နိုင်ငံတော်အားကာကွယ်စောင့်ရှောက်လျက်ရှိသည့် တပ်မတော်၏နိုင်ငံတော် ကာကွယ်ရေး စွမ်းပကားမြှင့်တင်၊ တပ်မတော်(ကြည်း) (လေ)၊ အမြောက်နှင့်သံချပ်ကာ တပ်ဖွဲ့များ၏ ပူးပေါင်းစစ်ဆင်မှုလေ့ကျင့်ခန်းပြုလုပ်

ေနျပည္ေတာ္၊ ဇန္န၀ါရီ – ၃၁

ႏုိင္ငံေတာ္အားကာကြယ္ေစာင့္ေရွာက္လ်က္ရွိသည့္ တပ္မေတာ္၏ ႏုိင္ငံေတာ္ကာကြယ္ေရး စြမ္းပကားျမင့္မား ေစရန္ရည္ရြယ္၍ မိတၳီလာတပ္နယ္တြင္ တပ္မေတာ္(ၾကည္း)(ေလ)၊ အေျမာက္ႏွင့္သံခ်ပ္ကာ တပ္ဖြဲ႕မ်ား၏ ပူးေပါင္းစစ္ဆင္မႈ ေလ့က်င့္ခန္းကုိ ယေန႕ျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ တက္ေရာက္ၾကည့္႐ႈစစ္ေဆးသည္။

အဆုိပါ ေလ့က်င့္ခန္းသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ကာကြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး စိန္၀င္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ)ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ တပ္မေတာ္ တန္းျမင့္ေလ့က်င့္ေရးေက်ာင္းမ်ားမွ ေက်ာင္းအုပ္ႀကီးမ်ား၊ ႏိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္ႏွင့္ စစ္ဦးစီး တကၠသိုလ္တို႔မွ သင္တန္းသားအရာရွိႀကီးမ်ားႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ အဖြဲ႕၀င္မ်ားအား ေလ့က်င့္ခန္း တြင္ပါ၀င္သည့္ ေလ့က်င့္ေရးေခါင္းေဆာင္က ေလ့က်င့္ခန္း အေၾကာင္းအရာႏွင့္ပတ္သက္၍ ရွင္းလင္း တင္ျပသည္။

ထို႔ေနာက္ ေလ့က်င့္ခန္းအား အစီအစဥ္အတိုင္းဆက္လက္လုပ္ေဆာင္ၾကရာ ေလ့က်င့္ခန္းတြင္ ပါ၀င္လုပ္ ေဆာင္ၾကမည့္ ေျခလ်င္ႏွင့္သံခ်ပ္ကာတပ္ဖြဲ႕မ်ားသည္ ေနာက္ပိုင္းဌာနခ်ဳပ္မွ ေရွ႕တန္းတုိက္ပြဲ၀င္ေနရာမ်ားသုိ႔ သတ္မွတ္ေနရာႏွင့္လမ္းေၾကာင္း မ်ားအတုိင္း တုိက္ပြဲ၀င္ပုံစံခ်ီတက္ တပ္ျဖန္႔မႈမ်ားေဆာင္ရြက္ၾကသည္။

ထိုသို႔ေဆာင္ရြက္ေနစဥ္အတြင္း ေလေၾကာင္းခ်ီတပ္ဖြဲ႕မ်ားႏွင့္ အၾကမ္းဖက္ႏွိမ္ႏွင္းေရးတပ္ဖြဲ႕၀င္မ်ားက သတ္မွတ္ရည္မွန္းခ်က္ေနရာမ်ားအား စီးနင္းတုိက္ခိုက္ျခင္း၊ တပ္မေတာ္(ေလ)မွ ေလယာဥ္မ်ားႏွင့္ တုိက္ခုိက္ေရးရဟတ္ယာဥ္မ်ားက ပစ္မွတ္အသီးသီး အား ပစ္ခတ္ေခ်မႈန္းျခင္း၊ အေျမာက္ႀကီးမ်ား၊ အတြဲလိုက္ ဒုံးမ်ားျဖင့္ ပစ္မွတ္မ်ားအား ပစ္ခတ္ေခ်မႈန္းျခင္း၊ ေျခလ်င္အကူလက္နက္ႀကီးမ်ားျဖင့္ အနီးကပ္ပစ္ ခတ္ေခ်မႈန္းျခင္း၊ ေျခလ်င္ႏွင့္သံခ်ပ္ကာပူးေပါင္းတပ္ဖြဲ႕မ်ားက ရန္သူကိုေခ်မႈန္းတုိက္ခိုက္ၿပီး ရည္မွန္းခ်က္ အသီးသီးကိုသိမ္းပိုက္ျခင္းမ်ားကုိ ေလ့က်င့္ေဆာင္ရြက္ၾကသည္။

