တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း နယ်မြေဒေသအခြေအနေများနှင့် ဘက်စုံစံပြစိုက်ပျိုးမွေးမြူရေးစခန်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ ၃

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ သည္ နယ္စပ္ေရးရာ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွတပ္မေတာ္ အရာရွိႀကီးမ်ားလုိက္ပါၿပီး ယေန႔နံနက္ပိုင္းတြင္ ေျမာက္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္သုိ႔ေရာက္ရွိရာ အစည္းအေ၀းခန္းမတြင္ တုိင္းမွဴး ဗုိလ္ခ်ဳပ္ေတဇေက်ာ္က တုိင္းစစ္ဌာနခ်ဳပ္ နယ္ေျမအတြင္း နယ္ေျမလုံၿခဳံေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းေရးလုပ္ငန္းမ်ားေဆာင္ရြက္ေနမႈ၊ နယ္ေျမ ေဒသအေျခအေနမ်ားႏွင့္ ေဒသဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ ကူညီေဆာင္ရြက္ေပးေနမႈ အေျခအေနမ်ား၊ ဘက္စုံစုိက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားေဆာင္ရြက္ၿပီး တပ္မေတာ္သားမ်ားႏွင့္ ဌာနဆုိင္ရာ ၀န္ထမ္းမ်ားအား သက္သာေခ်ာင္ခ်ိေသာေစ်းႏႈန္းမ်ားျဖင့္ေရာင္းခ် ေပးေနမႈအေျခအေနမ်ားႏွင့္ စစ္ဦးစီး၊ စစ္ေရး၊ စစ္ေထာက္ဆုိင္ရာလုပ္ငန္းမ်ား အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေနမႈမ်ားအား ရွင္းလင္းတင္ျပသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လုိအပ္သည္မ်ား မွာၾကား ျဖည့္ဆည္းေဆာင္ရြက္ေပးသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ႏွင့္အဖြဲ႕၀င္မ်ား သည္ တုိင္းစစ္ဌာနခ်ဳပ္သမုိင္းျပခန္းအတြင္း ခင္းက်င္းျပသထားသည့္ လြတ္လပ္ေရးႀကိဳးပမ္းမႈသမုိင္း၊ တုိင္းစစ္ဌာနခ်ဳပ္အတြင္းေဆာင္ရြက္ခဲ့သည့္ စစ္ဆင္ေရးမ်ား၊ ၿငိမ္းခ်မ္းေရးႀကိဳးပမ္းေဆာင္ရြက္မႈ မွတ္တမ္းဓာတ္ပုံမ်ား၊ ေကာင္းတုံခံတပ္၊ ဆမား ခံတပ္၊ ဆဒုံးခံတပ္ႏွင့္ ဖုိ႔ဒ္ဟဒ္ခံတပ္မ်ား၏ ပုံတူမ်ားႏွင့္ သမုိင္းမွတ္တမ္းမ်ား၊ ထင္ရွားသည့္တုိက္ပြဲႀကီးမ်ားႏွင့္ စစ္ဆင္ေရးမွတ္တမ္းမ်ား၊ တပ္မေတာ္ (ၾကည္း၊ေရ၊ေလ) အားကစားၿပိဳင္ပြဲမ်ားတြင္ ရရွိခဲ့သည့္ ဆုတံဆိပ္မ်ားအား လွည့္လည္ၾကည့္႐ႈၿပီး ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ မွတ္တမ္းတင္လက္မွတ္ေရးထုိးသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေျမာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ ဘက္စုံစံျပစုိက္ပ်ိဳးေမြးျမဴေရးစခန္းသုိ႔သြားေရာက္ၾကည့္႐ႈစစ္ေဆးရာ ရွင္းလင္းေဆာင္တြင္ တုိင္းမွဴးက ဘက္စုံစံျပစုိက္ပ်ိဳးေမြးျမဴေရးစခန္းအတြင္း ဥစားၾကက္ ႏွင့္အသားစားၾကက္မ်ား၊ DYL ၀က္၊ ႏုိ႔စားႏြား၊ ဆိတ္ႏွင့္ ငါးမ်ားေမြးျမဴထားရွိမႈ၊ House ျဖင့္ ရာသီသီးႏွံမ်ားစုိက္ပ်ိဳးထားရွိမႈ၊ ႏွစ္ရွည္သီႏွံပင္မ်ား၊ ဒန္႔ဒလြန္ပင္ႏွင့္ အရိပ္ရေလကာပင္မ်ား