တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Sun Guoxiang အား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ ၂၈

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီးဌာန၏ အာရွေရးရာအထူးကုိယ္စားလွယ္ H.E. Mr. Sun Guoxiang အား ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္ ႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး သန္းထြန္းဦး၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္ တပ္မေတာ္ အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီးဌာန၏ အာရွေရးရာ အထူးကုိယ္စားလွယ္ႏွင့္အတူ ျမန္မာႏုိင္ငံဆုိင္ရာတ႐ုတ္ႏုိင္ငံသံအမတ္ႀကီး H.E. Mr. Hong Liang ႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီးဌာန၏ အာရွေရးရာ အထူးကုိယ္စားလွယ္အေနျဖင့္ ရခုိင္ျပည္နယ္ေျမာက္ပုိင္း၊ ဘူးသီးေတာင္၊ ေမာင္ေတာေဒသသုိ႔ သြားေရာက္ေလ့လာခဲ့ၿပီး ျမန္မာႏုိင္ငံဘက္မွဘဂၤါလီမ်ားျပန္လည္ လက္ခံႏုိင္ေရးေဆာင္ရြက္ထား ရွိမႈမ်ားအားေတြ႕ရွိခဲ့ရမႈႏွင့္ တ႐ုတ္ႏုိင္ငံအေနျဖင့္ ျမန္မာႏုိင္ငံအစုိးရႏွင့္တပ္မေတာ္၏ ေဆာင္ရြက္ခ်က္ မ်ားအား ကုသမဂၢအပါအ၀င္ ႏုိင္ငံတကာမ်က္ႏွာစာတြင္ ေထာက္ခံရပ္တည္ေပးေနမႈအေျခအေနမ်ား၊ ျမန္မာ- ဘဂၤလားေဒ့ရွ္ ႏွစ္ႏုိင္ငံနယ္စပ္တြင္ ARSA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားႏွင့္ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားပူးေပါင္းၿပီး ရခုိင္ျပည္နယ္အတြင္း နယ္ေျမတည္ၿငိမ္ ေအးခ်မ္းမႈ မရွိေအာင္ ေဆာင္ရြက္ေနသည့္အေျခအေနမ်ား၊ ၂၀၂၀ ခုႏွစ္တြင္ တစ္ႏုိင္ငံ လုံးထာ၀ရၿငိမ္းခ်မ္းေရး ရရွိရန္ တပ္မေတာ္မွႀကိဳးပမ္းေဆာင္ရြက္ေနမႈအေျခအေနမ်ား၊ ထုိသုုိ႔ေဆာင္ရြက္ေနျခင္းအေပၚ တ႐ုတ္ႏုိင္ငံအေနျဖင့္ ေထာက္ခံအားေပးကူညီ ေဆာင္ရြက္ေပးေနမႈအေျခအေနမ်ား၊ ျမန္မာႏုိင္ငံ ေျမာက္ပုိင္းေဒသႏွင့္ ႏွစ္ႏုိင္ငံနယ္စပ္ ေဒသမ်ား တည္ၿငိမ္ေအးခ်မ္းမႈရွိေစေရး ပူးေပါင္းေဆာင္ရြက္ ေနမႈအေျခအေနမ်ားအား ရင္းႏွီးပြင့္လင္းစြာအျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တ႐ုတ္ျပည္သူ႕ သမၼတႏုိင္ငံ၊ ႏုိင္ငံျခားေရး ၀န္ႀကီးဌာန၏ အာရွေရးရာအထူးကုိယ္စားလွယ္အား အမွတ္တရလက္ေဆာင္ပစၥည္းေပးအပ္ၿပီး တက္ေရာက္လာၾကသူမ်ားႏွင့္အတူ စုေပါင္း ဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Sun Guoxiang အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Sun Guoxiang အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာ အထူးကိုယ်စားလှယ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Hong Liang နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာ အထူးကိုယ်စားလှယ်အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်၊ မောင်တောဒေသသို့ သွားရောက်လေ့လာခဲ့ပြီး မြန်မာနိုင်ငံဘက်မှဘင်္ဂါလီများပြန်လည် လက်ခံနိုင်ရေးဆောင်ရွက်ထား ရှိမှုများအားတွေ့ရှိခဲ့ရမှုနှင့် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအစိုးရနှင့်တပ်မတော်၏ ဆောင်ရွက်ချက် များအား ကုသမဂ္ဂအပါအဝင် နိုင်ငံတကာမျက်နှာစာတွင် ထောက်ခံရပ်တည်ပေးနေမှုအခြေအနေများ၊ မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင် ARSA အကြမ်းဖက်သောင်းကျန်းသူများနှင့် AA အကြမ်းဖက်သောင်းကျန်းသူများပူးပေါင်းပြီး ရခိုင်ပြည်နယ်အတွင်း နယ်မြေတည်ငြိမ် အေးချမ်းမှု မရှိအောင် ဆောင်ရွက်နေသည့်အခြေအနေများ၊ ၂၀၂၀ ခုနှစ်တွင် တစ်နိုင်ငံ လုံးထာဝရငြိမ်းချမ်းရေး ရရှိရန် တပ်မတော်မှကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများ၊ ထိုသို့ဆောင်ရွက်နေခြင်းအပေါ် တရုတ်နိုင်ငံအနေဖြင့် ထောက်ခံအားပေးကူညီ ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသနှင့် နှစ်နိုင်ငံနယ်စပ် ဒေသများ တည်ငြိမ်အေးချမ်းမှုရှိစေရေး ပူးပေါင်းဆောင်ရွက် နေမှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အာရှရေးရာအထူးကိုယ်စားလှယ်အား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြသည်။

 

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။