တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တနိုင်းတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအားတွေ့ဆုံအမှာစကားပြောကြား

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ ၃

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္သည္ ယေန႔ ေန႔လယ္ပုိင္းတြင္ ေျမာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ တႏုိင္းတပ္နယ္ရွိ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား တပ္နယ္ခန္းမ၌ ေတြ႕ဆုံအမွာစကားေျပာၾကားသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ နယ္စပ္ေရးရာ ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္ အရာရွိႀကီးမ်ား၊ ေျမာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗုိလ္ခ်ဳပ္ ေတဇေက်ာ္ႏွင့္ တပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားတက္ေရာက္ၾကသည္။

ထုိသုိ႔ ေတြ႕ဆုံအမွာစကားေျပာၾကားရာ၌ တပ္မေတာ္အေနျဖင့္ လြတ္လပ္ေရးရရွိၿပီးအခ်ိန္မွစ၍ ေခတ္အဆက္ဆက္ ႏုိင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရး၊ တရားဥပေဒစုိးမုိးေရး၊ ဖြံ႕ၿဖိဳးတုိးတက္ေရးႏွင့္ ကာကြယ္ေရးဆုိင္ရာက႑မ်ားအား ေဆာင္ရြက္ေပးခဲ့ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ႏုိင္ငံေတာ္ တာ၀န္မ်ားကုိ ထမ္းေဆာင္ခ်ိန္တြင္ ျပည္ပႏုိင္ငံမ်ားမွ ပိတ္ဆုိ႕မႈအမ်ိဳးမ်ိဳးရွိခဲ့သျဖင့္ အခက္အခဲမ်ား ရင္ဆုိင္ ႀကဳံေတြ႕ခဲ့ရေၾကာင္း၊ ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒအား ေရးဆြဲျပ႒ာန္းၿပီး ျပည္သူမ်ားမွ လုိလားသည့္ ပါတီစုံဒီမုိကေရစီလမ္းေၾကာင္းေပၚသုိ႔ ေရာက္ရွိေအာင္ တည္ေဆာက္ေပးခဲ့ကာ ၂၀၁၁ ခုႏွစ္တြင္ ေရြးေကာက္ခံအစုိးရထံသုိ႔ လႊဲေျပာင္းေပးခဲ့ေၾကာင္း၊ တပ္မေတာ္သည္ ႏုိင္ငံေတာ္အား လုံၿခဳံေရးအရတည္ၿငိမ္ေအးခ်မ္းေရး၊ ႏုိင္ငံေရးအရ တည္ၿငိမ္ေအးခ်မ္းေရး ႏွင့္ ဖြံ႕ၿဖိဳးတုိးတက္ေရး ကိစၥမ်ားတြင္ ပါ၀င္ပူးေပါင္းေဆာင္ရြက္ေပးလ်က္ရွိၿပီး ဒီမုိကေရစီလမ္းေၾကာင္းေပၚတြင္ စနစ္တက် ျဖစ္ေစရန္အတြက္ လည္း၀ုိင္း၀န္းကူညီေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ေဒသခံျပည္သူမ်ား သဘာ၀ ေဘးအႏၲရာယ္မ်ား က်ေရာက္ပါက တပ္မေတာ္သားမ်ားအေနျဖင့္ အထက္အမိန္႔အား ေစာင့္ရန္ မလုိဘဲ အခ်ိန္မေရြးကူညီေဆာင္ရြက္ေပးရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္သည္ ႏုိင္ငံေတာ္၏ ကာကြယ္ေရးက႑အတြက္ အေရးပါသည့္အဖြဲ႕အစည္းတစ္ခုျဖစ္သျဖင့္ တပ္မေတာ္သားမ်ား အေနျဖင့္ စည္းကမ္းလုိက္နာမႈ၊ အမိန္႔နာခံတတ္မႈ၊ အထက္ေအာက္ အျပန္အလွန္႐ုိေသ ေလးစားမႈမ်ားႏွင့္ စစ္သားေကာင္းစိတ္ေမြးျမဴၿပီး အားလုံးစည္းစည္း လုံးလုံးျဖင့္ေနထုိင္ၾကရန္ လုိေၾကာင္း၊ တည္ၿမဲအမိန္႔ႏွင့္ တုိက္တြန္းခ်က္တားျမစ္ခ်က္မ်ား အားလုိက္နာေဆာင္ရြက္ၿပီး မိမိတုိ႔ က်င့္သုံးရမည့္ က်င့္၀တ္ေျခာက္ဆယ္ပါ အခ်က္မ်ားအတုိင္း လုိက္နာေဆာင္ရြက္ရန္လုိေၾကာင္း၊ ထုိသုိ႔လုိက္နာေဆာင္ရြက္ျခင္းျဖင့္ တပ္တြင္းစည္းလုံးညီၫြတ္မႈကုိ ပုိမုိခုိင္မာေစမည္ျဖစ္ေၾကာင္း၊ ထုိ႔ျပင္ စစ္ေရးစြမ္းရည္ ေကာင္းမြန္ေစရန္အတြက္ သက္ဆုိင္ရာတပ္၊ ဌာနခ်ဳပ္မ်ားအလုိက္ အၿမဲမျပတ္ေလ့က်င့္ ေနရမည္ျဖစ္ေၾကာင္း၊ မိမိေဆာင္ရြက္ရမည့္ ေန႔စဥ္လုပ္ငန္းတာ၀န္မ်ားကုိ မွန္မွန္ကန္ကန္ႏွင့္ ေက်ပြန္စြာထမ္းေဆာင္ၾကရန္လုိေၾကာင္း၊ တပ္မေတာ္၏စြမ္းရည္ ျမႇင့္တင္ေရး အတြက္ တပ္မေတာ္သားအားလုံး၏ပညာရည္ျမႇင့္တင္ေရးကုိ ေဆာင္ရြက္ေပးလ်က္ရွိသကဲ့သုိ႔ တပ္မေတာ္သားမိသားစု၀င္ ရဲေမမ်ား၊ သား၊ သမီးမ်ား၏ ပညာရည္ ျမင့္မားေရးကိုလည္း တတ္ႏုိင္ သည့္ဘက္မွျဖည့္ဆည္း ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ ထုိ႔အတူ အသိပညာဗဟုသုတမ်ား ရရွိေစရန္အတြက္ လည္း သုတ၊ ရသ စာအုပ္စာေစာင္ မ်ားကုိ အၿမဲမျပတ္ဖတ္႐ႈေလ့လာ ေနရန္လုိေၾကာင္း၊ တပ္မေတာ္သားမ်ားႏွင့္ မိသာစု၀င္မ်ား၏ စားေရး၊ ၀တ္ေရးႏွင့္ေနထုိင္ေရးတုိ႔ အတြက္ တတ္ႏုိင္သမွ်ေကာင္းမြန္ေအာင္ ေဆာင္ရြက္ေပးလ်က္ရွိသကဲ့သုိ႔ အသား၊ ငါး၊ ဟင္းသီးဟင္းရြက္၊ ၾကက္ဥ စသည့္စားေသာက္ကုန္မ်ားကုိလည္း သက္သာေခ်ာင္ခ်ိေသာ ေစ်းႏႈန္း မ်ားျဖင့္ အာဟာရ ျပည့္၀စြာ စားသုံးႏုိင္ေရးအတြက္ တပ္ပုိင္စုိက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေစၿပီး ေရာင္းခ်ေပးလ်က္ရွိေၾကာင္း၊ မိမိတုိ႔၏က်န္းမာေရးကို ထိခုိက္ေစၿပီး ေငြကုန္ေၾကးက်မ်ားသည့္ အရက္၊ ေဆးလိပ္၊ ကြမ္းစားသုံးမႈမ်ားႏွင့္ မူးယစ္ေဆး၀ါးသုံးစြဲမႈမ်ားကုိ ေရွာင္ၾကဥ္ရန္လုိၿပီး က်န္းမာႀကံ့ခုိင္မႈရွိေစေရးအၿမဲမျပတ္ ေလ့က်င့္ ေဆာင္ရြက္ေနရမည္ ျဖစ္ေၾကာင္း၊ သုိ႔မွသာတပ္မေတာ္၏ ႏုိင္ငံေတာ္ကာကြယ္ေရးစြမ္းပကားကုိ ျမႇင့္တင္ေပးႏုိင္မည္ျဖစ္ေၾကာင္း မွာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အရာရွိ၊ စစ္သည္မိသားစုမ်ား အတြက္ စားေသာက္ဖြယ္ရာမ်ားကုိလည္းေကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီးက တပ္နယ္ မိခင္ႏွင့္ကေလးအသင္းအတြက္ ခ်ီးျမႇင့္ေငြမ်ားကုိလည္းေကာင္း အသီးသီး ေပးအပ္ၾကရာ ေဒသ စစ္ဆင္ေရးကြပ္ကဲေရးမွဴးႏွင့္ ဇနီးတုိ႔ကလက္ခံရယူၾကသည္။

ယင္းေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ႏွင့္ စစ္ေထာက္ခ်ဳပ္တုိ႔က သုတ၊ ရသ၊ စာအုပ္စာေစာင္မ်ား၊ အားကစား ပစၥည္းမ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ားေပးအပ္ရာ တပ္နယ္မွဴးႏွင့္တာ၀န္ရွိသူမ်ားက လက္ခံရယူၾကသည္။ ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အဖြဲ႕၀င္မ်ားသည္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ရင္းရင္းႏွီးႏွီး လုိက္လံႏႈတ္ဆက္ၾကသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ နယ္ေျမခံ တပ္မေတာ္ေဆး႐ုံသုိ႔ ေရာက္ရွိၾကၿပီး ေဆး႐ုံတက္ေရာက္ကုသမႈခံယူလ်က္ရွိသည့္ စစ္သည္မ်ားအား