စုိက္ပ်ိဳးထားရွိမႈအေျခအေနမ်ားႏွင့္ ထြက္ရွိလာသည့္ အသား၊ ငါး၊ ႏြားႏုိ႔၊ ၾကက္ဥႏွင့္ ဟင္းသီးဟင္းရြက္မ်ားအား တပ္မေတာ္သားမိသားစု၀င္မ်ားႏွင့္ ဌာနဆုိင္ရာ ၀န္ထမ္းမ်ားအား သက္သာေသာေစ်းႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးႏုိင္မႈအေျခအေနမ်ား၊ သဘာ၀ ေျမၾသဇာ(စူပါဘုိကာရွီ)ျပဳလုပ္သုံးစြဲမႈအေျခအေနမ်ားအား ရွင္းလင္းတင္ျပသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေမြးျမဴထားရွိသည့္ အသားစား ၾကက္မ်ားအား သတ္မွတ္ကာလအတြင္း ေရာင္းခ်ႏုိင္ေရးေဆာင္ရြက္ရန္၊ ဒန္႔ဒလြန္ပင္မ်ားသည္ ေဆးဘက္၀င္သည့္အက်ိဳးရွိသျဖင့္ ျဖစ္ထြန္းေအာင္ျမင္ေအာင္စုိက္ပ်ိဳးရန္၊ ထြက္ရွိလာသည့္အသား၊ ငါး၊ ဟင္းသီးဟင္းရြက္၊ ႏြားႏုိ႔ႏွင့္ၾကက္ဥမ်ားအား တပ္မေတာ္သားမိသားစုမ်ားႏွင့္ ဌာနဆုိင္ရာ ၀န္ထမ္းမ်ား၏ စားေရးကိုအေထာက္အကူျဖစ္ေစရန္အတြက္ အျမတ္ကုိအဓိကမထားဘဲ ျပင္ပ ေပါက္ေစ်းထက္ သက္သာေသာ ေစ်းႏႈန္းျဖင့္ေရာင္းခ်ေပးရန္၊ မိမိတုိ႔မွ စုိက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းမ်ား ကုိ ေအာင္ျမင္ေအာင္ ေဆာင္ရြက္ၿပီး ေဒသခံျပည္သူမ်ားက လုိက္ပါေဆာင္ရြက္လုိသည့္ စိတ္ျဖစ္ေအာင္ စံနမူနာျပျဖစ္ေစေရးေဆာင္ရြက္ရန္တုိ႔အားမွာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ဘက္စုံစုိက္ပ်ိဳး ေမြးျမဴေရးစခန္းအတြင္း ေျမအသုံးခ် Organic Green House ျဖင့္သီးႏွံမ်ားစုိက္ပ်ိဳးထားရွိမႈ၊ ဆိတ္မ်ားေမြးျမဴထားရွိမႈ၊ Layer Form Automatic Cool Systemအသုံးျပဳ၍ Novogen Brown ဥစားၾကက္မ်ား ေမြးျမဴထားရွိမႈႏွင့္ ႏုိ႔စားႏြားမ်ားေမြးျမဴထားရွိမႈတုိ႔အား လုိက္လံၾကည့္႐ႈစစ္ေဆးရာ တုိင္းမွဴးႏွင့္ တာ၀န္ရွိသူမ်ားက လုိက္လံရွင္းလင္းတင္ျပခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း နယ်မြေဒေသအခြေအနေများနှင့် ဘက်စုံစံပြစိုက်ပျိုးမွေးမြူရေးစခန်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဖေဖော်ဝါရီ ၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှတပ်မတော် အရာရှိကြီးများလိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ရောက်ရှိရာ အစည်းအဝေးခန်းမတွင် တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်က တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ နယ်မြေ ဒေသအခြေအနေများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးနေမှု အခြေအနေ များ၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ပြီး တပ်မတော်သား များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား သက်သာချောင်ချိသောဈေးနှုန်းများဖြင့်ရောင်းချ ပေးနေမှုအခြေအနေများနှင့် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များ သည် တိုင်းစစ်ဌာနချုပ်သမိုင်းပြခန်းအတွင်း ခင်းကျင်းပြသထားသည့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၊ တိုင်းစစ်ဌာနချုပ်အတွင်းဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးများ၊ ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ ကောင်းတုံခံတပ်၊ ဆမား ခံတပ်၊ ဆဒုံးခံတပ်နှင့် ဖို့ဒ်ဟဒ်ခံတပ်များ၏ ပုံတူများနှင့် သမိုင်းမှတ်တမ်းများ၊ ထင်ရှားသည့်တိုက်ပွဲကြီးများနှင့် စစ်ဆင်ရေးမှတ်တမ်းများ၊ တပ်မတော် (ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲများတွင် ရရှိခဲ့သည့် ဆုတံဆိပ်များအား လှည့်လည်ကြည့်ရှုပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဘက်စုံစံပြစိုက်ပျိုးမွေးမြူရေးစခန်းသို့သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်တွင် တိုင်းမှူးက ဘက်စုံစံပြစိုက်ပျိုးမွေးမြူရေးစခန်းအတွင်း ဥစားကြက် နှင့်အသားစားကြက်များ၊ DYL ဝက်၊ နို့စားနွား၊ ဆိတ်နှင့် ငါးများမွေးမြူထားရှိမှု၊ House ဖြင့် ရာသီသီးနှံများစိုက်ပျိုးထားရှိမှု၊ နှစ်ရှည်သီနှံပင်များ၊ ဒန့်ဒလွန်ပင်နှင့် အရိပ်ရလေကာပင်များ စိုက်ပျိုးထားရှိမှုအခြေအနေများနှင့် ထွက်ရှိလာသည့် အသား၊ ငါး၊ နွားနို့၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များအား တပ်မတော်သားမိသားစုဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်မှုအခြေအနေများ၊ သဘာ၀ မြေသြဇာ(စူပါဘိုကာရှီ)ပြုလုပ်သုံးစွဲမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မွေးမြူထားရှိသည့် အသားစား ကြက်များအား သတ်မှတ်ကာလအတွင်း ရောင်းချနိုင်ရေးဆောင်ရွက်ရန်၊ ဒန့်ဒလွန်ပင်များသည် ဆေးဘက်ဝင်သည့်အကျိုးရှိသဖြင့် ဖြစ်ထွန်းအောင်မြင်အောင်စိုက်ပျိုးရန်၊ ထွက်ရှိလာသည့်အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ နွားနို့နှင့်ကြက်ဥများအား တပ်မတော်သားမိသားစုများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ စားရေးကိုအထောက်အကူဖြစ်စေရန်အတွက် အမြတ်ကိုအဓိကမထားဘဲ ပြင်ပ ပေါက်ဈေးထက် သက်သာသော ဈေးနှုန်းဖြင့်ရောင်းချပေးရန်၊ မိမိတို့မှ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ကို အောင်မြင်အောင် ဆောင်ရွက်ပြီး ဒေသခံပြည်သူများက လိုက်ပါဆောင်ရွက်လိုသည့် စိတ်ဖြစ်အောင် စံနမူနာပြဖြစ်စေရေးဆောင်ရွက်ရန်တို့အားမှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဘက်စုံစိုက်ပျိုး မွေးမြူရေးစခန်း အတွင်း မြေအသုံးချ Organic Green House ဖြင့်သီးနှံများစိုက်ပျိုးထားရှိမှု၊ ဆိတ်များမွေးမြူထားရှိမှု၊ Layer Form Automatic Cool Systemအသုံးပြု၍ Novogen Brown ဥစားကြက်များ မွေးမြူထားရှိမှုနှင့် နို့စားနွားများမွေးမြူထားရှိမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။