တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ Udon Thani ခရိုင်ရှိ Wat Pa Baan Tat ဘုရားကျောင်း ကျောင်းထိုင်ဆရာတော်အားဖူးမြော်ကြည်ညို၊ ထိုင်း- လာအိုချစ်ကြည်ရေး တံတားသို့ သွားရောက်ကြည့်ရှုလေ့လာ

ေနျပည္ေတာ္၊ မတ္ – ၉

ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ General Ponpipat Benyasri ၏ ဖိတ္ၾကားခ်က္အရ ထုိင္းႏုိင္ငံ၊ ပတၱရားၿမိဳ႕တြင္ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရး ကုိယ္စားလွယ္အဖြဲ႕ သည္ ယေန႔နံနက္ပုိင္း ပတၱရားၿမိဳ႕မွ ေလေၾကာင္းခရီးျဖင့္ထြက္ခြာခဲ့ၿပီး Udon Thani ခ႐ုိင္ရွိ ထုိင္းဘုရင့္တပ္မေတာ္ေလတပ္ Win 23 ဌာနခ်ဳပ္သုိ႔ေရာက္ရွိၾကသည္။

 

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕အား ေလတပ္စခန္းဌာနခ်ဳပ္မွဴး Group Capatain Chanawee Klinmaleeႏွင့္ တာ၀န္ရွိသူမ်ားကႀကိဳဆုိႏႈတ္ဆက္ၾကသည္။ ယင္းေနာက္တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္သည္ ထုိင္းဘုရင့္ေလတပ္ဂုဏ္ျပဳတပ္ဖြဲ႕၏ အေလးျပဳျခင္းကုိခံယူသည္။

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီး၊ အဖြဲ႕၀င္မ်ားသည္ Wat Pa Baan Tat ဘုရားေက်ာင္းသုိ႔ေရာက္ရွိၾကၿပီး ေက်ာင္းထုိင္ဆရာေတာ္ LUANGTA SOODJAI TANTAMANOCHAYA အား ဖူးေျမာ္ၾကည္ညိဳ၍ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၾကသည္။ ယင္းေနာက္ေက်ာင္းထုိင္ဆရာေတာ္က တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔အား ေက်ာင္း သမုိင္း စာအုပ္မ်ားကုိ ဓမၼလက္ေဆာင္ အျဖစ္ေပးအပ္သည္။ ၎ေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ျမန္မာ-ထုိင္း ႏွစ္ႏုိင္ငံ ေထရ၀ါဒကုိးကြယ္မႈတူညီသည့္အေျခအေနမ်ားႏွင့္ သာသနာေရး ဆုိင္ရာမ်ားအား ေလွ်ာက္ထားတင္ျပသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေက်ာင္းတုိက္အတြင္းရွိ မွတ္တမ္းဓာတ္ပုံမ်ားအား လွည့္လည္ၾကည့္႐ႈၾကသည္။ အဆုိပါ Wat Pa Baan Tat ဘုရားေက်ာင္းသည္ Udon Thani ခ႐ုိင္တြင္တည္ရွိၿပီး သစ္ပင္သစ္ေတာမ်ားျဖင့္ စိမ္းလန္းစုိေျပ သာယာလွပသည့္ ပတ္၀န္းက်င္ရွိေသာ ဘုရားေက်ာင္းတစ္ခုျဖစ္သည္။ သစ္ေတာမ်ားအတြင္း ရစ္ငွက္မ်ား၊ ေတာၾကက္မ်ား၊ ရွဥ့္မ်ား၊ ေတာ၀က္မ်ားႏွင့္အျခားေသာ ေတာတြင္း တိရစၦာန္ငယ္မ်ားလြတ္လပ္စြာသြားလာေနသည္ကိုလည္းေတြ႕ျမင္ႏုိင္သည္။ ဘုရားေက်ာင္းအား ၁၉၅၅ ခုုႏွစ္တြင္စတင္ထည္ေထာင္ခဲ့ၿပီး ေက်ာင္းထုိင္ ဆရာေတာ္ႀကီးသည္ တရားဓမၼမ်ား သင္ၾကားျပသရာတြင္ ထုိင္းႏုိင္ငံတစ္၀ွမ္း ထင္ရွားၿပီး ႏွစ္စဥ္ တရားစခန္းမ်ားအားဖြင့္လွစ္လ်က္ရွိကာ ဘုရားဖူးခရီးသည္မ်ား လာေရာက္ဖူးေျမာ္ေလ့ရွိသည့္ ဘုရားေက်ာင္းတစ္ခုျဖစ္ေၾကာင္းႏွင့္ ဆရာေတာ္ႀကီးသည္ ၁၉၉၇ ခုႏွစ္တြင္ ထုိင္းႏုိင္ငံစီးပြားေရးက်ဆင္းခ်ိန္၌ ျပည္သူမ်ားႏွင့္အတူ စုေပါင္း၍ ေရႊ ၁၃ တန္ႏွင့္ အေမရိကန္ေဒၚလာ ၁၀ သန္းအား ၂၀၁၁ ခုႏွစ္တြင္ ႏုိင္ငံေတာ္သုိ႔ လွဴဒါန္းခဲ့ျခင္းေၾကာင့္ ထုိင္းဘုရင္မင္းျမတ္ ဘူမိေဘာအဒူရာဒက္ရွ္ ကိုယ္တုိင္အေလးထား ကုိးကြယ္သည့္ ဆရာေတာ္တစ္ပါးျဖစ္ေၾကာင္းသိရွိရသည္။

 

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး ဦးေဆာင္ေသာျမန္မာ့ တပ္မေတာ္ ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕သည္ ထိုင္းႏုိင္ငံႏွင့္ လာအုိႏုိင္ငံနယ္စပ္ Nong Khai ခ႐ုိင္ရွိ ထုိင္း-လာအုိႏွစ္ႏုိင္ငံနယ္စပ္ျဖတ္ေက်ာ္စခန္းသုိ႔သြားေရာက္ၾကည့္႐ႈ ေလ့လာၾကရာ Nong Khai ခ႐ုိင္အုပ္ခ်ဳပ္ေရးမွဴး Mr. Rona Chai ႏွင့္ တာ၀န္ရွိသူမ်ား ကႀကိဳဆိုႏႈတ္ဆက္ၾကသည္။ ယင္းေနာက္ အစည္းအေ၀းခန္းမတြင္ ခ႐ုိင္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ တာ၀န္ရွိသူတစ္ဦးက ထုိင္းႏုိင္ငံမွလာအုိႏုိင္ငံသုိ႔ ထုိင္းႏုိင္ငံမွလူသုံးကုန္ပစၥည္းမ်ား၊ လွ်ပ္စစ္ပစၥည္းမ်ားႏွင့္ ေမာ္ေတာ္ယာဥ္မ်ားပုိ႔ေဆာင္ေနမႈ အေျခ အေနမ်ားႏွင့္ ထုိင္း-လာအုိခ်စ္ၾကည္ေရးတံတား အမွတ္(၁)တည္ေဆာက္ထားမႈႏွင့္ ထိန္းသိမ္း ေဆာင္ရြက္ေနမႈအေျခအေနအား ရွင္းလင္းတင္ျပၾကသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ယခုကဲ့သုိ႔ ထုိင္း-လာအုိ နယ္ျခား ေဒသတြင္ေဆာင္ရြက္ေနသည့္ ကုန္သြယ္ေရးဆုိင္ရာမ်ားအားရွင္းလင္းေျပာၾကားေပးသည့္အတြက္ ေက်းဇူးတင္ရွိပါေၾကာင္း၊ ယခုကဲ့သုိ႔လာေရာက္ေလ့လာသည့္ အခ်ိန္တြင္ ယခုနယ္ျခားေဒသသည္ ထုိင္း-လာအုိႏွစ္ႏုိင္ငံအတြက္ အေရးပါသည့္ေနရာ တစ္ခုျဖစ္သည္ကုိေတြ႕ရွိရၿပီး ႏွစ္ႏုိင္ငံခ်စ္ၾကည္ ရင္းႏွီးမႈကုိ ေဖာ္ျပသည့္ေနရာျဖစ္ေၾကာင္း၊ ယခုကဲ့သုိ႔ ထုိင္းႏုိင္ငံႏွင့္လာအုိႏုိင္ငံ ကူးသန္း ေရာင္း၀ယ္မႈမ်ားကုိ ေလ့လာခြင့္ရရွိျခင္းျဖင့္ ျမန္မာႏုိင္ငံႏွင့္ ထုိင္းႏုိင္ငံကုန္သြယ္မႈ တုိးတက္ ေကာင္းမြန္ေအာင္ ေဆာင္ရြက္ႏုိင္ရန္အတြက္ အေထာက္အကူျပဳေစေၾကာင္း၊ ျမန္မာႏုိင္ငံႏွင့္ ထုိင္းႏုိင္ငံသည္ လည္းနယ္စပ္ကုန္သြယ္မႈမ်ားရွိၿပီး ပုိမုိတုိးတက္ေကာင္းမြန္ေအာင္ေဆာင္ရြက္ ရမည္ျဖစ္ေၾကာင္းေျပာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ထုိင္း-လာအုိ ခ်စ္ၾကည္ေရး တံတားေပၚသုိ႔ သြားေရာက္ၾကည့္႐ႈေလ့လာၾကၿပီး