တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်လေတပ် ဦးစီးချုပ် Air Chief Marshal Chaiyapruk Didyasarin အားလက်ခံတွေ့ဆုံ 

ေနျပည္ေတာ္၊ ဇန္န၀ါရီ – ၈ 

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ထုိင္းဘုရင့္ေလတပ္ဦးစီးခ်ဳပ္ Air Chief Marshal Chaiyapruk Didyasarin အား ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္၌ လက္ခံေတြ႕ဆံုသည္။ 

အဆုိပါေတြ႕ဆံုပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ)ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ထုိင္းဘုရင့္ေလတပ္ဦးစီးခ်ဳပ္ႏွင့္အတူ ထုိင္းဘုရင့္ေလတပ္အႀကံေပး Air Marshal Songpon Jangsri ၊ ျမန္မာႏုိင္ငံဆုိင္ရာထုိင္းဘုရင့္ေလတပ္စစ္သံမွဴး Group Captain Pruit Tugesuin ႏွင့္ တာ၀န္ရွိသူ မ်ား တက္ေရာက္ၾကသည္။ 

ထိုသို႔ေတြ႕ဆံုရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာ-ထုိင္းႏွစ္ႏုိင္ငံသည္ အိမ္နီးခ်င္းမိတ္ေဆြ ေဟာင္း၊ မိတ္ေဆြေကာင္းႏုိင္ငံမ်ားျဖစ္ေၾကာင္း၊ တပ္မေတာ္ႏွစ္ရပ္ အၾကားခ်စ္ၾကည္ရင္းႏွီးမႈသည္ ႏွစ္ႏုိင္ငံ အတြက္အေရးႀကီးေၾကာင္း၊ ယခုအခါတပ္မေတာ္ ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈခုိင္မာေကာင္းမြန္ျခင္းေၾကာင့္ ႏွစ္ႏုိင္ငံအၾကားခ်စ္ၾကည္ ရင္းႏွီးမႈကုိ မ်ားစြာအေထာက္အကူျဖစ္ေစေၾကာင္း၊ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈမွတစ္ဆင့္ နယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းေအာင္ ေဆာင္ရြက္ႏုိင္ခဲ့ေၾကာင္း ေျပာၾကားသည္။ 

ထုိ႔ေနာက္ ထုိင္းဘုရင့္ေလတပ္ဦးစီးခ်ဳပ္က မိမိတုိ႔ခ်စ္ၾကည္ေရးကုိယ္စားလွယ္ အဖြဲ႕အား လႈိက္လွဲစြာႀကိဳဆုိမႈ အတြက္ေက်းဇူးတင္ရွိပါေၾကာင္း၊ ျမန္မာ့တပ္မေတာ္(ေလ)မွ ပထမဆုံးအႀကိမ္အပ္ႏွင္းသည့္ ဂုဏ္ထူးေဆာင္ ေလသူရဲေတာင္ပံတံဆိပ္အား မိမိကုိအပ္ႏွင္းသည့္အတြက္ ၀မ္းေျမာက္ဂုဏ္ယူပါေၾကာင္း၊ ႏွစ္ႏုိင္ငံတပ္မေတာ္ ႏွစ္ရပ္ႏွင့္ တပ္မေတာ္(ေလ)ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ပူးေပါင္းေဆာင္ရြက္မႈမ်ား ပုိမို တုိးတက္ေကာင္း မြန္ေအာင္ ေဆာင္ရြက္သြားမည္ျဖစ္ပါေၾကာင္းေျပာၾကားသည္။ 

