တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ သူနာပြုနှင့်ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၁၆)နှင့် အမျိုးသမီးသူနာပြုသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၃) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြအခမ်းအနားကျင်းပ

ေနျပည္ေတာ္ ၊ ဇန္န၀ါရီ ၂

တပ္မေတာ္သူနာျပဳႏွင့္ ေဆးဘက္ပညာသိပၸံဘြဲ႕သင္တန္းအမွတ္စဥ္(၁၆)ႏွင့္ အမ်ိဳးသမီး သူနာျပဳ သိပၸံဘြဲ႕သင္တန္းအမွတ္စဥ္(၃)သင္တန္းဆင္းဂုဏ္ျပဳစစ္ေရးျပ အခမ္းအနားအား ယေန႔နံနက္ပုိင္းတြင္ ရန္ကုန္ၿမိဳ႕၊ တပ္မေတာ္ေဆးတကၠသုိလ္ စစ္ေရးျပကြင္း၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္ တက္ေရာက္မိန္႔ခြန္းေျပာၾကားသည္။

အဆုိပါအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ တင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး မွ တပ္မေတာ္ အရာရိွႀကီး မ်ား၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး၊ တပ္မေတာ္ သူနာျပဳႏွင့္ ေဆးဘက္ပညာတကၠသုိလ္ ေက်ာင္းအုပ္ႀကီးႏွင့္ ရန္ကုန္တပ္နယ္မွအရာရိွႀကီး မ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ားႏွင့္ သင္တန္းသားသူနာျပဳမ်ား၏ မိဘေဆြမ်ိဳးမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္က သင္တန္းတပ္ခြဲမ်ား၏အေလးျပဳျခင္းကိုခံယူၿပီး သင္တန္းဆင္းတပ္ခြဲမ်ားကုိစစ္ေဆးသည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္အား သင္တန္း တပ္ခြဲမ်ားက အေႏွးေလွ်ာက္၊ အျမန္ေလွ်ာက္တို႔ျဖင့္ ခ်ီတက္အေလးျပဳၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္မေတာ္သူနာျပဳႏွင့္ ေဆးဘက္ပညာ တကၠသုိလ္၊ တပ္မေတာ္သူနာျပဳႏွင့္ေဆးဘက္ပညာသိပၸံဘြဲ႕သင္တန္း အမွတ္စဥ္(၁၆)မွ အေကာင္းဆုံးသင္တန္းသားဆုရရွိသူ သင္တန္းသားအမွတ္ ၃၈၄၃၊ သင္တန္းသား ျပည့္ၿဖိဳးေအာင္၊ ေလ့က်င့္ေရးထူးခြၽန္ဆုရရွိသူ သင္တန္းသားအမွတ္ ၃၈၇၅၊ သင္တန္းသား ေအာင္ဟိန္းထက္၊ စာေပထူးခြၽန္ဆုရရွိသူ သင္တန္းသားအမွတ္ ၃၈၄၅၊ သင္တန္းသား ၿဖိဳးဟန္ေက်ာ္ တုိ႔အား ဆုမ်ားေပးအပ္ခ်ီးျမႇင့္သည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္မေတာ္သူနာျပဳႏွင့္ ေဆးဘက္ပညာတကၠသုိလ္ တပ္မေတာ္အမ်ိဳးသမီးသူနာျပဳသိပၸံဘြဲ႕ သင္တန္းအမွတ္စဥ္(၃)မွ အေကာင္းဆုံးသင္တန္းသူဆုရရွိသူ သင္တန္းသူအမွတ္ ၁၇၃ ၊ သင္တန္းသူ စုသက္ပုိင္၊ ေလ့က်င့္ေရးထူးခြၽန္ဆုရရွိသူ သင္တန္းသူအမွတ္ ၁၇၇၊ သင္တန္းသူ ဆုလဲ့ႏုိင္၊ စာေပထူးခြၽန္ဆုရရွိသူ သင္တန္းသူအမွတ္ ၂၀၀၊ သင္တန္းသူ ရည္ေ၀ဦး တုိ႔အား ဆုမ်ားေပးအပ္ခ်ီးျမႇင့္သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္က သင္တန္းသားမ်ားအား မိန္႔ခြန္းေျပာၾကားရာ၌ ေဆး၀န္ထမ္းတပ္ဖြဲ႕တြင္ သူနာျပဳမ်ားႏွင့္ ေဆးဘက္ဆုိင္ရာပညာရွင္မ်ားေမြးထုတ္ေပးမႈႏွင့္ပတ္သက္၍-

ေဆး၀န္ထမ္းတပ္ဖြဲ႕၀င္မ်ားသည္ တပ္မေတာ္၏မြန္ျမတ္ေသာ အစဥ္အလာ ၁၂ ရပ္ကုိ ဦးထိပ္ ပန္ဆင္ၿပီး “တပ္မေတာ္သားမ်ားႏွင့္ မိသားစု၀င္မ်ားအား ေနရာ ေဒသမေရြး၊ အခ်ိန္အခါမေရြး၊ အဆင့္အတန္းမေရြး ျပည့္စုံလုံေလာက္ေသာ က်န္းမာေရးေစာင့္ေရွာက္မႈေပးရန္” ဆုိသည့္ ေဆး၀န္ထမ္းတပ္ဖြဲ႕၏ရည္မွန္းခ်က္တာ၀န္မ်ားကုိ အေကာင္အထည္ေဖာ္ ေဆာင္ရြက္လ်က္ ရွိေၾကာင္း၊ ေဆး၀န္ထမ္းတပ္ဖြဲ႕၏ အင္အားစုတစ္ခုျဖစ္သည့္ တပ္မေတာ္သူနာျပဳႏွင့္ ေဆးဘက္ပညာ တကၠသုိလ္သည္လည္း တပ္မေတာ္သားမ်ား၊ မိသားစု၀င္မ်ားႏွင့္ ျပည္သူမ်ားအားျပဳစုကုသေရး၊ ေရာဂါရွာေဖြေရး၊ ေရာဂါတားဆီးကာကြယ္ေရး၊ ေရာဂါႏွိမ္နင္းေရး၊ က်န္းမာေရးျမႇင့္တင္ေရး၊ ျပန္လည္ သန္စြမ္းေရးႏွင့္ ေဆး၀ါးထုတ္လုပ္ေရးစသည့္ က်န္းမာေရးေစာင့္ေရွာက္မႈမ်ား ေပးမည့္ “ကြၽမ္းက်င္၊ ကူညီ၊ ေဆးစစ္သည္” မ်ားေလ့က်င့္ေမြးထုတ္ေပးလ်က္ရွိေၾကာင္း၊ တပ္မေတာ္သူနာျပဳႏွင့္ ေဆးဘက္ပညာတကၠသုိလ္အေနျဖင့္ သူနာျပဳပါရဂူ ၁၃ ဦး၊ သူနာျပဳမဟာသိပၸံဘြဲ႕ ၃၆၂ ဦး၊ ေဆး၀ါးမဟာသိပၸံဘြဲ႕ ၃၉ ဦး၊ ေဆးဘက္ဆုိင္ရာ နည္းပညာမဟာသိပၸံဘြဲ႕ ၁၀၆ ဦး၊ ေဆးပညာ သင္ၾကားေရးဘြဲ႕လြန္ဒီပလုိမာဘြဲ႕ ၁၈၈ ဦး၊ သူနာျပဳသိပၸံဘြဲ႕ ၃၀၄၅ ဦး၊ ေဆး၀ါးကြၽမ္းက်င္မႈသိပၸံဘြဲ႕ ၂၀၄ ဦး၊ ေဆးဘက္ဆုိင္ရာနည္းပညာဘြဲ႕ ၅၇၃ ဦးႏွင့္ သူနာျပဳသိပၸံဘြဲ႕(ေပါင္းကူး) ၉၈ ဦးတုိ႔အား ေလ့က်င့္ေမြးထုတ္ေပးႏုိင္ခဲ့ၿပီးျဖစ္ေၾကာင္း၊ ေဆး၀န္ထမ္းတပ္ဖြဲ႕၏ လုပ္ငန္းတာ၀န္နယ္ပယ္မွာ သူနာျပဳႏွင့္ ေဆးဘက္ပညာသည္မ်ား၏ စြမ္းေဆာင္ရည္သည္လည္း က်ယ္ျပန္႔လာၿပီျဖစ္ေၾကာင္း၊ ယခင္ကေဆး႐ုံ၊ ေဆးတပ္ဖြဲ႕မ်ားတြင္သာ တာ၀န္ထမ္းေဆာင္ ၾကရသည့္ သူနာျပဳတပ္ဖြဲ႕၀င္မ်ား သည္ ယခုအခါ စစ္ေျမျပင္လက္ေတြ႕ေဆးအကာကြယ္ ေပးေရးလုပ္ငန္းတာ၀န္မ်ားကုိပါ ကြၽမ္းက်င္ ပုိင္ႏုိင္စြာတာ၀န္ထမ္းေဆာင္ေနၾကၿပီျဖစ္ေၾကာင္း၊ ထုိ႔ျပင္တုိင္းရင္းသားျပည္သူလူထုအား က်န္းမာေရး ေစာင့္ေရွာက္မႈျမႇင့္တင္ေပးျခင္းလုပ္ငန္းျဖစ္သည့္ နယ္လွည့္ေဆးကုသေရးအဖဲြ႕မ်ားတြင္လည္း သူနာျပဳတပ္ဖြဲ႕၀င္မ်ားသည္ က်ရာအခန္းက႑မွေနၿပီး တက္ၾကြကြၽမ္းက်င္စြာ ပါ၀င္ထမ္းေဆာင္ေနၾက ေၾကာင္းေျပာၾကားသည္။

