ၀န္ရွိသူမ်ားက ေဒသဖြံ႕ၿဖိဳးေရးအေျခအေနႏွင့္ ေဆာင္ရြက္ခ်က္မ်ား အားရွင္းလင္းတင္ျပ ခ်က္မ်ားအေပၚ ရင္းရင္းႏွီးႏွီးျပန္လည္ေဆြးေႏြးအႀကံျပဳေျပာၾကားသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ရပ္မိရပ္ဖမ်ားႏွင့္ ဌာနဆုိင္ရာ တာ၀န္ရွိသူမ်ားအား လက္ေဆာင္ပစၥည္းမ်ားေပးအပ္ၿပီး ရင္းရင္းႏွီးႏွီးႏႈတ္ဆက္သည္။

၎ေနာက္ တပ္္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ညေနပုိင္းတြင္ က်ိဳင္းတုံၿမိဳ႕ရွိ ႐ုိမန္ကတ္သလစ္ ဘုရားေၾကာင္း (RCM) သုိ႔ေရာက္ရွိၾကၿပီး ဆရာေတာ္ပီတာလြီးစ္က်ာခူ ႏွင့္ေတြ႕ဆုံၿပီး ဆရာေတာ္ႀကီး၏ က်န္းမာေရးအေျခအေနမ်ားအား ေမးျမန္းႏႈတ္ဆက္ စကားေျပာၾကားၿပီး တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ဆရာေတာ္ႀကီးအား လက္ေဆာင္ပစၥည္းမ်ားေပးအပ္သည္။ ထုိ႔ေနာက္ ဆရာေတာ္ႀကီးက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ထံ ခရစ္စမတ္လက္ေဆာင္ေပးအပ္ၿပီး ခရစ္စမတ္ဆုေတာင္းေတး သီခ်င္းအား အတူတကြသီဆုိၾကသည္။ယင္းေနာက္အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ ၂၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကာကွယ် ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင် ကျော်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများလိုက်ပါပြီး တြိဂံဒေသတိုင်းစစ် ဌာနချုပ်သို့ရောက်ရှိကြရာ အစည်းအဝေးခန်းမတွင် တိုင်းမှူးဗိုလ်ချုပ်ခင်လှိုင်က နယ်မြေဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိစေရန် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မွန်းလွဲပိုင်းတွင် ကျိုင်းတုံတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရှိ ပြည်ငြိမ်းအေးခန်းမ၌တွေ့ဆုံအမှာစကားပြောကြားသည်။ အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် ကျိုင်းတုံတပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ကြ သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာ၌ ၂၀၁၁ ခုနှစ်ပြည်သူများမှရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကိုလျှောက်လှမ်းရာတွင် လက်ရှိနိုင်ငံရေးစနစ်မှာ သက်တမ်းနုနယ်သေး သဖြင့် နိုင်ငံရေးစနစ်တည်ငြိမ်မှုရှိအောင် တပ်မတော်ကထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော် သည် နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရန်တာဝန်ရှိသကဲ့သို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရခြင်းမှာ တပ်မတော်သည်နိုင်ငံတော်၏ အစိတ် အပိုင်းတစ်ခုဖြစ်ပြီး ဥပဒေနှင့်အညီဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ဖွဲ့စည်းရာတွင်ပါ၀င်ကြ သည့် တပ်မတော်သားများနှင့် မိသားစုဝင်များသည် ပြည်သူများမှပေါက်ဖွားလာသော နိုင်ငံသူ၊ နိုင်ငံသားများဖြစ်သဖြင့် နိုင်ငံ၏ကောင်းခြင်း၊ ဆိုးခြင်းများကို အတူမျှဝေခံစားကြရန်တာဝန်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ၀ုိင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော် အနေ ဖြင့် ဒေသအကျိုးစီးပွားတိုးတက်ကောင်းမွန်စေရန်၊ ပြည်သူများ၏ အကျိုးစီးပွားကောင်းမွန်စေရန်နှင့် ပြည်သူများ၏ဘဝလုံခြုံမှုရှိစေရန် ကူညီဆောင်ရွက် ပေးနေခြင်းဖြစ်ကြောင်း၊ ဒီဇင်ဘာလ ၂၁ ရက်နေ့က ပြည်တွင်းငြိမ်းချမ်းမှုရရှိရန်အတွက် တပ်မတော်၏သဘောထား ကြေညာချက်အားထုတ်ပြန်ခဲ့ရာတွင် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုအဆင့်အဆင့် ကိုမထိခိုက်ရန်၊ ပြည်သူလူထု၏ အသက်အိုးအိမ်လုံခြုံမှုအား မထိခိုက်ရန်၊ လမ်းပန်းဆက်သွယ်ရေးလုံခြုံ ချောမွေ့မှုကိုမထိခိုက်ပါက တပ်မတော်အနေဖြင့် ပစ်ခတ် တိုက်ခိုက်မှုကိုရပ်ဆိုင်းထားမည်ဟု ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါထုတ်ပြန်ချက်မှာ တပ်မတော်၏ ရှင်းလင်း ပြတ်သားသည့်သဘောထားပင်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တပ်မတော်သည်လွတ်လပ်ရေးကြိုးပမ်းမှုကာလနှင့် ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေး ကာလများတွင် ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်နှင့် တိုင်းပြည်တည်ငြိမ်အေးချမ်း ရေးအတွက် ရှိသည့်စစ်အသုံးအဆောင် ပစ္စည်းများနှင့် မိမိတို့အသက်ကိုပဓာနမထားဘဲ ရွပ်ရွပ်ရွှံရွှံ တိုက်ပွဲဝင်ခဲ့ကြကြောင်း၊ ယခုအခါ တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင် နိုင်ရန်အတွက် စွမ်းရည်၊ စွမ်းအားရှိအောင်တည်ဆောက်လျက်ရှိကြောင်း၊ ကာကွယ်ရေးတာဝန် ဆိုသည်မှာ ယခုချက်ချင်းဆောင်ရွက်၍မရသဖြင့် တပ်မတော်မှသတ်မှတ်ထားသည့် စံချိန်စံညွှန်းများ အတိုင်း မှန်မှန်ကန်ကန်လေ့ကျင့်နေရမည်ဖြစ်ကြောင်း၊ သတ်မှတ် ထားသောနေ့စဉ်လုပ်ငန်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များကို မည်သည့်တိုက်တွန်းမှုမှ မပါဘဲ မှန်မှန်ကန်ကန်ဆောင်ရွက်နေခြင်းသည် အမြဲမပြတ်လေ့ကျင့်နေခြင်းပင်ဖြစ်ကြောင်း၊ ထို့အပြင်တပ်မတော်သားတိုင်းသည် စစ်သားကောင်း စိတ်ဓာတ်ရှိအောင် အမြဲမွေးမြူဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ မိမိကိုယ်ကိုတန်ဖိုးထားနေထိုင်ပြီး မိမိတာဝန်ထမ်းဆောင်သည့်တပ်ကိုချစ်ရမည်ဖြစ်ကြောင်း၊ ထို့အတူ နိုင်ငံတော်နှင့် တပ်မတော်၏ ကျေးဇူး ကိုသိရှိပြီး နိုင်ငံတော်နှင့်တပ်မတော်ကိုချစ်ရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများသည် ပေးအပ်လာသည့် တာဝန်ကို တုံးတိုက်တိုက်ကျားကိုက်ကိုက် စိတ်ဓာတ်ဖြင့် ဆောင်ရွက်ကြသူများဖြစ်ကြောင်း၊ မိမိတို့၏ လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန်ဖြင့် ကျေပွန်စွာထမ်းဆောင်နိုင်သည့် အလေ့အကျင့်ကောင်းများကို မွေးမြူရမည်ဖြစ်ကြောင်းမှာကြားသည်။

ဆက်လက်ပြီး တပ်မှူးများနှင့်တစ်ဆင့်မြင့်ကြီးကြပ်ကွပ်ကဲနေရသူများအနေဖြင့် အုပ်ချုပ်မှုနှင့်ပတ်သက်ပြီး ညီညွတ်မျှတရန်လိုကြောင်း၊ ခေါင်းဆောင်များဖြစ်သည့်အတွက် ဘက်ပေါင်းစုံမှကြည့်၍ မကောင်းတာကို တားမြစ်ရန်၊ ကောင်းတာကိုတိုက်တွန်းပြီး ရဲဘော်ရဲဘက်စိတ်ဖြင့် ညီညွတ်မျှတစွာဆောင်ရွက် ပေးလိုသည့် စိတ်မွေးမြူရန်လိုကြောင်း၊ စည်းကမ်းနှင့်ပတ်သက်ပြီး စည်းကမ်းဆိုသည်မှာ တိုက်တွန်းချက်၊ တားမြစ် ချက်များပင်ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့်စည်းကမ်းများနှင့်အညီ နေထိုင်ရန်လိုပြီး ကန့်သတ်ချက် များကို လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ တပ်မတော်သားများသာမက