ယင္းေနာက္ တုိက္ပြဲတြင္ထိခိုက္ဒဏ္ရာရရွိသူမ်ားကို အေရးေပၚလူနာတင္ ယာဥ္မ်ားျဖင့္ သယ္ေဆာင္ျခင္း၊ အေရးႀကီးလူနာမ်ားကုိ ရဟတ္ယာဥ္ မ်ားျဖင့္သယ္ေဆာင္ျခင္း၊ မိမိတပ္မ်ားအတြက္ ေလေၾကာင္းမွ ခဲယမ္း၊ရိကၡာခ်ေပးျခင္း စသည့္ေလ့က်င့္ခန္းမ်ားကုိ အၿပီးသတ္ေဆာင္ရြက္ၾကသည္။

ေလ့က်င့္မႈမ်ားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က တာ၀န္ရွိသူမ်ား ႏွင့္ေလ့က်င့္ခန္းတြင္ ပါ၀င္ေဆာင္ရြက္ခဲ့ၾကသူမ်ားအား အမွာစကားေျပာၾကားရာ၌ စစ္၏သေဘာတရားမွာ ႀကိဳတင္ျပင္ဆင္မႈမ်ား ေကာင္းမြန္မွသာ စစ္ပြဲကုိေအာင္ႏုိင္မည္ျဖစ္ေၾကာင္း၊ ထုိသုိ႔ႀကိဳတင္ျပင္ဆင္မႈမ်ား ေဆာင္ရြက္ရာတြင္ အုပ္ခ်ဳပ္ေထာက္ပံ့မႈကိစၥရပ္မ်ား၊ သတင္းရယူျခင္းကိစၥရပ္မ်ား ေဆာင္ရြက္သကဲ့သုိ႔ ေလ့က်င့္ေရးမ်ားေဆာင္ရြက္ျခင္းသည္လည္း ပါ၀င္ေၾကာင္း၊ ကမၻာေပၚရွိႏုိင္ငံမ်ားတြင္လည္း တစ္ႏုိင္ငံတည္း ေဆာင္ရြက္သည့္ စစ္ေရးေလ့က်င့္ခန္းမ်ား ရွိသကဲ့သုိ႔ ေဒသတြင္းႏုိင္ငံမ်ား၊ ကမၻာ့ႏုိင္ငံမ်ားႏွင့္ ပူးတြဲ၊ ပူးေပါင္း၍ ေလ့က်င့္ျခင္းမ်ား လည္းေဆာင္ရြက္ၾကေၾကာင္း၊ မိမိတုိ႔တပ္မေတာ္သည္ ႏုိင္ငံေတာ္ကာကြယ္ေရး တာ၀န္ကုိ ထမ္းေဆာင္လ်က္ရွိရာတြင္ ကာကြယ္ေရးဆုိသည္မွာ ခ်က္ခ်င္းေဆာင္ရြက္၍ မရဘဲ ႀကိဳတင္ျပင္ဆင္ ေလ့က်င့္ျခင္းမ်ားကုိ ေဆာင္ရြက္ရေၾကာင္း၊ ယခုေလ့က်င့္ခန္းသည္ တပ္မေတာ္(ၾကည္း)ကုိအဓိကထားၿပီး တုိက္ခုိက္သိမ္းပုိက္ျခင္းပုံစံျဖင့္ ေလ့က်င့္ျခင္း ျဖစ္ေၾကာင္း၊ စစ္၏သေဘာတရားတြင္ ေျမျပင္တပ္ဖြဲ႕မ်ားသည္ အဆုံးအျဖတ္ေပးသည့္ ေျမသိမ္းတုိက္ပြဲမ်ားကုိဆင္ႏႊဲရေၾကာင္း၊ အေျမာက္ႏွင့္သံခ်ပ္ကာမ်ား၊ ေလယာဥ္မ်ား သည္ ပစ္အားေပးအျဖစ္ ပါ၀င္တုိက္ခိုက္ျခင္းျဖစ္ေၾကာင္း၊ မိမိတုိ႔ ပစ္ခတ္သည့္ ပစ္မွတ္ေပၚသုိ႔ ပစ္ခတ္မႈမ်ား ထိေရာက္ရန္လုိေၾကာင္း၊ ယခုျပဳလုပ္သည့္ေလ့က်င့္ခန္းတြင္ ပစ္မွတ္မ်ား ေပၚသုိ႔တိက်ထိေရာက္ေအာင္ ပစ္ခတ္ႏုိင္သည့္အတြက္ ၾကည္း၊ ေလ၊ အေျမာက္၊ သံခ်ပ္ကာမ်ား၏ စြမ္းရည္ကုိဂုဏ္ယူပါေၾကာင္း၊ အငုိက္ဖမ္း ႏုိင္ျခင္းသည္ တုိက္ပြဲတြင္ေပးဆပ္မႈအနည္းဆုံးျဖင့္ ေအာင္ျမင္မႈကုိရရွိေစေၾကာင္း၊ တုိက္ပြဲမ်ားဆင္ႏႊဲရာတြင္ အခ်ိန္ကုိက္လႈပ္ရွားမႈသည္အေရးႀကီးၿပီး အခ်ိန္ကုိတြက္ခ်က္၍ ေဆာင္ရြက္ႏုိင္ရမည္ျဖစ္ ေၾကာင္း၊ ထုိ႔အတူလွ်င္ျမန္မႈသည္လည္း တုိက္ပြဲေအာင္ႏုိင္ေရး တြင္အေရးႀကီးသကဲ့သုိ႔ ရန္သူမ်ားအား လက္စတုန္း ေခ်မႈန္းႏုိင္ရန္အတြက္ ထုျဖင့္စစ္ဆင္ျခင္းသည္လည္း အေရးႀကီးေၾကာင္း၊ ယေန႔က်င္းပျပဳလုပ္သည့္ ေလ့က်င့္ခန္းတြင္ အဆုိပါအခ်က္မ်ားအား အေျခခံ၍ေလ့က်င့္ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း၊ ေလ့က်င့္ခန္းတြင္ ပါ၀င္သည့္ လက္႐ုံးတပ္ဖြဲ႕မ်ားအေနျဖင့္ တုိက္စစ္ဆင္သည့္တပ္မ်ားကုိ လက္ေတြ႕က်က်ေထာက္ပံ့ ကူညီေပးႏုိင္ေအာင္ ေဆာင္ရြက္ႏုိင္ၾကရမည္ျဖစ္ေၾကာင္း၊ အုပ္ခ်ဳပ္ေထာက္ပံ့မႈႏွင့္ စားေသာက္မႈလုပ္ငန္းမ်ား ပုိမိုအဆင္ေျပေစရန္အတြက္ တာ၀န္ရွိသူအဆင့္ဆင့္မွ ျပင္ဆင္ေဆာင္ရြက္ရန္လုိေၾကာင္း၊ တုိက္ပြဲစြမ္းအား ကုိျမႇင့္တင္ရာတြင္ အီလက္ထေရာနစ္ ပစၥည္းမ်ား ေခတ္မီျပည့္စုံမႈမ်ားသည္လည္းအေရးႀကီးေၾကာင္း၊ ေလေၾကာင္းစြမ္းပကား သည္ တုိက္ပြဲစြမ္းအားကုိမ်ားစြာ အေထာက္အကူျဖစ္ေစေၾကာင္း၊ ေခတ္သစ္စစ္ပြဲမ်ား တြင္ ေလေၾကာင္းစြမ္းပကားႏွင့္ အီလက္ထေရာနစ္နည္းပညာ သာလြန္သည့္သူမ်ားသာ စစ္ပြဲကုိေအာင္ႏုိင္ လိမ့္မည္ျဖစ္ေၾကာင္း၊ ထုိ႔အတူ ေလေၾကာင္းရန္ကာကြယ္ေရး စြမ္းပကားသည္လည္း ေခတ္သစ္စစ္ပြဲမ်ားတြင္ အေရးပါေၾကာင္း၊ ထုိ႔အျပင္အသုံးျပဳသည့္ လက္နက္ခဲယမ္းမ်ားေကာင္းမြန္မႈ၊ ထိေရာက္မႈ၊ အကြာအေ၀း တိက်မႈမ်ားသည္ အေရးႀကီးသျဖင့္ သက္ဆုိင္ရာတပ္ဖြဲ႕မ်ားမွ အၿမဲတမ္းသုေတသနျပဳ ေဆာင္ရြက္သြား ၾကရန္လုိေၾကာင္း၊ အဆုိပါလက္နက္ခဲယမ္းမ်ားအားကြၽမ္းက်င္စြာ အသုံးျပဳပစ္ခတ္ႏုိင္ရန္အတြက္ တပ္မေတာ္ တစ္ရပ္လုံးအေနျဖင့္ ေလ့က်င့္မႈအမ်ိဳးမ်ိဳးကုိအၿမဲမျပတ္ ေဆာင္ရြက္ေနရန္လုိေၾကာင္း၊ ထုိ႔ျပင္ စစ္ေျမျပင္တြင္ မေမွ်ာ္မွန္းႏုိင္သည့္အေျခအေနမ်ား ျဖစ္ေပၚႏုိင္သျဖင့္ တုိက္ပြဲ၀င္ စစ္သည္မ်ား၏ က်န္းမာႀကံ့ခုိင္မႈသည္ လည္းအေရးႀကီးသျဖင့္ က်န္းမာေရးႏွင့္ ကုိက္ညီသည့္ ေနထုိင္စားေသာက္မႈမ်ားျပဳလုပ္ၾကရန္လုိသကဲ့သုိ႔ ႀကံ့ခုိင္မႈရွိေအာင္ အၿမဲေလ့က်င့္ေနရမည္ျဖစ္ေၾကာင္း၊ ေခတ္ႏွင့္အညီေျပာင္းလဲလာသည့္ စစ္အသုံး အေဆာင္ ပစၥည္း၊ နည္းပညာမ်ားႏွင့္ကုိက္ညီေအာင္လည္း ေျပာင္းလဲမႈရွိတုိင္းအသုံးျပဳႏုိင္ ေအာင္ ေလ့က်င့္ေဆာင္ရြက္ေန ရမည္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္မိမိမွတပ္မေတာ္တစ္ရပ္လုံး အၿမဲတမ္းတုိက္ပြဲ၀င္အသင့္ျဖစ္ေနရန္အတြက္ “ေလ့လာ၊ ေလ့က်င့္၊ လုိက္နာ” ၾကရမည္ ဟူေသာ ေဆာင္ပုဒ္ကုိသတ္မွတ္ေပး ထားျခင္းျဖစ္ ေၾကာင္းမွာၾကားသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ေလ့က်င့္ခန္းတြင္ ပါ၀င္ခဲ့သည့္ ေျခလ်င္ႏွင့္အကူလက္႐ုံးတပ္မ်ားမွ အရာရွိ၊ စစ္သည္မ်ား အတြက္ ဂုဏ္ျပဳဆုေငြမ်ားခ်ီးျမႇင့္ေပး အပ္သည္။

