တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မကွေးတပ်နယ်နှင့် မြင်းခြံ တပ်နယ်ရှိ တပ်မတော်အကြီးစားစက်ရုံများသို့ သွားရောက်ပြီး မော်တော်ယာဉ်များအတွက် စက်အစိတ်အပိုင်းများထုတ်လုပ်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ – ၂၇

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ တာ၀န္ရွိသူမ်ားလုိက္ပါၿပီး ယေန႔ ေန႔လယ္ပုိင္းတြင္ မေကြးတပ္နယ္ရွိ တပ္မေတာ္ အႀကီးစားစက္႐ုံသုိ႔သြားေရာက္ၾကည့္႐ႈစစ္ေဆးသည္။

စက္႐ုံအစည္းအေ၀းခန္းမတြင္ တာ၀န္ရွိသူတစ္ဦးက စက္႐ုံသမုိင္းအက်ဥ္းႏွင့္ ေမာ္ေတာ္ယာဥ္မ်ား အတြက္လုိအပ္သည့္ Gear  အစိတ္အပုိင္းမ်ားႏွင့္ Gear Box မ်ား ထုတ္လုပ္ေနမႈအေျခအေန မ်ားအား ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သိရွိလုိသည္မ်ားေမးျမန္းၿပီး လုိအပ္သည္မ်ားမွာၾကားျဖည့္ဆည္း ေဆာင္ရြက္ ေပးသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ စက္႐ုံမွ ထုတ္လုပ္ခဲ့သည့္ TATA Truck  ေမာ္ေတာ္ယာဥ္မ်ားႏွင့္ ေမာ္ေတာ္ယာဥ္ထုတ္လုပ္ရန္ တပ္ဆင္ထားရွိသည့္ Truck Assembly Line မ်ားအား လုိက္လံၾကည့္႐ႈၾကသည္။ ယင္းေနာက္ City Bus  ႏွင့္ Innlay Jeep ကားမ်ား အတြက္လုိအပ္သည့္  Gear Box မ်ားထုတ္လုပ္ တပ္ဆင္ေနမႈအေျခအေနမ်ားအား လွည့္လည္ ၾကည့္႐ႈစစ္ေဆးၿပီး တာ၀န္ရွိသူမ်ား၏ တင္ျပခ်က္မ်ားအေပၚ လုိအပ္သည္မ်ားမွာၾကားျဖည့္ဆည္း ေဆာင္ရြက္ေပးသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ စက္႐ုံ၀န္ထမ္းမ်ားအား ေတြ႕ဆုံအမွာစကား ေျပာၾကားသည္။ ထုိ႔ေနာက္ စက္႐ုံ၀န္ထမ္းမ်ား၏ လုိအပ္ခ်က္မ်ား ေမးျမန္း၍ တင္ျပခ်က္မ်ားအေပၚ လုိအပ္သည္မ်ားျဖည့္ဆည္းေဆာင္ရြက္ေပးၿပီး စက္႐ုံမွ INNLAY  Jeep  အတြက္ Gear Box မ်ား ထုတ္လုပ္ႏုိင္ျခင္းအတြက္ စက္႐ုံ၀န္ထမ္းမ်ား အား ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ားေပးအပ္သည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ျမင္းၿခံတပ္နယ္ရွိ တပ္မေတာ္ အႀကီးစားစက္႐ုံသုိ႔ေရာက္ရွိၾကရာ အစည္းအေ၀းခန္းမတြင္ တာ၀န္ရွိသူတစ္ဦးက ေမာ္ေတာ္ယာဥ္မ်ား အတြက္လုိအပ္သည့္ Light Truck Axle၊ Heavy Duty Truck ႏွင့္ INNLAY  Jeep  Axle  မ်ား ထုတ္လုပ္ေနမႈအေျခအေနမ်ား အားရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လုိအပ္သည္မ်ားမွာၾကား ျဖည့္ဆည္းေဆာင္ရြက္ေပးသည္။

