မြန်မာရိုးရာအမွေအနှစ် မြန်မာ့သိုင်းပညာစစ်စစ်ကျင့်စဉ်များဖြင့် ဇာတိသွေး၊ ဇာတိမာန် ထက်သန်မှု၊ ရဲရင့်ဖျတ်လတ်မှု၊ ကြံ့ခိုင်ကျွမ်းကျင်မှုများကိုလက်တွေ့ပြသ၊ ၂၀၁၈-၂၀၁၉ ခုနှစ်၊ တပ်မတော်(ကြည်း၊ရေ၊လေ) မြန်မာ့သိုင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

ေနျပည္ေတာ္၊ ဇန္န၀ါရီ ၂၆

ေရွးယခင္ ျမန္မာ့သမိုင္းအစဥ္အလာအရ ဓားေရး၊ လွံေရး၊ ျမင္းစီး အတတ္ ပညာအစြမ္းထက္သည့္ စစ္သည္ေတာ္မ်ား၏ ဇာတိေသြး၊ ဇာတိမာန္ထက္သန္မႈ၊ ရဲရင့္ ဖ်တ္လတ္မႈ၊ ႀကံ႕ခိုင္မႈတို႔ျဖင့္ ႏုိင္ငံေတာ္ ကိုကာကြယ္တည္ေဆာက္ခဲ့ၾကၿပီး ျမန္မာ့႐ုိးရာ သိုင္းပညာသည္ ျမန္မာတုိင္းရင္းသားတို႔၏ ဇာတိေသြး၊ ဇာတိမာန္ ထက္သန္မႈ၊ ရဲရင့္ ဖ်တ္လတ္မႈ၊ ႀကံ႕ခိုင္မႈမ်ားကို လက္ေတြ႕ျပသသည့္ ပညာရပ္တစ္ခုျဖစ္သည္။ အဆုိပါ ျမန္မာ့သုိင္းပညာရပ္မ်ား ပုိမိုထြန္းကားျပန္႔ပြားေစရန္ရည္ရြယ္ၿပီး ျမန္မာ့သုိင္းၿပိဳင္ပြဲကုိ ေနျပည္ေတာ္ တြင္က်င္းပျပဳလုပ္လ်က္ရွိသည့္ ၂၀၁၈-၂၀၁၉ ခုႏွစ္၊ တပ္မေတာ္ (ၾကည္း၊ေရ၊ေလ) အားကစားၿပိဳင္ပြဲတြင္ အားကစားနည္းတစ္ရပ္အေနျဖင့္ ထည့္သြင္း ယွဥ္ၿပိဳင္ခဲ့ၿပီး ဗုိလ္လုပြဲႏွင့္ ဆုေပးပြဲအခမ္းအနား ကုိ ယေန႔ ညေနပုိင္းတြင္ ေနျပည္ေတာ္၊ ေဇယ်ာသီရိတပ္မေတာ္အားကစားကြင္း (B)႐ံု၌က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ တက္ေရာက္ ၾကည့္႐ႈအားေပးၿပီးဆုမ်ား ေပးအပ္ခ်ီးျမႇင့္သည္။

အဆုိပါအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၊ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ တုိင္းမွဴးမ်ား၊ ျမန္မာ့သုိင္းအဖြဲ႕ခ်ဳပ္မွ တာ၀န္ရွိသူမ်ား၊ ဒုိင္အဖြဲ႕၀င္မ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး (ၾကည္း၊ေရ၊ေလ)႐ံုး/ဌာနမ်ားမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ ေနျပည္ေတာ္တိုင္း စစ္ဌာနခ်ဳပ္ ကြပ္ကဲမႈေအာက္ တပ္ရင္း/တပ္ဖြဲ႕မ်ားမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားႏွင့္ ၿပိဳင္ပြဲ၀င္အားကစားသမားမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တက္ေရာက္လာၾကသူမ်ားက ဗုိလ္လုပြဲပြဲစဥ္မ်ားအျဖစ္ ဗန္တုိအတိုက္ၿပိဳင္ပြဲတြင္ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ကုိယ္စားျပဳ အသင္းႏွင့္ ေတာင္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ ကိုယ္စားျပဳအသင္းတုိ႕၏ ယွဥ္ၿပိဳင္ကစားမႈမ်ားကို လည္းေကာင္း၊ ဓားတစ္လက္အတုိက္ၿပိဳင္ပြဲတြင္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ေရ) ကိုယ္စားျပဳ အသင္းႏွင့္ ေတာင္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ကုိယ္စားျပဳအသင္းတုိ႔၏ ယွဥ္ၿပိဳင္ကစားမႈမ်ားကုိ လည္းေကာင္း၊ ပန္ၾကပ္ဆီးလပ္အတုိက္ၿပိဳင္ပြဲတြင္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ေရ) ကိုယ္စားျပဳအသင္းႏွင့္ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ ကိုယ္စားျပဳအသင္းတုိ႕၏ ယွဥ္ၿပိဳင္ ကစားမႈမ်ား ကုိလည္းေကာင္း ၾကည့္႐ႈအားေပးၾကသည္။