ေဆးအကာကြယ္ေပးေရးတာ၀န္မ်ားထမ္းေဆာင္ရာတြင္ ႏုိင္ငံတကာႏွင့္ ရင္ေပါင္တန္းႏုိင္သည့္ အရည္အခ်င္းျပည့္၀သူမ်ားျဖစ္ေအာင္ ေလ့က်င့္သင္ၾကားေပးမႈႏွင့္ ပတ္သက္၍-

သူနာျပဳစုမႈႏွင့္ ေဆးအကာကြယ္ေပးေရးတာ၀န္မ်ားကုိ ထမ္းေဆာင္ရာတြင္ သင္တန္းဆင္းၿပီး၍ အေျခခံဘြဲ႕မ်ားတြင္ အရည္အခ်င္းျပည့္မီစြာေအာင္ျမင္ခဲ့သူမ်ား၊ သတ္မွတ္အရည္အခ်င္း ကန္႔သတ္ခ်က္မ်ားႏွင့္ကုိက္ညီသူမ်ားကုိ ဘြဲ႕လြန္ဒီပလုိမာ သင္တန္းမ်ား၊ မဟာသိပၸံဘြဲ႕ သင္တန္း မ်ားႏွင့္ သူနာျပဳပါရဂူဘြဲ႕သင္တန္းမ်ားဖြင့္လွစ္ၿပီး အဆင့္ျမင့္ေဆးဘက္ဆုိင္ရာပညာရပ္မ်ားကုိ သင္ၾကားေလ့က်င့္ေပးလ်က္ရွိေၾကာင္း၊ တပ္မေတာ္သူနာျပဳႏွင့္ ေဆးဘက္ပညာတကၠသုိလ္မွ နည္းျပမ်ား၊ သူနာျပဳတပ္ဖြဲ႕မ်ား၊ ေဆးဘက္ပညာသည္မ်ား၏ အရည္အခ်င္းတုိးတက္ျမင့္မားေရး အတြက္ ျပည္တြင္းတကၠသုိလ္မ်ားျဖစ္သည့္ သူနာျပဳတကၠသုိလ္၊ ေဆး၀ါးတကၠသိုလ္ႏွင့္ ေဆးဘက္ ဆုိင္ရာ နည္းပညာတကၠသုိလ္တုိ႔တြင္ မဟာဘြဲ႕လြန္သင္တန္းမ်ားေစလႊတ္တက္ေရာက္ေစခဲ့ေၾကာင္း၊ ထုိ႔အျပင္ႏုိင္ငံတကာအဆင့္မီ သူနာျပဳႏွင့္ေဆးဘက္ပညာဆုိင္ရာ အတတ္ပညာမ်ားရရွိေစေရး အတြက္လည္း ျပည္ပသင္တန္းမ်ားကုိ ေစလႊတ္တက္ေရာက္ေစခဲ့ရာ ျပည္ပတကၠသိုလ္မ်ားမွ သူနာျပဳပါရဂူဘြဲ႕ႏွင့္ သူနာျပဳမဟာဘြဲ႕မ်ားရရွိခဲ့ၿပီးျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ သူနာျပဳႏွင့္ေဆးဘက္ ပညာသည္ တပ္ဖြဲ႕၀င္မ်ားကုိ ႏုိင္ငံတကာႏွင့္ ရင္ေပါင္တန္းႏုိင္သည့္ အရည္အခ်င္းျပည့္၀သူ မ်ားျဖစ္ေအာင္ ေလ့က်င့္ေပးလ်က္ ရွိသကဲ့သုိ႔ မိမိတုိ႔အေနျဖင့္လည္း တပ္မေတာ္သူနာျပဳႏွင့္ ေဆးဘက္ပညာတကၠသုိလ္မွ သင္ၾကားေပးလုိက္သည့္ ေဆးပညာရပ္မ်ားမွတစ္ဆင့္ အဆင့္ျမင့္ ပညာရပ္မ်ားကုိ ဆက္လက္ဆည္းပူးေလ့လာႏုိင္ရန္ ႀကိဳးစားေဆာင္ရြက္သြားၾကရန္မွာၾကားသည္။

သူနာျပဳႏွင့္ေဆးဘက္ဆုိင္ရာအကူအညီေပးေရးလုပ္ငန္းစဥ္သည္ တပ္မေတာ္၏ ကာကြယ္ေရး စြမ္းပကားျမင့္မားေစေရးကုိ အေထာက္အကူျပဳမႈႏွင့္ပတ္သက္၍-

