တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုနိုင်ငံ သံအမတ်ကြီး H.E. Mr. Lyying Sayaxang အားလက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ဇန္န၀ါရီ – ၉

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ တာ၀န္ၿပီးဆုံး၍ျပန္လည္ထြက္ခြာမည့္ ျမန္မာႏုိင္ငံဆုိင္ရာလာအိုႏုိင္ငံသံအမတ္ႀကီး H.E. Mr. Lyying Sayaxang အား ယေန႔မြန္းလြဲပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆံုသည္။

အဆုိပါေတြ႕ဆံုပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီးစုိးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ျမန္မာႏုိင္ငံဆုိင္ရာ လာအိုႏုိင္ငံသံ အမတ္ႀကီးႏွင့္အတူ စစ္သံမွဴး Col. Boungmyvieng Viengnhoutthasatႏွင့္ တာ၀န္ရွိသူမ်ားတက္ေရာက္ ၾကသည္။

ထိုသို႔ေတြ႕ဆံုစဥ္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာႏုိင္ငံဆုိင္ရာ လာအုိႏုိင္ငံသံအမတ္ႀကီးအေနျဖင့္ ျမန္မာႏုိင္ငံ၌ တာ၀န္ထမ္းေဆာင္ခ်ိန္ကာလအတြင္း ႏွစ္ႏုိင္ငံႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကားခ်စ္ၾကည္ရင္း ႏွီးမႈ ပုိမုိတုိးတက္ေကာင္းမြန္ေအာင္ ေဆာင္ရြက္ႏုိင္ခဲ့သည့္အတြက္ ၀မ္းေျမာက္ဂုဏ္ယူပါေၾကာင္း၊ ထူးျခားမႈ အေနျဖင့္ ျမန္မာ-လာအုိႏွစ္ႏုိင္ငံ ေထရ၀ါဒဗုဒၶဘာသာ၊ သာသနာေတာ္ထြန္းကားျပန္႔ပြားေရးႏွင့္ခ်စ္ၾကည္ ရင္းႏွီးမႈမ်ား ပုိမုိတုိးတက္ခိုင္မာေစေရးအတြက္ မိမိ၏ပင့္ဖိတ္ခ်က္အရ လာအုိျပည္သူ႕ဒီမုိကရက္တစ္ သမၼတ ႏုိင္ငံ၊ ႏုိင္ငံေတာ္ဗုဒၶဘာသာဗဟုိအဖြဲ႕ ဒုတိယဥကၠ႒ဆရာေတာ္ ဦးေဆာင္သည့္ ကုိယ္စားလွယ္အဖြဲ႕ ျမန္မာ ႏုိင္ငံသုိ႔ပထမဆုံးအႀကိမ္ၾကြေရာက္ႏုိင္ခဲ့ေၾကာင္း၊ ႏွစ္ႏုိင္ငံႏွင့္ႏွစ္ႏုိင္ငံတပ္မေတာ္ အႀကီးအကဲမ်ားလည္း အျပန္ အလွန္ ခ်စ္ၾကည္ေရးခရီးစဥ္မ်ားေဆာင္ရြက္ႏုိင္ခဲ့ေၾကာင္း၊ ျမန္မာႏုိင္ငံတြင္ျဖစ္ေပၚလ်က္ရွိသည့္ အခက္အခဲ အၾကပ္အတည္းမ်ားအား ေျဖရွင္းေဆာင္ရြက္လ်က္ရွိရာတြင္ ႏုိင္ငံတကာအလယ္၌ လာအုိႏုိင္ငံ အေနျဖင့္ ျမန္မာႏုိင္ငံအေပၚအမွန္အတုိင္းရပ္တည္ေဆာင္ရြက္ေပးလ်က္ရွိသည့္အတြက္ အထူးေက်းဇူးတင္ရွိပါေၾကာင္း ေျပာၾကားသည္။