ဆက္လက္ၿပီး တပ္မေတာ္ေလ့က်င့္ေရးအရာရွိခ်ဳပ္႐ံုး ကြပ္ကဲမႈေအာက္ ေလ့က်င့္ေရးသင္တန္းေက်ာင္းမ်ားမွ သင္တန္းသား၊ သင္တန္းသူမ်ားက အေျခခံဗန္တုိ (၆၃)နည္းပညာက်င့္စဥ္ႏွင့္ ေရွာင္နည္းစနစ္မ်ား၊ ေရွာင္ကာနည္းစနစ္မ်ား၊ ေရွာင္တုိက္နည္း စနစ္၊ လက္သီးထုိးကာကြယ္နည္းစနစ္၊ မိမိတစ္ေယာက္ ရန္သူတစ္ေယာက္ဗန္တုိ တုိက္ခုိက္နည္းစနစ္၊ မိမိတစ္ေယာက္ ရန္သူႏွစ္ေယာက္ ဗန္ရွည္တုိက္ခုိက္နည္းစနစ္၊ မိမိတစ္ေယာက္ ရန္သူသံုးေယာက္ ဗန္ရွည္တုိက္ခုိက္နည္းစနစ္ႏွင့္ မိမိတစ္ေယာက္ ရန္သူေလးေယာက္ ဗန္ရွည္တုိက္ခုိက္နည္း စနစ္၊ ဓားေျမႇာင္ကာကြယ္နည္းစနစ္၊ ဓားရွည္ကာကြယ္နည္းစနစ္၊ ဓားတစ္လက္ ပညာစဥ္၊ လံွရွည္ပညာစဥ္၊ တုတ္ရွည္ပညာစဥ္၊ မိမိတစ္ေယာက္ ရန္သူသံုးေယာက္ ဗန္ရွည္ တုိက္ခိုက္နည္း၊ မိမိတစ္ေယာက္ ရန္သူငါးေယာက္ တုတ္တုိျဖင့္ တုိက္ခိုက္နည္းစနစ္၊ မိမိတစ္ေယာက္ ရန္သူေလးေယာက္ ဗန္ရွည္တုိက္ခိုက္နည္းစနစ္၊ မိမိတစ္ေယာက္ ရန္သူငါးေယာက္ ဗန္ရွည္တုိက္ခုိက္နည္းစနစ္၊ ေရွာင္နည္းစနစ္၊ ေရွာင္ကာနည္းစနစ္၊ ေရွာင္တုိက္နည္း စနစ္မ်ားသ႐ုပ္ျပသမႈမ်ားအား စြမ္းရည္သ႐ုပ္ျပသၾကသည္။

