တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၁၈-၂၀၁၉ ခုနှစ်၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဖလား၊ တပ်မတော်(ကြည်း၊ရေ၊လေ) ဂေါက်သီးရိုက်ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ေနျပည္ေတာ္၊ ဇန္န၀ါရီ – ၂၇

ႏုိင္ငံ့ဂုဏ္ေဆာင္ တပ္မေတာ္သားေဂါက္သီး႐ုိက္အားကစားသမားမ်ားေပၚထြက္လာ ေစရန္ႏွင့္ တပ္မေတာ္ သားမ်ား၏ ေဂါက္သီး႐ုိက္အားကစားအဆင့္အတန္းျမင့္မားလာ ေစရန္ရည္ရြယ္ခ်က္ျဖင့္ ႏွစ္စဥ္က်င္းပျပဳ လုပ္လ်က္ရွိသည့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ဖလား၊ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) ေဂါက္သီး႐ုိက္ၿပိဳင္ပြဲဆုခ်ီးျမႇင့္ပြဲ အခမ္းအနားအား ယေန႔ညေနပုိင္းတြင္ေနျပည္ေတာ္ ေဂါက္ကြင္း၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ တက္ေရာက္၍ ဆုမ်ား ေပးအပ္ခ်ီးျမႇင့္သည္။

အဆိုပါအခမ္းအနားသုိ႔ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ျပည္ေထာင္စု၀န္ႀကီးမ်ားျဖစ္ၾကသည့္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြ၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စိန္၀င္း၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွတပ္မေတာ္အရာရွိႀကီးမ်ား၊ ၿပိဳင္ပြဲ၀င္အသင္းမ်ားမွ အားကစား သမားမ်ားႏွင့္ ဒုိင္အဖြဲ႕၀င္မ်ား၊ ဖိတ္ၾကားထားသူမ်ားတက္ေရာက္ၾကသည္။

ဆုမ်ားခ်ီးျမႇင့္ရာတြင္ ဒုတိယေန႔ လုိင္းႏွင့္အနီးဆုံး႐ုိက္ခ်က္ဆု၊ ပထမေန႔လုိင္းႏွင့္ အနီးဆုံး႐ုိက္ခ်က္ဆုႏွင့္ ဒုတိယေန႔က်င္းႏွင့္အနီးဆုံး႐ုိက္ခ်က္ဆုရရွိသူမ်ားကုိ စစ္ေထာက္ခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ညိဳေစာက လည္းေကာင္း၊ ပထမေန႔က်င္းႏွင့္ အနီးဆုံး႐ုိက္ခ်က္ဆုႏွင့္ ေန႔အလုိက္အေ၀းဆုံး႐ုိက္ခ်က္ဆုရရွိသူမ်ားကုိ စစ္ေရးခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ဆန္းဦးက လည္းေကာင္း၊ တစ္ဦးခ်င္း(အေက်ာေပး) ၿပိဳင္ပြဲႏွင့္ တစ္ဦးခ်င္း (အေက်ာမဲ့)ၿပိဳင္ပြဲမ်ားတြင္ Par အမ်ားဆုံးဆုႏွင့္ Birdie အမ်ားဆုံးဆု ရရွိသူမ်ားကုိ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ)ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ကလည္းေကာင္း၊ Eagle အမ်ားဆုံးဆုႏွင့္တစ္ဦးခ်င္း အေက်ာ ေပး ၿပိဳင္ပြဲတြင္ ပထမ၊ ဒုတိယ၊ တတိယဆု ရရွိသူမ်ားကုိ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း ကလည္းေကာင္း၊ တစ္ဦးခ်င္းအေက်ာမဲ့ၿပိဳင္ပြဲတြင္ ပထမ၊ ဒုတိယ၊ တတိယဆုရရွိသူမ်ားႏွင့္ အသင္းလုိက္ (အေက်ာေပး)ၿပိဳင္ပြဲ၊ အသင္းလုိက္(အေက်ာမဲ့)ၿပိဳင္ပြဲတုိ႔တြင္ တတိယဆုရရွိသူမ်ားကုိ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးက လည္းေကာင္း၊ အသင္းလုိက္ (အေက်ာေပး) ၿပိဳင္ပြဲႏွင့္ အသင္းလုိက္(အေက်ာမဲ့) ၿပိဳင္ပြဲတုိ႔တြင္ ဒုတိယဆု ရရွိသူမ်ားကုိ ဒုတိယ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းက လည္း ေကာင္း ဆုမ်ားအသီးသီး ေပးအပ္ခ်ီးျမႇင့္ၾကသည္။

