တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ponpipat Benyasri ချစ်ကြည်ရင်းနှီးမှုကိစ္စရပ်များဆွေးနွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်အပ်နှင်း

ေနျပည္ေတာ္၊ ေဖေဖၚ၀ါရီ – ၇

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ သည္ ထုိင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ General Ponpipat Benyasri အား ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္ေရွ႕၌ ဂုဏ္ျပဳတပ္ဖြဲ႕ျဖင့္ႀကိဳဆုိသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္တုိ႔သည္ ဂုဏ္ျပဳတပ္ဖြဲ႕၏အေလးျပဳျခင္းကိုခံယူၾကၿပီး ဂုဏ္ျပဳတပ္ဖြဲ႕ကိုလုိက္လံ ၾကည့္႐ႈစစ္ေဆးသည္။ ယင္းေနာက္ အခမ္းအနားတက္ေရာက္လာၾကေသာ ႏွစ္ႏိုင္ငံ တပ္မေတာ္အရာရွိႀကီးမ်ားကို အျပန္အလွန္မိတ္ ဆက္ေပးၾကသည္။

အဆိုပါဂုဏ္ျပဳႀကဳိဆိုပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဒုတိယ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ၫိႇႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ထုိင္းဘုရင့္တပ္မေတာ္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ထုိင္းဘုရင့္တပ္မေတာ္မွ Air Chief Marshal Winchai Nushkasem ႏွင့္ တပ္မေတာ္ အရာရွိႀကီးမ်ား၊ ျမန္မာႏုိင္ငံဆုိင္ရာ ထုိင္းဘုရင့္တပ္မေတာ္(ၾကည္း၊ေရ၊ေလ) စစ္သံမွဴးမ်ား တက္ေရာက္ၾကသည္။

ထုိ႔ေနာက္ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ေဇယ်ာသီရိဗိမာန္ ဧည့္သည္ေတာ္မွတ္တမ္း စာအုပ္တြင္ မွတ္တမ္းတင္လက္မွတ္ေရးထိုးၿပီး တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဧည့္ခန္းမေဆာင္၌ ေတြ႕ဆုံေဆြးေႏြးၾကသည္။

