တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီး General Chansamone CHANYALATH နှင့် တွေ့ဆုံဆွေးနွေး

ေနျပည္ေတာ္၊ ဇန္န၀ါရီ – ၁၉

လာအုိအမ်ိဳးသားကာကြယ္ေရး၀န္ႀကီး General Chansamone CHANYALATH ၏ဖိတ္ၾကားခ်က္အရ လာအုိျပည္သူ႕ဒီမုိကရက္တစ္သမၼတႏုိင္ငံသုိ႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ယေန႔နံနက္ပုိင္းတြင္ လာအုိကာကြယ္ေရး၀န္ႀကီး႐ုံး၌ လာအုိအမ်ိဳးသားကာကြယ္ေရး၀န္ႀကီးႏွင့္ ေတြ႕ဆုံေဆြးေႏြးသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ေနျပည္ေတာ္တုိင္း စစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ ျမင့္ေမာ္၊ ႀတိဂံေဒသတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ ခင္လႈိင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) မွတပ္မေတာ္အရာရွိႀကီးမ်ား၊ လာအုိႏုိင္ငံ ဆုိင္ရာျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးကုိကုိႏုိင္၊ ျမန္မာစစ္သံ (ၾကည္း၊ေရ၊ ေလ) ဗုိလ္မွဴးႀကီး ေက်ာ္ေက်ာ္မင္းတုိ႔တက္ေရာက္ၾကၿပီး လာအုိအမ်ိဳးသားကာကြယ္ေရး ၀န္ႀကီး ႏွင့္အတူ လာအုိတပ္မေတာ္မွအရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ အခမ္းအနားက်င္းပ ျပဳလုပ္မည့္ လာအုိကာကြယ္ ေရး၀န္ႀကီး႐ုံးသုိ႔ေရာက္ရွိရာ လာအုိအမ်ိဳးသားကာကြယ္ေရး ၀န္ႀကီးကႀကိဳဆုိႏႈတ္ဆက္သည္။

ထုိ႔ေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ လာအုိႏုိင္ငံအမ်ိဳးသားကာကြယ္ေရး၀န္ႀကီးတုိ႔သည္ ႏွစ္ႏုိင္ငံတပ္မေတာ္အရာရွိႀကီးမ်ား ႏွင့္အျပန္အလွန္ မိတ္ဆက္ေပးၾကသည္။
ေတြ႕ဆုံပြဲတြင္ လာအုိအမ်ိဳးသားကာကြယ္ေရး၀န္ႀကီးက ယခုကဲ့သုိ႔လာအုိ ျပည္သူ႕တပ္မေတာ္တည္ ေထာင္မႈႏွစ္(၇၀)ျပည့္ စစ္ေရးျပအခမ္းအနားသုိ႔ လာေရာက္ေပး သည့္အတြက္ လႈိက္လွဲစြာေက်းဇူးတင္ရွိ ပါေၾကာင္းႏွင့္ႀကိဳဆုိပါေၾကာင္း၊ ႏွစ္ႏုိင္ငံတပ္မေတာ္ ႏွစ္ရပ္အၾကားခ်စ္ၾကည္ရင္းႏွီးမႈေကာင္းမြန္လ်က္ရွိၿပီး ယခုကဲ့သုိ႔လာေရာက္ျခင္းျဖင့္ ပုိမုိ တုိးတက္ေကာင္းမြန္လာမည္ျဖစ္ပါေၾကာင္း ႏႈတ္ခြန္းဆက္စကား ေျပာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အခမ္းအနားတက္ေရာက္ရန္ ဖိတ္ၾကားသည့္အတြက္ ေက်းဇူးအထူးတင္ရွိပါေၾကာင္း၊ ႏွစ္ႏုိင္ငံမိတ္ေဆြေကာင္း၊ မိတ္ေဆြေဟာင္းႏုိင္ငံမ်ားျဖစ္ၿပီး မိတ္ေဆြရင္း၊ ညီအစ္ကုိရင္း သဖြယ္ဆက္ဆံေရးကုိ အေျခခံ၍ ယခုကဲ့သုိ႔လာေရာက္ရျခင္းျဖစ္ေၾကာင္း၊ လာအုိတပ္မေတာ္ အေနျဖင့္ ႏွစ္ေပါင္းမ်ားစြာ ႏုိင္ငံေတာ္အေပၚသစၥာရွိစြာတာ၀န္ထမ္းေဆာင္မႈသမုိင္းမွတ္ တမ္းကုိေရးထုိး ႏုိင္ခဲ့သည့္အတြက္ ခ်ီးက်ဴးဂုဏ္ယူပါေၾကာင္း၊ လြတ္လပ္ေရးႀကိဳးပမ္းမႈ၊ တည္ၿငိမ္ေအးခ်မ္းမႈႏွင့္ ျပည္တြင္း၊ ျပည္ပ ျပႆနာမ်ားစြာအားေျဖရွင္းေဆာင္ရြက္ရာတြင္ လာအုိတပ္မေတာ္မွ ရြပ္ရြပ္ခြၽံခြၽံ ေဆာင္ရြက္ခဲ့သည္ကုိ သမုိင္းမွတ္တမ္းမ်ားအရ သိရွိရပါေၾကာင္း၊ ထုိ႔အတူျမန္မာ့တပ္မေတာ္သည္လည္း လြတ္လပ္ေရးရရွိေအာင္ ေဆာင္ရြက္ခဲ့သကဲ့သုိ႔ ယခုအခ်ိန္အထိႏုိင္ငံ၏အခ်ဳပ္အျခာတည္တံ့ခုိင္ၿမဲေရးႏွင့္ ျပည္တြင္းၿငိမ္း ခ်မ္းေရးရရွိရန္ အတြက္ ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ျဖတ္သန္းခဲ့ရသည့္သမုိင္းေၾကာင္း တူညီသည့္အတြက္ အခက္အခဲမ်ား ကုိနားလည္ပါေၾကာင္း၊ ထုိ႔ေၾကာင့္တပ္မေတာ္ႏွစ္ရပ္အၾကား အေတြ႕အႀကဳံမ်ားဖလွယ္ၿပီး ပုိမုိေကာင္းမြန္ေအာင္ ေဆာင္ရြက္သြားရမည္ျဖစ္ ေၾကာင္း၊ ဆက္လက္၍လည္း ႏွစ္ႏုိင္ငံႏွင့္တပ္မေတာ္ႏွစ္ရပ္အၾကားဆက္ဆံေရးကုိ ပုိမုိတုိးတက္ေကာင္းမြန္ေအာင္ျမႇင့္တင္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း၊ မိမိအေနျဖင့္ လာအုိႏုိင္ငံ အႀကိမ္ေပါင္းမ်ားစြာေရာက္ရွိခဲ့သျဖင့္ လာအုိႏုိင္ငံ၏ျဖစ္ေပၚတုိးတက္ေျပာင္းလဲ မႈမ်ားကုိလည္းေတြ႕ ရွိရပါေၾကာင္း ေျပာၾကားသည္။

ယင္းေနာက္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈတုိးျမႇင့္ ေဆာင္ရြက္ေရးႏွင့္ ပူးေပါင္း ေဆာင္ရြက္ေရး၊ ယဥ္ေက်းမႈအဖြဲ႕မ်ားအျပန္အလွန္ ေစလႊတ္ေရး၊ ေလ့က်င့္ေရးဆုိင္ရာကိစၥရပ္မ်ားတြင္ ပူးေပါင္းေဆာင္ရြက္ေရး၊ တပ္မေတာ္ႏွစ္ရပ္အၾကားအဆင့္အလုိက္ခ်စ္ၾကည္ေရးခရီးစဥ္မ်ား အျပန္အလွန္ လည္ပတ္ေရး၊ နယ္စပ္ေဒသကုန္သြယ္မႈတုိးျမႇင့္ေဆာင္ရြက္ေရးႏွင့္ လာအုိႏုိင္ငံတြင္ ျမန္မာႏုိင္ငံမွ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံႏုိင္မည့္အေျခအေနမ်ားအား ရင္းရင္းႏွီးႏွီး ေဆြးေႏြးၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ လာအုိအမ်ိဳးသားကာကြယ္ေရး၀န္ႀကီးက တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္အား အမွတ္ တရလက္ေဆာင္ပစၥည္းေပးအပ္ၿပီး တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က လာအုိျပည္သူ႕တပ္မေတာ္ တည္ေထာင္မႈႏွစ္(၇၀)ျပည့္ အထိမ္းအမွတ္ပန္းျခင္းႏွင့္ လက္ေဆာင္ပစၥည္းမ်ားေပးအပ္သည္။ ထုိ႔ေနာက္တက္ ေရာက္ လာၾကသူမ်ားႏွင့္အတူ စုေပါင္းဓာတ္ပုံ႐ုိက္ၾကသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ မြန္းလြဲပုိင္းတြင္ လာအုိႏုိင္ငံ ဆုိင္ရာ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ)႐ုံးသုိ႔ေရာက္ရွိၾကၿပီး သံ႐ုံး၊ စစ္သံ႐ုံးမိသားစုမ်ားႏွင့္ လာအုိႏုိင္ငံတြင္သင္တန္း တက္ေရာက္လ်က္ရွိသည့္ သင္တန္းသား အရာရွိမ်ားအားေတြ႕ဆုံ၍ လာအုိႏုိင္ငံသည္ မိမိတုိ႔ႏုိင္ငံ၏ အိမ္နီးနားခ်င္းမိတ္ေဆြေကာင္း ႏုိင္ငံျဖစ္ေၾကာင္း၊ ကုိးကြယ္သည့္ဘာသာ၊ ယဥ္ေက်းမႈမ်ား မ်ားစြာတူညီ မႈရွိေၾကာင္း၊ ေထရ၀ါဒဗုဒၶဘာသာကုိးကြယ္သည့္ႏုိင္ငံမ်ားမွာ ျမန္မာ၊ လာအုိ၊ ကေမၻာဒီးယား၊ ထုိင္းႏွင့္ သီရိလကၤာ စသည့္ႏုိင္ငံမ်ားျဖစ္ေၾကာင္း၊ လာအုိႏုိင္ငံမွဆရာေတာ္မ်ားအား ျမန္မာႏုိင္ငံ သုိ႔ဖိတ္ၾကားၿပီး ႏွစ္ႏုိင္ငံဗုဒၶဘာသာျပန္႔ပြားတုိးတက္ေရးကုိ ေဆာင္ရြက္ႏုိင္ခဲ့ေၾကာင္း၊ ႏွစ္ႏုိင္ငံ ဆက္ဆံေရး ေကာင္းမြန္ လ်က္ရွိသည့္ ႏုိင္ငံမ်ားျဖစ္သျဖင့္ ယခုထက္ပုိမုိတုိးတက္ ခုိင္မာေအာင္ေဆာင္ရြက္ေစလုိေၾကာင္း၊ လာအုိႏုိင္ငံတြင္ ျမန္မာႏုိင္ငံမွလာေရာက္ ရင္းႏွီး ျမႇဳပ္ႏွံႏုိင္ရန္ႏွင့္ ကုန္သြယ္မႈမ်ားတုိးတက္ေစေရးအတြက္ ႏွစ္ႏုိင္ငံပူးေပါင္းေဆာင္ရြက္မႈ ပုိမုိတုိးတက္ေစရန္လည္း မိမိတုိ႔သက္ဆုိင္ရာက႑အလုိက္ ႀကိဳးစား ေဆာင္ရြက္ၾက ေစလုိေၾကာင္း၊ မိမိတို႔တာ၀န္ထမ္းေဆာင္လ်က္ရွိသည့္ လာအုိႏုိင္ငံ၏ ဘာသာစကား၊ အဂၤလိပ္စာႏွင့္ ကြန္ျပဴတာနည္းပညာရပ္မ်ားကုိလည္း ေလ့လာၾကရန္လုိေၾကာင္းမွာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သံ႐ုံး၊ စစ္သံ႐ုံးမိသားစုမ်ားႏွင့္ သင္တန္းသားအရာရွိ မ်ားအတြက္ လက္ေဆာင္ပစၥည္းမ်ားေပးအပ္ရာ သံအမတ္ႀကီးႏွင့္ ဇနီး၊ စစ္သံမွဴးႏွင့္ဇနီးႏွင့္ သင္တန္းသား အရာရွိမ်ားကလက္ခံရယူၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာစစ္သံ (ၾကည္း၊ေရ၊ေလ)႐ုံး ဧည့္သည္ေတာ္ မွတ္တမ္းစာအုပ္တြင္ မွတ္တမ္းတင္လက္မွတ္ေရးထုိးသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ထပ္လြမ္ ဘုရားေက်ာင္းသုိ႔ေရာက္ရွိၾကၿပီး လာအုိအမ်ိဳးသားဗုဒၶဘာသာဆုိင္ရာအဖြဲ႕ ဥကၠ႒ဆရာေတာ္ Maha Ngon Domrongboun အားဖူးေျမာ္ၾကည္ ညိဳၾကရာ ဆရာေတာ္ႀကီးက လာအုိႏုိင္ငံမွ သံဃာေတာ္မ်ားအား ျမန္မာႏုိင္ငံတြင္လာေရာက္၍ ပညာ သင္ၾကားၿပီး သာသနာျပဳႏုိင္သည့္အတြက္၀မ္းေျမာက္ေၾကာင္း၊ လာအုိႏုိင္ငံတြင္ ႏုိင္ငံေရးအရတည္ၿငိမ္ ေအးခ်မ္းၿပီးမွသာ ေထရ၀ါဒဗုဒၶဘာသာျပန္႔ပြားေရးအတြက္ ေဆာင္ရြက္ႏုိင္ခဲ့ၿပီး အခက္အခဲမ်ား စြာရွိေၾကာင္း၊ လက္ရွိတြင္လည္း လာအုိႏုိင္ငံတြင္ ဗုဒၶဘာသာဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ ေဆာင္ရြက္လ်က္ရွိရာ ေထရ၀ါဒ ဗုဒၶတကၠသုိလ္တည္ေဆာက္ရန္ႀကိဳးပမ္းေနေၾကာင္း၊ ထုိသုိ႔ ေဆာင္ရြက္ရာတြင္ သင္ၾကားေရး အတြက္ လုိအပ္သည့္ စာခ်ဆရာေတာ္မ်ားအား ျမန္မာႏုိင္ငံအေနျဖင့္ အကူအညီေပးေစ လုိေၾကာင္းျမြက္ၾကားသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေထရ၀ါဒဗုဒၶတကၠသုိလ္တြင္ သင္ၾကားရန္အတြက္ လုိအပ္သည့္စာခ် ဆရာေတာ္မ်ားအား သက္ဆုိင္ရာသာသနာ့အဖြဲ႕အစည္းႏွင့္ ၀န္ႀကီးဌာနသုိ႔ေျပာၾကားေပးမည္ျဖစ္ေၾကာင္း၊ ေထရ၀ါဒဗုဒၶဘာသာ အမ်ားစုကုိးကြယ္သည့္ႏုိင္ငံ ၅ ႏုိင္ငံသာရွိေၾကာင္း၊ မိမိတုိ႔အေနျဖင့္ ေထရ၀ါဒ ဗုဒၶဘာသာျပန္႔ပြားေရးအတြက္ ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ လာအုိႏုိင္ငံမွ ဆရာေတာ္၊ သံဃာေတာ္ မ်ားအေနျဖင့္လည္း ဗုဒၶဘာသာႏွင့္ ပတ္သက္၍ ျမန္မာႏုိင္ငံသုိ႔ လာေရာက္ ေလ့လာႏုိင္ပါေၾကာင္းပင့္ဖိတ္ ေလွ်ာက္ထားသည္။

