ပြည်ပသွင်းကုန်အစားထိုးနိုင်မည့် DENTOMEC သွားတိုက်တံနှင့် သွားတိုက်ဆေး စက်ရုံဖွင့်ပွဲ အခမ်းအနားကျင်းပ
နေပြည်တော်၊ ဇန်န၀ါရီ ၂
ပြည်ပသွင်းကုန်အစားထိုးနိုင်ရန်နှင့် ပြည်သူများကျန်းမာရေးနှင့်ညီညွတ်ပြီး ဈေးနှုန်းသက်သာစွာ အသုံးပြုနိုင်ရန် ရည်ရွယ်တည်ဆောက်ခဲ့သည့် မြန်မာစီးပွားရေး ကော်ပိုရေးရှင်း၊ DENTOMEC သွားတိုက်တံနှင့် သွားတိုက်ဆေး စက်ရုံဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းမကြီးအနီးရှိ အဆိုပါစက်ရုံရှေ့၌ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ဖွင့်လှစ်ပေးသည်။
၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်ရုံဖွင့်ပွဲအထိမ်းအမှတ် အမှာစကားပြောကြားရာ ၌ နိုင်ငံတော်တစ်ခုတွင် နိုင်ငံရေး၊ ကာကွယ်ရေးနှင့် စီးပွားရေး မောင်းနှင်အား ၃ ခုရှိကြောင်း၊ အဆိုပါ ၃ ခုအနက် စီးပွားရေးမောင်းနှင်အားသည် အရေးကြီးဆုံးဖြစ်ကြောင်း၊ စီးပွားရေး မောင်းနှင်အားကောင်းမှသာ ပြည်သူလူထု စားဝတ်နေရေးအဆင်ပြေ ကျေနပ်နှစ်သိမ့်မှုရရှိကာ နိုင်ငံရေးအရတည်ငြိမ်အေးချမ်းမှုရရှိစေမည်ဖြစ်သကဲ့သို့ ကာကွယ်ရေးစွမ်းအားကိုလည်း မြှင့်တင်နိုင် မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကိုအထောက်အကူ ဖြစ်စေရန်အတွက် ပြည်တွင်း၌လူတိုင်းအမှန်တကယ်အသုံးပြုနေကြရသည့် ပြည်တွင်းဈေးကွက် လိုအပ်ချက်ရှိနေသည့် လူသုံးကုန်နှင့်စားသောက်ကုန် ပစ္စည်းများကို ထုတ်လုပ်နိုင်ရန် ကြိုးစား ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်တွင်းထုတ်ကုန်များ ဈေးကွက်ရရှိရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် သွားတိုက်တံနှင့်သွားတိုက်ဆေးများ ပြည်ပမှတင်သွင်းမှုအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် သွားတိုက်တံ အမေရိကန် ဒေါ်လာ ၅ ဒသမ ၄၆ သန်းဖိုး၊ သွားတိုက်ဆေး ၂၂ ဒသမ ၂၆ သန်းဖိုး၊ ၂၀၁၈ ခုနှစ် Mini Budget တွင် သွားတိုက်တံ အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၅ သန်းဖိုး၊ သွားတိုက် ဆေး ၃ ဒသမ ၃၄ သန်းဖိုး တင်သွင်းခဲ့ရခြင်းသည် ယခုကဲ့သို့ ပြည်ပသွင်းကုန် အစားထိုး လုပ်ငန်းများမရှိခြင်းကြောင့်ဖြစ်ကြောင်းပြောကြားသည်။
ယင်းနောက် ပြည်ပသွင်းကုန်အစားထိုး ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချ နိုင်ရန်မျှော်မှန်းချက်ထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပြည်တွင်း၏ ဈေးကွက်တွင် ပြည်ပမှ တင်သွင်းသည့်(Import) Market Shareများနေပါက ပြည်တွင်းမှပြည်ပသို့ ငွေကြေးစီးဆင်းမှုများ သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းသယံဇာတများကို ထုတ်ယူရောင်းချခြင်းထက် ကုန်ချောအဖြစ် ပြည်တွင်း ထုတ်ကုန်များထုတ်လုပ်ကာ ပြည်တွင်းဈေးကွက်အား မိမိရရဆုပ်ကိုင် နိုင်ရေးနှင့်ပြည်တွင်းဖြစ်ကိုအားပေးကြရန်လိုကြောင်း၊ စစ်ပြီးခေတ်တွင် ဂျပန်နိုင်ငံသည် ပြာပုံဘ၀မှ နေ၍ ပြည်တွင်းဖြစ်ကိုအားပေးပြီး စစ်ရှုံးနိုင်ငံမှနေ၍စီးပွားရေးကောင်းမွန်သည့် နိုင်ငံအဖြစ် ရောက်ရှိခဲ့ကြောင်း၊ ကိုရီးယားနိုင်ငံသည်လည်း အလားတူပင်ဖြစ်ကြောင်း၊ ပြည်တွင်းထုတ်ကုန်များ နည်းပါးပြီး