ထုိသို႔ေတြ႕ဆုံေဆြးေႏြးရာတြင္ ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ထိုင္းဘုရင့္တပ္မေတာ္ႏွင့္ ျမန္မာ့တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈမွာ ညီရင္း အစ္ကုိကဲ့သုိ႔ ခုိင္မာလ်က္ရွိၿပီး ႏွစ္ႏုိင္ငံ ႏွင့္တပ္မေတာ္ႏွစ္ရပ္အၾကား အေၾကာင္းအရာ ေပါင္းမ်ားစြာ ေတြ႕ဆုံေဆြးေႏြးျခင္းႏွင့္ ပူးေပါင္းေဆာင္ ရြက္မႈမ်ားစြာျပဳလုပ္ခဲ့ၿပီးျဖစ္ေၾကာင္း၊ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား အေတြ႕အႀကဳံမ်ားမွ ေခတ္မီ တပ္မေတာ္တည္ေဆာက္ေရး ႏွင့္ ႏွစ္ႏုိင္ငံပူးေပါင္းေဆာင္ရြက္ေရးဆုိင္ရာမ်ားအတြက္ အျပန္အလွန္ အႀကံဥာဏ္ ေကာင္းမ်ား၊ နည္းလမ္းေကာင္းမ်ားရရွိခဲ့ၾကေၾကာင္း၊ ေရွးယခင္ေနာင္ေတာ္တပ္မေတာ္ ဦးစီးခ်ဳပ္ မ်ားလက္ထက္မွရရွိခဲ့ေသာ ခ်စ္ၾကည္ရင္းႏွီးမႈမ်ားကုိ မိမိတာ၀န္ယူသည့္ အခ်ိန္မွစ၍ တုိးျမႇင့္ေဆာင္ရြက္ႏုိင္ခဲ့ရာ ေအာင္ျမင္မႈမ်ားစြာရရွိေနၿပီျဖစ္ေၾကာင္း၊ ယခုအေဆြေတာ္ထုိင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ၾကည္း၊ ေရ၊ ေလ ဦးစီးခ်ဳပ္မ်ားသည္ ျမန္မာ့တပ္မေတာ္မွ မိမိဦးေဆာင္သည့္ ၾကည္း၊ ေရ၊ ေလ ဦးစီးခ်ဳပ္မ်ား အၾကား ေဆြးေႏြးညႇိႏႈိင္းမႈမ်ား၊ ပူးေပါင္းေဆာင္ရြက္မႈမ်ားျပဳလုပ္ႏုိင္ခဲ့သည္မွာ လြန္စြာအားရဖြယ္ျဖစ္ေၾကာင္း၊ မိမိတို႔တပ္မေတာ္ႏွစ္ရပ္အၾကား တူညီသည့္အခ်က္ ႏွစ္ခ်က္မွာ မည္သုိ႔ပူးေပါင္းေဆာင္ရြက္ၾကမည္၊ ခ်စ္ၾကည္ ရင္းႏွီးမႈကုိမည္သုိ႔ တုိးတက္ေအာင္ ေဆာင္ရြက္မည္ဆုိသည့္အခ်က္မ်ားျဖစ္ေၾကာင္း၊ ႏွစ္ႏုိင္ငံအိမ္နီးခ်င္း အျဖစ္သာမက အာဆီယံအဖြဲ႕၀င္ႏုိင္ငံမ်ားအျဖစ္ရရွိထားသည့္ ပူးေပါင္းေဆာင္ရြက္မႈ အင္အားျဖင့္ ဆက္လက္ လက္တြဲေဆာင္ရြက္ၾကမည္ျဖစ္ေၾကာင္းေျပာၾကားသည္။