မှီခိုသူရဲမေများကိုလည်း စစ်ပညာများသင်ကြားပေးခြင်းသည် စည်းကမ်းလိုက်နာမှုကို ပိုမိုအထောက်အကူဖြစ်စေကြောင်း၊ ကျန်းမာ ရေးကိုထိခိုက်စေနိုင်သည့် ဆေးလိပ်၊ ကွမ်း၊ အရက် သုံးစွဲမှုများကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန် လိုအပ်ပြီး မိမိတို့ဝင်ငွေနှင့်ထွက်ငွေညီညွတ်မျှတစွာသုံးစွဲရန်လိုကြောင်းမှာကြားသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် သုတ၊ ရသစာအုပ်၊ စာစောင်များနှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို လည်း ကောင်းပေးအပ်ရာ တိုင်းမှူး နှင့်ဇနီးတို့က လက်ခံရယူကြသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသန်းထွန်းဦးတို့က တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများနှင့် အားကစားပစ္စည်းများ ပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အခမ်းအနားတက်ရောက် လာကြသည့် အရာရှိ၊ စစ်သည်များအားရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ကျိုင်းတုံမြို့ ရပ်မိရပ်ဖများနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများအားတွေ့ဆုံပြီး နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအားမေးမြန်းပြောကြားပြီး ဒေသထွက်ကုန်အသီးအနှံများအားဖွံ့ဖြိုးတက် အောင်ဆောင်ရွက်ရန်လိုအပ်မှု၊ ရာသီဥတုထိန်းသိမ်းနိုင်ရန် အတွက် သစ်တောများပြုန်းတီးမှု မရှိအောင်ဆောင်ရွက်ရန်လိုအပ်မှု၊ ဒေသစားသောက်မှု ဖူလုံစေရေး အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရန်လိုအပ်မှု၊ ကျောင်းနေမှုရာခိုင်နှုန်းများတိုးတက် အောင်ဆောင်ရွက်ရန်လိုအပ်မှု၊ လူငယ်များဘွဲ့ရပညာတတ်များဖြစ်မှ မိမိခြေထောက် ပေါ်ရပ်တည်နိုင်မည့် အတွေးအခေါ်အမြော်အမြင်များရရှိနိုင်သည်ဖြစ်၍ အတန်း ပညာများအောင်မြင်အောင် သင်ကြားပေးရန် လိုအပ်မှုနှင့် ဒေသတွင်းရေအရင်းအမြစ်နှင့် လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ရန်လိုအပ်မှုများနှင့် ရပ်မိ ရပ်ဖများ၊ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးအခြေအနေနှင့် ဆောင်ရွက်ချက်များ အားရှင်းလင်းတင်ပြ ချက်များအပေါ် ရင်းရင်းနှီးနှီးပြန်လည်ဆွေးနွေးအကြံပြုပြောကြားသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရပ်မိရပ်ဖများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား လက်ဆောင်ပစ္စည်းများပေးအပ်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

၎င်းနောက် တပ််မတော်ကာကွယ်ရေးဦးစီးချုပ်သည် ညနေပိုင်းတွင် ကျိုင်းတုံမြို့ရှိ ရိုမန်ကတ်သလစ် ဘုရားကြောင်း (RCM) သို့ရောက်ရှိကြပြီး ဆရာတော်ပီတာလွီးစ်ကျာခူ နှင့်တွေ့ဆုံပြီး ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများအား မေးမြန်းနှုတ်ဆက် စကားပြောကြားပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဆရာတော်ကြီးအား လက်ဆောင်ပစ္စည်းများပေးအပ်သည်။ ထို့နောက် ဆရာတော်ကြီးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ခရစ်စမတ်လက်ဆောင်ပေးအပ်ပြီး ခရစ်စမတ်ဆုတောင်းတေး သီချင်းအား အတူတကွသီဆိုကြသည်။ယင်းနောက်အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။