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ စက္႐ုံအတြင္း ေမာ္ေတာ္ယာဥ္ မ်ားအတြက္လုိအပ္သည့္ Axle မ်ားတပ္ဆင္ထုတ္လုပ္ေနမႈအေျခအေနမ်ားအား လုိက္လံ ၾကည့္႐ႈစစ္ေဆးရာ တာ၀န္ရွိသူမ်ားက ရွင္းလင္းတင္ျပၾကသည္။ ယင္းေနာက္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က စက္႐ုံ၀န္ထမ္းမ်ားအား ေတြ႕ဆုံအမွာ စကားေျပာၾကားသည္။ ထုိ႔ေနာက္ စက္႐ုံ၀န္ထမ္းမ်ား၏လုိအပ္ခ်က္မ်ားေမးျမန္း၍ တင္ျပခ်က္မ်ားအေပၚ လုိအပ္သည္မ်ား ျဖည့္ဆည္း ေဆာင္ရြက္ေပးၿပီး စက္႐ုံမွ INNLAY  Jeep အတြက္ Axle မ်ားထုတ္လုပ္ႏုိင္ျခင္းအတြက္ စက္႐ုံ၀န္ထမ္းမ်ားအား ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ားေပးအပ္သည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စက္႐ုံမ်ားရွိ၀န္ထမ္းမ်ားအား ေတြ႕ဆုံအမွာ စကားေျပာၾကားရာ၌ ယခုစက္႐ုံမ်ားသည္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ရပ္နားထားခဲ့ရၿပီးေနာက္ တပ္မေတာ္မွ လႊဲေျပာင္း ရယူ၍ ေမာ္ေတာ္ယာဥ္မ်ားႏွင့္ စက္အစိတ္အပုိင္းမ်ား၊  Gear Box မ်ား၊ Axle မ်ား ျပန္လည္ထုတ္လုပ္ႏုိင္ေရး ျပင္ဆင္စီမံေဆာင္ရြက္လ်က္ရွိေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ေမာ္ေတာ္ယာဥ္မ်ားအားထုတ္လုပ္ရာတြင္ ကုိယ္ပုိင္ဒီဇုိင္းမ်ားေရးဆြဲၿပီး ထုတ္လုပ္လ်က္ရွိေၾကာင္း၊ ျပည္ပမွလူစီးေမာ္ေတာ္ယာဥ္မ်ားႏွင့္ လုပ္ငန္းသုံး ေမာ္ေတာ္ယာဥ္ႀကီးမ်ားအထိ ေျမာက္မ်ားစြာ တင္သြင္းေနရသည့္အတြက္ ျပည္တြင္းေမာ္ေတာ္ယာဥ္လုိအပ္ခ်က္ကုိ ျဖည့္ဆည္းေပးႏုိင္ရန္ႏွင့္ ျပည္ပသြင္းကုန္အစားထုိးႏုိင္ရန္  အတြက္ အရည္အေသြးျပည့္မီသည့္ ေမာ္ေတာ္ယာဥ္မ်ား ထုတ္လုပ္ ႏုိင္ရန္ ႀကိဳးစား ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ယခုအခ်ိန္တြင္ေမာ္ေတာ္ယာဥ္မ်ားႏွင့္ ဆက္စပ္ အစိတ္အပုိင္းမ်ားကုိ စတင္ထုတ္လုပ္ေနၿပီး ဆက္လက္၍လည္းဆီစားႏႈန္းသက္သာေသာ၊  ျမင္းေကာင္ေရနည္းေသာ၊ လုံၿခံဳမႈရွိၿပီး ရာသီဥတုဒဏ္ခံႏုိင္ေသာ၊ ယာဥ္ေၾကာၾကပ္တည္းမႈကုိေျဖ ေလွ်ာ့ေပးႏုိင္ေသာ ေမာ္ေတာ္ယာဥ္ငယ္မ်ားကုိလည္း ဆက္လက္ထုတ္လုပ္ႏုိင္ေအာင္ ေဆာင္ရြက္ လ်က္ရွိေၾကာင္း၊ စက္႐ုံမ်ားအား စြမ္းအားျပည့္လည္ပတ္ႏုိင္ေရးအတြက္ ႀကိဳးစားေဆာင္ရြက္ ၾကရမည္ျဖစ္ေၾကာင္း၊ စက္႐ုံမ်ား၌တာ၀န္ ထမ္းေဆာင္လ်က္ရွိသူမ်ားသည္ ေမာ္ေတာ္ယာဥ္ ထုတ္လုပ္ေရးႏွင့္ ပတ္သက္သည့္ပညာရပ္မ်ားအား ျပည္ပတြင္ သြားေရာက္ေလ့လာသင္ယူ ခဲ့သူမ်ားျဖစ္ေၾကာင္း၊ မိမိတုိ႔စက္႐ုံမွ ေမာ္ေတာ္ယာဥ္မ်ားႏွင့္ ေမာ္ေတာ္ယာဥ္အတြက္လုိအပ္သည့္ ဆက္စပ္ပစၥည္းမ်ားအား အရည္အေသြးျပည့္မီစြာ ထုတ္လုပ္ႏုိင္ျခင္းျဖင့္  မိမိတုိ႔စက္႐ုံ၏ ဂုဏ္ကုိျမႇင့္တင္ရန္လုိေၾကာင္း၊  မိမိတုိ႔စက္႐ုံမွ ထုတ္လုပ္သည့္ပစၥည္းမ်ား အရည္အေသြး ျပည့္မီျခင္းျဖင့္ စက္႐ုံ၏ဂုဏ္ကုိျမႇင့္တင္ရန္ လုိေၾကာင္း၊ ထုိ႔အျပင္ မိမိတုိ႔တာ၀န္ထမ္းေဆာင္ရာ၌ တစ္ဦးႏွင့္တစ္ဦးစည္းစည္း လုံးလုံးျဖင့္ မိသားစုစိတ္ဓာတ္ေမြးျမဴ၍ လုပ္ငန္းတြင္စည္းကမ္းမ်ားႏွင့္အညီ ေနထုိင္လုပ္ကုိင္ၾကရန္လုိေၾကာင္းျဖင့္မွာၾကားခဲ့သည္။