ဧည့္သည္ေတာ္ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျပန္လည္ေျပာ ၾကားရာတြင္ ႏွစ္ႏုိင္ငံတပ္ မေတာ္ႏွစ္ရပ္ဆက္ဆံေရးႏွင့္ ခ်စ္ၾကည္ရင္းႏွီးမႈမွာ ယခင္ တပ္မေတာ္ေခါင္းေဆာင္မ်ား၏ ႀကိဳးစားအား ထုတ္မႈမ်ားျဖင့္ တုိးတက္ေကာင္းမြန္လာခဲ့ ၿပီး ထုိင္းတပ္မေတာ္မွ ေခါင္းေဆာင္မ်ားသည္ လက္ရွိတြင္ႏုိင္ငံ အတြက္၊ ျပည္သူ႕အက်ိဳး အတြက္ တတ္ႏုိင္သည့္ဘက္မွေဆာင္ရြက္ေနၾကဆဲျဖစ္ေၾကာင္း၊ ယခင္တပ္မ ေတာ္ေခါင္းေဆာင္ ျဖစ္ခဲ့ေသာ ထုိင္းဘုရင့္အတုိင္ပင္ခံေကာင္စီဥကၠ႒ General Prem Tinsulanonda ကလည္း အေဆြေတာ္ ဗုိလ္ခ်ဳပ္မွဴးႀကီး က်န္းမာပါေစေၾကာင္း၊ ႏုိင္ငံ့အတြက္အင္တုိက္အားတုိက္ တာ၀န္မ်ား ထမ္းေဆာင္ႏုိင္ပါေစေၾကာင္း၊ ဗုိလ္ခ်ဳပ္မွဴးႀကီးသည္ ျမန္မာႏုိင္ငံအတြက္ အေရးႀကီးသည့္ ပုဂၢိဳလ္ တစ္ဦးျဖစ္ပါေၾကာင္းျဖင့္ ဆုမြန္ေကာင္းစကားပါးလုိက္ပါေၾကာင္း၊ ျမန္မာ့တပ္မေတာ္ ကဲ့သုိ႔ပင္ ထုိင္းဘုရင့္ တပ္မေတာ္သည္လည္း ႏုိင္ငံ၏အေရးႀကီးသည့္ အခန္းက႑တြင္ ပါ၀င္ေဆာင္ရြက္ေနရဆဲျဖစ္ေၾကာင္း၊ ႏွစ္ႏုိင္ငံ၏ႏုိင္ငံေရးျဖစ္ေပၚ ေျပာင္းလဲမႈ သမုိင္းေၾကာင္းမ်ားအေပၚ သင္ခန္းစာယူ၍အေကာင္းဆုံးႀကိဳးစား ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း၊ ျမန္မာ့ႏုိင္ငံေရးအေျခအေနမ်ားကုိ ေလ့လာ ေစာင့္ၾကည့္လ်က္ရွိၿပီး တပ္မေတာ္ကုိေထာက္ခံသူမ်ားစြာရွိသည့္အတြက္ ေရရွည္တြင္ တပ္မေတာ္၏မွန္ကန္ေသာရပ္တည္ခ်က္ႏွင့္ လုပ္ေဆာင္ခ်က္ကုိ သိရွိလာၾကမည္သာ ျဖစ္ေၾကာင္း၊ တပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္ရြက္မႈမ်ားမွာ ယခင္ကထက္ ေလ်ာ့မသြားသည့္အျပင္ တစ္ေန႔ထက္တစ္ေန႔ ပုိမုိတုိးတက္လ်က္ရွိေၾကာင္း၊ ႏွစ္ႏုိင္ငံအၾကားႏွင့္ တပ္မေတာ္ေခါင္းေဆာင္မ်ားအၾကား ႐ုိးသားမႈကုိအေျခခံ၍ အိမ္နီးခ်င္းေကာင္းမ်ား၊ အာဆီယံအဖြဲ႕အတြင္း ပူးေပါင္းေဆာင္ရြက္မႈမ်ားမွာ ျငင္းမရေအာင္ခုိင္မာမႈရွိေနေၾကာင္း၊ ဆက္လက္၍အလယ္အလတ္အဆင့္ ေအာက္ေျခ အဆင့္ဆင့္ ပူးေပါင္းေဆာင္ရြက္မႈမ်ား ဆက္လက္တုိးျမႇင့္ေဆာင္ရြက္သြားၾကမည္ျဖစ္ ေၾကာင္း ျပန္လည္ေျပာၾကားသည္။