သူနာျပဳစုျခင္း၏ရည္ရြယ္ခ်က္သည္ ပုိမုိျမင့္မားသည့္က်န္းမာမႈျဖစ္ေစရန္၊ တုိးတက္ေကာင္းမြန္သည့္ ကုသမႈျဖစ္ေစရန္၊ ေရာဂါဘယမ်ားႏွင့္ မသန္စြမ္းသူမ်ားကုိ ကာကြယ္ရန္ဆုိသည့္ သီးျခား ရည္ရြယ္ခ်က္မ်ားထားရွိေဆာင္ရြက္ရျခင္းျဖစ္ၿပီး သူနာျပဳႏွင့္ ေဆးဘက္ဆုိင္ရာ အကူအညီေပးေရး လုပ္ငန္းစဥ္သည္ တပ္မေတာ္၏ ကာကြယ္ေရး စြမ္းပကားျမင့္မားေရးကုိ အေထာက္အကူျပဳေနသည့္ အဓိကအစိတ္အပုိင္းတစ္ရပ္ျဖစ္ေၾကာင္း၊ စစ္ပြဲတြင္ တုိက္ခုိက္ရ၍ျဖစ္ေစ၊ အေၾကာင္းအမ်ိဳးမ်ိဳး ေၾကာင့္ျဖစ္ေစ ဒဏ္ရာအနာတရျဖစ္ပြားသူ၊ က်န္းမာေရးခ်ိဳ႕တဲ့သူတပ္မေတာ္သားမ်ား၊ မိသားစု၀င္ မ်ားႏွင့္ ျပည္သူမ်ားအား မိမိတုိ႔သင္ယူတတ္ေျမာက္ထားသည့္ သူနာျပဳဆုိင္ရာပညာမ်ားႏွင့္ ျပည့္စုံ လုံေလာက္သည့္ ျပဳစုကုသမႈမ်ားလုပ္ေပးရမည္ျဖစ္ေၾကာင္း၊ ျပဳစုကုသျခင္းလုပ္ငန္းမ်ားကုိ ေခတ္မီသူနာျပဳေစာင့္ေရွာက္မႈမ်ားႏွင့္ ျပဳစုေပးရမည္သာမက ေဆးအကာကြယ္ ေပးေရးတြင္ သူနာျပဳစုေစာင့္ေရွာက္မႈဆုိင္ရာ စီမံအုပ္ခ်ဳပ္မႈ၊ သူနာျပဳစုေစာင့္ေရွာက္မႈ လုပ္ငန္းစဥ္မ်ားကုိ စိစစ္ေစာင့္ၾကည့္ေဆာင္ရြက္ေနမႈ၊ လူထုႏွင့္သက္ဆုိင္သည့္ အဓိက အခ်က္အလက္မ်ားကုိ မွတ္တမ္းျပဳစုထားရွိမႈႏွင့္ လူနာႏွင့္ပတ္သက္သည့္ အစာအာဟာရကုိပါ ေစာင့္ၾကည့္စိစစ္မႈမ်ားအထိ က်ယ္က်ယ္ျပန္႔ျပန္႔ျပဳစုေစာင္ေရွာက္မႈမ်ား ေဆာင္ရြက္ေပး ရမည္ျဖစ္ေၾကာင္းေျပာၾကားသည္။

သူနာျပဳတစ္ဦးအေနျဖင့္ ထားရွိသင့္သည့္ စိတ္ဓာတ္ႏွင့့္ပတ္သက္၍-

သူနာျပဳလုပ္ငန္းဆုိသည္မွာ က်န္းမာေရးက႑တြင္ အေရးပါသည့္လုပ္ငန္း တစ္ရပ္ျဖစ္သည္ႏွင့္အညီ မိမိတုိ႔သည္ က႐ုဏာတရားႀကီးမားၿပီး ၾကင္နာတတ္သူ၊ ကုိယ္က်ိဳးစြန္႔အနစ္နာခံတတ္သူ၊ ေစတနာထက္သန္သူ၊ စိတ္ထားမြန္ျမတ္သူ၊ အပင္ပန္း အဆင္းရဲခံႏုိင္သူစသည့္ အဂၤါရပ္မ်ားႏွင့္ ထူးထူးကဲကဲ ျပည့္စုံသူမ်ားျဖစ္ေအာင္ ႀကိဳးစားရမည္ျဖစ္သကဲ့သုိ႔ သူနာျပဳတစ္ေယာက္၏အေျပာအဆုိ အျပဳအမူသည္ စိတ္ဓာတ္ခြန္အားေပးႏုိင္ၿပီး ကုသမႈကုိအလြန္ထိေရာက္ေစသည့္အတြက္ မိမိတို႕ အေနျဖင့္တာ၀န္ထမ္းေဆာင္ရာတြင္ သူနာျပဳစိတ္ဓာတ္အျပည့္ရွိရန္မွာၾကားလုိေၾကာင္း၊ သူနာျပဳ စိတ္ဓာတ္ခုိင္မာရန္ သူနာျပဳစိတ္ဓာတ္၏ အေျခခံျဖစ္သည့္ “၀ါသနာ၊ ေစတနာ၊ အၾကင္နာ၊ အနစ္နာ၊ နမူနာ”ဆုိသည့္ နာ ၅ နာႏွင့္ျပည့္၀ေနရန္လုိေၾကာင္း၊ သူနာျပဳစိတ္ဓာတ္၏အဓိက ၫႊန္းဆုိခ်က္မွာ လူနာ၏စိတ္ေရာကုိယ္ပါ က်န္းမာေရးႏွင့္ခံစားမႈဆုိင္ရာ ေကာင္းမြန္ေရးသာ အဓိကျဖစ္သည့္အတြက္ က်န္းမာေရးခ်ိဳ႕တဲ့သူမ်ားကုိ မိမိတုိ႔၏ေဆြမ်ိဳးရင္းခ်ာကဲ့သုိ႔ သေဘာထားၿပီး လူမ်ိဳးဘာသာ ဆင္းရဲခ်မ္းသာမခြဲျခားဘဲ ျပဳစုယုယကုသေပးၾကရမည္ျဖစ္ေၾကာင္း၊ ထုိ႔အျပင္သူနာျပဳစိတ္ဓာတ္ ျပည့္၀သည့္သူမ်ားသည္ မိမိအလုပ္အေပၚတြင္ ေက်နပ္ေပ်ာ္ရႊင္ၿပီး မည္သည့္ေနရာေဒသမဆုိ ေပးအပ္သည့္တာ၀န္ကုိ ေက်ပြန္ေအာင္ ေဆာင္ရြက္ႏုိင္မည္ျဖစ္သည့္အတြက္ သူနာျပဳစိတ္ဓာတ္ ရင့္က်က္ျပည့္၀ေစေရး အစဥ္ အၿမဲႀကိဳးစားေမြးျမဴသြားၾကရန္အေလးထားမွာၾကားသည္။

ေဆးကုသမႈလုပ္ငန္းမ်ားေဆာင္ရြက္ရာ၌ ေဆးကုသရာတြင္ အေထာက္အကူျပဳသည့္္ ကြၽမ္းက်င္ ပညာရွင္မ်ားလုိအပ္မႈႏွင့္ပတ္သက္၍-