အမွတ္တရစုေပါင္း ဓာတ္ပုံ႐ုိက္ၾကသည္။ Nong Khai ခ႐ုိင္ရွိ ထုိင္း-လာအုိႏွစ္ႏုိင္ငံနယ္စပ္ျဖတ္ေက်ာ္စခန္း မွတစ္ဆင့္ လာအုိႏုိင္ငံသုိ႔ စုိက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးပစၥည္းမ်ား၊ လူသုံးကုန္ပစၥည္းမ်ား၊ လွ်ပ္စစ္ပစၥည္းမ်ားႏွင့္ ေမာ္ေတာ္ယာဥ္မ်ားအား အဓိကတင္ပုိ႔ေရာင္းခ်လ်က္ရွိၿပီး လာအုိႏုိင္ငံမွ ရာဘာကုန္ၾကမ္းႏွင့္လွ်ပ္စစ္ဓာတ္အား၊ ေဆးရြက္ႀကီး မ်ား ျပန္လည္တင္သြင္းလ်က္ရွိသည္။ ၂၀၁၈ ခုႏွစ္အတြင္း ကုန္သြယ္မႈ၀င္ေငြ ထုိင္းဘတ္ေငြ သန္းေျခာက္ေသာင္းေက်ာ္ရွိသည္။ ထုိင္း-လာအုိခ်စ္ၾကည္ေရးတံတားသည္ မဲေခါင္ျမစ္ကုိျဖတ္သန္းၿပီး ထုိင္းႏုိင္ငံႏွင့္ လာအုိႏုိင္ငံကုိ ဆက္သြယ္ထားသည့္ ပထမဆုံးတံတားျဖစ္သည္။ ထုိင္း၊ လာအုိႏွင့္ ၾသစေၾတးလ်ႏုိင္ငံတို႔ ပူးေပါင္း၍ ဘတ္ေငြသန္းေပါင္း ၇၅၀ အကုန္အက်ခံ၍ ၁၉၉၁ ခုႏွစ္တြင္စတင္ တည္ေဆာက္ခဲ့ၿပီး ၁၉၉၄ ခုႏွစ္တြင္ ထုိင္းဘုရင္မင္းျမတ္ ဘူမိေဘာဘူမိေဘာအဒူရာဒက္ရွ္ဦးေဆာင္၍ တံတားအားတရား၀င္ဖြင့္လွစ္ႏုိင္ခဲ့သည္။ အဆုိပါ ခ်စ္ၾကည္ေရးတံတားသည္ ၆၆၅ မီတာရွိၿပီး တံတားေပၚတြင္ မီးရထားလမ္း ထည့္သြင္း တည္ေဆာက္ထားသည္။ ထုိသို႔ထုိင္းႏုိင္ငံႏွင့္ လာအုိႏုိင္ငံ ႏွစ္ႏုိင္ငံ ခ်စ္ၾကည္ေရးတံတား တည္ေဆာက္ထားျခင္းေၾကာင့္ ႏွစ္ႏုိင္ငံကုန္သြယ္မႈမ်ားလြတ္လပ္ လြယ္ကူစြာ ေဆာင္ရြက္ႏုိင္ၿပီး ႏွစ္ႏုိင္ငံျပည္သူမ်ား လြတ္လပ္စြာကူးသန္းသြားလာ ေရာင္း၀ယ္ ႏုိင္မႈမ်ားေၾကာင့္ ထုိင္းႏွိင္ငံႏွင့္ လာအုိႏိုင္ငံတုိ႔အၾကား ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ အျပန္အလွန္ယဥ္ေက်းမႈ ဖလွယ္ျခင္းတုိ႔အား စဥ္ဆက္မျပတ္ေဆာင္ရြက္ႏုိင္သျဖင့္ ႏွစ္ႏုိင္ငံအတြက္ အက်ိဳးျဖစ္ထြန္းသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ Udon Thani ခရိုင်ရှိ Wat Pa Baan Tat ဘုရားကျောင်း ကျောင်းထိုင်ဆရာတော်အားဖူးမြော်ကြည်ညို၊ ထိုင်း- လာအိုချစ်ကြည်ရေး တံတားသို့ သွားရောက်ကြည့်ရှုလေ့လာ

