တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တည်ခင်းဧည့်ခံသည့်ကြိုဆိုဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်

ေနျပည္ေတာ္၊ မတ္ ၆

(၁၆)ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ား အစည္းအေ၀း (16th ACDFM) တက္ေရာက္ရန္ ထိုင္းႏုိင္ငံသုိ႔ေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ယေန႔ညပုိင္းတြင္ ပတၱရားၿမိဳ႕ရွိ Royal Cliff Hotel ၊ Sunset Terrace ၌ ထုိင္းဘုရင့္တပ္မတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ General Ponpipat Benyasri က တည္ခင္းဧည့္ခံသည့္ ႀကိဳဆုိဂုဏ္ျပဳညစာစားပြဲ အခမ္းအနား သုိ႔တက္ေရာက္သည္။

အဆုိပါဂုဏ္ျပဳညစာစားပြဲအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အတူဇနီး ေဒၚၾကဴၾကဴလွ၊ ျမန္မာ့တပ္မေတာ္ကုိယ္စားလွယ္အဖြဲ႕၀င္မ်ား၊ အာဆီယံႏုိင္ငံမ်ားမွ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္မ်ားႏွင့္ ကုိယ္စားလွယ္အဖြဲ႕၀င္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ အခမ္းအနားတက္ေရာက္လာၾကသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ဇနီး၊ အာဆီယံႏုိင္ငံမ်ားမွ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္မ်ားႏွင့္ဇနီးမ်ားအား ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီးတုိ႔က ႀကိဳဆုိႏႈတ္ဆက္ၾကၿပီး အမွတ္တရ စုေပါင္းဓာတ္ပုံ႐ုိက္ကူးၾကသည္။

ယင္းေနာက္ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကႀကိဳဆုိႏႈတ္ခြန္းဆက္ စကားေျပာၾကားၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အာဆီယံႏုိင္ငံမ်ားမွ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ မ်ားႏွင့္ ဇနီးမ်ားအား အမွတ္တရလက္ေဆာင္ပစၥည္းမ်ား ေပးအပ္သည္။

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အဖြဲ႕၀င္မ်ားသည္ ညစာစားပြဲသုိ႔ တက္ေရာက္ လာၾကသည့္ အာဆီယံႏုိင္ငံမ်ားမွ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္မ်ား၊ကုိယ္စားလွယ္ အဖြဲ႕၀င္မ်ားႏွင့္အတူ ညစာကုိအတူတကြသုံးေဆာင္ၾကသည္။ ညစာသုံးေဆာင္ေနစဥ္အတြင္း ထုိင္းဘုရင့္တပ္မေတာ္ေတးဂီတအဖြဲ႕က ေတးသံသာ မ်ားျဖင့္ သီဆုိတီးမႈတ္ကျပေဖ်ာ္ေျဖခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တည်ခင်းဧည့်ခံသည့်ကြိုဆိုဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်

နေပြည်တော်၊ မတ် ၆

(၁၆)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး (16th ACDFM) တက်ရောက်ရန် ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညပိုင်းတွင် ပတ္တရားမြို့ရှိ Royal Cliff Hotel ၊ Sunset Terrace ၌ ထိုင်းဘုရင့်တပ်မတာ်ကာကွယ်ရေးဦးစီးချုပ် General Ponpipat Benyasri က တည်ခင်းဧည့်ခံသည့် ကြိုဆိုဂုဏ်ပြုညစာစားပွဲ အခမ်းအနား သို့တက်ရောက်သည်။

အဆိုပါဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အတူဇနီး ဒေါ်ကြူကြူလှ၊ မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ အာဆီယံနိုင်ငံများမှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားတက်ရောက်လာကြသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး၊ အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များနှင့်ဇနီးများအား ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ကြိုဆိုနှုတ်ဆက်ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။

ယင်းနောက် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် များနှင့် ဇနီးများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ညစာစားပွဲသို့ တက်ရောက် လာကြသည့် အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ၊ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့်အတူ ညစာကိုအတူတကွသုံးဆောင်ကြသည်။ ညစာသုံးဆောင်နေစဉ်အတွင်း ထိုင်းဘုရင့်တပ်မတော်တေးဂီတအဖွဲ့က တေးသံသာ များဖြင့် သီဆိုတီးမှုတ်ကပြဖျော်ဖြေခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။