အေနာက္တုိင္းေဆးျဖစ္ေစ၊ တုိင္းရင္းေဆးျဖစ္ေစ ေဆး၀ါးေဖာ္စပ္မႈႏွင့္ ေဆး၀ါး အသုံးျပဳမႈအတြက္ ကြၽမ္းက်င္ပညာရွင္မ်ားလုိအပ္ေၾကာင္း၊ ယခုအခါ ျပည္ပမွတရားမ၀င္ တင္သြင္းေရာင္းခ်ေနသည့္ ေဆး၀ါးအခ်ိဳ႕သည္ အမ်ိဳးသားက်န္းမာေရးကုိအႏၲရာယ္ေပး လ်က္ရွိေၾကာင္း၊ ထုိ႔ေၾကာင့္မိမိတုိ႔ တတ္ကြၽမ္းသည့္ ေဆး၀ါးထုတ္လုပ္မႈပညာ၊ ေဆး၀ါး အာနိသင္ စစ္ေဆးမႈပညာမ်ားျဖင့္ တပ္မေတာ္ႏွင့္ျပည္သူလူထုကုိ ေစာင့္ေရွာက္ၾကရမည္ ျဖစ္ေၾကာင္း၊ ထုိ႔ျပင္ေဆးဘက္ဆုိင္ရာ နည္းပညာႏွင့္ပတ္သက္၍ ေဆးကုသမႈတြင္ ေရာဂါရွာေဖြေရးကုိ ဘက္စုံေထာင့္စုံျပဳလုပ္ရန္ လုိအပ္ေၾကာင္း၊ ထုိသုိ႔ေဆာင္ရြက္မႈမရွိပါက အနာတျခား၊ ေဆးတျခားျဖစ္ၿပီး အခ်ိန္ဆုံး႐ႈံးျခင္း၊ ေငြဆုံး႐ႈံးျခင္းတုိ႔အျပင္ လူနာ၏ အသက္ကုိပင္လွ်င္ ဆုံး႐ႈံးသြားတတ္ေၾကာင္း၊ ေဆးဘက္ဆုိင္ရာ နည္းပညာဘြဲ႕(ဓာတ္ခြဲနည္းပညာ)ရရွိသူမ်ားအေနျဖင့္ အဏုဇီ၀ေဗဒပုိးမႊားႏွင့္ဆုိင္ေသာေရာဂါမ်ား ရွာေဖြျခင္း၊ ဇီ၀ဓာတုေဗဒနည္းျဖင့္ ေရာဂါရွာေဖြျခင္း၊ ေသြးရည္ၾကည္မွေရာဂါရွာေဖြျခင္း တုိ႔ကို ေဆာင္ရြက္ႏုိင္ၿပီး ကြၽမ္းက်င္သူဆရာ၀န္မ်ား၏ ေရာဂါကုသေရးအတြက္ တစ္ဖက္တစ္လမ္းမွ အေထာက္အကူျပဳေပးႏုိင္ခဲ့ေၾကာင္း၊ အေျခခံဓာတ္မွန္႐ုိက္ပညာကုိ ကြၽမ္းက်င္စြာအသုံးျပဳၿပီး ဓာတ္မွန္ ႐ုိက္ႏုိင္ျခင္း၊ အထူးဓာတ္မွန္ ႐ုိက္ႏုိင္ျခင္း၊ ေနာက္ဆုံးေပၚေရာဂါရွာေဖြေသာစက္မ်ားကုိ ကြၽမ္းက်င္ ပုိင္ႏုိင္စြာကိုင္တြယ္ အသုံးျပဳႏုိင္ျခင္းတုိ႔ျဖင့္ ေရာဂါကုသေရးလုပ္ငန္းမ်ားကုိ ေကာင္းမြန္စြာ အေထာက္အကူျပဳႏုိင္ျခင္း မ်ားေၾကာင့္ ေဆးဘက္ဆုိင္ရာနည္းပညာဘြဲ႕ (ဓာတ္မွန္ႏွင့္ ပုံရိပ္ေဖာ္ နည္းပညာ) ကြၽမ္းက်င္သူမ်ားကုိလည္း ေလ့က်င့္ေမြးထုတ္ေပးလ်က္ရွိေၾကာင္း၊ ထုိ႔အတူ စစ္ေျမျပင္တြင္ ဒဏ္ရာရရွိသျဖင့္ မသန္မစြမ္းျဖစ္သြားသည့္ စစ္သည္မ်ားအတြက္ျပဳစုကုသမႈအထူး လုိအပ္သည့္အျပင္ ေမြးရာပါမသန္မစြမ္းကေလးငယ္သူငယ္မ်ားကုိလည္း ေစာင့္ေရွာက္ ေပးႏုိင္ရန္ အတြက္ မသန္မစြမ္း ေ၀ဒနာရွင္မ်ားကုိသူတစ္ပါးအကူအညီမလုိဘဲ မိမိကုိယ္ မိမိ ရပ္တည္လာ ႏုိင္ေစရန္ ကုသေပးရန္ႏွင့္ ေနာက္ဆက္တြဲျဖစ္ေပၚလာႏုိင္သည့္ေရာဂါမ်ားကုိ ကာကြယ္ႏုိင္ရန္တုိ႔ အတြက္ လွ်ပ္စစ္သံလုိက္လႈိင္းမ်ားျဖင့္ ကုသမႈေပးျခင္း၊ ေရပူ၊ ေရေအး အသုံးျပဳ၍ကုသမႈေပးျခင္း၊ အလုပ္ေပးကုထုံးျဖင့္ ကုသေပးျခင္းမ်ားျပဳလုပ္ႏုိင္ရန္ ခႏၶာသန္စြမ္းမႈနည္းပညာသည္ အေရးႀကီးသည့္ အတြက္ ႏုိင္ငံတုိင္းတြင္အေလးထား သည့္ေဆးပညာရပ္ျဖစ္ေၾကာင္းေျပာၾကားသည္။

တပ္မေတာ္အေနျဖင့္ ႏုိင္ငံေတာ္ကာကြယ္ေရးတာ၀န္မ်ားသာမက ျပည္သူလူထု၏ လူမႈဘ၀ လုံၿခဳံေရးကုိပါ ဘက္ေပါင္းစုံမွေဆာင္ရြက္ေပးလ်က္ရွိမႈႏွင့္ပတ္သက္၍-