ထုိ႔ေနာက္ ႏွစ္ႏုိင္ငံတပ္မေတာ္မ်ားအေနျဖင့္ ႏုိင္ငံ့အေရးအတြက္၊ ျပည္သူမ်ား အတြက္ တစ္ေျဖာင့္တည္း ရပ္တည္ေဆာင္ရြက္လ်က္ရွိသည့္အေျခအေနမ်ား၊ ျမန္မာႏုိင္ငံ ျပည္တြင္းၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားတြင္ ၂၀၁၅ ခုႏွစ္ NCA စာခ်ဳပ္ကုိ လက္မွတ္ေရး ထုိးႏုိင္ခဲ့ျခင္းသည္ ထုိင္းႏုိင္ငံ၏အိမ္နီးခ်င္းေကာင္းပီသစြာ ကူညီေဆာင္ရြက္ေပးမႈမ်ားက အေရးပါေသာအခ်က္တစ္ခ်က္ျဖစ္သည့္ အေျခအေနမ်ား၊ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၂၁ ရက္တြင္ တပ္မေတာ္မွတစ္ဖက္သတ္အပစ္အခတ္ရပ္စဲေပးထားၿပီး တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႕အစည္းမ်ားေဆြးေႏြးႏုိင္ရန္ လမ္းဖြင့္ေပးထားမႈအေျခအေနမ်ား၊ တုိင္းရင္းသား လက္နက္ကုိင္ အဖြဲ႕အစည္းမ်ားအေနျဖင့္ ေတြ႕ဆုံၫႇိႏႈိင္းေဆြးေႏြးကာ ဒီမုိကေရစီလမ္းေၾကာင္းအတုိင္း မွန္မွန္ကန္ကန္ေလွ်ာက္လွမ္းႏုိင္ေရး၊ ႏုိင္ငံေရး လုပ္လုိပါက ႏုိင္ငံေရးပါတီအျဖစ္ေရြးေကာက္ပြဲ၀င္ေရာက္ရန္၊ စီးပြားေရးလုပ္လုိပါက တရား၀င္စီးပြားေရးလုပ္ငန္းမ်ားလုပ္ေဆာင္ရန္၊ ကာကြယ္ေရးလုပ္လုိပါက တပ္မေတာ္ တြင္စစ္မႈထမ္းအျဖစ္ ထမ္းေဆာင္ၾကရန္၊ ေအးေအးခ်မ္းခ်မ္းေနလုိပါက ေအးေအးခ်မ္း ခ်မ္းေနႏုိင္ရန္ အခ်က္ ၄ ခ်က္ျဖင့္ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းေပၚသုိ႔ ေရာက္ရွိရန္ တုိက္တြန္းလ်က္ရွိသည့္အေျခအေနမ်ား၊ ႏုိင္ငံတကာတြင္ေဆာင္ရြက္လ်က္ရွိသည့္ အတုိင္း NCADDR / SSR လုပ္ငန္းစဥ္မ်ားကုိ အဆုိပါတုိက္တြန္းခ်က္ ၄ ခ်က္ျဖင့္ ေဆာင္ရြက္ ႏုိင္မည့္အေျခအေနမ်ား၊ ႏွစ္ႏုိင္ငံအၾကားမူးယစ္ေဆး၀ါးတုိက္ဖ်က္ေရး ပူးေပါင္း ေဆာင္ရြက္မႈမ်ားကုိ ဆက္လက္တုိးျမႇင့္ေဆာင္ရြက္သြားမည့္အေျခအေနမ်ား၊ ျမန္မာ့ တပ္မေတာ္အေနျဖင့္ ႏုိင္ငံ၏အေျခအေနအရ၊ ဥပေဒအရ အမ်ိဳးသားႏုိင္ငံေရးတြင္ ပါ၀င္ေဆာင္ရြက္ေနၿပီး တုိင္းျပည္၏ ႏုိင္ငံေရးအေျခအေန အတက္အက်မရွိဘဲ တည္ၿငိမ္စိတ္ခ်ရၿပီဆုိပါက ႏုိင္ငံေရးစနစ္အတုိင္း ပုံစံတက် ေဆာင္ရြက္သြားမည့္ အေျခအေနမ်ား၊ ႏုိင္ငံတည္တံ့ရန္အတြက္ ႏုိင္ငံေရးတည္ၿငိမ္ခုိင္မာမႈ၊ တပ္မေတာ္ အင္အားေတာင့္တင္းခုိင္မာမႈရွိရန္လုိအပ္သည့္ အေျခအေနမ်ား၊ ႏွစ္ႏုိင္ငံတပ္မေတာ္မ်ား အေနျဖင့္ ကုိယ္က်ိဳးစီးပြားအတြက္မဟုတ္ဘဲ ႏုိင္ငံ့အေရးအတြက္ ျပည္သူကုိကာကြယ္ ေပးရန္၊ ကူညီေပးရန္၊ ေစာင့္ေရွာက္ေပးရန္၊ ျပည္သူ႕ဘက္မွရပ္တည္ေပးရန္သာ ေဆာင္ရြက္ေနၾကသည့္အေျခအေနမ်ား၊ ျပည္သူကအားကုိးရၿပီး တုိင္းျပည္ကအားထား ရသည့္ တပ္မေတာ္ျဖစ္ရန္ ေဆာင္ရြက္ရမည္အေျခအေနမ်ား၊ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္ အၾကား ေအာက္ေျခအဆင့္အထိ ခင္မင္ရင္းႏွီးစြာ ပူးေပါင္းေဆာင္ရြက္မႈမ်ားေၾကာင့္ ႏွစ္ႏုိင္ငံအၾကား ျပႆနာတစ္စုံတစ္ရာမရွိသည့္အေျခအေနမ်ား၊ ယဥ္ေက်းမႈအဖြဲ႕မ်ား၊ အားကစားအဖြဲ႕မ်ား အျပန္အလွန္ေစလႊတ္ေရး၊ ေအာက္ေျခအဆင့္အထိ အျပန္အလွန္ ခ်စ္ၾကည္ေရးခရီးစဥ္မ်ား တုိးျမႇင့္ေစလႊတ္ေရး၊ ထုိင္းႏုိင္ငံရွိ IDP စခန္းမ်ားမွ ျမန္မာႏုိင္ငံသားမ်ား ျမန္မာႏုိင္ငံသုိ႔ျပန္လာႏုိင္ေရး ပူးေပါင္းေဆာင္ရြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ ထုိင္းႏုိင္ငံတြင္ အလုပ္လုပ္ကုိင္လ်က္ရွိေသာ ျမန္မာႏုိင္ငံသားမ်ားကုိ ဥပေဒႏွင့္အညီေစာင့္ေရွာက္ေပးမည့္အေျခအေနမ်ား၊ တပ္မေတာ္ႏွစ္ရပ္အၾကား အက်ိဳးတူပူးေပါင္းေဆာင္ရြက္မႈႏွင့္ ခ်စ္ၾကည္ရင္းႏွီးမႈကုိ လက္ရွိအဆင့္ထက္ ပုိမုိျမင့္တက္ေအာင္ အရွိန္အဟုန္ျမႇင့္ေဆာင္ရြက္ၾကမည့္အေျခအေနမ်ားအား ခင္မင္ ရင္းႏွီးစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ထုိင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ General Ponpipat Benyasri အား တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္၏ ဂုဏ္ထူးေဆာင္တံဆိပ္အား ခ်ီးျမႇင့္အပ္ႏွင္းတပ္ဆင္ေပးသည္။ ယင္းဂုဏ္ထူး ေဆာင္တံဆိပ္မွာ ျပည္ပတပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္မ်ားအား ပထမဆုံးအႀကိမ္ ဂုဏ္ျပဳခ်ီးျမႇင့္အပ္ႏွင္းျခင္းျဖစ္ၿပီး General Ponpipat Benyasri မွာ ပထမဆုံးခ်ီးျမႇင့္ ခံရသည့္ပုဂၢိဳလ္ျဖစ္သည္။ ထုိ႔ေနာက္ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ယခုကဲ့သုိ႔ဂုဏ္ထူးေဆာင္တံဆိပ္ခ်ီးျမႇင့္ျခင္းအတြက္ အထူး၀မ္းေျမာက္ဂုဏ္ယူမိပါေၾကာင္း ေက်းဇူးတင္စကား ျပန္လည္ေျပာၾကားသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ ထုိင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္တုိ႔သည္ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ၾကၿပီး တက္ေရာက္ လာ ၾကသူမ်ားႏွင့္အတူ စုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ponpipat Benyasri ချစ်ကြည်ရင်းနှီးမှုကိစ္စရပ်များဆွေးနွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်အပ်နှင်း