ပြည်တွင်းဝယ်လိုအားများပြားခြင်းကြောင့် ပြည်ပမှ ကုန်များတင်သွင်းရသည့်အတွက် ငွေကြေးဖောင်းပွမှုအကျိုးဆက်များ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၊ နှစ်စဉ်ကုန်သွယ်မှုလိုငွေ အမြဲပြနေပြီး လျှော့ချသော်လည်း ဒေါ်လာသန်း ရာနှင့်ချီ၍လိုနေသေးကြောင်း၊ အဆိုပါကိစ္စရပ်များ သည် တိုင်းပြည်အတွက် များစွာထိခိုက်စေနိုင်ကြောင်း၊ ထို့ကြောင့်ကုန်ထုတ်လုပ်ငန်းများနှင့် ဆက်စပ်ပတ်သက်သည့် ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းကိုကောင်းမွန်စွာအသုံးချပြီး နိုင်ငံ၏ ကုန်သွယ်မှုလိုငွေလျှော့ချ သွားရန်တိုက်တွန်းလိုကြောင်းပြောကြားသည်။
ထို့ပြင်အလုပ်အကိုင်အခွင့်အလမ်းနှင့်ပတ်သက်ပြီး မိမိတို့နိုင်ငံတွင် လူဦးရေ သန်း ၅၀ ကျော်ခန့်ရှိပြီး အလုပ်လုပ်နိုင်သူ ၃၃ သန်းခန့်ရှိကာ အမှန်တကယ်အလုပ်လုပ်သူ ၂၁ သန်းကျော်ရှိကြောင်း၊ တချို့မှာ ပြည်ပတွင်သွားရောက်လုပ်ကိုင်နေသူများဖြစ်သည်ကို စစ်တမ်းများအရသိရှိရကြောင်း၊ ပြည်တွင်း၌ အလုပ်အကိုင်အခွင့်လမ်းများဖော်ဆောင် ပေးရန်လိုအပ်ပြီး ပြည်ပသို့သွားရောက်လုပ်ကိုင်သူများ နည်းသွားမှသာ နိုင်ငံအတွက် အကျိုးရှိမည်ဖြစ်ကြောင်း၊ သယံဇာတကိုအခြေခံပြီးထုတ်လုပ်သည့် ကုန်ထုတ်လုပ်မှုများကိုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုသွားတိုက်တံနှင့်သွားတိုက်ဆေးစက်ရုံအား ပြည်ပသွင်းကုန်အစားထိုးနိုင်ရန်အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံ၏စီးပွားရေးနှင့် လူမှုရေးကဏ္ဍများတွင် တစ်စိတ်တစ်ပိုင်းအထောက်အကူရရှိမည်ဟုယုံကြည်ပါကြောင်း၊ ထို့အပြင် ရေ၊ လျှပ်စစ်ဓာတ်အားနှင့် အခြားသုံးစွဲမှုများကိုလည်း လိုအပ်သလောက်သာခြိုးခြံချွေတာခြင်းဖြင့် စီးပွားရေးကို အထောက်အကူရရှိစေမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်း များကို အားလုံးပူးပေါင်း၍ အောင်မြင်အောင် ဆောင်ရွက်ပြီး နိုင်ငံ၏စီးပွားရေးကိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်မည်ဖြစ်ကြောင်းပြောကြားသည်။
(Unicode Version)
ပြည်ပသွင်းကုန်အစားထိုးနိုင်မည့် DENTOMEC သွားတိုက်တံနှင့် သွားတိုက်ဆေး စက်ရုံဖွင့်ပွဲ အခမ်းအနားကျင်းပ
နေပြည်တော်၊ ဇန်နဝါရီ ၂
ပြည်ပသွင်းကုန်အစားထိုးနိုင်ရန်နှင့် ပြည်သူများကျန်းမာရေးနှင့်ညီညွတ်ပြီး စျေးနှုန်းသက်သာစွာ အသုံးပြုနိုင်ရန် ရည်ရွယ်တည်ဆောက်ခဲ့သည့် မြန်မာစီးပွားရေး ကော်ပိုရေးရှင်း၊ DENTOMEC သွားတိုက်တံနှင့် သွားတိုက်ဆေး စက်ရုံဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းမကြီးအနီးရှိ အဆိုပါစက်ရုံရှေ့၌ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ဖွင့်လှစ်ပေးသည်။
အဆိုပါအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ၊ သွားဘက်ဆိုင်ရာ ဆေးပညာအဖွဲ့မှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ စက်ရုံအမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ မြန််မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးသန့်ဆွေတို့က DENTOMEC သွားတိုက်တံနှင့် သွားတိုက်ဆေးစက်ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က DENTOMEC သွားတိုက်ဆေးစက်ရုံအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး စက်ရုံကမ္ပည်းမော်ကွန်းအား အမွှေး နံ့သာရည်များပက်ဖျန်းပေးသည်။ ယင်းနောက် ဖွင့်ပွဲအထိမ်းအမှတ်စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။
၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်ရုံဖွင့်ပွဲအထိမ်းအမှတ် အမှာစကားပြောကြားရာ ၌ နိုင်ငံတော်တစ်ခုတွင် နိုင်ငံရေး၊ ကာကွယ်ရေးနှင့် စီးပွားရေး မောင်းနှင်အား ၃ ခုရှိကြောင်း၊ အဆိုပါ ၃ ခုအနက် စီးပွားရေးမောင်းနှင်အားသည် အရေးကြီးဆုံးဖြစ်ကြောင်း၊ စီးပွားရေး မောင်းနှင်အားကောင်းမှသာ ပြည်သူလူထု စားဝတ်နေရေးအဆင်ပြေ ကျေနပ်နှစ်သိမ့်မှုရရှိကာ နိုင်ငံရေးအရတည်ငြိမ်အေးချမ်းမှုရရှိစေမည်ဖြစ်သကဲ့သို့ ကာကွယ်ရေးစွမ်းအားကိုလည်း မြှင့်တင်နိုင် မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကိုအထောက်အကူ ဖြစ်စေရန်အတွက် ပြည်တွင်း၌လူတိုင်းအမှန်တကယ်အသုံးပြုနေကြရသည့် ပြည်တွင်းစျေးကွက် လိုအပ်ချက်ရှိနေသည့် လူသုံးကုန်နှင့်စားသောက်ကုန် ပစ္စည်းများကို ထုတ်လုပ်နိုင်ရန် ကြိုးစား ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်တွင်းထုတ်ကုန်များ စျေးကွက်ရရှိရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် သွားတိုက်တံနှင့်သွားတိုက်ဆေးများ ပြည်ပမှတင်သွင်းမှုအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် သွားတိုက်တံ အမေရိကန် ဒေါ်လာ ၅ ဒသမ ၄၆ သန်းဖိုး၊ သွားတိုက်ဆေး ၂၂ ဒသမ ၂၆ သန်းဖိုး၊ ၂၀၁၈ ခုနှစ် Mini Budget တွင် သွားတိုက်တံ အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၅ သန်းဖိုး၊ သွားတိုက် ဆေး ၃ ဒသမ ၃၄ သန်းဖိုး တင်သွင်းခဲ့ရခြင်းသည် ယခုကဲ့သို့ ပြည်ပသွင်းကုန် အစားထိုး လုပ်ငန်းများမရှိခြင်းကြောင့်ဖြစ်ကြောင်းပြောကြားသည်။
ယင်းနောက် ပြည်ပသွင်းကုန်အစားထိုး ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချ နိုင်ရန်မျှော်မှန်းချက်ထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပြည်တွင်း၏ စျေးကွက်တွင် ပြည်ပမှ တင်သွင်းသည့်(Import) Market Shareများနေပါက ပြည်တွင်းမှပြည်ပသို့ ငွေကြေးစီးဆင်းမှုများ သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းသယံဇာတများကို ထုတ်ယူရောင်းချခြင်းထက် ကုန်ချောအဖြစ် ပြည်တွင်း ထုတ်ကုန်များထုတ်လုပ်ကာ ပြည်တွင်းစျေးကွက်အား မိမိရရဆုပ်ကိုင် နိုင်ရေးနှင့်ပြည်တွင်းဖြစ်ကိုအားပေးကြရန်လိုကြောင်း၊ စစ်ပြီးခေတ်တွင် ဂျပန်နိုင်ငံသည် ပြာပုံဘဝမှ နေ၍ ပြည်တွင်းဖြစ်ကိုအားပေးပြီး စစ်ရှုံးနိုင်ငံမှနေ၍စီးပွားရေးကောင်းမွန်သည့် နိုင်ငံအဖြစ် ရောက်ရှိခဲ့ကြောင်း၊ ကိုရီးယားနိုင်ငံသည်လည်း အလားတူပင်ဖြစ်ကြောင်း၊ ပြည်တွင်းထုတ်ကုန်များ နည်းပါးပြီး ပြည်တွင်းဝယ်လိုအားများပြားခြင်းကြောင့် ပြည်ပမှ ကုန်များတင်သွင်းရသည့်အတွက် ငွေကြေးဖောင်းပွမှုအကျိုးဆက်များ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၊ နှစ်စဉ်ကုန်သွယ်မှုလိုငွေ အမြဲပြနေပြီး လျှော့ချသော်လည်း ဒေါ်လာသန်း ရာနှင့်ချီ၍လိုနေသေးကြောင်း၊ အဆိုပါကိစ္စရပ်များ သည် တိုင်းပြည်အတွက် များစွာထိခိုက်စေနိုင်ကြောင်း၊ ထို့ကြောင့်ကုန်ထုတ်လုပ်ငန်းများနှင့် ဆက်စပ်ပတ်သက်သည့် ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းကိုကောင်းမွန်စွာအသုံးချပြီး နိုင်ငံ၏ ကုန်သွယ်မှုလိုငွေလျှော့ချ သွားရန်တိုက်တွန်းလိုကြောင်းပြောကြားသည်။