ယင္းေနာက္ ဆုေပးပြဲကို ဆက္လက္ျပဳလုပ္ရာ ဗန္တိုအတုိက္(က)တန္း (၆၁-၆၅) ကီလုိၿပိဳင္ပြဲတြင္ ပထမဆုရရွိသည့္ ေျမာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ ကိုယ္စားျပဳအသင္းႏွင့္ ဒုတိယဆုရရွိသည့္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ေရ) ကုိယ္စားျပဳအသင္းမွ အားကစားသမားမ်ား၊ ပန္ၾကပ္ဆီးလပ္(က) တန္း(၅၅-၆၀)ကီလုိၿပိဳင္ပြဲမ်ားတြင္ ပထမဆုရရွိသည့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ေရ)အသင္းႏွင့္ ဒုတိယဆု ရရွိသည့္ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ ကုိယ္စားျပဳအသင္းမွအားကစားသမားမ်ား၊ ဓားတစ္လက္အတုိက္(က)တန္း(၅၀-၅၅) ကီလုိၿပိဳင္ပြဲတြင္ ပထမဆုရရွိသည့္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ေရ)အသင္း၊ ဒုတိယဆုရရွိသည့္ ေတာင္ပုိင္း တုိင္းစစ္ဌာနခ်ဳပ္အသင္းမွအားကစားသမားမ်ားအား တပ္မေတာ္အားကစားႏွင့္ ကာယပညာ အုပ္ခ်ဳပ္ေရး အဖြဲ႕ဥကၠ႒ စစ္ေရးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ဆန္းဦးကလည္းေကာင္း၊ ဓားႏွစ္လက္အတုိက္(က)တန္း (၄၅-၅၀)ကီလုိၿပိဳင္ပြဲတြင္ ပထမဆုရရွိသည့္ ေတာင္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္ကုိယ္စားျပဳအသင္းႏွင့္ ဒုတိယဆု ရရွိေသာ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္ ကုိယ္စားျပဳအသင္းတုိ႔မွအားကစားသမားမ်ား၊ ဗန္တုိအတိုက္(က) တန္း(၄၉-၅၃)ကီလုိၿပိဳင္ပြဲ တြင္ပထမဆုရရွိသည့္ ေတာင္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္အသင္းႏွင့္ ဒုတိယဆုရရွိသည့္ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ကုိယ္စားျပဳအသင္းတုိ႔မွအားကစားသမားမ်ား၊ ပန္ၾကပ္ဆီးလပ္ (က)တန္း(၄၅-၅၀)ကီလိုၿပိဳင္ပြဲတြင္ ပထမဆုရရွိသည့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ေရ) ကုိယ္စားျပဳအသင္းႏွင့္ ဒုတိယဆုရရွိသည့္ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ကုိယ္စားျပဳ အသင္းတုိ႔မွ အားကစားသမားမ်ားအား ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ကလည္းေကာင္း၊ ဗန္တုိအတုိက္ၿပိဳင္ပြဲတြင္အေကာင္းဆုံးအားကစား သမားဆု ရရွိသည့္ ေတာင္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ကုိယ္စားျပဳအသင္း၊ ပန္ၾကပ္ဆီးလပ္ၿပိဳင္ပြဲတြင္ အေကာင္းဆုံး အားကစားသမားဆုရရွိသည့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ေရ) ကုိယ္စားျပဳ အသင္း၊ ဓားအတုိက္ၿပိဳင္ပြဲတြင္ အေကာင္းဆုံးအားကစားသမားဆုရရွိသည့္ အလယ္ပုိင္း တုိင္းစစ္ဌာနခ်ဳပ္ကုိယ္စားျပဳအသင္းႏွင့္ စြမ္းရည္ျပၿပိဳင္ပြဲတြင္ အေကာင္းဆံုး အားကစားသမားဆုရရွိသည့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ေရ)ကုိယ္စားျပဳ အသင္းတုိ႔မွ အားကစားသမားမ်ားအား ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းက လည္းေကာင္း၊ ဗန္တုိအတုိက္ၿပိဳင္ပြဲတြင္ တံခြန္စုိက္ဒုိင္းဆုရရွိေသာ ေတာင္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္ ကုိယ္စား ျပဳအသင္း၊ ပန္ၾကပ္ဆီးလပ္ၿပိဳင္ပြဲတြင္ တံခြန္စုိက္ဒုိင္းဆုရရွိေသာ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ေရ) ကုိယ္စား ျပဳအသင္း၊ ဓားအတုိက္ၿပိဳင္ပြဲတြင္တံခြန္စုိက္ ဒုိင္းဆု ရရွိေသာ ေတာင္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္ ကုိယ္စား ျပဳအသင္းႏွင့္ စြမ္းရည္ျပၿပိဳင္ပြဲမ်ားတြင္ တံခြန္စုိက္ဒုိင္းဆုရရွိေသာ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ေရ) ကုိယ္စားျပဳ အသင္းတုိ႔အား ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းက လည္းေကာင္း ဆုမ်ားအသီးသီးေပးအပ္ခ်ီးျမႇင့္သည္။

