တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်အားကစားနှင့် ကာယပညာ အုပ်ချုပ်ရေးအဖွဲ့နှင့် တပ်မတော်အားကစားကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများအား တွေ့ဆုံ အမှာစကားပြောကြား

ေနျပည္ေတာ္၊ ဇန္န၀ါရီ ၂၆

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ တပ္မေတာ္အားကစားႏွင့္ ကာယပညာ အုပ္ခ်ဳပ္ေရးအဖြဲ႕ႏွင့္ တပ္မေတာ္အားကစားေကာ္မတီမ်ားမွ ဥကၠ႒မ်ားႏွင့္ အတြင္းေရးမွဴးမ်ား အားယေန႔မြန္းလြဲပုိင္းတြင္ ေနျပည္ေတာ္၊ ေဇယ်ာသီရိတပ္မေတာ္အားကစားကြင္း (B)႐ံု၌ ေတြ႕ဆုံအမွာစကားေျပာၾကားသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၊ ဒုတိယ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ၫိႇႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ)ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ တုိင္းမွဴးမ်ား၊ တပ္မေတာ္ အားကစားႏွင့္ ကာယပညာအုပ္ခ်ဳပ္ေရးအဖြဲ႕ႏွင့္ တပ္မေတာ္အားကစားေကာ္မတီ မ်ားမွ ဥကၠ႒မ်ားႏွင့္ အတြင္းေရးမွဴးမ်ားတက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္တပ္မေတာ္အားကစားႏွင့္ကာယပညာ အုပ္ခ်ဳပ္ေရး အဖြဲ႕ဥကၠ႒ စစ္ေရးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ ႀကီး ဆန္းဦးက တပ္မေတာ္(ၾကည္း၊ေရ၊ေလ) အားကစား ၿပိဳင္ပြဲမ်ားက်င္းပမႈႏွင့္ပတ္သက္၍ ရွင္းလင္းတင္ျပသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ တပ္မေတာ္သည္ စိတ္ဓာတ္ စည္းကမ္း ေကာင္းမြန္သည့္အဖြဲ႕အစည္းတစ္ခုျဖစ္ေၾကာင္း၊ တပ္မေတာ္အားကစားမ်ား ယခုထက္ပုိမုိ၍ ေအာင္ျမင္မႈမ်ားရရွိရန္လုိအပ္ေၾကာင္း၊ အားကစားသည္ႏုိင္ငံေတာ္ကာကြယ္ေရးကုိ အေထာက္အကူျဖစ္ေစ၍ တုိင္းခ်စ္ ျပည္ခ်စ္စိတ္ကုိျဖစ္ေပၚေစၿပီး မိမိတုိ႔ေဆာင္ရြက္ရသည့္ လုပ္ငန္းတာ၀န္မ်ားအား တုံးတုိက္ တုိက္က်ားကုိက္ကုိက္ စိတ္ဓာတ္မ်ားျဖင့္ အႏုိင္မခံအ႐ႈံး မေပးဘဲ ေအာင္ျမင္ေအာင္ ေဆာင္ရြက္လုိသည့္ စိတ္ဓာတ္မ်ားကုိျဖစ္ေပၚေစေၾကာင္း၊ အားကစားၿပိဳင္ပြဲမ်ားယွဥ္ၿပိဳင္ ရာတြင္ မိမိတုိ႔ႏုိင္ငံကုိကုိယ္စားျပဳအသင္းကုိ ျပည္သူမ်ားမွ အားေပးသကဲ့သုိ႔ မိမိတုိ႔အေနျဖင့္ တုိင္းျပည္အတြက္တရားေသာစစ္ကုိဆင္ႏႊဲေနမႈမ်ား ေအာင္ျမင္မႈ ရရွိေစရန္အတြက္ အားေပးသည့္စိတ္ဓာတ္မ်ားကုိ တစ္ဆင့္ၿပီးတစ္ဆင့္ ျဖစ္ေပၚေစႏုိင္ေၾကာင္း၊ တပ္မေတာ္သား မ်ားအေနျဖင့္ လုပ္ငန္းတာ၀န္မ်ားေဆာင္ရြက္ရာတြင္ တစ္ဦးခ်င္း ေဆာင္ရြက္ခ်က္မ်ားေကာင္းမြန္ေန႐ုံျဖင့္မရဘဲ အဖြဲ႕လုိက္ေဆာင္ရြက္မႈမ်ား ေကာင္းမြန္ရန္ လုိအပ္သျဖင့္ အားကစားၿပိဳင္ပြဲမ်ားတြင္ အဖြဲ႕လုိက္ယွဥ္ၿပိဳင္ ေဆာင္ရြက္ရသည့္ ေဘာလုံးၿပိဳင္ပြဲ၊ ေဘာလီေဘာၿပိဳင္ပြဲစသည့္အဖြဲ႕လုိက္ၿပိဳင္ပြဲမ်ားကုိ ထည့္သြင္းယွဥ္ၿပိဳင္ ေစျခင္းျဖစ္ေၾကာင္း၊ ထုိ႔အတူ တပ္မေတာ္သားမ်ားႏွင့္ကုိက္ညီသည့္ အားကစားၿပိဳင္ပြဲမ်ား ကုိက်င္းပျပဳလုပ္ ေပးလ်က္ရွိေၾကာင္း၊ တပ္မေတာ္အားကစားၿပိဳင္ပြဲမ်ားမွတစ္ဆင့္ ႏုိင္ငံလက္ေရြးစင္ ႏုိင္ငံ့ဂုဏ္ေဆာင္ တပ္မ ေတာ္သားအားကစားသမားမ်ား ေမြးထုတ္ေပးႏုိင္ခဲ့သျဖင့္ တပ္မေတာ္၏ဂုဏ္ကုိ ျမႇင့္တင္ေပးႏုိင္ခဲ့ေၾကာင္း၊ တပ္မေတာ္သားမ်ားသည္ က်န္းမာႀကံ့ခုိင္မႈရွိရန္လုိအပ္ၿပီး ကုိယ္လက္လႈပ္ရွားအားကစားမ်ားကုိ အၿမဲမျပတ္ ေဆာင္ရြက္ရန္လုိေၾကာင္း၊ အားကစားမ်ားယွဥ္ၿပိဳင္ကစားျခင္းမွတစ္ဆင့္ ေတာင့္တင္းခုိင္မာသည့္ တပ္မေတာ္ အင္အားကုိရရွိေစၿပီး တပ္မေတာ္၏စြမ္းေဆာင္ရည္မ်ားကုိ ျမႇင့္တင္ ေပးႏုိင္ေၾကာင္း၊ အားကစား သမားမ်ား၏ခြန္အားႏွင့္ က်န္းမာႀကံ့ခုိင္မႈရရွိေစရန္အတြက္ အာဟာရျပည့္၀သည့္ အစားအစာ မ်ားကုိ ေကြၽးေမြးရန္လုိေၾကာင္း၊ အမဲသား၊ ၀က္သား၊ ငါး၊ ႏြားႏုိ႔၊ ၾကက္ဥစသည္မ်ားအား တပ္မေတာ္သား မ်ားႏွင့္ မိသားစု၀င္မ်ား သက္သက္သာသာ ျဖင့္စားသုံးႏုိင္ေရး စီစဥ္ေဆာင္ရြက္ေပးထားသျဖင့္ စနစ္တက်စား ေသာက္ၾကရန္လုိအပ္ ေၾကာင္း၊ ထုိျပင္ အေထာက္အကူျပဳ ပစၥည္းမ်ားႏွင့္ ႐ုပ္ပုိင္းဆုိင္ရာလုိအပ္မႈမ်ားကုိလည္း ျဖည့္ဆည္းေဆာင္ရြက္ေပးၿပီး နည္းစနစ္က်နသည့္ ေလ့က်င့္သားျပည့္၀ေအာင္ ေဆာင္ရြက္ေပးေနရမည္ျဖစ္ၿပီး နည္းစနစ္ပုိင္းႏွင့္ ႀကံ့ခုိင္မႈအပုိင္းတြင္ အရည္အခ်င္းျပည့္၀သည့္ နည္းျပမ်ားလုိအပ္ေၾကာင္း၊ အားကစား သမားမ်ားအတြက္ အဆင့္အတန္းမီသည့္ အားကစားကြင္း၊ အားကစား႐ုံမ်ားရွိရန္လုိအပ္သျဖင့္ ျဖည့္ဆည္း ေဆာင္ရြက္ေပးလ်က္ ရွိေၾကာင္း၊ အားကစားၿပိဳင္ပြဲမ်ားကုိလည္း အားေပးၾကည့္႐ႈၾကရန္ႏွင့္ႏႈတ္ျဖင့္အားေပးမႈ သာမက ႐ုပ္ပိုင္း၊ စိတ္ပုိင္း အားေပးမႈမ်ားျပဳလုပ္သြားၾကရန္လုိအပ္ေၾကာင္း၊ တပ္မေတာ္ (ၾကည္း၊ေရ၊ေလ) အားကစားၿပိဳင္ပြဲမ်ားမွတစ္ဆင့္ ႏုိင္ငံေတာ္အတြက္ဆုတံဆိပ္မ်ားရယူေပးႏုိင္သည့္ တပ္မေတာ္သား အားကစား သမားမ်ားကုိလည္း ဆုမ်ားအလုိက္ထုိက္တန္သည့္ ဂုဏ္ျပဳခ်ီးျမႇင့္ျခင္းမ်ားေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ အားကစားသမားမ်ား၏ ေနာင္ေရးဘ၀အာမံခ်က္ရွိေအာင္လည္း ေဆာင္ရြက္ေပးၾကရမည္ျဖစ္ေၾကာင္း၊ တပ္မ ေတာ္အားကစားေကာ္မတီမ်ားအလုိက္ တာ၀န္ယူၾကရသည့္ အားကစားနည္းမ်ား တုိးတက္ေအာင္ျမင္ေအာင္ ႀကိဳးပမ္းေဆာင္ရြက္ၾကရန္မွာၾကားခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်အားကစားနှင့် ကာယပညာ အုပ်ချုပ်ရေးအဖွဲ့နှင့် တပ်မတော်အားကစားကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများအား တွေ့ဆုံ အမှာစကားပြောကြား

