တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ်ဖြစ်သူ ဒုတိယနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Nguyen Quoc Dung အားလက်ခံတွေ့ဆုံ 

ေနျပည္ေတာ္၊ ဇန္န၀ါရီ ၂၈ 

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ဗီယက္နမ္ ဆုိရွယ္လစ္သမၼတႏုိင္ငံ၊ ၀န္ႀကီးခ်ဳပ္၏ အထူးကုိယ္စားလွယ္ျဖစ္သူ ဒုတိယႏုိင္ငံျခားေရး ၀န္ႀကီး H.E. Mr. Nguyen Quoc Dung အား ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။ 

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး ညိဳေစာ၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္ တပ္မေတာ္ အရာရွိႀကီးမ်ားတက္ေရာက္ၾကၿပီး ဗီယက္နမ္ ဆုိရွယ္လစ္သမၼတႏုိင္ငံ၊ ၀န္ႀကီးခ်ဳပ္၏ အထူးကုိယ္စားလွယ္ျဖစ္သူ ဒုတိယႏုိင္ငံျခားေရး၀န္ႀကီးႏွင့္အတူ ျမန္မာႏုိင္ငံဆုိင္ရာ ဗီယက္နမ္ႏုိင္ငံသံအမတ္ႀကီး H.E. Dr. Luan Thuy Duong၊ စစ္သံမွဴး Colonel Nguyen Duc Giang ႏွင့္ တာ၀န္ရွိသူမ်ားတက္ေရာက္ၾကသည္။ 

ထုိသုိ႔ေတြ႕ဆုံရာတြင္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ေလ့က်င့္ေရးဆုိင္ရာမ်ား ႏွင့္ စစ္ဘက္နည္းပညာ မ်ားတြင္ ပူးေပါင္းေဆာင္ရြက္လ်က္ရွိသကဲ့သုိ႔ ကာကြယ္ေရးႏွင့္လုံၿခဳံေရးဆုိင္ရာမ်ားကိစၥရပ္မ်ား ပူးေပါင္း ေဆာင္ရြက္ေရးကုိလည္း ပုိမုိတုိးတက္ေအာင္ ေဆာင္ရြက္ရန္လိုအပ္မႈအေျခအေနမ်ား၊ ရခုိင္ျပည္နယ္ ေျမာက္ပုိင္းေဒသတြင္ ျဖစ္ေပၚလ်က္ရွိသည့္ ဘဂၤါလီအေရးကိစၥမ်ားအား အစုိးရႏွင့္တပ္မေတာ္မွ ေျဖရွင္း ေဆာင္ရြက္ေနမႈမ်ားအေပၚ ႏုိင္ငံတကာအလယ္တြင္ ဗီယက္နမ္ႏုိင္ငံအေနျဖင့္ ျမန္မာႏုိင္ငံဘက္မွ စာနာ နားလည္စြာ ရပ္တည္ေထာက္ခံေနမႈအေျခအေနမ်ား၊ တပ္မေတာ္အေနျဖင့္ ျပည္တြင္း ၿငိမ္းခ်မ္းေရးရရွိေအာင္ ေဆာင္ရြက္လ်က္ရွိသကဲ့သုိ႔ ရခုိင္ျပည္နယ္ေျမာက္ပုိင္း ေဒသတည္ၿငိမ္ေအးခ်မ္းေရးကုိလည္း ေဆာင္ရြက္ ေနမႈအေျခအေနမ်ား၊ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာ လ ၂၁ ရက္ေန႔ တပ္မေတာ္၏ထုတ္ျပန္ခ်က္အေပၚ ဗီယက္နမ္ ႏုိင္ငံမွ ေထာက္ခံႀကိဳဆုိမႈ အေျခအေနမ်ား၊ ရခုိင္ျပည္နယ္ဖြံ႕ၿဖိဳးတုိးတက္ေရးႏွင့္ ျပည္တြင္း ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္တြင္ဗီယက္နမ္ႏုိင္ငံက ကူညီေဆာင္ရြက္ေပးႏုိင္မည့္ အေျခအေနမ်ား၊ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈတုိးတက္ခိုင္မာေစေရးအတြက္ ခ်စ္ၾကည္ေရး ခရီးစဥ္မ်ား အျပန္အလွန္လည္ပတ္မႈ ကိစၥရပ္မ်ားႏွင့္ ႏွစ္ႏုိင္ငံ ကုန္သြယ္မႈတုိးျမႇင့္ေရးဆုိင္ရာကိစၥရပ္မ်ားအား ရင္းရင္းႏွီးႏွီးေဆြးေႏြးခဲ့ၾကသည္။ 

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဗီယက္နမ္ဆုိရွယ္လစ္ သမၼတႏုိင္ငံ၊ ၀န္ႀကီးခ်ဳပ္၏ အထူးကုိယ္စားလွယ္ျဖစ္သူ ဒုတိယႏုိင္ငံျခားေရး၀န္ႀကီးတုိ႔ သည္အမွတ္တရလက္ေဆာင္ ပစၥည္းမ်ား အျပန္အလွန္ ေပးအပ္ၿပီး စုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။ 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ်ဖြစ်သူ ဒုတိယနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Nguyen Quoc Dung အားလက်ခံတွေ့ဆုံ 

နေပြည်တော်၊ ဇန်နဝါရီ  ၂၈ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ်ဖြစ်သူ ဒုတိယနိုင်ငံခြားရေး ဝန်ကြီး H.E. Mr. Nguyen Quoc Dung အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။ 

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော် အရာရှိကြီးများတက်ရောက်ကြပြီး ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ်ဖြစ်သူ ဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H.E. Dr. Luan Thuy Duong၊ စစ်သံမှူး Colonel Nguyen Duc Giang နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။ 

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား လေ့ကျင့်ရေးဆိုင်ရာများ နှင့် စစ်ဘက်နည်းပညာ များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသကဲ့သို့ ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာများကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်ရေးကိုလည်း ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်မှုအခြေအနေများ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် ဖြစ်ပေါ်လျက်ရှိသည့် ဘင်္ဂါလီအရေးကိစ္စများအား အစိုးရနှင့်တပ်မတော်မှ ဖြေရှင်း ဆောင်ရွက်နေမှုများအပေါ် နိုင်ငံတကာအလယ်တွင် ဗီယက်နမ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှ စာနာ နားလည်စွာ ရပ်တည်ထောက်ခံနေမှုအခြေအနေများ၊ တပ်မတော်အနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်လျက်ရှိသကဲ့သို့ ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသတည်ငြိမ်အေးချမ်းရေးကိုလည်း ဆောင်ရွက် နေမှုအခြေအနေများ၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ လ ၂၁ ရက်နေ့ တပ်မတော်၏ထုတ်ပြန်ချက်အပေါ် ဗီယက်နမ် နိုင်ငံမှ ထောက်ခံကြိုဆိုမှု အခြေအနေများ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်ဗီယက်နမ်နိုင်ငံက ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုတိုးတက်ခိုင်မာစေရေးအတွက် ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန်လည်ပတ်မှု ကိစ္စရပ်များနှင့် နှစ်နိုင်ငံ ကုန်သွယ်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များအား ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။ 

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ်ဖြစ်သူ ဒုတိယနိုင်ငံခြားရေးဝန်ကြီးတို့ သည်အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။ 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။