ထုိ႕ေနာက္ ၂၀၁၈-၂၀၁၉ ခုႏွစ္၊ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)ျမန္မာ့သိုင္းအားကစား ၿပိဳင္ပြဲမ်ားတြင္ ေရႊတံဆိပ္(၂၃) ဆု၊ ေငြတံဆိပ္( ၆ )ဆု၊ ေၾကးတံဆိပ္( ၆ )၊ စုစုေပါင္း (၃၅)ဆုျဖင့္ ဆုအမ်ားဆံုးရရွိေသာ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ေရ) ကိုယ္စားျပဳအသင္းအား ျမန္မာ့သိုင္းစြယ္စံု တံခြန္စုိက္ဒုိင္းဆုအား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ေပးအပ္ခ်ီးျမႇင့္သည္။

ယခုက်င္းပျပဳလုပ္သည့္ ၂၀၁၈-၂၀၁၉ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) အားကစားၿပိဳင္ပြဲတြင္ ျမန္မာ့သုိင္းၿပိဳင္ပြဲအား ၿပိဳင္ပြဲအမ်ိဳးအစား ၄ မ်ိဳး ထည့္သြင္းယွဥ္ၿပိဳင္ ခဲ့ျခင္းျဖစ္ၿပီး ယေန႔က်င္းပျပဳလုပ္သည့္ ဗုိလ္လုပြဲ ပြဲစဥ္တြင္ ဗန္တုိအတုိက္ၿပိဳင္ပြဲ(က)တန္း (၆၁-၆၅) ပြဲစဥ္၊ ဗန္တုိအတုိက္ၿပိဳင္ပြဲ(က)တန္း(၄၅-၅၀) ပြဲစဥ္၊ ပန္ၾကပ္ဆီးလပ္အတုိက္ ၿပိဳင္ပြဲ (က)တန္း(၅၅-၆၀) ပြဲစဥ္၊ ဗန္တုိအတုိက္ၿပိဳင္ပြဲ(က)တန္း(၄၉-၅၃) ပြဲစဥ္၊ ဓါးတစ္လက္ အတုိက္ၿပိဳင္ပြဲ(က)တန္း (၅၀-၅၅)ပြဲစဥ္၊ ပန္ၾကပ္ဆီးလပ္အတုိက္ၿပိဳင္ပြဲ(က)တန္း(၄၅-၅၀)ပြဲစဥ္ မ်ားအားယွဥ္ၿပိဳင္ကစားခဲ့ျခင္းျဖစ္သည္။

(Unicode Version)

မြန်မာရိုးရာအမွေအနှစ် မြန်မာ့သိုင်းပညာစစ်စစ်ကျင့်စဉ်များဖြင့် ဇာတိသွေး၊ ဇာတိမာန် ထက်သန်မှု၊ ရဲရင့်ဖျတ်လတ်မှု၊ ကြံ့ခိုင်ကျွမ်းကျင်မှုများကိုလက်တွေ့ပြသ၊ ၂၀၁၈-၂၀၁၉ ခုနှစ်၊ တပ်မတော်(ကြည်း၊ရေ၊လေ) မြန်မာ့သိုင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုုပ်

နေပြည်တော်၊ ဇန်နဝါရီ ၂၆

ရှေးယခင် မြန်မာ့သမိုင်းအစဉ်အလာအရ ဓားရေး၊ လှံရေး၊ မြင်းစီး အတတ် ပညာအစွမ်းထက်သည့် စစ်သည်တော်များ၏ ဇာတိသွေး၊ ဇာတိမာန်ထက်သန်မှု၊ ရဲရင့် ဖျတ်လတ်မှု၊ ကြံ့ခိုင်မှုတို့ဖြင့် နိုင်ငံတော် ကိုကာကွယ်တည်ဆောက်ခဲ့ကြပြီး မြန်မာ့ရိုးရာ သိုင်းပညာသည် မြန်မာတိုင်းရင်းသားတို့၏ ဇာတိသွေး၊ ဇာတိမာန် ထက်သန်မှု၊ ရဲရင့် ဖျတ်လတ်မှု၊ ကြံ့ခိုင်မှုများကို လက်တွေ့ပြသသည့် ပညာရပ်တစ်ခုဖြစ်သည်။ အဆိုပါ မြန်မာ့သိုင်းပညာရပ်များ ပိုမိုထွန်းကားပြန့်ပွားစေရန်ရည်ရွယ်ပြီး မြန်မာ့သိုင်းပြိုင်ပွဲကို နေပြည်တော် တွင်ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၁၈-၂၀၁၉ ခုနှစ်၊ တပ်မတော် (ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲတွင် အားကစားနည်းတစ်ရပ်အနေဖြင့် ထည့်သွင်း ယှဉ်ပြိုင်ခဲ့ပြီး ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိတပ်မတော်အားကစားကွင်း (B)ရုံ၌ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ကြည့်ရှုအားပေးပြီး ဆုများ ပေးအပ်ချီးမြှင့်သည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တိုင်းမှူးများ၊ မြန်မာ့သိုင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ)ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တက်ရောက်လာကြသူများက ဗိုလ်လုပွဲပွဲစဉ်များအဖြစ် ဗန်တိုအတိုက်ပြိုင်ပွဲတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အသင်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို လည်းကောင်း၊ ဓားတစ်လက်အတိုက်ပြိုင်ပွဲတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု အသင်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို လည်းကောင်း၊ ပန်ကြပ်ဆီးလပ်အတိုက်ပြိုင်ပွဲတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုအသင်းနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့၏ ယှဉ်ပြိုင် ကစားမှုများ ကိုလည်းကောင်း ကြည့်ရှုအားပေးကြသည်။

