တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထုံးဘိုရှိ တပ်မတော် အကြီးစား စက်ရုံသို့ သွားရောက်ပြီး မော်တော်ယာဉ်များနှင့် စက်အစိတ်အပိုင်းများ ထုတ်လုပ်နေမှုအခြေအနေ များအား ကြည့်ရှုစစ်ဆေး

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ ၂၅

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေတာင္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ႏွင့္ တာ၀န္ရွိသူမ်ားလုိက္ပါၿပီး ယေန႔ ေန႔လယ္ပုိင္းတြင္ ထုံးဘုိရွိ တပ္မေတာ္အႀကီးစားစက္႐ုံသုိ႔ သြားေရာက္ၾကည့္႐ႈ စစ္ေဆးသည္။

ဦးစြာ အစည္းအေ၀းခန္းမတြင္ စက္႐ုံမွဴးႏွင့္တာ၀န္ရွိသူမ်ားက ေမာ္ေတာ္ယာဥ္မ်ားႏွင့္ စက္အစိတ္ အပုိင္းမ်ား ထုတ္လုပ္ေနမႈ အေျခအေနမ်ားအား ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လုိအပ္သည္မ်ား မွာၾကားျဖည့္ဆည္း ေဆာင္ရြက္ေပးသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ စက္႐ုံအတြင္း ေမာ္ေတာ္ယာဥ္ အတြက္ လုိအပ္သည့္ အစိတ္အပုိင္းမ်ားထုတ္လုပ္ေနမႈ၊ ေမာ္ေတာ္ယာဥ္မ်ား တပ္ဆင္ထုတ္လုပ္ ထားရွိမႈ အေျခအေနမ်ား၊ Machine Shop ႏွင့္ Diesel Engine Manufacturing Plant အတြင္း လုိင္းမ်ားအတြင္းရွိ အင္ဂ်င္ထုတ္လုပ္သည့္ လုိင္းမ်ားရွိ စက္ပစၥည္းမ်ားအား လွည့္လည္ၾကည့္႐ႈ စစ္ေဆးၿပီး တာ၀န္ရွိသူမ်ား၏ တင္ျပခ်က္မ်ားအေပၚ လုိအပ္သည္မ်ား မွာၾကားျဖည့္ဆည္း ေဆာင္ရြက္ေပးသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ စက္႐ုံ၀န္ထမ္းမ်ားအား ေတြ႕ဆုံ၍ ၂၀၁၆ ခုႏွစ္တြင္ စက္႐ုံအား တပ္မေတာ္မွလႊဲေျပာင္းရယူၿပီးခ်ိန္၌ ရပ္တန္႔ေနေသာ ေမာ္ေတာ္ယာဥ္ႏွင့္ အင္ဂ်င္အစိတ္အပုိင္းမ်ား ထုတ္လုပ္မႈကုိ ျပန္လည္ထုတ္လုပ္ႏုိင္ရန္ေဆာင္ရြက္ခဲ့ၿပီး ယခုအခါ ေမာ္ေတာ္ယာဥ္မ်ား စတင္ထုတ္လုပ္ ႏုိင္ေနၿပီ ျဖစ္ေၾကာင္းႏွင့္ ျမန္မာႏုိင္ငံ၏ ပထမဆုံး ကုိယ္ပုိင္ဒီဇုိင္းျဖင့္ ေမာ္ေတာ္ယာဥ္မ်ားအား စတင္ထုတ္လုပ္ ႏုိင္ခဲ့ၿပီျဖစ္ရာ အစီး ၁၀၀ ေျမာက္ ထုတ္လုပ္ၿပီးစီးႏုိင္၍ ဂုဏ္ျပဳပါေၾကာင္း၊ ယခင္အေျခခံရွိၿပီးသားစက္မ်ား၊ အေတြ႕အႀကဳံရွိၿပီး စက္႐ုံလုပ္သားမ်ားႏွင့္ ေခတ္မီနည္းပညာမ်ားေပါင္းစပ္ၿပီး မိမိတုိ႔စက္႐ုံမွထုတ္လုပ္သည့္ ေမာ္ေတာ္ယာဥ္မ်ားအား အရည္အေသြး ေကာင္းမြန္ေအာင္ေဆာင္ရြက္ျခင္းျဖင့္ မိမိတုိ႔စက္႐ုံ၏ဂုဏ္ကုိ ျမႇင့္တင္ၾကရမည္ျဖစ္ေၾကာင္း၊ ေမာ္ေတာ္ယာဥ္ထုတ္လုပ္မႈလုပ္ငန္းမ်ားကုိလည္း ယခုထက္ပုိမုိ တုိးတက္ေအာင္ ေဆာင္ရြက္ၾကေစလုိေၾကာင္း၊ မိမိတုိ႔လုပ္ငန္းမ်ား ေဆာင္ရြက္ရာတြင္ အားလုံး မိသားစုုစိတ္ဓာတ္ျဖင့္ သစၥာရွိရွိ၊ ေပ်ာ္ေပ်ာ္ရႊင္ရႊင္၊ တိတိက်က်ေဆာင္ရြက္၍ စည္းကမ္းရွိစြာျဖင့္ ေနထုိင္ၾကေစလုိေၾကာင္းမွာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စက္႐ုံ၀န္ထမ္းမ်ားအတြက္ ခ်ီးျမႇင့္ေငြမ်ား ေပးအပ္ခဲ့ သည္။ အဆုိပါ တပ္မေတာ္အႀကီးစားစက္႐ုံ(ထုံးဘုိ)သည္ ယခင္က အမွတ္(၂)စက္မႈ၀န္ႀကီးဌာနမွ တာ၀န္ယူေဆာင္ရြက္၍ Mazada Jeep၊ B -600၊ T-2000 ေမာ္ေတာ္ယာဥ္မ်ား ထုတ္လုပ္ခဲ့ကာ ၂၀၁၆ ခုႏွစ္တြင္ တပ္မေတာ္မွလႊဲေျပာင္းရယူခဲ့ၿပီး ယခုအခါေမာ္ေတာ္ယာဥ္မ်ားအား ဆက္လက္တပ္ဆင္ ထုတ္လုပ္လ်က္ရွိသည္။ ယခုဘ႑ာႏွစ္အတြင္း INLAY Jeep အစီး ၂၀၀ ထုတ္လုပ္သြားမည္ျဖစ္ၿပီး ဆက္လက္၍ ႏွစ္စဥ္ အစီး ၁၀၀၀ အထိ တုိးတက္ထုတ္လုပ္သြားရန္ စီမံေဆာင္ရြက္လ်က္ရွိသည္။ စက္႐ုံအလုပ္႐ုံအတြင္း အသုံးျပဳသည့္စက္မ်ားသည္ ၁၉၆၄ ခုႏွစ္မွ ၁၉၇၈ ခုႏွစ္ကာလက ဂ်ပန္ႏုိင္ငံမွ ထုတ္လုပ္သည့္ OSAKA KOSAKUSHO ၊ HITACHI SEIKI ၊ MITSUBISHI ၊ OKUMA ၊ SHOUN ၊ OKK ၊ SEIKOSHA ၊ ROKU ROKU SANGVO ၊ YOSHIDA ၊ TOKUSHU KOKI SEISA KUSHO ၊ TSOGAMI ၊ TOYOKOGVO စေသာ စက္အေဟာင္းမ်ားကုိ ျပန္လည္ျပဳျပင္၍ ေမာ္ေတာ္ယာဥ္မ်ား၊ အင္ဂ်င္ႏွင့္ စက္ပစၥည္း အစိတ္အပုိင္းမ်ား ထုတ္လုပ္ျခင္းျဖင့္ ႏုိင္ငံအတြက္ ျပည္ပသြင္းကုန္အစားထုိးႏုိင္ေရးႏွင့္ ႏုိင္ငံျခားေငြကုန္က်မႈအား တစ္ဖက္တစ္လမ္းမွ ထိန္းသိမ္းေပးႏုိင္ရန္ ႀကိဳးပမ္းေဆာင္ရြက္ေနျခင္းျဖစ္သည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ျပည္ၿမိဳ႕၊ သေရေခတၱရာ ၿမိဳ႕ေဟာင္းအတြင္း က်ေရာက္လ်က္ရွိသည့္ ေလယာဥ္ကြင္းသုိ႔ ေရာက္ရွိၿပီး ဌာနဆုိင္ရာ တာ၀န္ရွိသူမ်ားႏွင့္ေတြ႕ဆုံကာ ေလယာဥ္ကြင္းအား ဆက္လက္ထိန္းသိမ္း ေဆာင္ရြက္ႏုိင္ေရး လုိအပ္သည္မ်ား အႀကံျပဳေဆြးေႏြးခဲ့သည္။

 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထုံးဘိုရှိ တပ်မတော် အကြီးစား စက်ရုံသို့ သွားရောက်ပြီး မော်တော်ယာဉ်များနှင့် စက်အစိတ်အပိုင်းများ ထုတ်လုပ်နေမှုအခြေအနေ များအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး နှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့ နေ့လယ်ပိုင်းတွင် ထုံးဘိုရှိ တပ်မတော်အကြီးစားစက်ရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ အစည်းအဝေးခန်းမတွင် စက်ရုံမှူးနှင့်တာဝန်ရှိသူများက မော်တော်ယာဉ်များနှင့် စက်အစိတ် အပိုင်းများ ထုတ်လုပ်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စက်ရုံအတွင်း မော်တော်ယာဉ် အတွက် လိုအပ်သည့် အစိတ်အပိုင်းများထုတ်လုပ်နေမှု၊ မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ် ထားရှိမှု အခြေအနေများ၊ Machine Shop နှင့် Diesel Engine Manufacturing Plant အတွင်း လိုင်းများအတွင်းရှိ အင်ဂျင်ထုတ်လုပ်သည့် လိုင်းများရှိ စက်ပစ္စည်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စက်ရုံဝန်ထမ်းများအား တွေ့ဆုံ၍ ၂၀၁၆ ခုနှစ်တွင် စက်ရုံအား တပ်မတော်မှလွှဲပြောင်းရယူပြီးချိန်၌ ရပ်တန့်နေသော မော်တော်ယာဉ်နှင့် အင်ဂျင်အစိတ်အပိုင်းများ ထုတ်လုပ်မှုကို ပြန်လည်ထုတ်လုပ်နိုင်ရန်ဆောင်ရွက်ခဲ့ပြီး ယခုအခါ မော်တော်ယာဉ်များ စတင်ထုတ်လုပ် နိုင်နေပြီ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ပထမဆုံး ကိုယ်ပိုင်ဒီဇိုင်းဖြင့် မော်တော်ယာဉ်များအား စတင်ထုတ်လုပ် နိုင်ခဲ့ပြီဖြစ်ရာ အစီး ၁၀၀ မြောက် ထုတ်လုပ်ပြီးစီးနိုင်၍ ဂုဏ်ပြုပါကြောင်း၊ ယခင်အခြေခံရှိပြီးသားစက်များ၊ အတွေ့အကြုံရှိပြီး စက်ရုံလုပ်သားများနှင့် ခေတ်မီနည်းပညာများပေါင်းစပ်ပြီး မိမိတို့စက်ရုံမှထုတ်လုပ်သည့် မော်တော်ယာဉ်များအား အရည်အသွေး ကောင်းမွန်အောင်ဆောင်ရွက်ခြင်းဖြင့် မိမိတို့စက်ရုံ၏ဂုဏ်ကို မြှင့်တင်ကြရမည်ဖြစ်ကြောင်း၊ မော်တော်ယာဉ်ထုတ်လုပ်မှုလုပ်ငန်းများကိုလည်း ယခုထက်ပိုမို တိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့လုပ်ငန်းများ ဆောင်ရွက်ရာတွင် အားလုံး မိသားစုစိတ်ဓာတ်ဖြင့် သစ္စာရှိရှိ၊ ပျော်ပျော်ရွှင်ရွှင်၊ တိတိကျကျဆောင်ရွက်၍ စည်းကမ်းရှိစွာဖြင့် နေထိုင်ကြစေလိုကြောင်းမှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ သည်။ အဆိုပါ တပ်မတော်အကြီးစားစက်ရုံ(ထုံးဘို)သည် ယခင်က အမှတ်(၂)စက်မှုဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်၍ Mazada Jeep၊ B -600၊ T-2000 မော်တော်ယာဉ်များ ထုတ်လုပ်ခဲ့ကာ ၂၀၁၆ ခုနှစ်တွင် တပ်မတော်မှလွှဲပြောင်းရယူခဲ့ပြီး ယခုအခါမော်တော်ယာဉ်များအား ဆက်လက်တပ်ဆင် ထုတ်လုပ်လျက်ရှိသည်။ ယခုဘဏ္ဍာနှစ်အတွင်း INLAY Jeep အစီး ၂၀၀ ထုတ်လုပ်သွားမည်ဖြစ်ပြီး ဆက်လက်၍ နှစ်စဉ် အစီး ၁၀၀၀ အထိ တိုးတက်ထုတ်လုပ်သွားရန် စီမံဆောင်ရွက်လျက်ရှိသည်။ စက်ရုံအလုပ်ရုံအတွင်း အသုံးပြုသည့်စက်များသည် ၁၉၆၄ ခုနှစ်မှ ၁၉၇၈ ခုနှစ်ကာလက ဂျပန်နိုင်ငံမှ ထုတ်လုပ်သည့် OSAKA KOSAKUSHO ၊ HITACHI SEIKI ၊ MITSUBISHI ၊ OKUMA ၊ SHOUN ၊ OKK ၊ SEIKOSHA ၊ ROKU ROKU SANGVO ၊ YOSHIDA ၊ TOKUSHU KOKI SEISA KUSHO ၊ TSOGAMI ၊ TOYOKOGVO စသော စက်အဟောင်းများကို ပြန်လည်ပြုပြင်၍ မော်တော်ယာဉ်များ၊ အင်ဂျင်နှင့် စက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ခြင်းဖြင့် နိုင်ငံအတွက် ပြည်ပသွင်းကုန်အစားထိုးနိုင်ရေးနှင့် နိုင်ငံခြားငွေကုန်ကျမှုအား တစ်ဖက်တစ်လမ်းမှ ထိန်းသိမ်းပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်မြို့၊ သရေခေတ္တရာ မြို့ဟောင်းအတွင်း ကျရောက်လျက်ရှိသည့် လေယာဉ်ကွင်းသို့ ရောက်ရှိပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လေယာဉ်ကွင်းအား ဆက်လက်ထိန်းသိမ်း ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ အကြံပြုဆွေးနွေးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။