တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အင်းတော်ကြီးဒေသ ရှိ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊ ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ များအားဆွေးနွေး၊ ရွှေမဉ္ဖူဘုရားအား ဖူးမြော် ကြည်ညို 
 နေပြည်တော်၊ ဖေဖော်ဝါရီ – ၎
ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့တိုင်းရင်းသားများနှင့် တွေ့ဆုံခွင့်ရသည့် အတွက်ဝမ်းမြောက်ပါကြောင်း၊ ဒေသတစ်ခုနှင့်တစ်ခုမတူညီသဖြင့် လိုအပ်ချက်များလည်းတူညီမှုမရှိကြောင်း၊ မိမိတို့တိုင်းရင်းသားများ အနေဖြင့် မြန်မာစိတ်မွေး၍ အားလုံးစည်းစည်းလုံးလုံးဖြင့်နေထိုင်ပြီး နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အင်းတော်ကြီးဒေသတွင်နေထိုင်ကြသည့် တိုင်းရင်းသား များသည် ဗုဒ္ဓဘာသာကိုးကွယ်သည့်လူမျိုးများဖြစ်ကြောင်း၊ ဗုဒ္ဓ၏အဆုံးအမတွင် ယဉ်ကျေးလိမ္မာစွာနေထိုင်ကြရန် ဆုံးမထားကြောင်း၊ အာဃာတတရားများမထားရှိရန် လိုသော်လည်းရန်မူလာပါက ၀ိုင်းဝန်းကာကွယ်စောင့် ရှောက်ကြရမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်သည့် လမ်းပန်းဆက်သွယ်မှုကိစ္စရပ်များအား သက်ဆိုင်ရာဝန်ကြီးဌာနနှင့်ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အင်းတော်ကြီး ဒေသသည် စိုက်ပျိုးမြေ၊ ရေနှင့်စားနပ်ရိက္ခာပေါများသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ရရှိသည့်လျှပ်စစ်ဓာတ်အားကိုအသုံးပြုပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများမှ ကုန်ချောထုတ်လုပ်ခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးအတွက် အာဟာရပြည့်ဝသော ဟင်းသီးဟင်းရွက်၊ အသား၊ ငါး၊ ကြက်ဥများကိုစားသုံးရန် လိုကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံတိုင်းရင်းသားပညာတတ်များ မွေးထုတ်ရန်လို အပ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်အနေဖြင့် လည်း တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသအတွင်းမူးယစ် ဆေးဝါးသုံးစွဲမှုများမရှိစေရေး အားလုံးမှဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ရန်လိုကြောင်း၊ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိရန်အတွက် မိမိတို့အနေဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး အတွက်ထုတ်ပြန်ချက် ကြေညာခဲ့ပြီး တစ်လတာကာလကျော်လွန်ချိန်တွင် တိုင်းရင်းသား လက်နက်ကိုင်တစ်ချို့မှ ကတိက၀တ်များချိုးဖောက်သည်ကိုတွေ့ရှိရကြောင်း၊ ငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်း တွေ့ဆုံဆွေးနွေးညှိနှိုင်းကြရန် လမ်းဖွင့်ပေးထားကြောင်း၊ တိုင်းပြည်ငြိမ်းချမ်းမှသာ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ပြည်သူများမှ ရွေးချယ်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေချိန်၌ စည်းကမ်းရှိသည့် ဒီမိုကရေစီဖြစ်စေရန်အတွက် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးရရှိရန်အရေးကြီးကြောင်း ရှင်းလင်းပြောကြားသည်။
(Unicode Version)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အင်းတော်ကြီးဒေသ ရှိ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊ ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ များအားဆွေးနွေး၊ ရွှေမဥ္ဖူဘုရားအား ဖူးမြော် ကြည်ညို 
နေပြည်တော်၊ ဖေဖော်ဝါရီ – ၄ 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်နှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့ညနေပိုင်းတွင် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ရှိ၊ အင်းတော်ကြီးသို့ရောက်ရှိရာ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ 
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊ ပြည်သူ့စစ်ဌာနေအဖွဲ့ ၀င်များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးရာ ဦးစွာ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူ များနှင့် ပြည်သူ့စစ်ဌာနေခေါင်းဆောင် တို့က ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား အသီးသီးတင်ပြ ကြသည်။ 
ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့တိုင်းရင်းသားများနှင့် တွေ့ဆုံခွင့်ရသည့် အတွက်ဝမ်းမြောက်ပါကြောင်း၊ ဒေသတစ်ခုနှင့်တစ်ခုမတူညီသဖြင့် လိုအပ်ချက်များလည်းတူညီမှုမရှိကြောင်း၊ မိမိတို့တိုင်းရင်းသားများ အနေဖြင့် မြန်မာစိတ်မွေး၍ အားလုံးစည်းစည်းလုံးလုံးဖြင့်နေထိုင်ပြီး နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အင်းတော်ကြီးဒေသတွင်နေထိုင်ကြသည့် တိုင်းရင်းသား များသည် ဗုဒ္ဓဘာသာကိုးကွယ်သည့်လူမျိုးများဖြစ်ကြောင်း၊ ဗုဒ္ဓ၏အဆုံးအမတွင် ယဉ်ကျေးလိမ္မာစွာနေထိုင်ကြရန် ဆုံးမထားကြောင်း၊ အာဃာတတရားများမထားရှိရန် လိုသော်လည်းရန်မူလာပါက ၀ုိင်းဝန်းကာကွယ်စောင့် ရှောက်ကြရမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်သည့် လမ်းပန်းဆက်သွယ်မှုကိစ္စရပ်များအား သက်ဆိုင်ရာဝန်ကြီးဌာနနှင့်ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အင်းတော်ကြီး ဒေသသည် စိုက်ပျိုးမြေ၊ ရေနှင့်စားနပ်ရိက္ခာပေါများသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ရရှိသည့်လျှပ်စစ်ဓာတ်အားကိုအသုံးပြုပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများမှ ကုန်ချောထုတ်လုပ်ခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးအတွက် အာဟာရပြည့်ဝသော ဟင်းသီးဟင်းရွက်၊ အသား၊ ငါး၊ ကြက်ဥများကိုစားသုံးရန် လိုကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံတိုင်းရင်းသားပညာတတ်များ မွေးထုတ်ရန်လို အပ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်အနေဖြင့် လည်း တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသအတွင်းမူးယစ် ဆေးဝါးသုံးစွဲမှုများမရှိစေရေး အားလုံးမှဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ရန်လိုကြောင်း၊ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိရန်အတွက် မိမိတို့အနေဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး အတွက်ထုတ်ပြန်ချက် ကြေညာခဲ့ပြီး တစ်လတာကာလကျော်လွန်ချိန်တွင် တိုင်းရင်းသား လက်နက်ကိုင်တစ်ချို့မှ ကတိကဝတ်များချိုးဖောက်သည်ကိုတွေ့ရှိရကြောင်း၊ ငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်း တွေ့ဆုံဆွေးနွေးညှိနှိုင်းကြရန် လမ်းဖွင့်ပေးထားကြောင်း၊ တိုင်းပြည်ငြိမ်းချမ်းမှသာ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ပြည်သူများမှ ရွေးချယ်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေချိန်၌ စည်းကမ်းရှိသည့် ဒီမိုကရေစီဖြစ်စေရန်အတွက် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးရရှိရန်အရေးကြီးကြောင်း ရှင်းလင်းပြောကြားသည်။ 
ထို့နောက် တပ်တော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)တို့က ဒေသခံတိုင်းရင်းသားများနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင် များအတွက် စားသောက်ဖွယ်ရာများပေးအပ်ကြသည်။ 
ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် အင်းတော်ကြီးအတွင်းရှိ ရွှေဥ္ဖူဘုရားအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ပန်း၊ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ကြသည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး တို့က ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံရန် အတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပက အဖွဲ့မှ လက်ခံရယူပြီး ဘုရားကြီး၏ဓာတ်ပုံနှင့် ဘုရားသမိုင်းစာအုပ်အား ဓမ္မလက်ဆောင် အဖြစ် ပြန်လည်ပေးအပ်သည်။ ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်ကြီးအားလက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညိုပြီး ဂေါပကအဖွဲ့မှ တာဝန်ရှိသူများအား စေတီတော်ကြီးကို စနစ်တကျပြုပြင်မွမ်းမံရန် လိုအပ်မှုအခြေအနေနှင့် တပ်မတော်မှဝိုင်းဝန်းကူညီဆောင်ရွက်ပေးမည့် အခြေအနေ များအားဆွေးနွေး ပြောကြားသည်။ 
ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ညနေပိုင်း တွင် ၀ုိင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ၊ ရွှေမိုးတောင်ပေါ်ရှိ ရဟန္တာတစ်ထောင် ရှင်ပင်မြတ်စွာ ဆုတောင်းပြည့်စေတီ တော်မြတ်ကြီးသို့ရောက်ရှိကြပြီး ရွှေမိုးတောင်ဓမ္မာရုံ၌ ပြည်နယ်သံဃနာယကအဖွဲ့အကျိုးတော်ဆောင်၊ မြစ်ကြီးနား မြို့၊ ဓမ္မရက္ခိတဝန်းသို ကျောင်းတိုက် ဆရာတော်အဂ္ဂမဟာပန္တိတ ဘဒန္တကေတုမာလာ အမှူးပြုသော ဆရာတော်သံဃာတော်များအား ဖူးမြော်ကန်တော့ကာ ငါးပါးသီလခံယူဆောက်တည် ကြပြီး လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့သည် ရွှေမိုးတောင်စေတီတော် မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်အား ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ကြပြီး စေတီတော်ကြီးအား လက်ယာရစ် လှည့်လည်ဖူးမြော်ကြည်ညိုခဲ့ကြသည်။
ဖတ်သင့်သော သတင်းများ
ပြန်စာထားခဲ့ပါ။
သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။