တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပူတာအိုတပ်နယ် ဧက(၅၀၀) ဘက်စုံ စိုက်ပျိုးမွေးမြူရေးခြံ(နမ့်တာလဲ)သို့သွားရောက်ကြည့်ရှုစစ်ဆေး၊ ကောင်းမှုလုံစေတီတော်အား ဖူးမြော် ကြည်ညို

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ – ၂

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္   နယ္စပ္ေရးရာ၀န္ႀကီးဌာန၊ ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီးရဲေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ေျမာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ ေတဇေက်ာ္ တုိ႔လုိက္ပါၿပီး ယေန႔နံနက္ပုိင္းတြင္ ေျမာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္၊ ပူတာအုိတပ္နယ္ ဧက(၅၀၀) ဘက္စုံစုိက္ပ်ိဳး ေမြးျမဴေရးၿခံ(နမ့္တာလဲ) ဘက္စုံစုိက္ပ်ိဳးေမြးျမဴေရး စခန္းသုိ႔သြားေရာက္ ၾကည့္႐ႈစစ္ေဆးသည္။

ဦးစြာ ရွင္းလင္းေဆာင္တြင္ တာ၀န္ရွိသူတစ္ဦးက ႏွစ္ရွည္သီးႏွံပင္ႏွင့္ ရာသီသီးႏွံပင္မ်ား စုိက္ပ်ိဳး ထားရွိမႈႏွင့္ ဆက္လက္စုိက္ပ်ိဳးရန္ေဆာင္ရြက္ေနမႈ၊ ဥစားၾကက္၊ အသားတုိးၾကက္၊ DYL ၀က္၊ ႏုိ႔စားႏြားႏွင့္ ငါးမ်ားေမြးျမဴရန္ေဆာင္ရြက္ေနမႈ၊ စုိက္ပ်ိဳးေရရရွိေအာင္ေဆာင္ရြက္ေနမႈႏွင့္ လွ်ပ္စစ္မီး ရရွိေအာင္ေဆာင္ရြက္ေနမႈ အေျခအေနမ်ားအား ရွင္းလင္းတင္ျပသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ယခုကဲ့သုိ႔ ဘက္စုံစုိက္ပ်ိဳး ေမြးျမဴေရးစခန္းအားတည္ေဆာက္ရျခင္းမွာ ပူတာအုိတပ္နယ္တြင္သာမက အလွမ္းကြာေ၀းသည့္ ပူတာအုိေဒသတြင္းရွိ ေဒသခံတုိင္းရင္းသားျပည္သူမ်ား ဟင္းသီးဟင္းရြက္ႏွင့္ အသား၊ ငါး၊ ႏြားႏုိ႔ ႏွင့္ ၾကက္ဥမ်ားအား သက္သာေသာ ေစ်းႏႈန္းျဖင့္ရရွိေရးအတြက္ရည္ရြယ္ေဆာင္ရြက္ျခင္း ျဖစ္ေၾကာင္း၊ ဘက္စုံစုိက္ပ်ိဳးေရးၿခံအတြက္ ေရႏွင့္လွ်ပ္စစ္ဓာတ္အား လုံေလာက္စြာ ရရွိေစေရး အျမန္ဆုံး အေကာင္အထည္ေဖာ္ေဆာင္ရြက္ရန္လုိေၾကာင္း၊ ႏွစ္ရွည္ပင္မ်ား စုိက္ပ်ိဳးရာတြင္ အပင္အမ်ိဳးအစား အလုိက္ သတ္မွတ္ထားသည့္ အကြာအေ၀းအတုိင္း စုိက္ပ်ိဳးၿပီး စုိက္ပင္မ်ားျပည့္မီရန္လုိေၾကာင္း၊ ဥစားၾကက္၊ အသားစားၾကက္၊ DYL ၀က္၊ ႏုိ႔စားႏြားႏွင့္ ငါးမ်ားသာမက ေဒသႏွင့္ကိုက္ညီသည့္ ဆိတ္မ်ိဳးမ်ားအား ကြၽမ္းက်င္ပညာရွင္မ်ားျဖင့္ ပူးေပါင္း၍ စမ္းသပ္ေမြးျမဴရန္လုိေၾကာင္း၊ ယခုဘက္စုံ စုိက္ပ်ိဳးေမြးျမဴေရးစခန္းသည္ ပူတာအုိေဒသတြင္ စံျပျဖစ္ေနေစရန္အတြက္ ရည္မွန္းခ်က္ထား ေဆာင္ရြက္ရန္လုိေၾကာင္း မွာၾကားသည္။

