တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှေးဟောင်းသမိုင်းဝင် ရွှေနတ်တောင်စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ – ၂၇

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေတာင္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္တုိင္းမွဴးႏွင့္ တာ၀န္ရွိသူမ်ား လုိက္ပါၿပီး ယေန႔နံနက္ပုိင္းတြင္ ပဲခူးတုိင္းေဒသႀကီး၊ ေရႊေတာင္ၿမိဳ႕ရွိ ေရွးေဟာင္းသမုိင္း၀င္ ေရႊနတ္ေတာင္ေစတီေတာ္ျမတ္ႀကီးသုိ႔ သြားေရာက္ ဖူးေျမာ္ၾကည္ညိဳသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔သည္ ေစတီေတာ္ျမတ္ႀကီးရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ အား ဖူးေျမာ္ၾကည္ညိဳၿပီး ပန္း၊ ေရခ်မ္းမ်ားကပ္လွဴပူေဇာ္၍ ေစတီေတာ္ႀကီးအား လက္ယာရစ္ လွည့္လည္ဖူးေျမာ္ၾကည္ညိဳၾကသည္။

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔သည္ ေစတီေတာ္ျမတ္ႀကီး ဘက္စုံျပဳျပင္ မြမ္းမံရန္အတြက္ အလွဴေငြမ်ားအားေဂါပကအဖြဲ႕ထံေပးအပ္လွဴဒါန္းရာ ေဂါပကအဖြဲ႕က ေစတီေတာ္ ႀကီး၏ဓာတ္ပုံကားခ်ပ္အား ဓမၼလက္ေဆာင္အျဖစ္ ျပန္လည္ ေပးအပ္သည္။ ယင္းေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ေစတီေတာ္ႀကီး၏ သမုိင္းအေထာက္အထား ခုိင္ခုိင္လုံလုံျဖင့္ သမုိင္း မွတ္တမ္းျပဳစုႏုိင္ေရး၊ ေဂါပကမ်ား အဆက္ဆက္ေဆာင္ရြက္ခ်က္မ်ားကုိ စနစ္တက် မွတ္တမ္း ထားရွိေရး၊ ဘက္စုံျပဳျပင္ မြမ္းမံမႈမ်ားကုိ ကြၽမ္းက်င္သူမ်ားႏွင့္တုိင္ပင္၍ စနစ္တက်ေဆာင္ရြက္ႏုိင္ေရး တုိ႕ကုိ အႀကံျပဳေဆြးေႏြးၿပီး ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ မွတ္တမ္းတင္လက္မွတ္ေရးထုိးခဲ့သည္။

 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှေးဟောင်းသမိုင်းဝင် ရွှေနတ်တောင်စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို

နေပြည်တော်၊ ဖေဖော်ဝါရီ – ၂၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေနတ်တောင်စေတီတော်မြတ်ကြီးသို့ သွားရောက် ဖူးမြော်ကြည်ညိုသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ် အား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်းများကပ်လှူပူဇော်၍ စေတီတော်ကြီးအား လက်ယာရစ် လှည့်လည်ဖူးမြော်ကြည်ညိုကြသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် စေတီတော်မြတ်ကြီး ဘက်စုံပြုပြင် မွမ်းမံရန်အတွက် အလှူငွေများအားဂေါပကအဖွဲ့ထံပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့က စေတီတော် ကြီး၏ဓာတ်ပုံကားချပ်အား ဓမ္မလက်ဆောင်အဖြစ် ပြန်လည် ပေးအပ်သည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စေတီတော်ကြီး၏ သမိုင်းအထောက်အထား ခိုင်ခိုင်လုံလုံဖြင့် သမိုင်း မှတ်တမ်းပြုစုနိုင်ရေး၊ ဂေါပကများ အဆက်ဆက်ဆောင်ရွက်ချက်များကို စနစ်တကျ မှတ်တမ်း ထားရှိရေး၊ ဘက်စုံပြုပြင် မွမ်းမံမှုများကို ကျွမ်းကျင်သူများနှင့်တိုင်ပင်၍ စနစ်တကျဆောင်ရွက်နိုင်ရေး တို့ကို အကြံပြုဆွေးနွေးပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့သည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။