တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ

ေနျပည္ေတာ္၊ ဇန္န၀ါရီ – ၂၁

လာအုိအမ်ိဳးသားကာကြယ္ေရး၀န္ႀကီး General Chansamone CHANYALATH ၏ဖိတ္ၾကားခ်က္အရ လာအုိျပည္သူ႕တပ္မေတာ္တည္ေထာင္မႈ ႏွစ္(၇၀)ျပည့္စစ္ေရးျပ အခမ္းအနားသုိ႔ တက္ေရာက္ခဲ့သည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ ကုိယ္စားလွယ္အဖြဲ႕သည္ ယေန႔နံနက္ ပုိင္းတြင္ လာအုိျပည္သူ႕ဒီမုိကရက္တစ္သမၼတႏုိင္ငံ၊ Wattay အျပည္ျပည္ဆုိင္ရာေလဆိပ္မွ ျပန္လည္ထြက္ခြာၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ကုိယ္စားလွယ္ အဖြဲ႕အား လာအုိအမ်ိဳးသားကာကြယ္ေရး၀န္ႀကီးဌာန၊ ဒုတိယ၀န္ႀကီး Major General Phu Vong Vong Phom လာအုိႏုိင္ငံဆုိင္ရာျမန္မာသံအမတ္ႀကီး ဦးကုိကုိႏုိင္ႏွင့္ဇနီး၊ ျမန္မာစစ္သံ (ၾကည္း၊ေရ၊ေလ)ဗုိလ္မွဴးႀကီး ေက်ာ္ေက်ာ္မင္းႏွင့္ တာ၀န္ရွိသူမ်ားက ေလဆိပ္တြင္ပုိ႔ေဆာင္ႏႈတ္ဆက္ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေနျပည္ေတာ္ေလဆိပ္သုိ႔ ေရာက္ရွိၾကရာ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ျမန္မာႏုိင္ငံဆုိင္ရာ လာအုိႏုိင္ငံ ဒုတိယစစ္သံမွဴး Lieutenant Colonel Latsamy KEOMIXAY ႏွင့္တာ၀န္ရွိသူမ်ားက ေလဆိပ္တြင္ႀကိဳဆုိ ႏႈတ္ဆက္ ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ႏွင့္အတူ အဖြဲ႕၀င္ အျဖစ္လိုက္ပါ သြားသည့္ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗုိလ္ခ်ဳပ္ျမင့္ေမာ္၊ ႀတိဂံေဒသတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗုိလ္ခ်ဳပ္ ခင္လႈိင္ႏွင့္တာ၀န္ရွိသူမ်ားျပန္လည္ လုိက္ပါလာခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ

နေပြည်တော်၊ ဇန်နဝါရီ – ၂၁

လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီး General Chansamone CHANYALATH ၏ဖိတ်ကြားချက်အရ လာအိုပြည်သူ့တပ်မတော်တည်ထောင်မှု နှစ်(၇၀)ပြည့်စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ Wattay အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ် အဖွဲ့အား လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Major General Phu Vong Vong Phom လာအိုနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကိုကိုနိုင်နှင့်ဇနီး၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ)ဗိုလ်မှူးကြီး ကျော်ကျော်မင်းနှင့် တာဝန်ရှိသူများက လေဆိပ်တွင်ပို့ဆောင်နှုတ်ဆက်ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နေပြည်တော်လေဆိပ်သို့ ရောက်ရှိကြရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ ဒုတိယစစ်သံမှူး Lieutenant Colonel Latsamy KEOMIXAY နှင့်တာဝန်ရှိသူများက လေဆိပ်တွင်ကြိုဆို နှုတ်ဆက် ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ အဖွဲ့ဝင် အဖြစ်လိုက်ပါ သွားသည့် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့်တာဝန်ရှိသူများပြန်လည် လိုက်ပါလာခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။