တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ Udon Thani ခရိုင်ရှိ Wat Bodhisomphon ဘုရားကျောင်းသို့သွားရောက်ဖူးမြော်ကြည်ညို၊ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အလုပ်သဘော တည်ခင်းဧည့်ခံသည့်ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားသို့တက်ရောက်

ေနျပည္ေတာ္၊ မတ္ – ၁၀

ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ General Ponpipaat Benyasri ၏ ဖိတ္ၾကားခ်က္အရ ထုိင္းႏုိင္ငံတြင္ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီးေဒၚၾကဴၾကဴလွ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕သည္ ယေန႔နံနက္ပုိင္းတြင္ Udon Thani  ခ႐ုိင္ရွိ   Wat Bodhisomphon ဘုရားေက်ာင္းသုိ႔ သြားေရာက္ဖူးေျမာ္ ၾကည္ညိဳၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အဖြဲ႕၀င္မ်ားသည္ Wat Bodhisomphon ဘုရားေက်ာင္းအတြင္းရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႏွင့္ ဓာတ္ေတာ္မ်ားအားဖူးေျမာ္ၾကည္ညိဳၿပီး ေက်ာင္းထုိင္ ဆရာေတာ္  Sutti Sala May Tee  အားဖူးေျမာ္ၾကည္ညိဳ၍ လွဴဖြယ္ပစၥည္းႏွင့္ န၀ကမၼအလွဴေငြမ်ားေပးအပ္လွဴဒါန္းသည္။ ယင္းေနာက္ လွဴဒါန္းမႈအစုစုအတြက္ ေရစက္သြန္းခ် အမွ်ေပးေ၀ၾကၿပီး ဆရာေတာ္က ဘုရားေက်ာင္းသမိုင္းအား ရွင္းလင္း မိန္႔ၾကားသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ဘုရားေက်ာင္း ဒုတိယထပ္ရွိ ျမဘုရားပုံတူ႐ုပ္ပြားေတာ္အားဖူးေျမာ္ၾကည္ညိဳၿပီး ထုိင္းႏုိင္ငံရွိေတာရဘုန္းေတာ္ႀကီးမ်ား တရားက်င့္ႀကံသီတင္းသုံးမႈျပပန္းခ်ီကားအား ၾကည့္႐ႈၾက သည္။

၎ေနာက္ ဘုရားေက်ာင္းအတြင္း ေရႊ၊ ေၾကးႏွင့္သတၱဳ ေရာစပ္သြန္းလုပ္ထားသည့္ ႏွစ္ ၆၀၀ သက္တမ္းရွိ လာအုိႏုိင္ငံမွလွဴဒါန္းထားေသာ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ဖူးေျမာ္ၾကည္ညိဳျခင္း၊ ႏွစ္ ၁၂၀ သက္တမ္းရွိ ဗုဒၶေျခေတာ္ရာအားဖူးေျမာ္ျခင္းႏွင့္ ႏွစ္ ၉၀ သက္တမ္းရွိ ေဗာဓိေညာင္ပင္အား ေရသြန္းေလာင္းပူေဇာ္ျခင္းမ်ားေဆာင္ရြက္ၾက သည္။

အဆုိပါ Wat Bodhisomphon ဘုရားေက်ာင္းသည္ Udon Thani  ခ႐ုိင္အတြင္း ထင္ရွားသည့္ဘုရားေက်ာင္းျဖစ္ၿပီး လြန္ခဲ့သည့္ ႏွစ္ေပါင္း ၆၀၀ ေက်ာ္ခန္႔က ထုိင္းႏုိင္ငံ၏ ပဥၥမေျမာက္ဘုရင္မင္းျမတ္  Rama V က စတင္တည္ထားကုိးကြယ္ခဲ့ျခင္းျဖစ္သည္။  ဘုရားေက်ာင္းအတြင္း အေဆာက္အဦ ၂၀ ခန္႔ရွိၿပီး ကမၻာလွည့္ခရီးသြားမ်ား ၾကည့္႐ႈ ေလ့လာႏုိင္ရန္ထိန္းသိမ္းထားရွိသည္။ လက္ရွိအခ်ိန္တြင္ Udon Thani  ျပည္နယ္၊ သံဃာ အဖြဲ႕အစည္း၏ ဒုတိယဥကၠ႒ဆရာေတာ္ Maha Ammat Tri Phraya Sisuriyarat Chawaranuwat  သီတင္းသုံးလ်က္ရွိၿပီး ဘုရားေက်ာင္းအတြင္းရွိ အေဆာက္အဦမ်ား ျပဳျပင္ထိန္းသိမ္းျခင္းမ်ားေဆာင္ရြက္လ်က္ရွိေၾကာင္းသိရွိရသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ထုိင္းဘုရင့္ တပ္မေတာ္ ေလတပ္ Wing 23 ဌာနခ်ဳပ္မွ ဘန္ေကာက္ၿမိဳ႕သုိ႔ထြက္ခြာၾကရာ ေလတပ္စခန္း ဌာနခ်ဳပ္မွဴး Group Captain Chanawee Klinmalee ႏွင့္ တာ၀န္ရွိသူမ်ားက ပုိ႔ေဆာင္ႏႈတ္ဆက္ၾကသည္။ ေလတပ္စခန္းဌာနခ်ဳပ္တြင္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္သည္ ထုိင္းဘုရင့္ေလတပ္ ဂုဏ္ျပဳတပ္ဖြဲ႕၏ အေလးျပဳျခင္းကုိခံယူသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ဘန္ေကာက္ၿမိဳ႕ရွိ ထုိင္းဘုရင့္ ေလတပ္ ဒြန္ေမာင္းေလဆိပ္ (Wing – 6) ေလဆိပ္သုိ႔ေရာက္ရွိရာ ထုိင္းႏုိင္ငံ ဆိုင္ရာ ျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးမ်ိဳးျမင့္သန္း၊ ထုိင္းဘုရင့္တပ္မေတာ္မွ Major General Nopadon Mungkalaton  ႏွင့္ တာ၀န္ရွိသူမ်ားကေလဆိပ္တြင္ႀကိဳဆုိ ႏႈတ္ဆက္ၾက သည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးေဒၚၾကဴၾကဴလွ ဦးေဆာင္သည့္  ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕အား ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ General  Ponpipaat Benyasri ႏွင့္ဇနီးတုိ႔က  Sala Tim Naam ထုိင္း႐ုိးရာ စားေသာက္ဆုိင္တြင္ အလုပ္သေဘာဂုဏ္ျပဳညစာစားပြဲအခမ္းအနားျဖင့္ တည္ခင္း ဧည့္ခံခဲ့သည္။