အဆုိပါေလ့က်င့္ခန္းသို႔ ျပည္တြင္းသတင္းမီဒီယာမ်ားလည္း တက္ေရာက္ သတင္းရယူၾကၿပီး တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားက သတင္းမီဒီယာ မ်ားအား ရင္းရင္းႏွီးႏွီးေတြ႕ဆုံႏႈတ္ဆက္ခဲ့ၾကသည္။

(Unicode Version)

နိုင်ငံတော်အားကာကွယ်စောင့်ရှောက်လျက်ရှိသည့် တပ်မတော်၏နိုင်ငံတော် ကာကွယ်ရေး စွမ်းပကားမြှင့်တင်၊ တပ်မတော်(ကြည်း) (လေ)၊ အမြောက်နှင့်သံချပ်ကာ တပ်ဖွဲ့များ၏ ပူးပေါင်းစစ်ဆင်မှုလေ့ကျင့်ခန်းပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ – ၃၁

နိုင်ငံတော်အားကာကွယ်စောင့်ရှောက်လျက်ရှိသည့် တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေး စွမ်းပကားမြင့်မား စေရန်ရည်ရွယ်၍ မိတ္ထီလာတပ်နယ်တွင် တပ်မတော်(ကြည်း)(လေ)၊ အမြောက်နှင့်သံချပ်ကာ တပ်ဖွဲ့များ၏ ပူးပေါင်းစစ်ဆင်မှု လေ့ကျင့်ခန်းကို ယနေ့ပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ လေ့ကျင့်ခန်းသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်နှင့် စစ်ဦးစီး တက္ကသိုလ်တို့မှ သင်တန်းသားအရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များအား လေ့ကျင့်ခန်း တွင်ပါ၀င်သည့် လေ့ကျင့်ရေးခေါင်းဆောင်က လေ့ကျင့်ခန်း အကြောင်းအရာနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

ထို့နောက် လေ့ကျင့်ခန်းအား အစီအစဉ်အတိုင်းဆက်လက်လုပ်ဆောင်ကြရာ လေ့ကျင့်ခန်းတွင် ပါ၀င်လုပ် ဆောင်ကြမည့် ခြေလျင်နှင့်သံချပ်ကာတပ်ဖွဲ့များသည် နောက်ပိုင်းဌာနချုပ်မှ ရှေ့တန်းတိုက်ပွဲဝင်နေရာများသို့ သတ်မှတ်နေရာနှင့်လမ်းကြောင်း များအတိုင်း တိုက်ပွဲဝင်ပုံစံချီတက် တပ်ဖြန့်မှုများဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်နေစဉ်အတွင်း လေကြောင်းချီတပ်ဖွဲ့များနှင့် အကြမ်းဖက်နှိမ်နှင်းရေးတပ်ဖွဲ့ဝင်များက သတ်မှတ်ရည်မှန်းချက်နေရာများအား စီးနင်းတိုက်ခိုက်ခြင်း၊ တပ်မတော်(လေ)မှ လေယာဉ်များနှင့် တိုက်ခိုက်ရေးရဟတ်ယာဉ်များက ပစ်မှတ်အသီးသီး အား ပစ်ခတ်ချေမှုန်းခြင်း၊ အမြောက်ကြီးများ၊ အတွဲလိုက် ဒုံးများဖြင့် ပစ်မှတ်များအား ပစ်ခတ်ချေမှုန်းခြင်း၊ ခြေလျင်အကူလက်နက်ကြီးများဖြင့် အနီးကပ်ပစ် ခတ်ချေမှုန်းခြင်း၊ ခြေလျင်နှင့်သံချပ်ကာပူးပေါင်းတပ်ဖွဲ့များက ရန်သူကိုချေမှုန်းတိုက်ခိုက်ပြီး ရည်မှန်းချက် အသီးသီးကိုသိမ်းပိုက်ခြင်းများကို လေ့ကျင့်ဆောင်ရွက်ကြသည်။

ယင်းနောက် တိုက်ပွဲတွင်ထိခိုက်ဒဏ်ရာရရှိသူများကို အရေးပေါ်လူနာတင် ယာဉ်များဖြင့် သယ်ဆောင်ခြင်း၊ အရေးကြီးလူနာများကို ရဟတ်ယာဉ် များဖြင့်သယ်ဆောင်ခြင်း၊ မိမိတပ်များအတွက် လေကြောင်းမှ ခဲယမ်း၊ရိက္ခာချပေးခြင်း စသည့်လေ့ကျင့်ခန်းများကို အပြီးသတ်ဆောင်ရွက်ကြသည်။