ထို့ပြင်အလုပ်အကိုင်အခွင့်အလမ်းနှင့်ပတ်သက်ပြီး မိမိတို့ုနိုင်ငံတွင် လူဦးရေ သန်း ၅၀ ကျော်ခန့်ရှိပြီး အလုပ်လုပ်နိုင်သူ ၃၃ သန်းခန့်ရှိကာ အမှန်တကယ်အလုပ်လုပ်သူ ၂၁ သန်းကျော်ရှိကြောင်း၊ တချို့မှာ ပြည်ပတွင်သွားရောက်လုပ်ကိုင်နေသူများဖြစ်သည်ကို စစ်တမ်းများအရသိရှိရကြောင်း၊ ပြည်တွင်း၌ အလုပ်အကိုင်အခွင့်လမ်းများဖော်ဆောင် ပေးရန်လိုအပ်ပြီး ပြည်ပသို့သွားရောက်လုပ်ကိုင်သူများ နည်းသွားမှသာ နိုင်ငံအတွက် အကျိုးရှိမည်ဖြစ်ကြောင်း၊ သယံဇာတကိုအခြေခံပြီးထုတ်လုပ်သည့် ကုန်ထုတ်လုပ်မှုများကိုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုသွားတိုက်တံနှင့်သွားတိုက်ဆေးစက်ရုံအား ပြည်ပသွင်းကုန်အစားထိုးနိုင်ရန်အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံ၏စီးပွားရေးနှင့် လူမှုရေးကဏ္ဍများတွင် တစ်စိတ်တစ်ပိုင်းအထောက်အကူရရှိမည်ဟုယုံကြည်ပါကြောင်း၊ ထို့အပြင် ရေ၊ လျှပ်စစ်ဓာတ်အားနှင့် အခြားသုံးစွဲမှုများကိုလည်း လိုအပ်သလောက်သာခြိုးခြံချွေတာခြင်းဖြင့် စီးပွားရေးကို အထောက်အကူရရှိစေမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်း များကို အားလုံးပူးပေါင်း၍ အောင်မြင်အောင် ဆောင်ရွက်ပြီး နိုင်ငံ၏စီးပွားရေးကိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်မည်ဖြစ်ကြောင်းပြောကြားသည်။
ယင်းနောက် မြန်မာစီးပွားရေးကော်ပိုရေးရှင်းဦးဆောင်ညွှန်ကြားရေးမှူး ဦးသန့်ဆွေက စက်ရုံဆိုင်ရာ အချက်အလက်များကိုရှင်းလင်းတင်ပြသည်။၎င်းနောက် မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေး ဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ) တို့အား စက်ရုံဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်း အားပေးအပ်သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်ရုံတည်ဆောက်မှုတွင် ပါ၀င်ခဲ့သည့် နိုင်ငံခြားသားပညာရှင်များအား သစ်သီးခြင်းလက်ဆောင်ပေးအပ်သည်။
၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အခမ်းအနားတက်ရောက်လာ ကြသူများသည် စက်ရုံအတွင်း သွားတိုက်တံနှင့် သွားတိုက်ဆေးများထုတ်လုပ်နေမှု အခြေအနေများအား လှည့်လည် ကြည့်ရှုကြသည်။ အဆိုပါ DENTOMEC သွားတိုက်တံ နှင့် သွားတိုက်ဆေးစက်ရုံတွင် ဂျာမနီနိုင်ငံနှင့် ဆွီဒင်နိုင်ငံတို့မှ နည်းပညာများဖြင့် နိုင်ငံတကာအဆင့်မီစက်သစ်ကြီးများအသုံးပြုကာ ပြည်ပသွင်းကုန် အစားထိုး (Import Substitution) ထုတ်ကုန်အဖြစ် ကျန်းမာရေးနှင့်ညီညွတ်ပြီး စျေးနှုန်းသက်သာ သည့် သွားတိုက်တံနှင့် သွားတိုက်ဆေးများကို စျေးကွက်အတွင်းသို့ ထုတ်လုပ်ဖြန့်ဖြူးသွားမည်ဖြစ်သည်။
ဖတ်သင့်သော သတင်းများ
ပြန်စာထားခဲ့ပါ။
သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။