နေပြည်တော်၊ ဇန်နဝါရီ ၂၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော်အားကစားနှင့် ကာယပညာ အုပ်ချုပ်ရေးအဖွဲ့နှင့် တပ်မတော်အားကစားကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ အားယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိတပ်မတော်အားကစားကွင်း (B)ရုံ၌ တွေ့ဆုံအမှာစကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ် ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တိုင်းမှူးများ၊ တပ်မတော် အားကစားနှင့် ကာယပညာအုပ်ချုပ်ရေးအဖွဲ့နှင့် တပ်မတော်အားကစားကော်မတီ များမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများတက်ရောက်ကြသည်။

ဦးစွာ တပ်မတော်တပ်မတော်အားကစားနှင့်ကာယပညာ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ် ကြီး ဆန်းဦးက တပ်မတော်(ကြည်း၊ရေ၊လေ) အားကစား ပြိုင်ပွဲများကျင်းပမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကားပြောကြားရာတွင် တပ်မတော်သည် စိတ်ဓာတ် စည်းကမ်း ကောင်းမွန်သည့်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ တပ်မတော်အားကစားများ ယခုထက်ပိုမို၍ အောင်မြင်မှုများရရှိရန်လိုအပ်ကြောင်း၊ အားကစားသည်နိုင်ငံတော်ကာကွယ်ရေးကို အထောက်အကူဖြစ်စေ၍ တိုင်းချစ် ပြည်ချစ်စိတ်ကိုဖြစ်ပေါ်စေပြီး မိမိတို့ဆောင်ရွက်ရသည့် လုပ်ငန်းတာဝန်များအား တုံးတိုက် တိုက်ကျားကိုက်ကိုက် စိတ်ဓာတ်များဖြင့် အနိုင်မခံအရှုံး မပေးဘဲ အောင်မြင်အောင် ဆောင်ရွက်လိုသည့် စိတ်ဓာတ်များကိုဖြစ်ပေါ်စေကြောင်း၊ အားကစားပြိုင်ပွဲများယှဉ်ပြိုင် ရာတွင် မိမိတို့နိုင်ငံကိုကိုယ်စားပြုအသင်းကို ပြည်သူများမှ အားပေးသကဲ့သို့ မိမိတို့အနေဖြင့် တိုင်းပြည်အတွက်တရားသောစစ်ကိုဆင်နွှဲနေမှုများ အောင်မြင်မှု ရရှိစေရန်အတွက် အားပေးသည့်စိတ်ဓာတ်များကို တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်ပေါ်စေနိုင်ကြောင်း၊ တပ်မတော်သား များအနေဖြင့် လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် တစ်ဦးချင်း ဆောင်ရွက်ချက်များကောင်းမွန်နေရုံဖြင့်မရဘဲ အဖွဲ့လိုက်ဆောင်ရွက်မှုများ ကောင်းမွန်ရန် လိုအပ်သဖြင့် အားကစားပြိုင်ပွဲများတွင် အဖွဲ့လိုက်ယှဉ်ပြိုင် ဆောင်ရွက်ရသည့် ဘောလုံးပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲစသည့်အဖွဲ့လိုက်ပြိုင်ပွဲများကို