ယင္းေနာက္ ဆရာေတာ္ႀကီးကတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား ဗုဒၶ႐ုပ္ပြား ေတာ္ျမတ္တစ္ဆူအား ဓမၼလက္ေဆာင္အျဖစ္ေပးအပ္ၿပီး တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ဆရာေတာ္ႀကီးႏွင့္ သံဃာေတာ္မ်ားအားလွဴဖြယ္ပစၥည္း မ်ားဆက္ကပ္လွဴဒါန္းၾကသည္။ ထုိ႔ေနာက္ ဆရာေတာ္ႀကီးက ဗုဒၶဘာ သာသာနာ ထြန္းကား ျပန္႔ပြားပါေစေၾကာင္းႏွင့္ သာသနာျပဳပုဂၢဳိလ္ထူးမ်ားျဖစ္ပါေစေၾကာင္း ဆုမြန္ေကာင္း ေတာင္းၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ လွဴဒါန္းမႈအစုစု အတြက္ ေရစက္သြန္းခ် အမွ်ေပးေ၀ၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ထပ္လြမ္ဘုရားေက်ာင္းအတြင္း လွည့္လည္ ၾကည့္႐ႈၾကၿပီး မီးေလာင္မႈေၾကာင့္ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့သည့္ ဘုရားေက်ာင္းအတြင္း ကိန္း၀ပ္စမၸါယ္ လ်က္ ရိွေသာ ျမန္မာႏုိင္ငံမွလွဴဒါန္းထားသည့္ ဗုဒၶ႐ုပ္ပြားေတာ္ ၅ ဆူ ျပန္လည္ျပဳျပင္ရန္အတြက္အလွဴေငြမ်ား ေပး အပ္လွဴဒါန္းသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ Don Chan Palace ဟုိတယ္တြင္ လာအုိ အမ်ိဳးသားကာကြယ္ေရး၀န္ႀကီးဌာန၊ ဒုတိယ၀န္ႀကီးႏွင့္ စစ္ဦးစီးဌာနအႀကီးအကဲျဖစ္သူ Lieutenant General Souvone LEUANGBOUNMY က တည္ခင္းဧည့္ခံသည့္ ဂုဏ္ျပဳညစာစားပြဲအခမ္းအနားသို႔ တက္ေရာက္ခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီး General Chansamone CHANYALATH နှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဇန်နဝါရီ – ၁၉

လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီး General Chansamone CHANYALATH ၏ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် လာအိုကာကွယ်ရေးဝန်ကြီးရုံး၌ လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြင့်မော်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှတပ်မတော်အရာရှိကြီးများ၊ လာအိုနိုင်ငံ ဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးကိုကိုနိုင်၊ မြန်မာစစ်သံ (ကြည်း၊ရေ၊ လေ) ဗိုလ်မှူးကြီး ကျော်ကျော်မင်းတို့တက်ရောက်ကြပြီး လာအိုအမျိုးသားကာကွယ်ရေး ဝန်ကြီး နှင့်အတူ လာအိုတပ်မတော်မှအရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အခမ်းအနားကျင်းပ ပြုလုပ်မည့် လာအိုကာကွယ် ရေးဝန်ကြီးရုံးသို့ရောက်ရှိရာ လာအိုအမျိုးသားကာကွယ်ရေး ဝန်ကြီးကကြိုဆိုနှုတ်ဆက်သည်။
ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် လာအိုနိုင်ငံအမျိုးသားကာကွယ်ရေးဝန်ကြီးတို့သည် နှစ်နိုင်ငံတပ်မတော်အရာရှိကြီးများ နှင့်အပြန်အလှန် မိတ်ဆက်ပေးကြသည်။