ယင္းေနာက္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ပူးေပါင္းေဆာင္ရြက္မႈမ်ား ပုိမုိတုိးတက္ ေကာင္းမြန္ေစေရးအတြက္ အဆင့္အလုိက္ခ်စ္ၾကည္ေရး ခရီးစဥ္မ်ားအျပန္အလွန္လည္ပတ္ေရး၊ ခ်စ္ၾကည္ ေရးအားကစားပြဲမ်ား၊ ယဥ္ေက်းမႈဖလွယ္ျခင္းႏွင့္ (ၾကည္း၊ေရ၊ေလ)တပ္ဖြဲ႕မ်ားအခ်င္းခ်င္း ပူးေပါင္း ေဆာင္ရြက္ မႈမ်ားကုိ အေကာင္အထည္ ေဖာ္ေဆာင္ရြက္ေနမႈအေျခအေနမ်ား၊ ႏွစ္ႏုိင္ငံနယ္စပ္ေဒသတည္ၿငိမ္ ေအးခ်မ္းေရး ေဆာင္ရြက္ႏုိင္မႈႏွင့္ သဘာ၀ေဘးအႏၲရာယ္ ႀကိဳတင္ကာကြယ္ေရးဆုိင္ရာမ်ားတြင္ ပူးေပါင္းေဆာင္ရြက္ေရး ကိစၥရပ္မ်ားအား ရင္းႏွီးစြာေဆြးေႏြးခဲ့ၾကသည္။ 

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ထုိင္းဘုရင့္ေလတပ္ဦးစီးခ်ဳပ္ တုိ႔သည္ အမွတ္တရ လက္ေဆာင္ပစၥည္းအျပန္အလွန္ေပးအပ္ၿပီး တက္ေရာက္လာၾက သူမ်ားႏွင့္အတူ စုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။ 

(Unicode Version) 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်လေတပ် ဦးစီးချုပ် Air Chief Marshal Chaiyapruk Didyasarin အားလက်ခံတွေ့ဆုံ 

နေပြည်တော်၊ ဇန်နဝါရီ – ၈ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Chaiyapruk Didyasarin အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ လက်ခံတွေ့ဆုံသည်။ 

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်နှင့်အတူ ထိုင်းဘုရင့်လေတပ်အကြံပေး Air Marshal Songpon Jangsri ၊ မြန်မာနိုင်ငံဆိုင်ရာထိုင်းဘုရင့်လေတပ်စစ်သံမှူး Group Captain Pruit Tugesuin နှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။ 

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ-ထိုင်းနှစ်နိုင်ငံသည် အိမ်နီးချင်းမိတ်ဆွေ ဟောင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်ကြောင်း၊ တပ်မတော်နှစ်ရပ် အကြားချစ်ကြည်ရင်းနှီးမှုသည် နှစ်နိုင်ငံ အတွက်အရေးကြီးကြောင်း၊ ယခုအခါတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုခိုင်မာကောင်းမွန်ခြင်းကြောင့် နှစ်နိုင်ငံအကြားချစ်ကြည် ရင်းနှီးမှုကို များစွာအထောက်အကူဖြစ်စေကြောင်း၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုမှတစ်ဆင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားသည်။ 

ထို့နောက် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်က မိမိတို့ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့အား လှိုက်လှဲစွာကြိုဆိုမှု အတွက်ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာ့တပ်မတော်(လေ)မှ ပထမဆုံးအကြိမ်အပ်နှင်းသည့် ဂုဏ်ထူးဆောင် လေသူရဲတောင်ပံတံဆိပ်အား မိမိကိုအပ်နှင်းသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်နှင့် တပ်မတော်(လေ)နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို တိုးတက်ကောင်း မွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြောကြားသည်။ 

ယင်းနောက် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက် ကောင်းမွန်စေရေးအတွက် အဆင့်အလိုက်ချစ်ကြည်ရေး ခရီးစဉ်များအပြန်အလှန်လည်ပတ်ရေး၊ ချစ်ကြည် ရေးအားကစားပွဲများ၊ ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် (ကြည်း၊ရေ၊လေ)တပ်ဖွဲ့များအချင်းချင်း ပူးပေါင်း ဆောင်ရွက် မှုများကို အကောင်အထည် ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး ဆောင်ရွက်နိုင်မှုနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအား ရင်းနှီးစွာဆွေးနွေးခဲ့ကြသည်။ 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းအပြန်အလှန်ပေးအပ်ပြီး တက်ရောက်လာကြ သူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။ 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။