တပ္မေတာ္သည္ ျပည္သူထဲမွေပါက္ဖြားလာသည့္ တုိင္းရင္းသားေပါင္းစုံျဖင့္ ဖြဲ႕စည္းထားသည့္ တစ္ခုတည္းေသာ တပ္မေတာ္ျဖစ္သည္ႏွင့္အညီ ျပည္သူလူထု၏ အသက္အုိးအိမ္စည္းစိမ္ကုိ ကာကြယ္ေစာင့္ေရွာက္လ်က္ရွိေၾကာင္း၊ ျပည္သူလူထုကုိ ကာကြယ္ေစာင့္ေရွာက္ေရးလုပ္သည့္ ေနရာတြင္ ျပည္သူမ်ား၏ေန႔စဥ္လူမႈဘ၀လုံၿခဳံေရးကုိပါ ဘက္ေပါင္းစုံမွ လုပ္ေဆာင္ေပးလ်က္ ရွိေၾကာင္း၊ ျပည္သူလူထု က်န္းမာႀကံ့ခုိင္ေရးအတြက္ အခမဲ့က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားကုိ တပ္မေတာ္နယ္လွည့္ေဆးကုသေရးအဖြဲ႕မ်ားျဖင့္ တစ္ႏုိင္ငံလုံးအႏွံ႕လူမ်ိဳးဘာသာမခြဲျခားဘဲ စဥ္ဆက္ မျပတ္ လုပ္ေဆာင္ေပးလ်က္ရွိေၾကာင္း၊ ၂၀၁၂ ခုႏွစ္မွ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလအထိ က်န္းမာေရး ေစာင့္ေရွာက္မႈ ၅၅၂၂ ႀကိမ္ရွိၿပီး လူနာ ၂၂၉၆၀၇၃ ဦးကုိ အခမဲ့ေဆး၀ါး ကုသေပးႏုိင္ခဲ့ေၾကာင္း၊ ဆက္လက္ကုသရန္လုိအပ္သည့္ လူနာ ၂၁၆၄၀ ဦးကုိ တပ္မေတာ္ေဆး႐ုံမ်ားသုိ႔ တက္ေရာက္ကုသ ေပးႏုိင္ခဲ့ေၾကာင္း၊ တပ္မေတာ္ နယ္လွည့္ေဆးကုသေရးအဖြဲ႕မ်ားက ႏုိင္ငံတစ္၀န္းတုိင္းရင္းသား ေဒသမ်ားအပါအ၀င္ နယ္စပ္ေဒသအစြန္အဖ်ားမက်န္ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ေဆာင္ေနျခင္း သည္ တပ္မေတာ္၏ အဓိကလုပ္ငန္းတာ၀န္ထဲမွ ျပည္သူ႕အက်ိဳးျပဳလုပ္ငန္းတာ၀န္ကုိ တာ၀န္ သိသိ၊ ေစတနာရွိရွိ လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း၊ တစ္နည္းအားျဖင့္ တပ္မေတာ္သား ေဆးတပ္ဖြဲ႕၀င္ မ်ားက မိမိတုိ႔တတ္ေျမာက္ထားသည့္ ေဆးပညာရပ္မ်ားျဖင့္ ျပည္သူမ်ား၏ အသက္ခႏၶာမ်ားကုိ အခမဲ့ေဆး၀ါးကုသေပးၿပီး ကာကြယ္ေစာင့္ေရွာက္ေပးျခင္းျဖစ္သျဖင့္ ျပည္သူလူထုအက်ိဳးစီးပြားကုိ ကာကြယ္ေစာင့္ေရွာက္ေပးရန္ဆုိသည့္ ႏုိင္ငံေတာ္ကာကြယ္ေရး တာ၀န္တစ္ရပ္ကုိ ေအာင္ျမင္စြာ ထမ္းေဆာင္ေနျခင္းျဖစ္ေၾကာင္း၊ တပ္မေတာ္ နယ္လွည့္ေဆးကုသေရးအဖြဲ႕မ်ား ေရာက္ရွိေလရာ ေနရာေဒသတုိင္းတြင္ ေဆးကုသမႈခံယူရရွိသည့္ ျပည္သူမ်ား၏ အံ့ၾသ၀မ္းသာ၊ ေပ်ာ္ရႊင္မႈမ်ား ျမင္ေတြ႕ရသကဲ့သုိ႔ ေဆးကုသေပးသည့္ တပ္မေတာ္ေဆးတပ္ဖြဲ႕၀င္မ်ား၏ ကြၽမ္းက်င္မႈ၊ ေစတနာျဖင့္ နားလည္စာနာမႈမ်ားကုိလည္း ျမင္ေတြ႕ရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္က ျပည္သူအေပၚထားရွိသည့္ ေစတနာေမတၱာေၾကာင့္ တပ္မေတာ္ႏွင့္ျပည္သူ ခ်စ္ၾကည္ရင္းႏွီးမႈ ပုိမုိတုိးတက္လာမည္ ျဖစ္သကဲ့သုိ႔ ျပည္သူမ်ားက တပ္မေတာ္အေပၚယုံၾကည္အားကုိးမႈ ပုိမုိတုိးပြားလာမည္ ျဖစ္ေၾကာင္း၊ ထုိ႔အျပင္ နယ္လွည့္ေဆးကုသေရးအဖြဲ႕မ်ားက ႏုိင္ငံတစ္၀န္းက်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ျပဳလုပ္ေပးျခင္းသည္ ေဒသခံျပည္သူလူထုကုိ တုိက္႐ုိက္အက်ိဳးရွိၿပီး ႏုိင္ငံေတာ္၏တစ္မ်ိဳးသားလုံး က်န္းမာႀကံ့ခုိင္ေရးအတြက္မ်ားစြာ အေထာက္အကူျပဳမည္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္မိမိတုိ႔အေနျဖင့္ က်ရာတာ၀န္အသီးသီးတြင္ တပ္မေတာ္နယ္လွည့္ ေဆးကုသေရးလုပ္ငန္းမ်ားကုိ အားတက္သေရာ စြမ္းစြမ္းတမံ ေဆာင္ရြက္သြားၾကရန္မွာၾကားလုိေၾကာင္း ေျပာၾကားသည္။

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္သည္ သင္တန္းတပ္ခြဲမ်ား၏ အေလးျပဳျခင္းကုိခံယူၿပီး စစ္ေရးျပအခမ္း အနားမွျပန္လည္ထြက္ခြာသြားသည္။

စစ္ေရးျပအခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ တပ္မေတာ္ေဆးတကၠသုိလ္၊ ပင္မေဆာင္ရွိ ဧည့္ခန္းမေဆာင္၌ သူနာျပဳႏွင့္ေဆးဘက္ပညာ သိပၸံဘြဲ႕သင္တန္းအမွတ္စဥ္ (၁၆)မွ ထူးခြၽန္ဆုရရွိခဲ့ၾကသည့္ သင္တန္းသားမ်ားႏွင့္ ၎တုိ႔ ၏မိဘမ်ား၊ အမ်ိဳးသမီးသူနာျပဳသိပၸံဘြဲ႕ သင္တန္းအမွတ္စဥ္(၃)မွ ထူးခြၽန္ဆုရရွိခဲ့ၾကသည့္ သင္တန္းသူမ်ားႏွင့္ ၎တို႔၏မိဘမ်ားအား ေတြ႕ဆုံ၍ဂုဏ္ျပဳအမွာစကားေျပာၾကားခဲ့သည္။

(Unicode Version)

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ သူနာပြုနှင့်ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၁၆)နှင့် အမျိုးသမီးသူနာပြုသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၃) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြအခမ်းအနားကျင်းပ

နေပြည်တော် ၊ ဇန်နဝါရီ ၂

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၁၆)နှင့် အမျိုးသမီး သူနာပြု သိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၃)သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ တပ်မတော်ဆေးတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ တပ်မတော် အရာရှိကြီး များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ရန်ကုန်တပ်နယ်မှအရာရှိကြီး များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသားသူနာပြုများ၏ မိဘဆွေမျိုးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က သင်တန်းတပ်ခွဲများ၏အလေးပြုခြင်းကိုခံယူပြီး သင်တန်းဆင်းတပ်ခွဲများကိုစစ်ဆေးသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား သင်တန်း တပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်၊ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၁၆)မှ အကောင်းဆုံးသင်တန်းသားဆုရရှိသူ သင်တန်းသားအမှတ် ၃၈၄၃၊ သင်တန်းသား ပြည့်ဖြိုးအောင်၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ သင်တန်းသားအမှတ် ၃၈၇၅၊ သင်တန်းသား အောင်ဟိန်းထက်၊ စာပေထူးချွန်ဆုရရှိသူ သင်တန်းသားအမှတ် ၃၈၄၅၊ သင်တန်းသား ဖြိုးဟန်ကျော် တို့အား ဆုများပေးအပ်ချီးမြှင့်သည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် တပ်မတော်အမျိုးသမီးသူနာပြုသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၃)မှ အကောင်းဆုံးသင်တန်းသူဆုရရှိသူ သင်တန်းသူအမှတ် ၁၇၃ ၊ သင်တန်းသူ စုသက်ပိုင်၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ သင်တန်းသူအမှတ် ၁၇၇၊ သင်တန်းသူ ဆုလဲ့နိုင်၊ စာပေထူးချွန်ဆုရရှိသူ သင်တန်းသူအမှတ် ၂၀၀၊ သင်တန်းသူ ရည်ဝေဦး တို့အား ဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က သင်တန်းသားများအား မိန့်ခွန်းပြောကြားရာ၌ ဆေးဝန်ထမ်းတပ်ဖွဲ့တွင် သူနာပြုများနှင့် ဆေးဘက်ဆိုင်ရာပညာရှင်များမွေးထုတ်ပေးမှုနှင့်ပတ်သက်၍-

ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် တပ်မတော်၏မွန်မြတ်သော အစဉ်အလာ ၁၂ ရပ်ကို ဦးထိပ် ပန်ဆင်ပြီး “တပ်မတော်သားများနှင့် မိသားစုဝင်များအား နေရာ ဒေသမရွေး၊ အချိန်အခါမရွေး၊ အဆင့်အတန်းမရွေး ပြည့်စုံလုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုပေးရန်” ဆိုသည့် ဆေးဝန်ထမ်းတပ်ဖွဲ့၏ရည်မှန်းချက်တာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ ဆေးဝန်ထမ်းတပ်ဖွဲ့၏ အင်အားစုတစ်ခုဖြစ်သည့် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်သည်လည်း တပ်မတော်သားများ၊ မိသားစုဝင်များနှင့် ပြည်သူများအားပြုစုကုသရေး၊ ရောဂါရှာဖွေရေး၊ ရောဂါတားဆီးကာကွယ်ရေး၊ ရောဂါနှိမ်နင်းရေး၊ ကျန်းမာရေးမြှင့်တင်ရေး၊ ပြန်လည် သန်စွမ်းရေးနှင့် ဆေးဝါးထုတ်လုပ်ရေးစသည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးမည့် “ကျွမ်းကျင်၊ ကူညီ၊ ဆေးစစ်သည်” များလေ့ကျင့်မွေးထုတ်ပေးလျက်ရှိကြောင်း၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်အနေဖြင့် သူနာပြုပါရဂူ ၁၃ ဦး၊ သူနာပြုမဟာသိပ္ပံဘွဲ့ ၃၆၂ ဦး၊ ဆေးဝါးမဟာသိပ္ပံဘွဲ့ ၃၉ ဦး၊ ဆေးဘက်ဆိုင်ရာ နည်းပညာမဟာသိပ္ပံဘွဲ့ ၁၀၆ ဦး၊ ဆေးပညာ သင်ကြားရေးဘွဲ့လွန်ဒီပလိုမာဘွဲ့ ၁၈၈ ဦး၊ သူနာပြုသိပ္ပံဘွဲ့ ၃၀၄၅ ဦး၊ ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့ ၂၀၄ ဦး၊ ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့ ၅၇၃ ဦးနှင့် သူနာပြုသိပ္ပံဘွဲ့(ပေါင်းကူး) ၉၈ ဦးတို့အား လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ဆေးဝန်ထမ်းတပ်ဖွဲ့၏ လုပ်ငန်းတာဝန်နယ်ပယ်မှာ သူနာပြုနှင့် ဆေးဘက်ပညာသည်များ၏ စွမ်းဆောင်ရည်သည်လည်း ကျယ်ပြန့်လာပြီဖြစ်ကြောင်း၊ ယခင်ကဆေးရုံ၊ ဆေးတပ်ဖွဲ့များတွင်သာ တာဝန်ထမ်းဆောင် ကြရသည့် သူနာပြုတပ်ဖွဲ့ဝင်များ သည် ယခုအခါ စစ်မြေပြင်လက်တွေ့ဆေးအကာကွယ် ပေးရေးလုပ်ငန်းတာဝန်များကိုပါ ကျွမ်းကျင် ပိုင်နိုင်စွာတာဝန်ထမ်းဆောင်နေကြပြီဖြစ်ကြောင်း၊ ထို့ပြင်တိုင်းရင်းသားပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှုမြှင့်တင်ပေးခြင်းလုပ်ငန်းဖြစ်သည့် နယ်လှည့်ဆေးကုသရေးအဖွဲ့များတွင်လည်း သူနာပြုတပ်ဖွဲ့ဝင်များသည် ကျရာအခန်းကဏ္ဍမှနေပြီး တက်ကြွကျွမ်းကျင်စွာ ပါ၀င်ထမ်းဆောင်နေကြ ကြောင်းပြောကြားသည်။

ဆေးအကာကွယ်ပေးရေးတာဝန်များထမ်းဆောင်ရာတွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် အရည်အချင်းပြည့်ဝသူများဖြစ်အောင် လေ့ကျင့်သင်ကြားပေးမှုနှင့် ပတ်သက်၍-

သူနာပြုစုမှုနှင့် ဆေးအကာကွယ်ပေးရေးတာဝန်များကို ထမ်းဆောင်ရာတွင် သင်တန်းဆင်းပြီး၍ အခြေခံဘွဲ့များတွင် အရည်အချင်းပြည့်မီစွာအောင်မြင်ခဲ့သူများ၊ သတ်မှတ်အရည်အချင်း ကန့်သတ်ချက်များနှင့်ကိုက်ညီသူများကို ဘွဲ့လွန်ဒီပလိုမာ သင်တန်းများ၊ မဟာသိပ္ပံဘွဲ့ သင်တန်း များနှင့် သူနာပြုပါရဂူဘွဲ့သင်တန်းများဖွင့်လှစ်ပြီး အဆင့်မြင့်ဆေးဘက်ဆိုင်ရာပညာရပ်များကို သင်ကြားလေ့ကျင့်ပေးလျက်ရှိကြောင်း၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်မှ နည်းပြများ၊ သူနာပြုတပ်ဖွဲ့များ၊ ဆေးဘက်ပညာသည်များ၏ အရည်အချင်းတိုးတက်မြင့်မားရေး အတွက် ပြည်တွင်းတက္ကသိုလ်များဖြစ်သည့် သူနာပြုတက္ကသိုလ်၊ ဆေးဝါးတက္ကသိုလ်နှင့် ဆေးဘက် ဆိုင်ရာ နည်းပညာတက္ကသိုလ်တို့တွင် မဟာဘွဲ့လွန်သင်တန်းများစေလွှတ်တက်ရောက်စေခဲ့ကြောင်း၊ ထို့အပြင်နိုင်ငံတကာအဆင့်မီ သူနာပြုနှင့်ဆေးဘက်ပညာဆိုင်ရာ အတတ်ပညာများရရှိစေရေး အတွက်လည်း ပြည်ပသင်တန်းများကို စေလွှတ်တက်ရောက်စေခဲ့ရာ ပြည်ပတက္ကသိုလ်များမှ သူနာပြုပါရဂူဘွဲ့နှင့် သူနာပြုမဟာဘွဲ့များရရှိခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် သူနာပြုနှင့်ဆေးဘက် ပညာသည် တပ်ဖွဲ့ဝင်များကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် အရည်အချင်းပြည့်ဝသူ များဖြစ်အောင် လေ့ကျင့်ပေးလျက် ရှိသကဲ့သို့ မိမိတို့အနေဖြင့်လည်း တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်မှ သင်ကြားပေးလိုက်သည့် ဆေးပညာရပ်များမှတစ်ဆင့် အဆင့်မြင့် ပညာရပ်များကို ဆက်လက်ဆည်းပူးလေ့လာနိုင်ရန် ကြိုးစားဆောင်ရွက်သွားကြရန်မှာကြားသည်။

သူနာပြုနှင့်ဆေးဘက်ဆိုင်ရာအကူအညီပေးရေးလုပ်ငန်းစဉ်သည် တပ်မတော်၏ ကာကွယ်ရေး စွမ်းပကားမြင့်မားစေရေးကို အထောက်အကူပြုမှုနှင့်ပတ်သက်၍-