ထည့်သွင်းယှဉ်ပြိုင် စေခြင်းဖြစ်ကြောင်း၊ ထို့အတူ တပ်မတော်သားများနှင့်ကိုက်ညီသည့် အားကစားပြိုင်ပွဲများ ကိုကျင်းပပြုလုပ် ပေးလျက်ရှိကြောင်း၊ တပ်မတော်အားကစားပြိုင်ပွဲများမှတစ်ဆင့် နိုင်ငံလက်ရွေးစင် နိုင်ငံ့ဂုဏ်ဆောင် တပ်မ တော်သားအားကစားသမားများ မွေးထုတ်ပေးနိုင်ခဲ့သဖြင့် တပ်မတော်၏ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်း၊ တပ်မတော်သားများသည် ကျန်းမာကြံ့ခိုင်မှုရှိရန်လိုအပ်ပြီး ကိုယ်လက်လှုပ်ရှားအားကစားများကို အမြဲမပြတ် ဆောင်ရွက်ရန်လိုကြောင်း၊ အားကစားများယှဉ်ပြိုင်ကစားခြင်းမှတစ်ဆင့် တောင့်တင်းခိုင်မာသည့် တပ်မတော် အင်အားကိုရရှိစေပြီး တပ်မတော်၏စွမ်းဆောင်ရည်များကို မြှင့်တင် ပေးနိုင်ကြောင်း၊ အားကစား သမားများ၏ခွန်အားနှင့် ကျန်းမာကြံ့ခိုင်မှုရရှိစေရန်အတွက် အာဟာရပြည့်ဝသည့် အစားအစာ များကို ကျွေးမွေးရန်လိုကြောင်း၊ အမဲသား၊ ဝက်သား၊ ငါး၊ နွားနို့၊ ကြက်ဥစသည်များအား တပ်မတော်သား များနှင့် မိသားစုဝင်များ သက်သက်သာသာ ဖြင့်စားသုံးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားသဖြင့် စနစ်တကျစား သောက်ကြရန်လိုအပ် ကြောင်း၊ ထိုပြင် အထောက်အကူပြု ပစ္စည်းများနှင့် ရုပ်ပိုင်းဆိုင်ရာလိုအပ်မှုများကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နည်းစနစ်ကျနသည့် လေ့ကျင့်သားပြည့်ဝအောင် ဆောင်ရွက်ပေးနေရမည်ဖြစ်ပြီး နည်းစနစ်ပိုင်းနှင့် ကြံ့ခိုင်မှုအပိုင်းတွင် အရည်အချင်းပြည့်ဝသည့် နည်းပြများလိုအပ်ကြောင်း၊ အားကစား သမားများအတွက် အဆင့်အတန်းမီသည့် အားကစားကွင်း၊ အားကစားရုံများရှိရန်လိုအပ်သဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ အားကစားပြိုင်ပွဲများကိုလည်း အားပေးကြည့်ရှုကြရန်နှင့်နှုတ်ဖြင့်အားပေးမှု သာမက ရုပ်ပိုင်း၊ စိတ်ပိုင်း အားပေးမှုများပြုလုပ်သွားကြရန်လိုအပ်ကြောင်း၊ တပ်မတော် (ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲများမှတစ်ဆင့် နိုင်ငံတော်အတွက်ဆုတံဆိပ်များရယူပေးနိုင်သည့် တပ်မတော်သား အားကစား သမားများကိုလည်း ဆုများအလိုက်ထိုက်တန်သည့် ဂုဏ်ပြုချီးမြှင့်ခြင်းများဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အားကစားသမားများ၏ နောင်ရေးဘဝအာမံချက်ရှိအောင်လည်း ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ တပ်မ တော်အားကစားကော်မတီများအလိုက် တာဝန်ယူကြရသည့် အားကစားနည်းများ တိုးတက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။