တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသလျက်ရှိသည့် ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင် ဦးအောင်ခမ်းထီအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြား

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ ၂၄

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ဇနီးေဒၚၾကဴၾကဴလွႏွင့္ တပ္မေတာ္အရာ ရွိႀကီမ်ားလုိက္ပါၿပီး ရန္ကုန္ၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ုံ ကုတင္(၁၀၀၀)တြင္ အဆုတ္ေရာင္ေရာဂါျဖင့္ တက္ေရာက္ ကုသမႈခံယူ လ်က္ရွိသည့္ ပအုိ၀္းတိုင္းရင္းသားေခါင္းေဆာင္ ဦးေအာင္ခမ္းထီအား ယေန႔ေန႔လယ္ပုိင္းတြင္ သြားေရာက္ၾကည့္႐ႈအားေပး စကားေျပာၾကားသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ အထူးၾကပ္မတ္ကုသေဆာင္တြင္ ေဆး႐ုံတက္ေရာက္ကုသမႈခံယူလ်က္ရွိသည့္ ပအုိ၀္းတိုင္းရင္းသားေခါင္းေဆာင္ ဦးေအာင္ခမ္းထီအားေတြ႕ဆုံၿပီး က်န္းမာေရးအေျခအေနမ်ားအား ရင္းရင္းႏွီးႏွီးေမးျမန္း အားေပးစကားေျပာၾကားကာ လုိအပ္သည္မ်ားျဖည့္ဆည္းေဆာင္ရြက္ေပးၿပီး စားေသာက္ဖြယ္ရာ မ်ားေပးအပ္ခဲ့ေၾကာင္းႏွင့္ တပ္မေတာ္ေဆးကုသမႈပါရဂူမ်ား၏ ၾကပ္မတ္စစ္ေဆးကုသေပးမႈမ်ားေၾကာင့္ ဦးေအာင္ခမ္းထီ၏က်န္းမာေရးအေျခအေန ေကာင္းမြန္ေနၿပီ ျဖစ္သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသလျက်ရှိသည့် ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင် ဦးအောင်ခမ်းထီအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှနှင့် တပ်မတော်အရာ ရှိကြီများလိုက်ပါပြီး ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံ ကုတင်(၁၀၀၀)တွင် အဆုတ်ရောင်ရောဂါဖြင့် တက်ရောက် ကုသမှုခံယူ လျက်ရှိသည့် ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင် ဦးအောင်ခမ်းထီအား ယနေ့နေ့လယ်ပိုင်းတွင် သွားရောက်ကြည့်ရှုအားပေး စကားပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အထူးကြပ်မတ်ကုသဆောင်တွင် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင် ဦးအောင်ခမ်းထီအားတွေ့ဆုံပြီး ကျန်းမာရေးအခြေအနေများအား ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားကာ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာ များပေးအပ်ခဲ့ကြောင်းနှင့် တပ်မတော်ဆေးကုသမှုပါရဂူများ၏ ကြပ်မတ်စစ်ဆေးကုသပေးမှုများကြောင့် ဦးအောင်ခမ်းထီ၏ကျန်းမာရေးအခြေအနေ ကောင်းမွန်နေပြီ ဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။