သူနာပြုစုခြင်း၏ရည်ရွယ်ချက်သည် ပိုမိုမြင့်မားသည့်ကျန်းမာမှုဖြစ်စေရန်၊ တိုးတက်ကောင်းမွန်သည့် ကုသမှုဖြစ်စေရန်၊ ရောဂါဘယများနှင့် မသန်စွမ်းသူများကို ကာကွယ်ရန်ဆိုသည့် သီးခြား ရည်ရွယ်ချက်များထားရှိဆောင်ရွက်ရခြင်းဖြစ်ပြီး သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းစဉ်သည် တပ်မတော်၏ ကာကွယ်ရေး စွမ်းပကားမြင့်မားရေးကို အထောက်အကူပြုနေသည့် အဓိကအစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း၊ စစ်ပွဲတွင် တိုက်ခိုက်ရ၍ဖြစ်စေ၊ အကြောင်းအမျိုးမျိုး ကြောင့်ဖြစ်စေ ဒဏ်ရာအနာတရဖြစ်ပွားသူ၊ ကျန်းမာရေးချို့တဲ့သူတပ်မတော်သားများ၊ မိသားစုဝင် များနှင့် ပြည်သူများအား မိမိတို့သင်ယူတတ်မြောက်ထားသည့် သူနာပြုဆိုင်ရာပညာများနှင့် ပြည့်စုံ လုံလောက်သည့် ပြုစုကုသမှုများလုပ်ပေးရမည်ဖြစ်ကြောင်း၊ ပြုစုကုသခြင်းလုပ်ငန်းများကို ခေတ်မီသူနာပြုစောင့်ရှောက်မှုများနှင့် ပြုစုပေးရမည်သာမက ဆေးအကာကွယ် ပေးရေးတွင် သူနာပြုစုစောင့်ရှောက်မှုဆိုင်ရာ စီမံအုပ်ချုပ်မှု၊ သူနာပြုစုစောင့်ရှောက်မှု လုပ်ငန်းစဉ်များကို စိစစ်စောင့်ကြည့်ဆောင်ရွက်နေမှု၊ လူထုနှင့်သက်ဆိုင်သည့် အဓိက အချက်အလက်များကို မှတ်တမ်းပြုစုထားရှိမှုနှင့် လူနာနှင့်ပတ်သက်သည့် အစာအာဟာရကိုပါ စောင့်ကြည့်စိစစ်မှုများအထိ ကျယ်ကျယ်ပြန့်ပြန့်ပြုစုစောင်ရှောက်မှုများ ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်းပြောကြားသည်။

သူနာပြုတစ်ဦးအနေဖြင့် ထားရှိသင့်သည့် စိတ်ဓာတ်နှင့့်ပတ်သက်၍-

သူနာပြုလုပ်ငန်းဆိုသည်မှာ ကျန်းမာရေးကဏ္ဍတွင် အရေးပါသည့်လုပ်ငန်း တစ်ရပ်ဖြစ်သည်နှင့်အညီ မိမိတို့သည် ကရုဏာတရားကြီးမားပြီး ကြင်နာတတ်သူ၊ ကိုယ်ကျိုးစွန့်အနစ်နာခံတတ်သူ၊ စေတနာထက်သန်သူ၊ စိတ်ထားမွန်မြတ်သူ၊ အပင်ပန်း အဆင်းရဲခံနိုင်သူစသည့် အင်္ဂါရပ်များနှင့် ထူးထူးကဲကဲ ပြည့်စုံသူများဖြစ်အောင် ကြိုးစားရမည်ဖြစ်သကဲ့သို့ သူနာပြုတစ်ယောက်၏အပြောအဆို အပြုအမူသည် စိတ်ဓာတ်ခွန်အားပေးနိုင်ပြီး ကုသမှုကိုအလွန်ထိရောက်စေသည့်အတွက် မိမိတို့ အနေဖြင့်တာဝန်ထမ်းဆောင်ရာတွင် သူနာပြုစိတ်ဓာတ်အပြည့်ရှိရန်မှာကြားလိုကြောင်း၊ သူနာပြု စိတ်ဓာတ်ခိုင်မာရန် သူနာပြုစိတ်ဓာတ်၏ အခြေခံဖြစ်သည့် “၀ါသနာ၊ စေတနာ၊ အကြင်နာ၊ အနစ်နာ၊ နမူနာ”ဆိုသည့် နာ ၅ နာနှင့်ပြည့်ဝနေရန်လိုကြောင်း၊ သူနာပြုစိတ်ဓာတ်၏အဓိက ညွှန်းဆိုချက်မှာ လူနာ၏စိတ်ရောကိုယ်ပါ ကျန်းမာရေးနှင့်ခံစားမှုဆိုင်ရာ ကောင်းမွန်ရေးသာ အဓိကဖြစ်သည့်အတွက် ကျန်းမာရေးချို့တဲ့သူများကို မိမိတို့၏ဆွေမျိုးရင်းချာကဲ့သို့ သဘောထားပြီး လူမျိုးဘာသာ ဆင်းရဲချမ်းသာမခွဲခြားဘဲ ပြုစုယုယကုသပေးကြရမည်ဖြစ်ကြောင်း၊ ထို့အပြင်သူနာပြုစိတ်ဓာတ် ပြည့်ဝသည့်သူများသည် မိမိအလုပ်အပေါ်တွင် ကျေနပ်ပျော်ရွှင်ပြီး မည်သည့်နေရာဒေသမဆို ပေးအပ်သည့်တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် သူနာပြုစိတ်ဓာတ် ရင့်ကျက်ပြည့်ဝစေရေး အစဉ် အမြဲကြိုးစားမွေးမြူသွားကြရန်အလေးထားမှာကြားသည်။

ဆေးကုသမှုလုပ်ငန်းများဆောင်ရွက်ရာ၌ ဆေးကုသရာတွင် အထောက်အကူပြုသည့်် ကျွမ်းကျင် ပညာရှင်များလိုအပ်မှုနှင့်ပတ်သက်၍-