နေပြည်တော်၊ ဖေဖေါ်ဝါရီ – ၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Ponpipat Benyasri အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ရှေ့၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆို သည်။ 

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကိုခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ကိုလိုက်လံ ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် အခမ်းအနားတက်ရောက်လာကြသော နှစ်နိုင်ငံ တပ်မတော်အရာရှိကြီးများကို အပြန်အလှန်မိတ် ဆက်ပေးကြသည်။ 

အဆိုပါဂုဏ်ပြုကြိုဆိုပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ထိုင်းဘုရင့်တပ်မတော်မှ Air Chief Marshal Winchai Nushkasem နှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်တပ်မတော်(ကြည်း၊ရေ၊လေ) စစ်သံမှူးများ တက်ရောက်ကြသည်။ 

ထို့နောက် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဇေယျာသီရိဗိမာန် ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးကြသည်။ 

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထိုင်းဘုရင့်တပ်မတော်နှင့် မြန်မာ့တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုမှာ ညီရင်း အစ်ကိုကဲ့သို့ ခိုင်မာလျက်ရှိပြီး နှစ်နိုင်ငံ နှင့်တပ်မတော်နှစ်ရပ်အကြား အကြောင်းအရာ ပေါင်းများစွာ တွေ့ဆုံဆွေးနွေးခြင်းနှင့် ပူးပေါင်းဆောင် ရွက်မှုများစွာပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား အတွေ့အကြုံများမှ ခေတ်မီ တပ်မတော်တည်ဆောက်ရေး နှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများအတွက် အပြန်အလှန် အကြံဉာဏ် ကောင်းများ၊ နည်းလမ်းကောင်းများရရှိခဲ့ကြကြောင်း၊ ရှေးယခင်နောင်တော်တပ်မတော် ဦးစီးချုပ် များလက်ထက်မှရရှိခဲ့သော ချစ်ကြည်ရင်းနှီးမှုများကို မိမိတာဝန်ယူသည့် အချိန်မှစ၍ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ရာ အောင်မြင်မှုများစွာရရှိနေပြီဖြစ်ကြောင်း၊ ယခုအဆွေတော်ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ကြည်း၊ ရေ၊ လေ ဦးစီးချုပ်များသည် မြန်မာ့တပ်မတော်မှ မိမိဦးဆောင်သည့် ကြည်း၊ ရေ၊ လေ ဦးစီးချုပ်များ အကြား ဆွေးနွေးညှိနှိုင်းမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်နိုင်ခဲ့သည်မှာ လွန်စွာအားရဖွယ်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်နှစ်ရပ်အကြား တူညီသည့်အချက် နှစ်ချက်မှာ မည်သို့ပူးပေါင်းဆောင်ရွက်ကြမည်၊ ချစ်ကြည် ရင်းနှီးမှုကိုမည်သို့ တိုးတက်အောင် ဆောင်ရွက်မည်ဆိုသည့်အချက်များဖြစ်ကြောင်း၊ နှစ်နိုင်ငံအိမ်နီးချင်း အဖြစ်သာမက အာဆီယံအဖွဲ့ဝင်နိုင်ငံများအဖြစ်ရရှိထားသည့် ပူးပေါင်းဆောင်ရွက်မှု အင်အားဖြင့် ဆက်လက် လက်တွဲဆောင်ရွက်ကြမည်ဖြစ်ကြောင်းပြောကြားသည်။ 

