တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ့သိုင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် သိုင်းဆရာကြီးများအား ရင်းရင်းနှီးနှီးတွေ့ဆုံ

ေနျပည္ေတာ္၊ ဇန္န၀ါရီ ၂၆

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ၂၀၁၈-၂၀၁၉ ခုႏွစ္၊ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) ျမန္မာ့သုိင္းၿပိဳင္ပြဲ ဗုိလ္လုပြဲအခမ္းအနား ႏွင့္ ဆုခ်ီးျမႇင့္ပြဲအခမ္းအနားသုိ႔ တက္ေရာက္လာၾကသည့္ ျမန္မာ့သုိင္းအဖြဲ႕ခ်ဳပ္မွ တာ၀န္ရွိသူမ်ားႏွင့္ သုိင္းဆရာႀကီးမ်ားအား ယေန႔ညေနပုိင္းတြင္ ေနျပည္ေတာ္၊ ေဇယ်ာသီရိတပ္မေတာ္အားကစားကြင္း (B)႐ံု၌ ရင္းရင္းႏွီးႏွီးေတြ႕ဆုံသည္။

ထုိသို႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာသုိင္းပညာရပ္သည္ ေရွးဘုရင္မ်ား လက္ထက္ကတည္းက ကုိယ္လုံပညာရပ္တစ္ခု၊ အားကစားနည္းတစ္ခုအျဖစ္ ရွိခဲ့ေၾကာင္း၊ ယခုအခါျမန္မာ့သုိင္းပညာရပ္မ်ား ဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ တပ္မေတာ္မွ ေဆာင္ရြက္ေနေၾကာင္း၊ ျမန္မာ့သုိင္းပညာရပ္မ်ားအား လူငယ္မ်ားတတ္ကြၽမ္းမႈ မွတစ္ဆင့္ႏုိင္ငံခ်စ္စိတ္၊ မ်ိဳးခ်စ္စိတ္မ်ားကုိ ျဖစ္ေပၚေစႏုိင္ေၾကာင္း၊ ျမန္မာ့သုိင္းပညာမ်ားအား သ႐ုပ္ျပ႐ုံသက္သက္မဟုတ္ဘဲ အမွန္တကယ္တတ္ကြၽမ္းၿပီး အသုံးခ်ႏုိင္ရန္ႏွင့္ ႏုိင္ငံတကာ အားကစားၿပိဳင္ပြဲမ်ားတြင္ အားကစားနည္းတစ္ရပ္အေနျဖင့္ ပါ၀င္ယွဥ္ၿပိဳင္ ေဆာင္ရြက္ႏုိင္ရန္ အထိ အားလုံးကရည္မွန္းခ်က္ထားေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ မိမိအေနျဖင့္ တပ္မေတာ္ တြင္ ျမန္မာ့သုိင္းပညာအား ၂၀၁၅ ခုႏွစ္မွစတင္၍ေလ့က်င့္ေဆာင္ရြက္ေစခဲ့ၿပီး ၂၀၁၇ ခုႏွစ္တြင္ တပ္မေတာ္၏အဓိကကုိယ္လုံပညာရပ္အျဖစ္ သတ္မွတ္ေပးခဲ့ေၾကာင္း၊ ယခုအခါျမန္မာ့သုိင္းပညာရပ္မ်ားအား တပ္မေတာ္ေလ့က်င့္ေရးသင္တန္းေက်ာင္းမ်ားတြင္ မသင္မေနရ ေလ့က်င့္သင္ၾကားေပးလ်က္ရွိေၾကာင္း၊ ျမန္မာ့သုိင္းပညာအား တူညီေသာ မူ၀ါဒနည္းစနစ္မ်ားျဖင့္ က်စ္က်စ္လ်စ္လ်စ္ ထိထိေရာက္ေရာက္ ေဆာင္ရြက္ေစလုိၿပီး ျမန္မာ့သုိင္းပညာဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ တပ္မေတာ္အေနျဖင့္ ျမန္မာ့သုိင္းအဖြဲ႕ခ်ဳပ္ႏွင့္ ဆက္လက္ပူးေပါင္းအားေပးကူညီ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္အားကစား ၿပိဳင္ပြဲမ်ားသည္ ႏုိင္ငံ့အားကစားကုိ အေထာက္အကူျဖစ္ရန္ လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း၊ ယခုတပ္မေတာ္(ၾကည္း၊ေရ၊ေလ) အားကစားၿပိဳင္ပြဲတြင္ ျမန္မာ့သုိင္းပညာရပ္အား အားကစားနည္းတစ္ရပ္အျဖစ္ ထည့္သြင္း ယွဥ္ၿပိဳင္ႏုိင္ရန္အတြက္ ျမန္မာ့သုိင္းအဖြဲ႕ခ်ဳပ္မွ အကူအညီေပးမႈမ်ားကုိလည္း ေက်းဇူးတင္ ပါေၾကာင္းေျပာၾကားသည္။

