တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်လန်ဖူး မြို့ရှိ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၊ ပူတာအို-ခေါင်လန်ဖူး လမ်းဖောက်လုပ်နေမှုအခြေအနေများအားကြည့်ရှု

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ – ၁

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ဇနီးေဒၚၾကဴၾကဴလွ၊ နယ္စပ္ ေရးရာ၀န္ႀကီးဌာနျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွတပ္မေတာ္ အရာရွိႀကီးမ်ား၊ ေျမာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ေတဇေက်ာ္ႏွင့္ တာ၀န္ရွိသူမ်ားလုိက္ပါၿပီး ယေန႔ေန႔လယ္ပုိင္းတြင္ ကခ်င္ျပည္နယ္၊ ပူတာအုိခ႐ိုင္၊ ေခါင္လန္ဖူးၿမိဳ႕သုိ႔ေရာက္ရွိရာ ေခါင္လန္ဖူးၿမိဳ႕ရွိ ဌာနဆုိင္ရာ တာ၀န္ရွိသူမ်ား၊ ရပ္မိ ရပ္ဖမ်ား၊ ေဒသခံျပည္သူမ်ားႏွင့္ ျပည္သူ႕စစ္ဌာေနအဖြဲ႕၀င္မ်ားက ႀကိဳဆုိႏႈတ္ဆက္ၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ရပ္မိရပ္ဖမ်ား၊ ေဒသခံ တုိင္းရင္းသားမ်ား၊ ဌာန ဆုိင္ရာတာ၀န္ရွိသူမ်ားႏွင့္ ျပည္သူ႕စစ္ဌာေနအဖြဲ႕၀င္မ်ားအား ေတြ႕ဆုံ၍ ေဒသဖြံ႕ၿဖိဳးေရးဆုိင္ရာ ကိစၥရပ္မ်ားအား ေဆြးေႏြးေျပာၾကားရာ ဦးစြာ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက ေခါင္လန္ဖူးေဒသဆုိင္ရာ အခ်က္အလက္မ်ား၊ လမ္းပန္းဆက္သြယ္မႈ အေျခအေနမ်ားႏွင့္ ေဒသလုိအပ္ခ်က္မ်ားအား လည္းေကာင္း၊ ရပ္မိရပ္ဖတစ္ဦးက ေခါင္လန္းဖူးေဒသဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ လမ္းပန္း ဆက္သြယ္မႈရရွိေအာင္ အစုိးရႏွင့္ တပ္မေတာ္ပူးေပါင္း၍ ေဆာင္ရြက္ေနမႈအတြက္ေက်းဇူးတင္ရွိမႈႏွင့္ ေဒသအတြက္ လုိအပ္ခ်က္မ်ားအား တင္ျပသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေခါင္လန္ဖူးေဒသသည္ သြားလာရခက္ခဲသည့္ ေဒသတစ္ခုျဖစ္သျဖင့္ အၿမဲတမ္းသြားလာႏုိင္သည့္ ကားလမ္းတစ္ခု ေဖာက္လုပ္ႏုိင္ေရး အစုိးရထံ တင္ျပေဆာင္ရြက္ေပးခဲ့ရာ ယခုအခါ မေဂြဇမွ ဆန္းလႊတ္ခ်က္ အထိ ေဖာက္လုပ္ၿပီးစီးၿပီျဖစ္ၿပီး ေခါင္လန္ဖူးသုိ႔ေရာက္ရွိရန္အတြက္ မုိင္ ၃၀ ခန္႔သာလုိေတာ့ေၾကာင္း၊ လမ္းပန္းဆက္သြယ္မႈ ေကာင္းမွသာ အျခားက႑မ်ား မွာလည္းတုိးတက္ ေကာင္းမြန္လာမည္ျဖစ္ေၾကာင္း၊ ေခါင္လန္ဖူး ေဒသတြင္ဆက္သြယ္မႈ လုိအပ္သည့္အတြက္ MEC Tel CDMA တယ္လီဖုန္း ဆက္သြယ္ေရး စနစ္အားတပ္ဆင္ ေဆာင္ရြက္ေပးခဲ့ရာ မၾကာခင္အသုံးျပဳ၍ ရႏုိင္ေတာ့မည္ျဖစ္ေၾကာင္း၊ ေခါင္လန္ဖူးၿမိဳ႕ ဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ ၿမိဳ႕ျပစီမံကိန္း(Town Plan)ေရးဆြဲေပးရန္ ခ႐ုိင္ႏွင့္ ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးအဖြဲ႕၊ တပ္မေတာ္အင္ဂ်င္နီယာတပ္ဖြဲ႕တုိ႔ ညႇိႏႈိင္းေဆာင္ရြက္ေပးမည္ ျဖစ္ေၾကာင္း၊ လုိအပ္သည့္ ယာဥ္ယႏၲရားမ်ားအား တပ္မေတာ္မွရဟတ္ယာဥ္မ်ားျဖင့္ ကူညီပုိ႔ေဆာင္ ေပးသြားမည္ျဖစ္ေၾကာင္း၊ ေခါင္လန္ဖူးၿမိဳ႕တုိးတက္ေရးအတြက္ ေဆာင္ရြက္ရာတြင္ ေဒသခံ ျပည္သူမ်ားကအတူတကြ ပူးေပါင္းပါ၀င္ ေဆာင္ရြက္ေပးရန္လုိေၾကာင္း၊ ေဒသခံမ်ားအေနျဖင့္ နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ေျမေပၚေျမေအာက္သယံဇာတမ်ားအား ၀ုိင္း၀န္းကာကြယ္ ေစာင့္ေရွာက္ေပးရန္လုိေၾကာင္း၊ ပညာေရးက႑တြင္ေဒသခံတုိင္းရင္းသား ပညာတတ္မ်ားေပၚထြက္ လာေစလုိေၾကာင္း၊ သင္ၾကားေပးသည့္ ဆရာ/ဆရာမမ်ားႏွင့္ သင္ယူၾကသည့္ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနျဖင့္ အတန္းပညာႏွင့္ ညီမွ်သည့္ပညာတတ္ေျမာက္မႈျဖစ္ေစရန္ မိမိေဒသကုိ မိမိဦးေဆာင္ ကာကြယ္ႏုိင္ရန္၊ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားလုပ္ကုိင္ႏုိင္ရန္ ပညာတတ္မ်ားထြက္ေပၚေစလုိ ေၾကာင္း၊ ေဒသဖြံ႕ၿဖိဳးေရးကုိထိခုိက္ေႏွာင့္ေႏွးေစသည့္ မူးယစ္ေဆး၀ါးျပႆနာမ်ားကုိလည္း ေဒသတြင္း လုံး၀အ၀င္မခံရန္လုိေၾကာင္း၊ စီးပြားေရးအတြက္ေဒသတြင္းဆန္ဖူလုံေရး၊ ေဒသႏွင့္ ကုိက္ညီသည့္စားကုန္၊ ေသာက္ကုန္၊ သုံးကုန္မ်ားထုတ္လုပ္ႏုိင္ေရး ၿမိဳ႕မိၿမိဳဖမ်ား၊ ဌာနဆုိင္ရာမ်ား ညႇိႏႈိင္းတုိင္ပင္ေဆာင္ရြက္ေစလုိေၾကာင္းေျပာၾကားသည္။

၎ေနာက္ ရပ္မိရပ္ဖတစ္ဦးကေက်းဇူတင္စကားႏွင့္ ေရရရွိေရးအတြက္လုိအပ္ခ်က္မ်ားအား တင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေခါင္လန္ဖူးေဒသေရရရွိေရး အတြက္ တပ္မေတာ္မွ ကူညီ ေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္းေျပာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေဒသခံတုိင္းရင္းသားမ်ားအတြက္ ဒံေပါက္မ်ားႏွင့္ ေခါက္ဆြဲေၾကာ္ဘူးမ်ားအားလည္းေကာင္း၊ နယ္စပ္ေရးရာ၀န္ႀကီး ဌာနျပည္ေထာင္စု၀န္ႀကီး ဒုတိယ ဗုိလ္ခ်ဳပ္ႀကီးရဲေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ)ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွတပ္မေတာ္အရာရွိႀကီး မ်ားက ၾကက္ဥ၊ ေခါက္ဆြဲေျခာက္စသည့္ စားေသာက္ဖြယ္ရာမ်ားႏွင့္ MEC Tel တယ္လီဖုန္း ဟန္းဆက္မ်ားႏွင့္ တယ္လီဖုန္းကတ္မ်ားကုိလည္း အသီးသီးေပးအပ္ရာ ဌာနဆုိင္ရာ တာ၀န္ ရွိသူမ်ားႏွင့္ ေဒသခံျပည္သူမ်ားကလက္ခံရယူၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္၊ ဇနီးႏွင့္အဖြဲ႕၀င္မ်ားသည္ ေဒသခံျပည္သူမ်ားအား ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ၿပီး ေဒသခံ ျပည္သူမ်ားႏွင့္အတူ အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေခါင္လန္ဖူးၿမိဳ႕ရွိ ေဒသခံ ျပည္သူမ်ားသက္သာေခ်ာင္ခ်ိေရးအတြက္ ေျမာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္မွ ဖြင့္လွစ္ထားသည့္ သက္သာ ေခ်ာင္ခ်ိေရးအေရာင္းဆုိင္အား ၾကည့္႐ႈစစ္ေဆးၿပီး ေကာမလ၀ႏၷနာေစတီေတာ္အား ဖူးေျမာ္ၾကည္ညိဳ သည္။

ဆက္လက္ၿပီးတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ မြန္းလြဲပုိင္းတြင္ မေဂြဇ-ေခါင္လန္ဖူး လမ္းေဖာက္လုပ္ေနမႈအေျခအေနမ်ားအားသြားေရာက္ၾကည့္႐ႈစစ္ေဆးရာ နယ္စပ္ေရးရာ ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရဲေအာင္က မေဂြဇ-ေခါင္လန္ဖူး(၆၅/၄)မုိင္ လမ္းေဖာက္လုပ္ျခင္းအား နယ္စပ္ေရးရာ၀န္ႀကီးဌာနႏွင့္ အပုိင္း ၄ ပုိင္းခြဲ၍ ေဖာက္လုပ္ေနမႈ အေျခအေနမ်ား၊ ေက်ာက္ေတာင္မ်ား ထူထပ္မ်ားျပားျခင္းေၾကာင့္ ေတြ႕ႀကဳံရသည့္ အခက္အခဲမ်ား အားလည္းေကာင္း၊ အင္ဂ်င္နီယာမွဴးမွ လမ္းလုပ္ငန္းေဆာင္ရြက္ေနမႈအေျခအေနမ်ားအား လည္းေကာင္း ရွင္းလင္းတင္ျပသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လမ္းခင္းေက်ာက္မ်ားအား ေရွရွည္ခုိင္ခန္႔ေစရန္အတြက္ စနစ္တက်ခင္းက်င္းရန္၊ မုိးမ်ားသည့္ ေဒသျဖစ္သျဖင့္ လမ္းေရရွည္ ခုိင္ခံ့ေစေရးအတြက္ ေရႏုတ္ေျမာင္းမ်ားအား စနစ္တက်ထည့္သြင္း တည္ေဆာက္ရန္ႏွင့္ အျခား လုိအပ္သည္မ်ားအား မွာၾကားျဖည့္ဆည္းေဆာင္ရြက္ေပးၿပီး လမ္းေဖာက္လုပ္ေနသည့္ နယ္စပ္ေရးရာ ၀န္ႀကီးဌာနမွ ၀န္ထမ္းမ်ားႏွင့္စစ္အင္ဂ်င္နီယာၫႊန္ၾကားေရးမွဴး႐ုံးမွ အရာရွိ၊ စစ္သည္မ်ားအတြက္ ဂုဏ္ျပဳေငြမ်ားခ်ီးျမႇင့္ေပးအပ္သည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ လမ္းေဖာက္ လုပ္ထားမႈအေျခအေနမ်ားႏွင့္ ေရွ႕ေျပးအဖြဲ႕တြင္ တပ္မေတာ္သားမ်ားႏွင့္ နယ္စပ္ေရးရာ ၀န္ႀကီးဌာနမွ တာ၀န္ရွိသူမ်ားပူးေပါင္း၍ လမ္းေဖာက္လုပ္ေနမႈအေျခအေနမ်ားအား ၾကည့္႐ႈၿပီး တာ၀န္ရွိသူမ်ား၏တင္ျပခ်က္မ်ားအေပၚ လုိအပ္သည္မ်ား ျဖည့္ဆည္း ေဆာင္ရြက္ေပးသည္။