ယင္းေနာက္ ဘက္စုံစုိက္ပ်ိဳးေရးၿခံအတြင္းစုိက္ပ်ိဳးလ်က္ရွိသည့္ ဂရိတ္ဖ႐ုပင္၊ ဘုရင္သီးပင္၊ အေမရိကန္သံပရာပင္၊ လက္ဖက္ပင္ႏွင့္ ရာသီသီးႏွံစုိက္ခင္းအတြင္း ခရမ္းခ်ဥ္ပင္မ်ား စုိက္ပ်ိဳး ထားရွိမႈအေျခအေနမ်ားအား လွည့္လည္္ၾကည့္႐ႈ စစ္ေဆးသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ဇနီးေဒၚၾကဴၾကဴလွႏွင့္အဖြဲ႕၀င္မ်ားလုိက္ပါၿပီး ပူတာအုိခ႐ိုင္၊ မခ်မ္းေဘာ့ၿမိဳ႕နယ္ရွိ ေကာင္းမႈလုံေစတီေတာ္သုိ႔ ေရာက္ရွိၾကရာ ေဂါပကအဖြဲ႕၀င္ မ်ားႏွင့္ ေဒသခံျပည္သူမ်ားက ရင္းရင္းႏွီးႏွီးႀကိဳဆုိႏႈတ္ဆက္ၾကသည္။ ယင္းေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔သည္ ေကာင္းမႈလုံေစတီေတာ္ရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ဖူးေျမာ္ ၾကည္ညိဳၿပီး သစ္သီး၊ ပန္း၊ ေရခ်မ္းႏွင့္ ဆီမီးမ်ားကပ္လွဴပူေဇာ္၍ ေဂါပကအဖြဲ႕ထံ အလွဴေငြမ်ား ေပးအပ္လွဴဒါန္းၾကရာ  ေဂါပကအဖြဲ႕မွ တာ၀န္ရွိသူတစ္ဦးက လက္ခံရယူၿပီး ဂုဏ္ျပဳမွတ္တမ္းလႊာ ျပန္လည္ေပးအပ္သည္။ ၎ေနာက္ ေစတီေတာ္ႀကီးအားလက္ယာရစ္လွည့္လည္ ဖူးေျမာ္ၾကည္ညိဳ ခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပူတာအိုတပ်နယ် ဧက(၅၀၀) ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံ(နမ့်တာလဲ)သို့သွားရောက်ကြည့်ရှုစစ်ဆေး၊ ကောင်းမှုလုံစေတီတော်အား ဖူးမြော်ကြည်ညို

နေပြည်တော်၊ ဖေဖော်ဝါရီ – ၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်   နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် တေဇကျော် တို့လိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပူတာအိုတပ်နယ် ဧက(၅၀၀) ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံ(နမ့်တာလဲ) ဘက်စုံစိုက်ပျိုးမွေးမြူရေး စခန်းသို့သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 ဦးစွာ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူတစ်ဦးက နှစ်ရှည်သီးနှံပင်နှင့် ရာသီသီးနှံပင်များ စိုက်ပျိုး ထားရှိမှုနှင့် ဆက်လက်စိုက်ပျိုးရန်ဆောင်ရွက်နေမှု၊ ဥစားကြက်၊ အသားတိုးကြက်၊ DYL ဝက်၊ နို့စားနွားနှင့် ငါးများမွေးမြူရန်ဆောင်ရွက်နေမှု၊ စိုက်ပျိုးရေရရှိအောင်ဆောင်ရွက်နေမှုနှင့် လျှပ်စစ်မီး ရရှိအောင်ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့ ဘက်စုံစိုက်ပျိုး မွေးမြူရေးစခန်းအားတည်ဆောက်ရခြင်းမှာ ပူတာအိုတပ်နယ်တွင်သာမက အလှမ်းကွာဝေးသည့် ပူတာအိုဒေသတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ ဟင်းသီးဟင်းရွက်နှင့် အသား၊ ငါး၊ နွားနို့ နှင့် ကြက်ဥများအား သက်သာသော ဈေးနှုန်းဖြင့်ရရှိရေးအတွက်ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ဘက်စုံစိုက်ပျိုးရေးခြံအတွက် ရေနှင့်လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိစေရေး အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း၊ နှစ်ရှည်ပင်များ စိုက်ပျိုးရာတွင် အပင်အမျိုးအစား အလိုက် သတ်မှတ်ထားသည့် အကွာအဝေးအတိုင်း စိုက်ပျိုးပြီး စိုက်ပင်များပြည့်မီရန်လိုကြောင်း၊ ဥစားကြက်၊ အသားစားကြက်၊ DYL ဝက်၊ နို့စားနွားနှင့် ငါးများသာမက ဒေသနှင့်ကိုက်ညီသည့် ဆိတ်မျိုးများအား ကျွမ်းကျင်ပညာရှင်များဖြင့် ပူးပေါင်း၍ စမ်းသပ်မွေးမြူရန်လိုကြောင်း၊ ယခုဘက်စုံ စိုက်ပျိုးမွေးမြူရေးစခန်းသည် ပူတာအိုဒေသတွင် စံပြဖြစ်နေစေရန်အတွက် ရည်မှန်းချက်ထား ဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။

ယင်းနောက် ဘက်စုံစိုက်ပျိုးရေးခြံအတွင်းစိုက်ပျိုးလျက်ရှိသည့် ဂရိတ်ဖရုပင်၊ ဘုရင်သီးပင်၊ အမေရိကန်သံပရာပင်၊ လက်ဖက်ပင်နှင့် ရာသီသီးနှံစိုက်ခင်းအတွင်း ခရမ်းချဉ်ပင်များ စိုက်ပျိုး ထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဇနီးဒေါ်ကြူကြူလှနှင့်အဖွဲ့ဝင်များလိုက်ပါပြီး ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်ရှိ ကောင်းမှုလုံစေတီတော်သို့ ရောက်ရှိကြရာ ဂေါပကအဖွဲ့ဝင် များနှင့် ဒေသခံပြည်သူများက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် ကောင်းမှုလုံစေတီတော်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော် ကြည်ညိုပြီး သစ်သီး၊ ပန်း၊ ရေချမ်းနှင့် ဆီမီးများကပ်လှူပူဇော်၍ ဂေါပကအဖွဲ့ထံ အလှူငွေများ ပေးအပ်လှူဒါန်းကြရာ  ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ ၎င်းနောက် စေတီတော်ကြီးအားလက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညို ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။