ထုိ႔ေနာက္ ျမန္မာ့သုိင္းအဖြဲ႕ခ်ဳပ္မွတာ၀န္ရွိသူမ်ားႏွင့္သုိင္းဆရာႀကီးမ်ားက ယခုကဲ့သုိ႔ ႏုိင္ငံေတာ္အဆင့္ တပ္မေတာ္အႀကီးအကဲမ်ားႏွင့္ေတြ႕ဆုံရျခင္းသည္ ပထမဆုံးအႀကိမ္ ျဖစ္၍ မ်ားစြာဂုဏ္ယူ ၀မ္းေျမာက္ ရပါေၾကာင္း၊ ျမန္မာ့သုိင္းပညာရပ္မ်ား ဖြံ႕ၿဖိဳးတုိးတက္ေရး အတြက္တပ္မေတာ္မွ ေဆာင္ရြက္ေပးမႈမ်ားအား ေက်းဇူးတင္ရွိပါေၾကာင္း၊ မိမိတုိ႔အေနျဖင့္ ျမန္မာ့သုိင္းပညာရပ္အား ႏုိင္ငံတကာအားကစားၿပိဳင္ပြဲမ်ားတြင္ ၀င္ေရာက္ယွဥ္ၿပိဳင္ ႏုိင္ေရးႀကိဳးစားေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ျမန္မာ့သုိင္း ပညာဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ တပ္မေတာ္ႏွင့္အတူ ဆက္လက္ပူးေပါင္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ျပန္လည္ ေျပာၾကားၾကသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာ့သုိင္းအဖြဲ႕ခ်ဳပ္မွ တာ၀န္ရွိသူ မ်ားႏွင့္ သုိင္းဆရာႀကီးမ်ားအား အမွတ္တရလက္ေဆာင္ပစၥည္းမ်ားေပးအပ္ၿပီး ရင္းရင္းႏွီးႏွီး ႏႈတ္ဆက္ခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ့သိုင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် သိုင်းဆရာကြီးများအား ရင်းရင်းနှီးနှီးတွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ ၂၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၁၈-၂၀၁၉ ခုနှစ်၊ တပ်မတော်(ကြည်း၊ရေ၊လေ) မြန်မာ့သိုင်းပြိုင်ပွဲ ဗိုလ်လုပွဲအခမ်းအနား နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် မြန်မာ့သိုင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် သိုင်းဆရာကြီးများအား ယနေ့ညနေပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိတပ်မတော်အားကစားကွင်း (B)ရုံ၌ ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာသိုင်းပညာရပ်သည် ရှေးဘုရင်များ လက်ထက်ကတည်းက ကိုယ်လုံပညာရပ်တစ်ခု၊ အားကစားနည်းတစ်ခုအဖြစ် ရှိခဲ့ကြောင်း၊ ယခုအခါမြန်မာ့သိုင်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်မှ ဆောင်ရွက်နေကြောင်း၊ မြန်မာ့သိုင်းပညာရပ်များအား လူငယ်များတတ်ကျွမ်းမှု မှတစ်ဆင့်နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ မြန်မာ့သိုင်းပညာများအား သရုပ်ပြရုံသက်သက်မဟုတ်ဘဲ အမှန်တကယ်တတ်ကျွမ်းပြီး အသုံးချနိုင်ရန်နှင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အားကစားနည်းတစ်ရပ်အနေဖြင့် ပါဝင်ယှဉ်ပြိုင် ဆောင်ရွက်နိုင်ရန် အထိ အားလုံးကရည်မှန်းချက်ထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် တပ်မတော် တွင် မြန်မာ့သိုင်းပညာအား ၂၀၁၅ ခုနှစ်မှစတင်၍လေ့ကျင့်ဆောင်ရွက်စေခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် တပ်မတော်၏အဓိကကိုယ်လုံပညာရပ်အဖြစ် သတ်မှတ်ပေးခဲ့ကြောင်း၊ ယခုအခါမြန်မာ့သိုင်းပညာရပ်များအား တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းများတွင် မသင်မနေရ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ မြန်မာ့သိုင်းပညာအား တူညီသော မူဝါဒနည်းစနစ်များဖြင့် ကျစ်ကျစ်လျစ်လျစ် ထိထိရောက်ရောက် ဆောင်ရွက်စေလိုပြီး မြန်မာ့သိုင်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်အနေဖြင့် မြန်မာ့သိုင်းအဖွဲ့ချုပ်နှင့် ဆက်လက်ပူးပေါင်းအားပေးကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တပ်မတော်အားကစား ပြိုင်ပွဲများသည် နိုင်ငံ့အားကစားကို အထောက်အကူဖြစ်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ယခုတပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲတွင် မြန်မာ့သိုင်းပညာရပ်အား အားကစားနည်းတစ်ရပ်အဖြစ် ထည့်သွင်း ယှဉ်ပြိုင်နိုင်ရန်အတွက် မြန်မာ့သိုင်းအဖွဲ့ချုပ်မှ အကူအညီပေးမှုများကိုလည်း ကျေးဇူးတင် ပါကြောင်းပြောကြားသည်။

ထို့နောက် မြန်မာ့သိုင်းအဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့်သိုင်းဆရာကြီးများက ယခုကဲ့သို့ နိုင်ငံတော်အဆင့် တပ်မတော်အကြီးအကဲများနှင့်တွေ့ဆုံရခြင်းသည် ပထမဆုံးအကြိမ် ဖြစ်၍ များစွာဂုဏ်ယူ ဝမ်းမြောက် ရပါကြောင်း၊ မြန်မာ့သိုင်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက်တပ်မတော်မှ ဆောင်ရွက်ပေးမှုများအား ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် မြန်မာ့သိုင်းပညာရပ်အား နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင် နိုင်ရေးကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ့သိုင်း ပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်နှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည် ပြောကြားကြသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ့သိုင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ များနှင့် သိုင်းဆရာကြီးများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။