တွေ့ဆုံပွဲတွင် လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးက ယခုကဲ့သို့လာအို ပြည်သူ့တပ်မတော်တည် ထောင်မှုနှစ်(၇၀)ပြည့် စစ်ရေးပြအခမ်းအနားသို့ လာရောက်ပေး သည့်အတွက် လှိုက်လှဲစွာကျေးဇူးတင်ရှိ ပါကြောင်းနှင့်ကြိုဆိုပါကြောင်း၊ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြားချစ်ကြည်ရင်းနှီးမှုကောင်းမွန်လျက်ရှိပြီး ယခုကဲ့သို့လာရောက်ခြင်းဖြင့် ပိုမို တိုးတက်ကောင်းမွန်လာမည်ဖြစ်ပါကြောင်း နှုတ်ခွန်းဆက်စကား ပြောကြား သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အခမ်းအနားတက်ရောက်ရန် ဖိတ်ကြားသည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း၊ နှစ်နိုင်ငံမိတ်ဆွေကောင်း၊ မိတ်ဆွေဟောင်းနိုင်ငံများဖြစ်ပြီး မိတ်ဆွေရင်း၊ ညီအစ်ကိုရင်း သဖွယ်ဆက်ဆံရေးကို အခြေခံ၍ ယခုကဲ့သို့လာရောက်ရခြင်းဖြစ်ကြောင်း၊ လာအိုတပ်မတော် အနေဖြင့် နှစ်ပေါင်းများစွာ နိုင်ငံတော်အပေါ်သစ္စာရှိစွာတာဝန်ထမ်းဆောင်မှုသမိုင်းမှတ် တမ်းကိုရေးထိုး နိုင်ခဲ့သည့်အတွက် ချီးကျူးဂုဏ်ယူပါကြောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ပြည်တွင်း၊ ပြည်ပ ပြဿနာများစွာအားဖြေရှင်းဆောင်ရွက်ရာတွင် လာအိုတပ်မတော်မှ ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခဲ့သည်ကို သမိုင်းမှတ်တမ်းများအရ သိရှိရပါကြောင်း၊ ထို့အတူမြန်မာ့တပ်မတော်သည်လည်း လွတ်လပ်ရေးရရှိအောင် ဆောင်ရွက်ခဲ့သကဲ့သို့ ယခုအချိန်အထိနိုင်ငံ၏အချုပ်အခြာတည်တံ့ခိုင်မြဲရေးနှင့် ပြည်တွင်းငြိမ်း ချမ်းရေးရရှိရန် အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ဖြတ်သန်းခဲ့ရသည့်သမိုင်းကြောင်း တူညီသည့်အတွက် အခက်အခဲများ ကိုနားလည်ပါကြောင်း၊ ထို့ကြောင့်တပ်မတော်နှစ်ရပ်အကြား အတွေ့အကြုံများဖလှယ်ပြီး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ ဆက်လက်၍လည်း နှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်အကြားဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်အောင်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် လာအိုနိုင်ငံ အကြိမ်ပေါင်းများစွာရောက်ရှိခဲ့သဖြင့် လာအိုနိုင်ငံ၏ဖြစ်ပေါ်တိုးတက်ပြောင်းလဲ မှုများကိုလည်းတွေ့ ရှိရပါကြောင်း ပြောကြားသည်။