ဧည့်သည်တော် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ပြော ကြားရာတွင် နှစ်နိုင်ငံတပ် မတော်နှစ်ရပ်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုမှာ ယခင် တပ်မတော်ခေါင်းဆောင်များ၏ ကြိုးစားအား ထုတ်မှုများဖြင့် တိုးတက်ကောင်းမွန်လာခဲ့ ပြီး ထိုင်းတပ်မတော်မှ ခေါင်းဆောင်များသည် လက်ရှိတွင်နိုင်ငံ အတွက်၊ ပြည်သူ့အကျိုး အတွက် တတ်နိုင်သည့်ဘက်မှဆောင်ရွက်နေကြဆဲဖြစ်ကြောင်း၊ ယခင်တပ်မ တော်ခေါင်းဆောင် ဖြစ်ခဲ့သော ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ General Prem Tinsulanonda ကလည်း အဆွေတော် ဗိုလ်ချုပ်မှူးကြီး ကျန်းမာပါစေကြောင်း၊ နိုင်ငံ့အတွက်အင်တိုက်အားတိုက် တာဝန်များ ထမ်းဆောင်နိုင်ပါစေကြောင်း၊ ဗိုလ်ချုပ်မှူးကြီးသည် မြန်မာနိုင်ငံအတွက် အရေးကြီးသည့် ပုဂ္ဂိုလ် တစ်ဦးဖြစ်ပါကြောင်းဖြင့် ဆုမွန်ကောင်းစကားပါးလိုက်ပါကြောင်း၊ မြန်မာ့တပ်မတော် ကဲ့သို့ပင် ထိုင်းဘုရင့် တပ်မတော်သည်လည်း နိုင်ငံ၏အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါ၀င်ဆောင်ရွက်နေရဆဲဖြစ်ကြောင်း၊ နှစ်နိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု သမိုင်းကြောင်းများအပေါ် သင်ခန်းစာယူ၍အကောင်းဆုံးကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့နိုင်ငံရေးအခြေအနေများကို လေ့လာ စောင့်ကြည့်လျက်ရှိပြီး တပ်မတော်ကိုထောက်ခံသူများစွာရှိသည့်အတွက် ရေရှည်တွင် တပ်မတော်၏မှန်ကန်သောရပ်တည်ချက်နှင့် လုပ်ဆောင်ချက်ကို သိရှိလာကြမည်သာ ဖြစ်ကြောင်း၊ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများမှာ ယခင်ကထက် လျော့မသွားသည့်အပြင် တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်လျက်ရှိကြောင်း၊ နှစ်နိုင်ငံအကြားနှင့် တပ်မတော်ခေါင်းဆောင်များအကြား ရိုးသားမှုကိုအခြေခံ၍ အိမ်နီးချင်းကောင်းများ၊ အာဆီယံအဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်မှုများမှာ ငြင်းမရအောင်ခိုင်မာမှုရှိနေကြောင်း၊ ဆက်လက်၍အလယ်အလတ်အဆင့် အောက်ခြေ အဆင့်ဆင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားကြမည်ဖြစ် ကြောင်း ပြန်လည်ပြောကြားသည်။ 