ထုိ႔ေနာက္ ႏွစ္ႏုိင္ငံႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ပူးေပါင္းေဆာင္ရြက္မႈမ်ား ေကာင္းမြန္ ေအာင္ေဆာင္ရြက္ႏုိင္ခဲ့မႈႏွင့္ ဆက္လက္၍တုိးတက္ ေကာင္းမြန္ေအာင္ ေဆာင္ရြက္မည့္အေျခအေနမ်ား၊ နယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းေရးအတြက္ ပူးေပါင္းေဆာင္ရြက္ႏုိင္မႈအေျခအေနမ်ား၊ တပ္မေတာ္ႏွစ္ရပ္ အၾကားယဥ္ေက်းမႈအဖြဲ႕မ်ား အျပန္အလွန္ေစလႊတ္၍ ႏွစ္ႏုိင္ငံယဥ္ေက်းမႈမ်ားဖလွယ္ႏုိင္ခဲ့မႈႏွင့္ အားကစား အဖြဲ႕မ်ား၊ အဆင့္အလုိက္ခ်စ္ၾကည္ေရးခရီးမ်ား အျပန္အလွန္ေဆာင္ရြက္ႏုိင္မႈ အေျခအေနမ်ားအား ရင္းရင္း ႏွီးႏွီးေဆြးေႏြးခဲ့ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာႏုိင္ငံဆုိင္ရာ လာအုိႏုိင္ငံသံအမတ္ႀကီးအား အမွတ္ တရလက္ေဆာင္ပစၥည္းေပးအပ္ခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုနိုင်ငံ သံအမတ်ကြီး H.E. Mr. Lyying Sayaxang အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ – ၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာလာအိုနိုင်ငံသံအမတ်ကြီး H.E. Mr. Lyying Sayaxang အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံ အမတ်ကြီးနှင့်အတူ စစ်သံမှူး Col. Boungmyvieng Viengnhoutthasatနှင့် တာဝန်ရှိသူများတက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံအမတ်ကြီးအနေဖြင့် မြန်မာနိုင်ငံ၌ တာဝန်ထမ်းဆောင်ချိန်ကာလအတွင်း နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြားချစ်ကြည်ရင်း နှီးမှု ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ထူးခြားမှု အနေဖြင့် မြန်မာ-လာအိုနှစ်နိုင်ငံ ထေရဝါဒဗုဒ္ဓဘာသာ၊ သာသနာတော်ထွန်းကားပြန့်ပွားရေးနှင့်ချစ်ကြည် ရင်းနှီးမှုများ ပိုမိုတိုးတက်ခိုင်မာစေရေးအတွက် မိမိ၏ပင့်ဖိတ်ချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတ နိုင်ငံ၊ နိုင်ငံတော်ဗုဒ္ဓဘာသာဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ မြန်မာ နိုင်ငံသို့ပထမဆုံးအကြိမ်ကြွရောက်နိုင်ခဲ့ကြောင်း၊ နှစ်နိုင်ငံနှင့်နှစ်နိုင်ငံတပ်မတော် အကြီးအကဲများလည်း အပြန် အလှန် ချစ်ကြည်ရေးခရီးစဉ်များဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်လျက်ရှိသည့် အခက်အခဲ အကြပ်အတည်းများအား ဖြေရှင်းဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတကာအလယ်၌ လာအိုနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံအပေါ်အမှန်အတိုင်းရပ်တည်ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန် အောင်ဆောင်ရွက်နိုင်ခဲ့မှုနှင့် ဆက်လက်၍တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်မည့်အခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများ၊ တပ်မတော်နှစ်ရပ် အကြားယဉ်ကျေးမှုအဖွဲ့များ အပြန်အလှန်စေလွှတ်၍ နှစ်နိုင်ငံယဉ်ကျေးမှုများဖလှယ်နိုင်ခဲ့မှုနှင့် အားကစား အဖွဲ့များ၊ အဆင့်အလိုက်ချစ်ကြည်ရေးခရီးများ အပြန်အလှန်ဆောင်ရွက်နိုင်မှု အခြေအနေများအား ရင်းရင်း နှီးနှီးဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံအမတ်ကြီးအား အမှတ် တရလက်ဆောင်ပစ္စည်းပေးအပ်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။