ဆက်လက်ပြီး တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး ကွပ်ကဲမှုအောက် လေ့ကျင့်ရေးသင်တန်းကျောင်းများမှ သင်တန်းသား၊ သင်တန်းသူများက အခြေခံဗန်တို (၆၃)နည်းပညာကျင့်စဉ်နှင့် ရှောင်နည်းစနစ်များ၊ ရှောင်ကာနည်းစနစ်များ၊ ရှောင်တိုက်နည်း စနစ်၊ လက်သီးထိုးကာကွယ်နည်းစနစ်၊ မိမိတစ်ယောက် ရန်သူတစ်ယောက်ဗန်တို တိုက်ခိုက်နည်းစနစ်၊ မိမိတစ်ယောက် ရန်သူနှစ်ယောက် ဗန်ရှည်တိုက်ခိုက်နည်းစနစ်၊ မိမိတစ်ယောက် ရန်သူသုံးယောက် ဗန်ရှည်တိုက်ခိုက်နည်းစနစ်နှင့် မိမိတစ်ယောက် ရန်သူလေးယောက် ဗန်ရှည်တိုက်ခိုက်နည်း စနစ်၊ ဓားမြှောင်ကာကွယ်နည်းစနစ်၊ ဓားရှည်ကာကွယ်နည်းစနစ်၊ ဓားတစ်လက် ပညာစဉ်၊ လှံရှည်ပညာစဉ်၊ တုတ်ရှည်ပညာစဉ်၊ မိမိတစ်ယောက် ရန်သူသုံးယောက် ဗန်ရှည် တိုက်ခိုက်နည်း၊ မိမိတစ်ယောက် ရန်သူငါးယောက် တုတ်တိုဖြင့် တိုက်ခိုက်နည်းစနစ်၊ မိမိတစ်ယောက် ရန်သူလေးယောက် ဗန်ရှည်တိုက်ခိုက်နည်းစနစ်၊ မိမိတစ်ယောက် ရန်သူငါးယောက် ဗန်ရှည်တိုက်ခိုက်နည်းစနစ်၊ ရှောင်နည်းစနစ်၊ ရှောင်ကာနည်းစနစ်၊ ရှောင်တိုက်နည်း စနစ်များသရုပ်ပြသမှုများအား စွမ်းရည်သရုပ်ပြသကြသည်။