 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  မကွေးတပ်နယ်နှင့် မြင်းခြံ တပ်နယ်ရှိ တပ်မတော်အကြီးစားစက်ရုံများသို့ သွားရောက်ပြီး မော်တော်ယာဉ်များအတွက် စက်အစိတ်အပိုင်းများထုတ်လုပ်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဖေဖော်ဝါရီ – ၂၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့ နေ့လယ်ပိုင်းတွင် မကွေးတပ်နယ်ရှိ တပ်မတော် အကြီးစားစက်ရုံသို့သွားရောက်ကြည့်ရှုစစ်ဆေးသည်။

စက်ရုံအစည်းအဝေးခန်းမတွင် တာဝန်ရှိသူတစ်ဦးက စက်ရုံသမိုင်းအကျဉ်းနှင့် မော်တော်ယာဉ်များ အတွက်လိုအပ်သည့် Gear  အစိတ်အပိုင်းများနှင့် Gear Box များ ထုတ်လုပ်နေမှုအခြေအနေ များအား ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များမေးမြန်းပြီး လိုအပ်သည်များမှာကြားဖြည့်ဆည်း ဆောင်ရွက် ပေးသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စက်ရုံမှ ထုတ်လုပ်ခဲ့သည့် TATA Truck  မော်တော်ယာဉ်များနှင့် မော်တော်ယာဉ်ထုတ်လုပ်ရန် တပ်ဆင်ထားရှိသည့် Truck Assembly Line များအား လိုက်လံကြည့်ရှုကြသည်။ ယင်းနောက် City Bus  နှင့် Innlay Jeep ကားများ အတွက်လိုအပ်သည့်  Gear Box များထုတ်လုပ် တပ်ဆင်နေမှုအခြေအနေများအား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စက်ရုံဝန်ထမ်းများအား တွေ့ဆုံအမှာစကား ပြောကြားသည်။ ထို့နောက် စက်ရုံဝန်ထမ်းများ၏ လိုအပ်ချက်များ မေးမြန်း၍ တင်ပြချက်များအပေါ် လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးပြီး စက်ရုံမှ INNLAY  Jeep  အတွက် Gear Box များ ထုတ်လုပ်နိုင်ခြင်းအတွက် စက်ရုံဝန်ထမ်းများ အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မြင်းခြံတပ်နယ်ရှိ တပ်မတော် အကြီးစားစက်ရုံသို့ရောက်ရှိကြရာ အစည်းအဝေးခန်းမတွင် တာဝန်ရှိသူတစ်ဦးက မော်တော်ယာဉ်များ အတွက်လိုအပ်သည့် Light Truck Axle၊ Heavy Duty Truck နှင့် INNLAY  Jeep  Axle  များ ထုတ်လုပ်နေမှုအခြေအနေများ အားရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စက်ရုံအတွင်း မော်တော်ယာဉ် များအတွက်လိုအပ်သည့် Axle များတပ်ဆင်ထုတ်လုပ်နေမှုအခြေအနေများအား လိုက်လံ ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ယင်းနောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စက်ရုံဝန်ထမ်းများအား တွေ့ဆုံအမှာ စကားပြောကြားသည်။ ထို့နောက် စက်ရုံဝန်ထမ်းများ၏လိုအပ်ချက်များမေးမြန်း၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး စက်ရုံမှ INNLAY  Jeep အတွက် Axle များထုတ်လုပ်နိုင်ခြင်းအတွက် စက်ရုံဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်ရုံများရှိဝန်ထမ်းများအား တွေ့ဆုံအမှာ စကားပြောကြားရာ၌ ယခုစက်ရုံများသည် အကြောင်းအမျိုးမျိုးကြောင့်ရပ်နားထားခဲ့ရပြီးနောက် တပ်မတော်မှ လွှဲပြောင်း ရယူ၍ မော်တော်ယာဉ်များနှင့် စက်အစိတ်အပိုင်းများ၊  Gear Box များ၊ Axle များ ပြန်လည်ထုတ်လုပ်နိုင်ရေး ပြင်ဆင်စီမံဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် မော်တော်ယာဉ်များအားထုတ်လုပ်ရာတွင် ကိုယ်ပိုင်ဒီဇိုင်းများရေးဆွဲပြီး ထုတ်လုပ်လျက်ရှိကြောင်း၊ ပြည်ပမှလူစီးမော်တော်ယာဉ်များနှင့် လုပ်ငန်းသုံး မော်တော်ယာဉ်ကြီးများအထိ မြောက်များစွာ တင်သွင်းနေရသည့်အတွက် ပြည်တွင်းမော်တော်ယာဉ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် ပြည်ပသွင်းကုန်အစားထိုးနိုင်ရန်  အတွက် အရည်အသွေးပြည့်မီသည့် မော်တော်ယာဉ်များ ထုတ်လုပ် နိုင်ရန် ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအချိန်တွင်မော်တော်ယာဉ်များနှင့် ဆက်စပ် အစိတ်အပိုင်းများကို စတင်ထုတ်လုပ်နေပြီး ဆက်လက်၍လည်းဆီစားနှုန်းသက်သာသော၊  မြင်းကောင်ရေနည်းသော၊ လုံခြုံမှုရှိပြီး ရာသီဥတုဒဏ်ခံနိုင်သော၊ ယာဉ်ကြောကြပ်တည်းမှုကိုဖြေ လျှော့ပေးနိုင်သော မော်တော်ယာဉ်ငယ်များကိုလည်း ဆက်လက်ထုတ်လုပ်နိုင်အောင် ဆောင်ရွက် လျက်ရှိကြောင်း၊ စက်ရုံများအား စွမ်းအားပြည့်လည်ပတ်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ စက်ရုံများ၌တာဝန် ထမ်းဆောင်လျက်ရှိသူများသည် မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ပတ်သက်သည့်ပညာရပ်များအား ပြည်ပတွင် သွားရောက်လေ့လာသင်ယူ ခဲ့သူများဖြစ်ကြောင်း၊ မိမိတို့စက်ရုံမှ မော်တော်ယာဉ်များနှင့် မော်တော်ယာဉ်အတွက်လိုအပ်သည့် ဆက်စပ်ပစ္စည်းများအား အရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်ခြင်းဖြင့်  မိမိတို့စက်ရုံ၏ ဂုဏ်ကိုမြှင့်တင်ရန်လိုကြောင်း၊  မိမိတို့စက်ရုံမှ ထုတ်လုပ်သည့်ပစ္စည်းများ အရည်အသွေး ပြည့်မီခြင်းဖြင့် စက်ရုံ၏ဂုဏ်ကိုမြှင့်တင်ရန် လိုကြောင်း၊ ထို့အပြင် မိမိတို့တာဝန်ထမ်းဆောင်ရာ၌ တစ်ဦးနှင့်တစ်ဦးစည်းစည်း လုံးလုံးဖြင့် မိသားစုစိတ်ဓာတ်မွေးမြူ၍ လုပ်ငန်းတွင်စည်းကမ်းများနှင့်အညီ နေထိုင်လုပ်ကိုင်ကြရန်လိုကြောင်းဖြင့်မှာကြားခဲ့သည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။