ထို့နောက် နှစ်နိုင်ငံတပ်မတော်များအနေဖြင့် နိုင်ငံ့အရေးအတွက်၊ ပြည်သူများ အတွက် တစ်ဖြောင့်တည်း ရပ်တည်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ၂၀၁၅ ခုနှစ် NCA စာချုပ်ကို လက်မှတ်ရေး ထိုးနိုင်ခဲ့ခြင်းသည် ထိုင်းနိုင်ငံ၏အိမ်နီးချင်းကောင်းပီသစွာ ကူညီဆောင်ရွက်ပေးမှုများက အရေးပါသောအချက်တစ်ချက်ဖြစ်သည့် အခြေအနေများ၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်တွင် တပ်မတော်မှတစ်ဖက်သတ်အပစ်အခတ်ရပ်စဲပေးထားပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဆွေးနွေးနိုင်ရန် လမ်းဖွင့်ပေးထားမှုအခြေအနေများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးကာ ဒီမိုကရေစီလမ်းကြောင်းအတိုင်း မှန်မှန်ကန်ကန်လျှောက်လှမ်းနိုင်ရေး၊ နိုင်ငံရေး လုပ်လိုပါက နိုင်ငံရေးပါတီအဖြစ်ရွေးကောက်ပွဲဝင်ရောက်ရန်၊ စီးပွားရေးလုပ်လိုပါက တရားဝင်စီးပွားရေးလုပ်ငန်းများလုပ်ဆောင်ရန်၊ ကာကွယ်ရေးလုပ်လိုပါက တပ်မတော် တွင်စစ်မှုထမ်းအဖြစ် ထမ်းဆောင်ကြရန်၊ အေးအေးချမ်းချမ်းနေလိုပါက အေးအေးချမ်း ချမ်းနေနိုင်ရန် အချက် ၄ ချက်ဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိရန် တိုက်တွန်းလျက်ရှိသည့်အခြေအနေများ၊ နိုင်ငံတကာတွင်ဆောင်ရွက်လျက်ရှိသည့် အတိုင်း NCADDR / SSR လုပ်ငန်းစဉ်များကို အဆိုပါတိုက်တွန်းချက် ၄ ချက်ဖြင့် ဆောင်ရွက် နိုင်မည့်အခြေအနေများ၊ နှစ်နိုင်ငံအကြားမူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာ့ တပ်မတော်အနေဖြင့် နိုင်ငံ၏အခြေအနေအရ၊ ဥပဒေအရ အမျိုးသားနိုင်ငံရေးတွင် ပါ၀င်ဆောင်ရွက်နေပြီး တိုင်းပြည်၏ နိုင်ငံရေးအခြေအနေ အတက်အကျမရှိဘဲ တည်ငြိမ်စိတ်ချရပြီဆိုပါက နိုင်ငံရေးစနစ်အတိုင်း ပုံစံတကျ ဆောင်ရွက်သွားမည့် အခြေအနေများ၊ နိုင်ငံတည်တံ့ရန်အတွက် နိုင်ငံရေးတည်ငြိမ်ခိုင်မာမှု၊ တပ်မတော် အင်အားတောင့်တင်းခိုင်မာမှုရှိရန်လိုအပ်သည့် အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်များ အနေဖြင့် ကိုယ်ကျိုးစီးပွားအတွက်မဟုတ်ဘဲ နိုင်ငံ့အရေးအတွက် ပြည်သူကိုကာကွယ် ပေးရန်၊ ကူညီပေးရန်၊ စောင့်ရှောက်ပေးရန်၊ ပြည်သူ့ဘက်မှရပ်တည်ပေးရန်သာ ဆောင်ရွက်နေကြသည့်အခြေအနေများ၊ ပြည်သူကအားကိုးရပြီး တိုင်းပြည်ကအားထား ရသည့် တပ်မတော်ဖြစ်ရန် ဆောင်ရွက်ရမည်အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အကြား အောက်ခြေအဆင့်အထိ ခင်မင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုများကြောင့် နှစ်နိုင်ငံအကြား ပြဿနာတစ်စုံတစ်ရာမရှိသည့်အခြေအနေများ၊ ယဉ်ကျေးမှုအဖွဲ့များ၊ အားကစားအဖွဲ့များ အပြန်အလှန်စေလွှတ်ရေး၊ အောက်ခြေအဆင့်အထိ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များ တိုးမြှင့်စေလွှတ်ရေး၊ ထိုင်းနိုင်ငံရှိ IDP စခန်းများမှ မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ပြန်လာနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသားများကို ဥပဒေနှင့်အညီစောင့်ရှောက်ပေးမည့်အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား အကျိုးတူပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို လက်ရှိအဆင့်ထက် ပိုမိုမြင့်တက်အောင် အရှိန်အဟုန်မြှင့်ဆောင်ရွက်ကြမည့်အခြေအနေများအား ခင်မင် ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။ 

တွေ့ဆုံပွဲအပြီးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Ponpipat Benyasri အား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင်တံဆိပ်အား ချီးမြှင့်အပ်နှင်းတပ်ဆင်ပေးသည်။ ယင်းဂုဏ်ထူး ဆောင်တံဆိပ်မှာ ပြည်ပတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များအား ပထမဆုံးအကြိမ် ဂုဏ်ပြုချီးမြှင့်အပ်နှင်းခြင်းဖြစ်ပြီး General Ponpipat Benyasri မှာ ပထမဆုံးချီးမြှင့် ခံရသည့်ပုဂ္ဂိုလ်ဖြစ်သည်။ ထို့နောက် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်ခြင်းအတွက် အထူးဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက် လာ ကြသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။