တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Ms. Toshiko ABE အားလက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ဇန္န၀ါရီ  ၁၆

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ဂ်ပန္ႏုိင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီးဌာန ဒုတိယ၀န္ႀကီး H.E. Ms. Toshiko  ABE အား ယေန႔နံနက္ပုိင္း တြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆံုသည္။

အဆုိပါေတြ႕ဆံုပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ  ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ဂ်ပန္ႏုိင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီးဌာန ဒုတိယ၀န္ႀကီးႏွင့္အတူ ဂ်ပန္ ႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံသံအမတ္ႀကီး H.E. Mr. Ichiro MARUYAMA ႏွင့္ တာ၀န္ ရွိသူမ်ား တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆံုစဥ္ ျမန္မာႏုိင္ငံအတြင္း ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိေအာင္ ေဆာင္ရြက္ေနမႈ အေျခအေနမ်ား၊ ရခုိင္ျပည္နယ္ေျမာက္ပုိင္းေဒသတြင္ျဖစ္ပြားခဲ့သည့္ ဘဂၤါလီ အေရးကိစၥမ်ားႏွင့္ လက္ရွိျဖစ္ပြားလ်က္ရွိသည့္ျပႆနာမ်ားအား အစုိးရႏွင့္ တပ္မေတာ္က ေျဖရွင္းေဆာင္ရြက္ေနမႈ အေျခအေနမ်ား၊ ၂၀၁၈ ခုႏွစ္ဒီဇင္ဘာလ ၂၁ ရက္ေန႔ ထုတ္ျပန္ ေၾကျငာခ်က္တြင္ပါရွိသည့္အတုိင္း တပ္မေတာ္၏သေဘာထားႏွင့္ ေဆာင္ရြက္ခ်က္မ်ား၊ ၿငိမ္းခ်မ္းေရးအတြက္ လမ္းဖြင့္ေပးထားသည့္ အေျခအေနမ်ား၊ ယင္းထုတ္ျပန္ခ်က္ႏွင့္ ေဆာင္ရြက္ခ်က္အေပၚ ဂ်ပန္ႏုိင္ငံကေထာက္ခံႀကိဳဆုိမႈ အေျခအေနမ်ား၊ ျမန္မာႏုိင္ငံ၏ ျပည္တြင္းၿငိမ္းခ်မ္းေရးႏွင့္ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ားတြင္ ဂ်ပန္ႏုိင္ငံကကူညီ ေဆာင္ရြက္ေပးလ်က္ရွိသည့္ အေျခအေနမ်ား၊ ရခုိင္ျပည္နယ္အတြင္း အကူအညီေပးမႈမ်ားေဆာင္ရြက္ရာတြင္ ေဒသခံတုိင္းရင္းသားမ်ားကုိပါသာတူညီမွ်ရရွိေအာင္ ေဆာင္ရြက္ေပးရန္လုိအပ္မႈ အေျခအေနမ်ားအား ရင္းႏွီးပြင့္လင္းစြာေဆြးေႏြးခဲ့ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဂ်ပန္ႏုိင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီးဌာန ဒုတိယ၀န္ႀကီး တုိ႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ားအျပန္အလွန္ ေပးအပ္ၿပီး စုေပါင္းဓာတ္ပုံ ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Ms. Toshiko  ABE  အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ  ၁၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Ms. Toshiko  ABE အား ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ  ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အတူ ဂျပန် နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး H.E. Mr. Ichiro MARUYAMA နှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံအတွင်း ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေမှု အခြေအနေများ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင်ဖြစ်ပွားခဲ့သည့် ဘင်္ဂါလီ အရေးကိစ္စများနှင့် လက်ရှိဖြစ်ပွားလျက်ရှိသည့်ပြဿနာများအား အစိုးရနှင့် တပ်မတော်က ဖြေရှင်းဆောင်ရွက်နေမှု အခြေအနေများ၊ ၂၀၁၈ ခုနှစ်ဒီဇင်ဘာလ ၂၁ ရက်နေ့ ထုတ်ပြန် ကြေငြာချက်တွင်ပါရှိသည့်အတိုင်း တပ်မတော်၏သဘောထားနှင့် ဆောင်ရွက်ချက်များ၊ ငြိမ်းချမ်းရေးအတွက် လမ်းဖွင့်ပေးထားသည့် အခြေအနေများ၊ ယင်းထုတ်ပြန်ချက်နှင့် ဆောင်ရွက်ချက်အပေါ် ဂျပန်နိုင်ငံကထောက်ခံကြိုဆိုမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ဂျပန်နိုင်ငံကကူညီ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း အကူအညီပေးမှုများဆောင်ရွက်ရာတွင် ဒေသခံတိုင်းရင်းသားများကိုပါသာတူညီမျှရရှိအောင် ဆောင်ရွက်ပေးရန်လိုအပ်မှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများအပြန်အလှန် ပေးအပ်ပြီး စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။