ယင်းနောက် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့် ဆောင်ရွက်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး၊ ယဉ်ကျေးမှုအဖွဲ့များအပြန်အလှန် စေလွှတ်ရေး၊ လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ တပ်မတော်နှစ်ရပ်အကြားအဆင့်အလိုက်ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် လည်ပတ်ရေး၊ နယ်စပ်ဒေသကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်ရေးနှင့် လာအိုနိုင်ငံတွင် မြန်မာနိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံနိုင်မည့်အခြေအနေများအား ရင်းရင်းနှီးနှီး ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား အမှတ် တရလက်ဆောင်ပစ္စည်းပေးအပ်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လာအိုပြည်သူ့တပ်မတော် တည်ထောင်မှုနှစ်(၇၀)ပြည့် အထိမ်းအမှတ်ပန်းခြင်းနှင့် လက်ဆောင်ပစ္စည်းများပေးအပ်သည်။ ထို့နောက်တက် ရောက် လာကြသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် လာအိုနိုင်ငံ ဆိုင်ရာ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)ရုံးသို့ရောက်ရှိကြပြီး သံရုံး၊ စစ်သံရုံးမိသားစုများနှင့် လာအိုနိုင်ငံတွင်သင်တန်း တက်ရောက်လျက်ရှိသည့် သင်တန်းသား အရာရှိများအားတွေ့ဆုံ၍ လာအိုနိုင်ငံသည် မိမိတို့နိုင်ငံ၏ အိမ်နီးနားချင်းမိတ်ဆွေကောင်း နိုင်ငံဖြစ်ကြောင်း၊ ကိုးကွယ်သည့်ဘာသာ၊ ယဉ်ကျေးမှုများ များစွာတူညီ မှုရှိကြောင်း၊ ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်သည့်နိုင်ငံများမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် သီရိလင်္ကာ စသည့်နိုင်ငံများဖြစ်ကြောင်း၊ လာအိုနိုင်ငံမှဆရာတော်များအား မြန်မာနိုင်ငံ သို့ဖိတ်ကြားပြီး နှစ်နိုင်ငံဗုဒ္ဓဘာသာပြန့်ပွားတိုးတက်ရေးကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန် လျက်ရှိသည့် နိုင်ငံများဖြစ်သဖြင့် ယခုထက်ပိုမိုတိုးတက် ခိုင်မာအောင်ဆောင်ရွက်စေလိုကြောင်း၊ လာအိုနိုင်ငံတွင် မြန်မာနိုင်ငံမှလာရောက် ရင်းနှီး မြှုပ်နှံနိုင်ရန်နှင့် ကုန်သွယ်မှုများတိုးတက်စေရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်စေရန်လည်း မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုးစား ဆောင်ရွက်ကြ စေလိုကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်လျက်ရှိသည့် လာအိုနိုင်ငံ၏ ဘာသာစကား၊ အင်္ဂလိပ်စာနှင့် ကွန်ပြူတာနည်းပညာရပ်များကိုလည်း လေ့လာကြရန်လိုကြောင်းမှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သံရုံး၊ စစ်သံရုံးမိသားစုများနှင့် သင်တန်းသားအရာရှိ များအတွက် လက်ဆောင်ပစ္စည်းများပေးအပ်ရာ သံအမတ်ကြီးနှင့် ဇနီး၊ စစ်သံမှူးနှင့်ဇနီးနှင့် သင်တန်းသား အရာရှိများကလက်ခံရယူကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာစစ်သံ (ကြည်း၊ရေ၊လေ)ရုံး ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ထပ်လွမ် ဘုရားကျောင်းသို့ရောက်ရှိကြပြီး လာအိုအမျိုးသားဗုဒ္ဓဘာသာဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌဆရာတော် Maha