ေခါင္လန္ဖူးၿမိဳ႕နယ္သည္ ျမန္မာႏုိင္ငံေျမာက္ဖ်ားတြင္တည္ရွိၿပီး ပူတာအုိခ႐ုိင္အတြင္းပါ၀င္၍ အေရွ႕ဘက္ႏွင့္ေျမာက္ဘက္တြင္ တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံႏွင့္ နီးစပ္စြာတည္ရွိသည္။ ပတ္၀န္းက်င္တြင္ ေရခဲေတာင္ႏွင့္ သဘာ၀႐ႈေမွ်ာ္ခင္းမ်ားျဖင့္ သာယာလွပေသာ ေခါင္လန္ဖူးၿမိဳ႕နယ္ တြင္ ရပ္ကြက္ ၄ ခု၊ ေက်းရြာအုပ္စု ၂၃ စုႏွင့္ ေက်းရြာေပါင္း ၁၄၄ ရြာတည္ရွိၿပီး ရ၀မ္ႏွင့္ လီဆူလူမ်ိဳးစုလူဦးေရ ၁၃၅၀၀ ေက်ာ္ေနထုိင္လ်က္ရွိေၾကာင္းႏွင့္ ယခုအခါတြင္ ေခါင္လန္ဖူးေဒသ ဖြံ႕ၿဖိဳးေရးအတြက္ နယ္စပ္ေရးရာ၀န္ႀကီးဌာနႏွင့္ စစ္အင္ဂ်င္နီယာၫႊန္ၾကားေရးမွဴး႐ုံးတုိ႔ ပူးေပါင္း၍ မေဂြဇ – ေခါင္လန္ဖူး ကားလမ္းအားေဖာက္လုပ္ေနျခင္ျဖစ္ၿပီး ယခုေရာက္ရွိေနသည့္ ေနရာမွတစ္ဆင့္ ေခါင္လန္ဖူးသုိ႔ေရာက္ရွိရန္အတြက္ မုိင္ ၃၀ ေက်ာ္ခန္႔သာက်န္ရွိေတာ့ေၾကာင္း၊ ပူတာအုိမွ ဆန္းလႊတ္ခ်က္(၃၃မုိင္ ၆ ဖာလုံ)ေတာင္ထိပ္အထိ ရာသီမေရြးသြားႏုိင္ေသာ ေက်ာက္ေခ်ာလမ္း ခင္းၿပီးျဖစ္ေၾကာင္း၊ ဆန္းလႊတ္ခ်က္မွ ၂ မုိင္အကြာ ၃၅ မုိင္ ၆ ဖာလုံအထိေျမသားလမ္း ေဖာက္လုပ္ၿပီးျဖစ္ကာ ဆန္းလႊတ္ခ်က္မွ ၈ မုိင္ခန္႔အထိ ေရွ႕ေျပးအဖြဲ႕မ်ားက လမ္းအူေၾကာင္း ရွင္းလင္းျခင္း၊ ေက်ာက္မုိင္းမ်ားခြဲျခင္း၊ လမ္းအူေၾကာင္းအသစ္ ရွာေဖြျခင္းမ်ားအား ခက္ခက္ခဲခဲ ေဆာင္ရြက္လ်က္ရွိကာ ေခါင္လန္ဖူး အထိ ကားလမ္းေဖာက္လုပ္ျခင္းအား သတ္မွတ္ကာလအတြင္း ၿပီးစီးေအာင္ ႀကိဳစား ေဆာင္ရြက္လ်က္ရွိသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်လန်ဖူး မြို့ရှိ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၊ ပူတာအို-ခေါင်လန်ဖူး လမ်းဖောက်လုပ်နေမှုအခြေအနေများအားကြည့်ရှု

နေပြည်တော်၊ ဖေဖော်ဝါရီ – ၁

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ နယ်စပ် ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှတပ်မတော် အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်နှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နေ့လယ်ပိုင်းတွင် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့သို့ရောက်ရှိရာ ခေါင်လန်ဖူးမြို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိ ရပ်ဖများ၊ ဒေသခံပြည်သူများနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်ရပ်မိရပ်ဖများ၊ ဒေသခံ တိုင်းရင်းသားများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးပြောကြားရာ ဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးက ခေါင်လန်ဖူးဒေသဆိုင်ရာ အချက်အလက်များ၊ လမ်းပန်းဆက်သွယ်မှု အခြေအနေများနှင့် ဒေသလိုအပ်ချက်များအား လည်းကောင်း၊ ရပ်မိရပ်ဖတစ်ဦးက ခေါင်လန်းဖူးဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်း ဆက်သွယ်မှုရရှိအောင် အစိုးရနှင့် တပ်မတော်ပူးပေါင်း၍ ဆောင်ရွက်နေမှုအတွက်ကျေးဇူးတင်ရှိမှုနှင့် ဒေသအတွက် လိုအပ်ချက်များအား တင်ပြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခေါင်လန်ဖူးဒေသသည် သွားလာရခက်ခဲသည့် ဒေသတစ်ခုဖြစ်သဖြင့် အမြဲတမ်းသွားလာနိုင်သည့် ကားလမ်းတစ်ခု ဖောက်လုပ်နိုင်ရေး အစိုးရထံ တင်ပြဆောင်ရွက်ပေးခဲ့ရာ ယခုအခါ မဂွေဇမှ ဆန်းလွှတ်ချက် အထိ ဖောက်လုပ်ပြီးစီးပြီဖြစ်ပြီး ခေါင်လန်ဖူးသို့ရောက်ရှိရန်အတွက် မိုင် ၃၀ ခန့်သာလိုတော့ကြောင်း၊ လမ်းပန်းဆက်သွယ်မှု ကောင်းမှသာ အခြားကဏ္ဍများ မှာလည်းတိုးတက် ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ခေါင်လန်ဖူး ဒေသတွင်ဆက်သွယ်မှု လိုအပ်သည့်အတွက် MEC Tel CDMA တယ်လီဖုန်း ဆက်သွယ်ရေး စနစ်အားတပ်ဆင် ဆောင်ရွက်ပေးခဲ့ရာ မကြာခင်အသုံးပြု၍ ရနိုင်တော့မည်ဖြစ်ကြောင်း၊ ခေါင်လန်ဖူးမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ပြစီမံကိန်း(Town Plan)ရေးဆွဲပေးရန် ခရိုင်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးအဖွဲ့၊ တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့တို့ ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ လိုအပ်သည့် ယာဉ်ယန္တရားများအား တပ်မတော်မှရဟတ်ယာဉ်များဖြင့် ကူညီပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း၊ ခေါင်လန်ဖူးမြို့တိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ဒေသခံ ပြည်သူများကအတူတကွ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဒေသခံများအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် မြေပေါ်မြေအောက်သယံဇာတများအား ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ပေးရန်လိုကြောင်း၊ ပညာရေးကဏ္ဍတွင်ဒေသခံတိုင်းရင်းသား ပညာတတ်များပေါ်ထွက် လာစေလိုကြောင်း၊ သင်ကြားပေးသည့် ဆရာ/ဆရာမများနှင့် သင်ယူကြသည့်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အတန်းပညာနှင့် ညီမျှသည့်ပညာတတ်မြောက်မှုဖြစ်စေရန် မိမိဒေသကို မိမိဦးဆောင် ကာကွယ်နိုင်ရန်၊ ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန် ပညာတတ်များထွက်ပေါ်စေလို ကြောင်း၊ ဒေသဖွံ့ဖြိုးရေးကိုထိခိုက်နှောင့်နှေးစေသည့် မူးယစ်ဆေးဝါးပြဿနာများကိုလည်း ဒေသတွင်း လုံးဝအ၀င်မခံရန်လိုကြောင်း၊ စီးပွားရေးအတွက်ဒေသတွင်းဆန်ဖူလုံရေး၊ ဒေသနှင့် ကိုက်ညီသည့်စားကုန်၊ သောက်ကုန်၊ သုံးကုန်များထုတ်လုပ်နိုင်ရေး မြို့မိမြိုဖများ၊ ဌာနဆိုင်ရာများ ညှိနှိုင်းတိုင်ပင်ဆောင်ရွက်စေလိုကြောင်းပြောကြားသည်။

၎င်းနောက် ရပ်မိရပ်ဖတစ်ဦးကကျေးဇူတင်စကားနှင့် ရေရရှိရေးအတွက်လိုအပ်ချက်များအား တင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခေါင်လန်ဖူးဒေသရေရရှိရေး အတွက် တပ်မတော်မှ ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသခံတိုင်းရင်းသားများအတွက် ဒံပေါက်များနှင့် ခေါက်ဆွဲကြော်ဘူးများအားလည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှတပ်မတော်အရာရှိကြီး များက ကြက်ဥ၊ ခေါက်ဆွဲခြောက်စသည့် စားသောက်ဖွယ်ရာများနှင့် MEC Tel တယ်လီဖုန်း ဟန်းဆက်များနှင့် တယ်လီဖုန်းကတ်များကိုလည်း အသီးသီးပေးအပ်ရာ ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့် ဒေသခံပြည်သူများကလက်ခံရယူကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဇနီးနှင့်အဖွဲ့ဝင်များသည် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ဒေသခံ ပြည်သူများနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ခေါင်လန်ဖူးမြို့ရှိ ဒေသခံ ပြည်သူများသက်သာချောင်ချိရေးအတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဖွင့်လှစ်ထားသည့် သက်သာ ချောင်ချိရေးအရောင်းဆိုင်အား ကြည့်ရှုစစ်ဆေးပြီး ကောမလဝန္နနာစေတီတော်အား ဖူးမြော်ကြည်ညို သည်။

ဆက်လက်ပြီးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် မဂွေဇ-ခေါင်လန်ဖူး လမ်းဖောက်လုပ်နေမှုအခြေအနေများအားသွားရောက်ကြည့်ရှုစစ်ဆေးရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က မဂွေဇ-ခေါင်လန်ဖူး(၆၅/၄)မိုင် လမ်းဖောက်လုပ်ခြင်းအား နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အပိုင်း ၄ ပိုင်းခွဲ၍ ဖောက်လုပ်နေမှု အခြေအနေများ၊ ကျောက်တောင်များ ထူထပ်များပြားခြင်းကြောင့် တွေ့ကြုံရသည့် အခက်အခဲများ အားလည်းကောင်း၊ အင်ဂျင်နီယာမှူးမှ လမ်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား လည်းကောင်း ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လမ်းခင်းကျောက်များအား ရှေရှည်ခိုင်ခန့်စေရန်အတွက် စနစ်တကျခင်းကျင်းရန်၊ မိုးများသည့် ဒေသဖြစ်သဖြင့် လမ်းရေရှည် ခိုင်ခံ့စေရေးအတွက် ရေနုတ်မြောင်းများအား စနစ်တကျထည့်သွင်း တည်ဆောက်ရန်နှင့် အခြား လိုအပ်သည်များအား မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးပြီး လမ်းဖောက်လုပ်နေသည့် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့်စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ အရာရှိ၊ စစ်သည်များအတွက် ဂုဏ်ပြုငွေများချီးမြှင့်ပေးအပ်သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် လမ်းဖောက် လုပ်ထားမှုအခြေအနေများနှင့် ရှေ့ပြေးအဖွဲ့တွင် တပ်မတော်သားများနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများပူးပေါင်း၍ လမ်းဖောက်လုပ်နေမှုအခြေအနေများအား ကြည့်ရှုပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ခေါင်လန်ဖူးမြို့နယ်သည် မြန်မာနိုင်ငံမြောက်ဖျားတွင်တည်ရှိပြီး ပူတာအိုခရိုင်အတွင်းပါဝင်၍ အရှေ့ဘက်နှင့်မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နီးစပ်စွာတည်ရှိသည်။ ပတ်ဝန်းကျင်တွင် ရေခဲတောင်နှင့် သဘာဝရှုမျှော်ခင်းများဖြင့် သာယာလှပသော ခေါင်လန်ဖူးမြို့နယ် တွင် ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၂၃ စုနှင့် ကျေးရွာပေါင်း ၁၄၄ ရွာတည်ရှိပြီး ရဝမ်နှင့် လီဆူလူမျိုးစုလူဦးရေ ၁၃၅၀၀ ကျော်နေထိုင်လျက်ရှိကြောင်းနှင့် ယခုအခါတွင် ခေါင်လန်ဖူးဒေသ ဖွံ့ဖြိုးရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးတို့ ပူးပေါင်း၍ မဂွေဇ – ခေါင်လန်ဖူး ကားလမ်းအားဖောက်လုပ်နေခြင်ဖြစ်ပြီး ယခုရောက်ရှိနေသည့် နေရာမှတစ်ဆင့် ခေါင်လန်ဖူးသို့ရောက်ရှိရန်အတွက် မိုင် ၃၀ ကျော်ခန့်သာကျန်ရှိတော့ကြောင်း၊ ပူတာအိုမှ ဆန်းလွှတ်ချက်(၃၃မိုင် ၆ ဖာလုံ)တောင်ထိပ်အထိ ရာသီမရွေးသွားနိုင်သော ကျောက်ချောလမ်း ခင်းပြီးဖြစ်ကြောင်း၊ ဆန်းလွှတ်ချက်မှ ၂ မိုင်အကွာ ၃၅ မိုင် ၆ ဖာလုံအထိမြေသားလမ်း ဖောက်လုပ်ပြီးဖြစ်ကာ ဆန်းလွှတ်ချက်မှ ၈ မိုင်ခန့်အထိ ရှေ့ပြေးအဖွဲ့များက လမ်းအူကြောင်း ရှင်းလင်းခြင်း၊ ကျောက်မိုင်းများခွဲခြင်း၊ လမ်းအူကြောင်းအသစ် ရှာဖွေခြင်းများအား ခက်ခက်ခဲခဲ ဆောင်ရွက်လျက်ရှိကာ ခေါင်လန်ဖူး အထိ ကားလမ်းဖောက်လုပ်ခြင်းအား သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ကြိုစား ဆောင်ရွက်လျက်ရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။