လေ့ကျင့်မှုများအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တာဝန်ရှိသူများ နှင့်လေ့ကျင့်ခန်းတွင် ပါ၀င်ဆောင်ရွက်ခဲ့ကြသူများအား အမှာစကားပြောကြားရာ၌ စစ်၏သဘောတရားမှာ ကြိုတင်ပြင်ဆင်မှုများ ကောင်းမွန်မှသာ စစ်ပွဲကိုအောင်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရာတွင် အုပ်ချုပ်ထောက်ပံ့မှုကိစ္စရပ်များ၊ သတင်းရယူခြင်းကိစ္စရပ်များ ဆောင်ရွက်သကဲ့သို့ လေ့ကျင့်ရေးများဆောင်ရွက်ခြင်းသည်လည်း ပါ၀င်ကြောင်း၊ ကမ္ဘာပေါ်ရှိနိုင်ငံများတွင်လည်း တစ်နိုင်ငံတည်း ဆောင်ရွက်သည့် စစ်ရေးလေ့ကျင့်ခန်းများ ရှိသကဲ့သို့ ဒေသတွင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနှင့် ပူးတွဲ၊ ပူးပေါင်း၍ လေ့ကျင့်ခြင်းများ လည်းဆောင်ရွက်ကြကြောင်း၊ မိမိတို့တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်လျက်ရှိရာတွင် ကာကွယ်ရေးဆိုသည်မှာ ချက်ချင်းဆောင်ရွက်၍ မရဘဲ ကြိုတင်ပြင်ဆင် လေ့ကျင့်ခြင်းများကို ဆောင်ရွက်ရကြောင်း၊ ယခုလေ့ကျင့်ခန်းသည် တပ်မတော်(ကြည်း)ကိုအဓိကထားပြီး တိုက်ခိုက်သိမ်းပိုက်ခြင်းပုံစံဖြင့် လေ့ကျင့်ခြင်း ဖြစ်ကြောင်း၊ စစ်၏သဘောတရားတွင် မြေပြင်တပ်ဖွဲ့များသည် အဆုံးအဖြတ်ပေးသည့် မြေသိမ်းတိုက်ပွဲများကိုဆင်နွှဲရကြောင်း၊ အမြောက်နှင့်သံချပ်ကာများ၊ လေယာဉ်များ သည် ပစ်အားပေးအဖြစ် ပါ၀င်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ မိမိတို့ ပစ်ခတ်သည့် ပစ်မှတ်ပေါ်သို့ ပစ်ခတ်မှုများ ထိရောက်ရန်လိုကြောင်း၊ ယခုပြုလုပ်သည့်လေ့ကျင့်ခန်းတွင် ပစ်မှတ်များ ပေါ်သို့တိကျထိရောက်အောင် ပစ်ခတ်နိုင်သည့်အတွက် ကြည်း၊ လေ၊ အမြောက်၊ သံချပ်ကာများ၏ စွမ်းရည်ကိုဂုဏ်ယူပါကြောင်း၊ အငိုက်ဖမ်း နိုင်ခြင်းသည် တိုက်ပွဲတွင်ပေးဆပ်မှုအနည်းဆုံးဖြင့် အောင်မြင်မှုကိုရရှိစေကြောင်း၊ တိုက်ပွဲများဆင်နွှဲရာတွင် အချိန်ကိုက်လှုပ်ရှားမှုသည်အရေးကြီးပြီး အချိန်ကိုတွက်ချက်၍ ဆောင်ရွက်နိုင်ရမည်ဖြစ် ကြောင်း၊ ထို့အတူလျှင်မြန်မှုသည်လည်း တိုက်ပွဲအောင်နိုင်ရေး တွင်အရေးကြီးသကဲ့သို့ ရန်သူများအား လက်စတုန်း ချေမှုန်းနိုင်ရန်အတွက် ထုဖြင့်စစ်ဆင်ခြင်းသည်လည်း အရေးကြီးကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် လေ့ကျင့်ခန်းတွင် အဆိုပါအချက်များအား အခြေခံ၍လေ့ကျင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လေ့ကျင့်ခန်းတွင် ပါ၀င်သည့် လက်ရုံးတပ်ဖွဲ့များအနေဖြင့် တိုက်စစ်ဆင်သည့်တပ်များကို လက်တွေ့ကျကျထောက်ပံ့ ကူညီပေးနိုင်အောင် ဆောင်ရွက်နိုင်ကြရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်ထောက်ပံ့မှုနှင့် စားသောက်မှုလုပ်ငန်းများ ပိုမိုအဆင်ပြေစေရန်အတွက် တာဝန်ရှိသူအဆင့်ဆင့်မှ ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း၊ တိုက်ပွဲစွမ်းအား ကိုမြှင့်တင်ရာတွင် အီလက်ထရောနစ် ပစ္စည်းများ ခေတ်မီပြည့်စုံမှုများသည်လည်းအရေးကြီးကြောင်း၊ လေကြောင်းစွမ်းပကား သည် တိုက်ပွဲစွမ်းအားကိုများစွာ အထောက်အကူဖြစ်စေကြောင်း၊ ခေတ်သစ်စစ်ပွဲများ တွင် လေကြောင်းစွမ်းပကားနှင့် အီလက်ထရောနစ်နည်းပညာ သာလွန်သည့်သူများသာ စစ်ပွဲကိုအောင်နိုင် လိမ့်မည်ဖြစ်ကြောင်း၊ ထို့အတူ လေကြောင်းရန်ကာကွယ်ရေး စွမ်းပကားသည်လည်း ခေတ်သစ်စစ်ပွဲများတွင် အရေးပါကြောင်း၊ ထို့အပြင်အသုံးပြုသည့် လက်နက်ခဲယမ်းများကောင်းမွန်မှု၊ ထိရောက်မှု၊ အကွာအဝေး တိကျမှုများသည် အရေးကြီးသဖြင့် သက်ဆိုင်ရာတပ်ဖွဲ့များမှ အမြဲတမ်းသုတေသနပြု ဆောင်ရွက်သွား ကြရန်လိုကြောင်း၊ အဆိုပါလက်နက်ခဲယမ်းများအားကျွမ်းကျင်စွာ အသုံးပြုပစ်ခတ်နိုင်ရန်အတွက် တပ်မတော် တစ်ရပ်လုံးအနေဖြင့် လေ့ကျင့်မှုအမျိုးမျိုးကိုအမြဲမပြတ် ဆောင်ရွက်နေရန်လိုကြောင်း၊ ထို့ပြင် စစ်မြေပြင်တွင် မမျှော်မှန်းနိုင်သည့်အခြေအနေများ ဖြစ်ပေါ်နိုင်သဖြင့် တိုက်ပွဲဝင် စစ်သည်များ၏ ကျန်းမာကြံ့ခိုင်မှုသည် လည်းအရေးကြီးသဖြင့် ကျန်းမာရေးနှင့် ကိုက်ညီသည့် နေထိုင်စားသောက်မှုများပြုလုပ်ကြရန်လိုသကဲ့သို့ ကြံ့ခိုင်မှုရှိအောင် အမြဲလေ့ကျင့်နေရမည်ဖြစ်ကြောင်း၊ ခေတ်နှင့်အညီပြောင်းလဲလာသည့် စစ်အသုံး အဆောင် ပစ္စည်း၊ နည်းပညာများနှင့်ကိုက်ညီအောင်လည်း ပြောင်းလဲမှုရှိတိုင်းအသုံးပြုနိုင် အောင် လေ့ကျင့်ဆောင်ရွက်နေ ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်မိမိမှတပ်မတော်တစ်ရပ်လုံး အမြဲတမ်းတိုက်ပွဲဝင်အသင့်ဖြစ်နေရန်အတွက် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ကြရမည် ဟူသော ဆောင်ပုဒ်ကိုသတ်မှတ်ပေး ထားခြင်းဖြစ် ကြောင်းမှာကြားသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လေ့ကျင့်ခန်းတွင် ပါ၀င်ခဲ့သည့် ခြေလျင်နှင့်အကူလက်ရုံးတပ်များမှ အရာရှိ၊ စစ်သည်များ အတွက် ဂုဏ်ပြုဆုငွေများချီးမြှင့်ပေး အပ်သည်။

အဆိုပါလေ့ကျင့်ခန်းသို့ ပြည်တွင်းသတင်းမီဒီယာများလည်း တက်ရောက် သတင်းရယူကြပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက သတင်းမီဒီယာ များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။