ယင်းနောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ဗန်တိုအတိုက်(က)တန်း (၆၁-၆၅) ကီလိုပြိုင်ပွဲတွင် ပထမဆုရရှိသည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းနှင့် ဒုတိယဆုရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုအသင်းမှ အားကစားသမားများ၊ ပန်ကြပ်ဆီးလပ်(က) တန်း(၅၅-၆၀)ကီလိုပြိုင်ပွဲများတွင် ပထမဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)အသင်းနှင့် ဒုတိယဆု ရရှိသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းမှအားကစားသမားများ၊ ဓားတစ်လက်အတိုက်(က)တန်း(၅၀-၅၅) ကီလိုပြိုင်ပွဲတွင် ပထမဆုရရှိသည့်ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)အသင်း၊ ဒုတိယဆုရရှိသည့် တောင်ပိုင်း တိုင်းစစ်ဌာနချုပ်အသင်းမှအားကစားသမားများအား တပ်မတော်အားကစားနှင့် ကာယပညာ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးကလည်းကောင်း၊ ဓားနှစ်လက်အတိုက်(က)တန်း (၄၅-၅၀)ကီလိုပြိုင်ပွဲတွင် ပထမဆုရရှိသည့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုယ်စားပြုအသင်းနှင့် ဒုတိယဆု ရရှိသော နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့မှအားကစားသမားများ၊ ဗန်တိုအတိုက်(က) တန်း(၄၉-၅၃)ကီလိုပြိုင်ပွဲ တွင်ပထမဆုရရှိသည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းနှင့် ဒုတိယဆုရရှိသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းတို့မှအားကစားသမားများ၊ ပန်ကြပ်ဆီးလပ် (က)တန်း(၄၅-၅၀)ကီလိုပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုအသင်းနှင့် ဒုတိယဆုရရှိသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အသင်းတို့မှ အားကစားသမားများအား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကလည်းကောင်း၊ ဗန်တိုအတိုက်ပြိုင်ပွဲတွင်အကောင်းဆုံးအားကစား သမားဆု ရရှိသည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်း၊ ပန်ကြပ်ဆီးလပ်ပြိုင်ပွဲတွင် အကောင်းဆုံး အားကစားသမားဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု အသင်း၊ ဓားအတိုက်ပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆုရရှိသည့် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းနှင့် စွမ်းရည်ပြပြိုင်ပွဲတွင် အကောင်းဆုံး အားကစားသမားဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြု အသင်းတို့မှ အားကစားသမားများအား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းက လည်းကောင်း၊ ဗန်တိုအတိုက်ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုရရှိသော တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စား ပြုအသင်း၊ ပန်ကြပ်ဆီးလပ်ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စား ပြုအသင်း၊ ဓားအတိုက်ပြိုင်ပွဲတွင်တံခွန်စိုက် ဒိုင်းဆု ရရှိသော တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စား ပြုအသင်းနှင့် စွမ်းရည်ပြပြိုင်ပွဲများတွင် တံခွန်စိုက်ဒိုင်းဆုရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု အသင်းတို့အား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။

ထို့နောက် ၂၀၁၈-၂၀၁၉ ခုနှစ်၊ တပ်မတော်(ကြည်း၊ရေ၊လေ)မြန်မာ့သိုင်းအားကစား ပြိုင်ပွဲများတွင် ရွှေတံဆိပ်(၂၃) ဆု၊ ငွေတံဆိပ်( ၆ )ဆု၊ ကြေးတံဆိပ်( ၆ )၊ စုစုပေါင်း (၃၅)ဆုဖြင့် ဆုအများဆုံးရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုအသင်းအား မြန်မာ့သိုင်းစွယ်စုံ တံခွန်စိုက်ဒိုင်းဆုအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေးအပ်ချီးမြှင့်သည်။

ယခုကျင်းပပြုလုပ်သည့် ၂၀၁၈-၂၀၁၉ တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲတွင် မြန်မာ့သိုင်းပြိုင်ပွဲအား ပြိုင်ပွဲအမျိုးအစား ၄ မျိုး ထည့်သွင်းယှဉ်ပြိုင် ခဲ့ခြင်းဖြစ်ပြီး ယနေ့ကျင်းပပြုလုပ်သည့် ဗိုလ်လုပွဲ ပွဲစဉ်တွင် ဗန်တိုအတိုက်ပြိုင်ပွဲ(က)တန်း (၆၁-၆၅) ပွဲစဉ်၊ ဗန်တိုအတိုက်ပြိုင်ပွဲ(က)တန်း(၄၅-၅၀) ပွဲစဉ်၊ ပန်ကြပ်ဆီးလပ်အတိုက် ပြိုင်ပွဲ (က)တန်း(၅၅-၆၀) ပွဲစဉ်၊ ဗန်တိုအတိုက်ပြိုင်ပွဲ(က)တန်း(၄၉-၅၃) ပွဲစဉ်၊ ဓါးတစ်လက် အတိုက်ပြိုင်ပွဲ(က)တန်း (၅၀-၅၅)ပွဲစဉ်၊ ပန်ကြပ်ဆီးလပ်အတိုက်ပြိုင်ပွဲ(က)တန်း(၄၅-၅၀)ပွဲစဉ် များအားယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။