Ngon Domrongboun အားဖူးမြော်ကြည် ညိုကြရာ ဆရာတော်ကြီးက လာအိုနိုင်ငံမှ သံဃာတော်များအား မြန်မာနိုင်ငံတွင်လာရောက်၍ ပညာ သင်ကြားပြီး သာသနာပြုနိုင်သည့်အတွက်ဝမ်းမြောက်ကြောင်း၊ လာအိုနိုင်ငံတွင် နိုင်ငံရေးအရတည်ငြိမ် အေးချမ်းပြီးမှသာ ထေရဝါဒဗုဒ္ဓဘာသာပြန့်ပွားရေးအတွက် ဆောင်ရွက်နိုင်ခဲ့ပြီး အခက်အခဲများ စွာရှိကြောင်း၊ လက်ရှိတွင်လည်း လာအိုနိုင်ငံတွင် ဗုဒ္ဓဘာသာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ထေရဝါဒ ဗုဒ္ဓတက္ကသိုလ်တည်ဆောက်ရန်ကြိုးပမ်းနေကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် သင်ကြားရေး အတွက် လိုအပ်သည့် စာချဆရာတော်များအား မြန်မာနိုင်ငံအနေဖြင့် အကူအညီပေးစေ လိုကြောင်းမြွက်ကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထေရဝါဒဗုဒ္ဓတက္ကသိုလ်တွင် သင်ကြားရန်အတွက် လိုအပ်သည့်စာချ ဆရာတော်များအား သက်ဆိုင်ရာသာသနာ့အဖွဲ့အစည်းနှင့် ဝန်ကြီးဌာနသို့ပြောကြားပေးမည်ဖြစ်ကြောင်း၊ ထေရဝါဒဗုဒ္ဓဘာသာ အများစုကိုးကွယ်သည့်နိုင်ငံ ၅ နိုင်ငံသာရှိကြောင်း၊ မိမိတို့အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာပြန့်ပွားရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ လာအိုနိုင်ငံမှ ဆရာတော်၊ သံဃာတော် များအနေဖြင့်လည်း ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ မြန်မာနိုင်ငံသို့ လာရောက် လေ့လာနိုင်ပါကြောင်းပင့်ဖိတ် လျှောက်ထားသည်။

ယင်းနောက် ဆရာတော်ကြီးကတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဗုဒ္ဓရုပ်ပွား တော်မြတ်တစ်ဆူအား ဓမ္မလက်ဆောင်အဖြစ်ပေးအပ်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဆရာတော်ကြီးနှင့် သံဃာတော်များအားလှူဖွယ်ပစ္စည်း များဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ဆရာတော်ကြီးက ဗုဒ္ဓဘာ သာသာနာ ထွန်းကား ပြန့်ပွားပါစေကြောင်းနှင့် သာသနာပြုပုဂ္ဂိုလ်ထူးများဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ထပ်လွမ်ဘုရားကျောင်းအတွင်း လှည့်လည် ကြည့်ရှုကြပြီး မီးလောင်မှုကြောင့်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဘုရားကျောင်းအတွင်း ကိန်းဝပ်စမ္ပါယ် လျက် ရှိသော မြန်မာနိုင်ငံမှလှူဒါန်းထားသည့် ဗုဒ္ဓရုပ်ပွားတော် ၅ ဆူ ပြန်လည်ပြုပြင်ရန်အတွက်အလှူငွေများ ပေး အပ်လှူဒါန်းသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် Don Chan Palace ဟိုတယ်တွင် လာအို အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲဖြစ်သူ Lieutenant General Souvone LEUANGBOUNMY က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။