နေပြည်တော်၊ မတ် – ၉

ထိုင်းဘုရင့်တပ်မတာ်ကာကွယ်ရေးဦးစီးချုပ် General Ponpipat Benyasri ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ၊ ပတ္တရားမြို့တွင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ သည် ယနေ့နံနက်ပိုင်း ပတ္တရားမြို့မှ လေကြောင်းခရီးဖြင့်ထွက်ခွာခဲ့ပြီး Udon Thani ခရိုင်ရှိ ထိုင်းဘုရင့်တပ်မတော်လေတပ် Win 23 ဌာနချုပ်သို့ရောက်ရှိကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား လေတပ်စခန်းဌာနချုပ်မှူး Group Capatain Chanawee Klinmaleeနှင့် တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ထိုင်းဘုရင့်လေတပ်ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် Wat Pa Baan Tat ဘုရားကျောင်းသို့ရောက်ရှိကြပြီး ကျောင်းထိုင်ဆရာတော် LUANGTA SOODJAI TANTAMANOCHAYA အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက်ကျောင်းထိုင်ဆရာတော်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့အား ကျောင်း သမိုင်း စာအုပ်များကို ဓမ္မလက်ဆောင် အဖြစ်ပေးအပ်သည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မြန်မာ-ထိုင်း နှစ်နိုင်ငံ ထေရဝါဒကိုးကွယ်မှုတူညီသည့်အခြေအနေများနှင့် သာသနာရေး ဆိုင်ရာများအား လျှောက်ထားတင်ပြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ကျောင်းတိုက်အတွင်းရှိ မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါ Wat Pa Baan Tat ဘုရားကျောင်းသည် Udon Thani ခရိုင်တွင်တည်ရှိပြီး သစ်ပင်သစ်တောများဖြင့် စိမ်းလန်းစိုပြေ သာယာလှပသည့် ပတ်ဝန်းကျင်ရှိသော ဘုရားကျောင်းတစ်ခုဖြစ်သည်။ သစ်တောများအတွင်း ရစ်ငှက်များ၊ တောကြက်များ၊ ရှဉ့်များ၊ တောဝက်များနှင့်အခြားသော တောတွင်း တိရစ္ဆာန်ငယ်များလွတ်လပ်စွာသွားလာနေသည်ကိုလည်းတွေ့မြင်နိုင်သည်။ ဘုရားကျောင်းအား ၁၉၅၅ ခုနှစ်တွင်စတင်ထည်ထောင်ခဲ့ပြီး ကျောင်းထိုင် ဆရာတော်ကြီးသည် တရားဓမ္မများ သင်ကြားပြသရာတွင် ထိုင်းနိုင်ငံတစ်ဝှမ်း ထင်ရှားပြီး နှစ်စဉ် တရားစခန်းများအားဖွင့်လှစ်လျက်ရှိကာ ဘုရားဖူးခရီးသည်များ လာရောက်ဖူးမြော်လေ့ရှိသည့် ဘုရားကျောင်းတစ်ခုဖြစ်ကြောင်းနှင့် ဆရာတော်ကြီးသည် ၁၉၉၇ ခုနှစ်တွင် ထိုင်းနိုင်ငံစီးပွားရေးကျဆင်းချိန်၌ ပြည်သူများနှင့်အတူ စုပေါင်း၍ ရွှေ ၁၃ တန်နှင့် အမေရိကန်ဒေါ်လာ ၁၀ သန်းအား ၂၀၁၁ ခုနှစ်တွင် နိုင်ငံတော်သို့ လှူဒါန်းခဲ့ခြင်းကြောင့် ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူရာဒက်ရှ် ကိုယ်တိုင်အလေးထား ကိုးကွယ်သည့် ဆရာတော်တစ်ပါးဖြစ်ကြောင်းသိရှိရသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဦးဆောင်သောမြန်မာ့ တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံနယ်စပ် Nong Khai ခရိုင်ရှိ ထိုင်း-လာအိုနှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်စခန်းသို့သွားရောက်ကြည့်ရှု လေ့လာကြရာ Nong Khai ခရိုင်အုပ်ချုပ်ရေးမှူး Mr. Rona Chai နှင့် တာဝန်ရှိသူများ ကကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် အစည်းအဝေးခန်းမတွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတစ်ဦးက ထိုင်းနိုင်ငံမှလာအိုနိုင်ငံသို့ ထိုင်းနိုင်ငံမှလူသုံးကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် မော်တော်ယာဉ်များပို့ဆောင်နေမှု အခြေ အနေများနှင့် ထိုင်း-လာအိုချစ်ကြည်ရေးတံတား အမှတ်(၁)တည်ဆောက်ထားမှုနှင့် ထိန်းသိမ်း ဆောင်ရွက်နေမှုအခြေအနေအား ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့ ထိုင်း-လာအို နယ်ခြား ဒေသတွင်ဆောင်ရွက်နေသည့် ကုန်သွယ်ရေးဆိုင်ရာများအားရှင်းလင်းပြောကြားပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့လာရောက်လေ့လာသည့် အချိန်တွင် ယခုနယ်ခြားဒေသသည် ထိုင်း-လာအိုနှစ်နိုင်ငံအတွက် အရေးပါသည့်နေရာ တစ်ခုဖြစ်သည်ကိုတွေ့ရှိရပြီး နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုကို ဖော်ပြသည့်နေရာဖြစ်ကြောင်း၊ ယခုကဲ့သို့ ထိုင်းနိုင်ငံနှင့်လာအိုနိုင်ငံ ကူးသန်း ရောင်းဝယ်မှုများကို လေ့လာခွင့်ရရှိခြင်းဖြင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကုန်သွယ်မှု တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်နိုင်ရန်အတွက် အထောက်အကူပြုစေကြောင်း၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံသည် လည်းနယ်စပ်ကုန်သွယ်မှုများရှိပြီး ပိုမိုတိုးတက်ကောင်းမွန်အောင်ဆောင်ရွက် ရမည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ထိုင်း-လာအို ချစ်ကြည်ရေး တံတားပေါ်သို့ သွားရောက်ကြည့်ရှုလေ့လာကြပြီး အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြသည်။ Nong Khai ခရိုင်ရှိ ထိုင်း-လာအိုနှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်စခန်း မှတစ်ဆင့် လာအိုနိုင်ငံသို့ စိုက်ပျိုးရေးနှင့် မွေးမြူရေးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် မော်တော်ယာဉ်များအား အဓိကတင်ပို့ရောင်းချလျက်ရှိပြီး လာအိုနိုင်ငံမှ ရာဘာကုန်ကြမ်းနှင့်လျှပ်စစ်ဓာတ်အား၊ ဆေးရွက်ကြီး များ ပြန်လည်တင်သွင်းလျက်ရှိသည်။ ၂၀၁၈ ခုနှစ်အတွင်း ကုန်သွယ်မှုဝင်ငွေ ထိုင်းဘတ်ငွေ သန်းခြောက်သောင်းကျော်ရှိသည်။ ထိုင်း-လာအိုချစ်ကြည်ရေးတံတားသည် မဲခေါင်မြစ်ကိုဖြတ်သန်းပြီး ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံကို ဆက်သွယ်ထားသည့် ပထမဆုံးတံတားဖြစ်သည်။ ထိုင်း၊ လာအိုနှင့် သြစတြေးလျနိုင်ငံတို့ ပူးပေါင်း၍ ဘတ်ငွေသန်းပေါင်း ၇၅၀ အကုန်အကျခံ၍ ၁၉၉၁ ခုနှစ်တွင်စတင် တည်ဆောက်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ထိုင်းဘုရင်မင်းမြတ် ဘူမိဘောဘူမိဘောအဒူရာဒက်ရှ်ဦးဆောင်၍ တံတားအားတရားဝင်ဖွင့်လှစ်နိုင်ခဲ့သည်။ အဆိုပါ ချစ်ကြည်ရေးတံတားသည် ၆၆၅ မီတာရှိပြီး တံတားပေါ်တွင် မီးရထားလမ်း ထည့်သွင်း တည်ဆောက်ထားသည်။ ထိုသို့ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား တည်ဆောက်ထားခြင်းကြောင့် နှစ်နိုင်ငံကုန်သွယ်မှုများလွတ်လပ် လွယ်ကူစွာ ဆောင်ရွက်နိုင်ပြီး နှစ်နိုင်ငံပြည်သူများ လွတ်လပ်စွာကူးသန်းသွားလာ ရောင်းဝယ် နိုင်မှုများကြောင့် ထိုင်းနှိင်ငံနှင့် လာအိုနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ယဉ်ကျေးမှု ဖလှယ်ခြင်းတို့အား စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်သဖြင့် နှစ်နိုင်ငံအတွက် အကျိုးဖြစ်ထွန်းသည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။