အနောက်တိုင်းဆေးဖြစ်စေ၊ တိုင်းရင်းဆေးဖြစ်စေ ဆေးဝါးဖော်စပ်မှုနှင့် ဆေးဝါး အသုံးပြုမှုအတွက် ကျွမ်းကျင်ပညာရှင်များလိုအပ်ကြောင်း၊ ယခုအခါ ပြည်ပမှတရားမဝင် တင်သွင်းရောင်းချနေသည့် ဆေးဝါးအချို့သည် အမျိုးသားကျန်းမာရေးကိုအန္တရာယ်ပေး လျက်ရှိကြောင်း၊ ထို့ကြောင့်မိမိတို့ တတ်ကျွမ်းသည့် ဆေးဝါးထုတ်လုပ်မှုပညာ၊ ဆေးဝါး အာနိသင် စစ်ဆေးမှုပညာများဖြင့် တပ်မတော်နှင့်ပြည်သူလူထုကို စောင့်ရှောက်ကြရမည် ဖြစ်ကြောင်း၊ ထို့ပြင်ဆေးဘက်ဆိုင်ရာ နည်းပညာနှင့်ပတ်သက်၍ ဆေးကုသမှုတွင် ရောဂါရှာဖွေရေးကို ဘက်စုံထောင့်စုံပြုလုပ်ရန် လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်မှုမရှိပါက အနာတခြား၊ ဆေးတခြားဖြစ်ပြီး အချိန်ဆုံးရှုံးခြင်း၊ ငွေဆုံးရှုံးခြင်းတို့အပြင် လူနာ၏ အသက်ကိုပင်လျှင် ဆုံးရှုံးသွားတတ်ကြောင်း၊ ဆေးဘက်ဆိုင်ရာ နည်းပညာဘွဲ့(ဓာတ်ခွဲနည်းပညာ)ရရှိသူများအနေဖြင့် အဏုဇီဝဗေဒပိုးမွှားနှင့်ဆိုင်သောရောဂါများ ရှာဖွေခြင်း၊ ဇီဝဓာတုဗေဒနည်းဖြင့် ရောဂါရှာဖွေခြင်း၊ သွေးရည်ကြည်မှရောဂါရှာဖွေခြင်း တို့ကို ဆောင်ရွက်နိုင်ပြီး ကျွမ်းကျင်သူဆရာဝန်များ၏ ရောဂါကုသရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပေးနိုင်ခဲ့ကြောင်း၊ အခြေခံဓာတ်မှန်ရိုက်ပညာကို ကျွမ်းကျင်စွာအသုံးပြုပြီး ဓာတ်မှန် ရိုက်နိုင်ခြင်း၊ အထူးဓာတ်မှန် ရိုက်နိုင်ခြင်း၊ နောက်ဆုံးပေါ်ရောဂါရှာဖွေသောစက်များကို ကျွမ်းကျင် ပိုင်နိုင်စွာကိုင်တွယ် အသုံးပြုနိုင်ခြင်းတို့ဖြင့် ရောဂါကုသရေးလုပ်ငန်းများကို ကောင်းမွန်စွာ အထောက်အကူပြုနိုင်ခြင်း များကြောင့် ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့ (ဓာတ်မှန်နှင့် ပုံရိပ်ဖော် နည်းပညာ) ကျွမ်းကျင်သူများကိုလည်း လေ့ကျင့်မွေးထုတ်ပေးလျက်ရှိကြောင်း၊ ထို့အတူ စစ်မြေပြင်တွင် ဒဏ်ရာရရှိသဖြင့် မသန်မစွမ်းဖြစ်သွားသည့် စစ်သည်များအတွက်ပြုစုကုသမှုအထူး လိုအပ်သည့်အပြင် မွေးရာပါမသန်မစွမ်းကလေးငယ်သူငယ်များကိုလည်း စောင့်ရှောက် ပေးနိုင်ရန် အတွက် မသန်မစွမ်း ဝေဒနာရှင်များကိုသူတစ်ပါးအကူအညီမလိုဘဲ မိမိကိုယ် မိမိ ရပ်တည်လာ နိုင်စေရန် ကုသပေးရန်နှင့် နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည့်ရောဂါများကို ကာကွယ်နိုင်ရန်တို့ အတွက် လျှပ်စစ်သံလိုက်လှိုင်းများဖြင့် ကုသမှုပေးခြင်း၊ ရေပူ၊ ရေအေး အသုံးပြု၍ကုသမှုပေးခြင်း၊ အလုပ်ပေးကုထုံးဖြင့် ကုသပေးခြင်းများပြုလုပ်နိုင်ရန် ခန္ဓာသန်စွမ်းမှုနည်းပညာသည် အရေးကြီးသည့် အတွက် နိုင်ငံတိုင်းတွင်အလေးထား သည့်ဆေးပညာရပ်ဖြစ်ကြောင်းပြောကြားသည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များသာမက ပြည်သူလူထု၏ လူမှုဘဝ လုံခြုံရေးကိုပါ ဘက်ပေါင်းစုံမှဆောင်ရွက်ပေးလျက်ရှိမှုနှင့်ပတ်သက်၍-

တပ်မတော်သည် ပြည်သူထဲမှပေါက်ဖွားလာသည့် တိုင်းရင်းသားပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် တစ်ခုတည်းသော တပ်မတော်ဖြစ်သည်နှင့်အညီ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း၊ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရေးလုပ်သည့် နေရာတွင် ပြည်သူများ၏နေ့စဉ်လူမှုဘဝလုံခြုံရေးကိုပါ ဘက်ပေါင်းစုံမှ လုပ်ဆောင်ပေးလျက် ရှိကြောင်း၊ ပြည်သူလူထု ကျန်းမာကြံ့ခိုင်ရေးအတွက် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့များဖြင့် တစ်နိုင်ငံလုံးအနှံ့လူမျိုးဘာသာမခွဲခြားဘဲ စဉ်ဆက် မပြတ် လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအထိ ကျန်းမာရေး စောင့်ရှောက်မှု ၅၅၂၂ ကြိမ်ရှိပြီး လူနာ ၂၂၉၆၀၇၃ ဦးကို အခမဲ့ဆေးဝါး ကုသပေးနိုင်ခဲ့ကြောင်း၊ ဆက်လက်ကုသရန်လိုအပ်သည့် လူနာ ၂၁၆၄၀ ဦးကို တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသ ပေးနိုင်ခဲ့ကြောင်း၊ တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့များက နိုင်ငံတစ်ဝန်းတိုင်းရင်းသား ဒေသများအပါအဝင် နယ်စပ်ဒေသအစွန်အဖျားမကျန် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ဆောင်နေခြင်း သည် တပ်မတော်၏ အဓိကလုပ်ငန်းတာဝန်ထဲမှ ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်ကို တာဝန် သိသိ၊ စေတနာရှိရှိ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် တပ်မတော်သား ဆေးတပ်ဖွဲ့ဝင် များက မိမိတို့တတ်မြောက်ထားသည့် ဆေးပညာရပ်များဖြင့် ပြည်သူများ၏ အသက်ခန္ဓာများကို အခမဲ့ဆေးဝါးကုသပေးပြီး ကာကွယ်စောင့်ရှောက်ပေးခြင်းဖြစ်သဖြင့် ပြည်သူလူထုအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးရန်ဆိုသည့် နိုင်ငံတော်ကာကွယ်ရေး တာဝန်တစ်ရပ်ကို အောင်မြင်စွာ ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့များ ရောက်ရှိလေရာ နေရာဒေသတိုင်းတွင် ဆေးကုသမှုခံယူရရှိသည့် ပြည်သူများ၏ အံ့သြဝမ်းသာ၊ ပျော်ရွှင်မှုများ မြင်တွေ့ရသကဲ့သို့ ဆေးကုသပေးသည့် တပ်မတော်ဆေးတပ်ဖွဲ့ဝင်များ၏ ကျွမ်းကျင်မှု၊ စေတနာဖြင့် နားလည်စာနာမှုများကိုလည်း မြင်တွေ့ရမည်ဖြစ်ကြောင်း၊ တပ်မတော်က ပြည်သူအပေါ်ထားရှိသည့် စေတနာမေတ္တာကြောင့် တပ်မတော်နှင့်ပြည်သူ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်လာမည် ဖြစ်သကဲ့သို့ ပြည်သူများက တပ်မတော်အပေါ်ယုံကြည်အားကိုးမှု ပိုမိုတိုးပွားလာမည် ဖြစ်ကြောင်း၊ ထို့အပြင် နယ်လှည့်ဆေးကုသရေးအဖွဲ့များက နိုင်ငံတစ်ဝန်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပြုလုပ်ပေးခြင်းသည် ဒေသခံပြည်သူလူထုကို တိုက်ရိုက်အကျိုးရှိပြီး နိုင်ငံတော်၏တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက်များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် ကျရာတာဝန်အသီးသီးတွင် တပ်မတော်နယ်လှည့် ဆေးကုသရေးလုပ်ငန်းများကို အားတက်သရော စွမ်းစွမ်းတမံ ဆောင်ရွက်သွားကြရန်မှာကြားလိုကြောင်း ပြောကြားသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် သင်တန်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး စစ်ရေးပြအခမ်း အနားမှပြန်လည်ထွက်ခွာသွားသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော်ဆေးတက္ကသိုလ်၊ ပင်မဆောင်ရှိ ဧည့်ခန်းမဆောင်၌ သူနာပြုနှင့်ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်းအမှတ်စဉ် (၁၆)မှ ထူးချွန်ဆုရရှိခဲ့ကြသည့် သင်တန်းသားများနှင့် ၎င်းတို့ ၏မိဘများ၊ အမျိုးသမီးသူနာပြုသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၃)မှ ထူးချွန်ဆုရရှိခဲ့ကြသည့် သင်တန်းသူများနှင့် ၎င်းတို့၏မိဘများအား တွေ့ဆုံ၍ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။