တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော်ကြီး၏ သက်တော်(၉၀)ပြည့်၊ ဝါတော်(၇၀)ပြည့် ဝိဇာတ ပူဇာမွေးနေ့မင်္ဂလာအခမ်းအနားကျင်းပ
နေပြည်တော်၊ ဒီဇင်ဘာ  ၂၉
(Unicode Version)
တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော်ကြီး၏ သက်တော်(၉၀)ပြည့်၊ ၀ါတော်(၇၀)ပြည့် ၀ိဇာတ ပူဇာမွေးနေ့မင်္ဂလာအခမ်းအနားကျင်းပ
နေပြည်တော်၊ ဒီဇင်ဘာ – ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော် နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဓမ္မသီရိသက်တော်(၉၀)ပြည့်၊ ၀ါတော်(၇၀)ပြည့် ၀ိဇာတပူဇာမွေးနေ့ မင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော်အရှင် သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တြိဂံဒေသ တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက် ကြသည်။
ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် နဂါးနှစ်ကောင် ကျောင်းတိုက်ရှိ ဗုဒ္ဓရုပ်ပွား တော်မြတ်အားဖူးမြော်ကြည်ညိုပြီး သစ်သီးများကပ်လှူ ပူဇော်သည်။ ထို့နောက် နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်ကြီးအား ဖူးမြော်ကြည်ညို ပြီး ငှက်သိုက်အားဖြည့်ရည်များဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော်၊ နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိ က အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဓမ္မသီရိ၊ သီလဓမ္မကုန်းသာ တောရကျောင်းတိုက်(၀စီပိတ်) ဆရာတော်ဘဒ္ဒန္တ ၀ိမလ နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အခမ်းအနားတက်ရောက် လာကြသည့် ဒေသခံတိုင်းရင်းသားပြည်သူများက ကျိုင်းယင်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တခေမာစာရ၊ ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်ရှိ ဆရီကွမ်ထောင်းဘုန်းတော်ကြီးကျောင်းမှ ဆရာတော် Thong Siri Mongklom Thera၊ မိုင်းဖုန်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာ စရိယ ဘဒ္ဒန္တဉာဏသံဝရ အမှူးပြုသောဆရာတော်၊ သံဃာတော်အပါး ၃၀၀ နှင့် သီလရှင်ဆရာလေး အပါး ၅၀ တို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်။ ထို့နောက် နဂါးနှစ်ကောင်ကျောင်း တိုက် ဆရာတော်ကြီး၏ သက်တော်(၉၀)ပြည့်၊ ၀ါတော်(၇၀)ပြည့် ၀ိဇာတပူဇာမွေးနေ့အခမ်းအနားအားကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ဒေသခံတိုင်းရင်းသားပြည်သူများကသံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် မေတ္တသုတ်ပရိတ်တရား တော်များအားနာယူကြသည်။
၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က နဂါးနှစ်ကောင် ကျောင်းတိုက်ဆရာတော်ကြီးအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီးက ဗုဒ္ဓရုပ်ပွားတော်မြတ်တစ်ဆူနှင့်ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။ ထို့နောက် အခမ်းအနားတက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများက ဆရာ တော်သံဃာတော်များအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် အနုမောဒနာ တရား နာယူ၍ လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချအမျှပေးဝေကြသည်။
ဆက်လက်ပြီး နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော်ကြီးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့က ဆရာတော်ကြီး၏သက်တော်(၉၀)ပြည့်မွေးနေ့ကိတ်အား လှီးဖြတ်ကြပြီး အခမ်းအနားတက်ရောက် လာကြသူ များအားဝေငှလှူဒါန်းကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် နဂါးနှစ် ကောင် ကျောင်းတိုက်ဆရာတော်ကြီးနှင့် သံဃာတော်များအားနေ့ဆွမ်းဆက်ကပ်လှူဒါန်းကြ သည်။
ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တာချီလိတ်မြို့၊ မဟာမြတ်မုနိကျောင်း တိုက်သို့ရောက်ရှိကြပြီး ကျောင်ထိုင်ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိအား ဖူးမြော် ကြည်ညိုကြသည်။ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ဆရာတော်ကြီးအား နဝကမ္မ အလှူငွေများအားလည်းကောင်း၊ တပ်မတော်အရာရှိကြီးများက လှူဖွယ်ပစ္စည်းများအားလည်းကောင် အသီးသီး ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
ဖတ်သင့်သော သတင်းများ
ပြန်စာထားခဲ့ပါ။
သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။