တစ္ဦးခ်င္း ရင္းရင္းႏွီးႏွီး လုိက္လံႏႈတ္ဆက္အားေပးစကားေျပာၾကားၿပီး စားေသာက္ဖြယ္ရာမ်ားေပးအပ္သည္။ ထုိ႔အတူ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီးသည္လည္း အမ်ိဳးသမီးကုသေဆာင္တြင္ တက္ေရာက္ကုသမႈခံယူလ်က္ရွိသည့္ တပ္မေတာ္သားမိသားစု၀င္မ်ားအား ရင္းရင္းႏွီးႏွီးအားေပး စကားေျပာၾကားၿပီး စားေသာက္ဖြယ္ရာမ်ားေပးအပ္ခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တနိုင်းတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအားတွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီ ၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ နေ့လယ်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တနိုင်းတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တပ်နယ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်နှင့် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာ၌ တပ်မတော်အနေဖြင့် လွတ်လပ်ရေးရရှိပြီးအချိန်မှစ၍ ခေတ်အဆက်ဆက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်ရေးဆိုင်ရာကဏ္ဍများအား ဆောင်ရွက်ပေးခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော် တာဝန်များကို ထမ်းဆောင်ချိန်တွင် ပြည်ပနိုင်ငံများမှ ပိတ်ဆို့မှုအမျိုးမျိုးရှိခဲ့သဖြင့် အခက်အခဲများ ရင်ဆိုင် ကြုံတွေ့ခဲ့ရကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား ရေးဆွဲပြဋ္ဌာန်းပြီး ပြည်သူများမှ လိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် တည်ဆောက်ပေးခဲ့ကာ ၂၀၁၁ ခုနှစ်တွင် ရွေးကောက်ခံအစိုးရထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်အား လုံခြုံရေးအရတည်ငြိမ်အေးချမ်းရေး၊ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများတွင် ပါဝင်ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် စနစ်တကျ ဖြစ်စေရန်အတွက် လည်းဝိုင်းဝန်းကူညီဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများ သဘာ၀ ဘေးအန္တရာယ်များ ကျရောက်ပါက တပ်မတော်သားများအနေဖြင့် အထက်အမိန့်အား စောင့်ရန် မလိုဘဲ အချိန်မရွေးကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏ ကာကွယ်ရေးကဏ္ဍအတွက် အရေးပါသည့်အဖွဲ့အစည်းတစ်ခုဖြစ်သဖြင့် တပ်မတော်သားများ အနေဖြင့် စည်းကမ်းလိုက်နာမှု၊ အမိန့်နာခံတတ်မှု၊ အထက်အောက် အပြန်အလှန်ရိုသေ လေးစားမှုများနှင့် စစ်သားကောင်းစိတ်မွေးမြူပြီး အားလုံးစည်းစည်း လုံးလုံးဖြင့်နေထိုင်ကြရန် လိုကြောင်း၊ တည်မြဲအမိန့်နှင့် တိုက်တွန်းချက်တားမြစ်ချက်များ အားလိုက်နာဆောင်ရွက်ပြီး မိမိတို့ ကျင့်သုံးရမည့် ကျင့်ဝတ်ခြောက်ဆယ်ပါ အချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့လိုက်နာဆောင်ရွက်ခြင်းဖြင့် တပ်တွင်းစည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း၊ ထို့ပြင် စစ်ရေးစွမ်းရည် ကောင်းမွန်စေရန်အတွက် သက်ဆိုင်ရာတပ်၊ ဌာနချုပ်များအလိုက် အမြဲမပြတ်လေ့ကျင့် နေရမည်ဖြစ်ကြောင်း၊ မိမိဆောင်ရွက်ရမည့် နေ့စဉ်လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန်နှင့် ကျေပွန်စွာထမ်းဆောင်ကြရန်လိုကြောင်း၊ တပ်မတော်၏စွမ်းရည် မြှင့်တင်ရေး အတွက် တပ်မတော်သားအားလုံး၏ပညာရည်မြှင့်တင်ရေးကို ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တပ်မတော်သားမိသားစုဝင် ရဲမေများ၊ သား၊ သမီးများ၏ ပညာရည် မြင့်မားရေးကိုလည်း တတ်နိုင် သည့်ဘက်မှဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အတူ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် လည်း သုတ၊ ရသ စာအုပ်စာစောင် များကို အမြဲမပြတ်ဖတ်ရှုလေ့လာ နေရန်လိုကြောင်း၊ တပ်မတော်သားများနှင့် မိသာစုဝင်များ၏ စားရေး၊ ဝတ်ရေးနှင့်နေထိုင်ရေးတို့ အတွက် တတ်နိုင်သမျှကောင်းမွန်အောင် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥ စသည့်စားသောက်ကုန်များကိုလည်း သက်သာချောင်ချိသော ဈေးနှုန်း များဖြင့် အာဟာရ ပြည့်ဝစွာ စားသုံးနိုင်ရေးအတွက် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်စေပြီး ရောင်းချပေးလျက်ရှိကြောင်း၊ မိမိတို့၏ကျန်းမာရေးကို ထိခိုက်စေပြီး ငွေကုန်ကြေးကျများသည့် အရက်၊ ဆေးလိပ်၊ ကွမ်းစားသုံးမှုများနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုများကို ရှောင်ကြဉ်ရန်လိုပြီး ကျန်းမာကြံ့ခိုင်မှုရှိစေရေးအမြဲမပြတ် လေ့ကျင့် ဆောင်ရွက်နေရမည် ဖြစ်ကြောင်း၊ သို့မှသာတပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အရာရှိ၊ စစ်သည်မိသားစုများ အတွက် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးက တပ်နယ် မိခင်နှင့်ကလေးအသင်းအတွက် ချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီး ပေးအပ်ကြရာ ဒေသ စစ်ဆင်ရေးကွပ်ကဲရေးမှူးနှင့် ဇနီးတို့ကလက်ခံရယူကြသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် စစ်ထောက်ချုပ်တို့က သုတ၊ ရသ၊ စာအုပ်စာစောင်များ၊ အားကစား ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများပေးအပ်ရာ တပ်နယ်မှူးနှင့်တာဝန်ရှိသူများက လက်ခံရယူကြသည်။ တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နယ်မြေခံ တပ်မတော်ဆေးရုံသို့ ရောက်ရှိကြပြီး ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် စစ်သည်များအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်သည်။ ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးသည်လည်း အမျိုးသမီးကုသဆောင်တွင် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် တပ်မတော်သားမိသားစုဝင်များအား ရင်းရင်းနှီးနှီးအားပေး စကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။