ထုိ႔ေနာက္ အသင္းလုိက္(အေက်ာေပး)ၿပိဳင္ပြဲတြင္ စုစုေပါင္းအသားတင္႐ုိက္ခ်က္ (၅၃၇) ခ်က္ျဖင့္ လည္းေကာင္း၊ အသင္းလုိက္ (အေက်ာမဲ့)ၿပိဳင္ပြဲတြင္ စုစုေပါင္း (၆၃၃) ခ်က္ျဖင့္လည္းေကာင္း ပထမဆု ရရွိေသာ အလယ္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္အသင္းအား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က တံခြန္စုိက္ဆုမ်ား ေပးအပ္ခ်ီးျမႇင့္သည္။

၂၀၁၈-၂၀၁၉ ခုႏွစ္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဖလား တပ္မေတာ္(ၾကည္း၊ေရ၊ ေလ) ေဂါက္သီး ႐ိုက္ၿပိဳင္ပြဲကို တုိင္းစစ္ဌာနခ်ဳပ္အသီးသီးမွ ၿပိဳင္ပြဲ၀င္အသင္း ၁၇ သင္းျဖင့္ ဇန္န၀ါရီ ၂၄ ရက္ႏွင့္ ၂၅ ရက္တုိ႔တြင္ ေနျပည္ေတာ္ေဂါက္ကြင္းႏွင့္ ေရျပာေဂါက္ကြင္းတုိ႕၌ က်င္းပျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

(Unicode Version)

နေပြည်တော်၊ ဇန်နဝါရီ – ၂၇

နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သားဂေါက်သီးရိုက်အားကစားသမားများပေါ်ထွက်လာ စေရန်နှင့် တပ်မတော် သားများ၏ ဂေါက်သီးရိုက်အားကစားအဆင့်အတန်းမြင့်မားလာ စေရန်ရည်ရွယ်ချက်ဖြင့် နှစ်စဉ်ကျင်းပပြု လုပ်လျက်ရှိသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖလား၊ တပ်မတော်(ကြည်း၊ရေ၊လေ) ဂေါက်သီးရိုက်ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားအား ယနေ့ညနေပိုင်းတွင်နေပြည်တော် ဂေါက်ကွင်း၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဆုများ ပေးအပ်ချီးမြှင့်သည်။

အဆိုပါအခမ်းအနားသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစား သမားများနှင့် ဒိုင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

ဆုများချီးမြှင့်ရာတွင် ဒုတိယနေ့ လိုင်းနှင့်အနီးဆုံးရိုက်ချက်ဆု၊ ပထမနေ့လိုင်းနှင့် အနီးဆုံးရိုက်ချက်ဆုနှင့် ဒုတိယနေ့ကျင်းနှင့်အနီးဆုံးရိုက်ချက်ဆုရရှိသူများကို စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက လည်းကောင်း၊ ပထမနေ့ကျင်းနှင့် အနီးဆုံးရိုက်ချက်ဆုနှင့် နေ့အလိုက်အဝေးဆုံးရိုက်ချက်ဆုရရှိသူများကို စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက လည်းကောင်း၊ တစ်ဦးချင်း(အကျောပေး) ပြိုင်ပွဲနှင့် တစ်ဦးချင်း (အကျောမဲ့)ပြိုင်ပွဲများတွင် Par အများဆုံးဆုနှင့် Birdie အများဆုံးဆု ရရှိသူများကို ကာကွယ်ရေး ဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကလည်းကောင်း၊ Eagle အများဆုံးဆုနှင့်တစ်ဦးချင်း အကျော ပေး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း ကလည်းကောင်း၊ တစ်ဦးချင်းအကျောမဲ့ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် အသင်းလိုက် (အကျောပေး)ပြိုင်ပွဲ၊ အသင်းလိုက်(အကျောမဲ့)ပြိုင်ပွဲတို့တွင် တတိယဆုရရှိသူများကို ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက လည်းကောင်း၊ အသင်းလိုက် (အကျောပေး) ပြိုင်ပွဲနှင့် အသင်းလိုက်(အကျောမဲ့) ပြိုင်ပွဲတို့တွင် ဒုတိယဆု ရရှိသူများကို ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လည်း ကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် အသင်းလိုက်(အကျောပေး)ပြိုင်ပွဲတွင် စုစုပေါင်းအသားတင်ရိုက်ချက် (၅၃၇) ချက်ဖြင့် လည်းကောင်း၊ အသင်းလိုက် (အကျောမဲ့)ပြိုင်ပွဲတွင် စုစုပေါင်း (၆၃၃) ချက်ဖြင့်လည်းကောင်း ပထမဆု ရရှိသော အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အသင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တံခွန်စိုက်ဆုများ ပေးအပ်ချီးမြှင့်သည်။

၂၀၁၈-၂၀၁၉ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ရေ၊ လေ) ဂေါက်သီး ရိုက်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၁၇ သင်းဖြင့် ဇန်နဝါရီ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် နေပြည်တော်ဂေါက်ကွင်းနှင့် ရေပြာဂေါက်ကွင်းတို့၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။