ညစာသုံးေဆာင္အၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ ထုိင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႕သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ ေပးအပ္ၾကၿပီး  သီဆုိကျပေဖ်ာ္ေျဖခဲ့ၾကေသာ ေဖ်ာ္ေျဖေရးအဖြဲ႕အား တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔ကဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ား ေပးအပ္ကာ အမွတ္တရ စုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ Udon Thani ခရိုင်ရှိ Wat Bodhisomphon ဘုရားကျောင်းသို့သွားရောက်ဖူးမြော်ကြည်ညို၊ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အလုပ်သဘော တည်ခင်းဧည့်ခံသည့်ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားသို့တက်ရောက်

နေပြည်တော်၊ မတ် – ၁၀

ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ponpipaat Benyasri ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံတွင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် Udon Thani  ခရိုင်ရှိ   Wat Bodhisomphon ဘုရားကျောင်းသို့ သွားရောက်ဖူးမြော် ကြည်ညိုကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် Wat Bodhisomphon ဘုရားကျောင်းအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်နှင့် ဓာတ်တော်များအားဖူးမြော်ကြည်ညိုပြီး ကျောင်းထိုင် ဆရာတော်  Sutti Sala May Tee  အားဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူငွေများပေးအပ်လှူဒါန်းသည်။ ယင်းနောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး ဆရာတော်က ဘုရားကျောင်းသမိုင်းအား ရှင်းလင်း မိန့်ကြားသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘုရားကျောင်း ဒုတိယထပ်ရှိ မြဘုရားပုံတူရုပ်ပွားတော်အားဖူးမြော်ကြည်ညိုပြီး ထိုင်းနိုင်ငံရှိတောရဘုန်းတော်ကြီးများ တရားကျင့်ကြံသီတင်းသုံးမှုပြပန်းချီကားအား ကြည့်ရှုကြ သည်။

၎င်းနောက် ဘုရားကျောင်းအတွင်း ရွှေ၊ ကြေးနှင့်သတ္တု ရောစပ်သွန်းလုပ်ထားသည့် နှစ် ၆၀၀ သက်တမ်းရှိ လာအိုနိုင်ငံမှလှူဒါန်းထားသော ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုခြင်း၊ နှစ် ၁၂၀ သက်တမ်းရှိ ဗုဒ္ဓခြေတော်ရာအားဖူးမြော်ခြင်းနှင့် နှစ် ၉၀ သက်တမ်းရှိ ဗောဓိညောင်ပင်အား ရေသွန်းလောင်းပူဇော်ခြင်းများဆောင်ရွက်ကြ သည်။

အဆိုပါ Wat Bodhisomphon ဘုရားကျောင်းသည် Udon Thani  ခရိုင်အတွင်း ထင်ရှားသည့်ဘုရားကျောင်းဖြစ်ပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၆၀၀ ကျော်ခန့်က ထိုင်းနိုင်ငံ၏ ပဉ္စမမြောက်ဘုရင်မင်းမြတ်  Rama V က စတင်တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။  ဘုရားကျောင်းအတွင်း အဆောက်အဦ ၂၀ ခန့်ရှိပြီး ကမ္ဘာလှည့်ခရီးသွားများ ကြည့်ရှု လေ့လာနိုင်ရန်ထိန်းသိမ်းထားရှိသည်။ လက်ရှိအချိန်တွင် Udon Thani  ပြည်နယ်၊ သံဃာ အဖွဲ့အစည်း၏ ဒုတိယဥက္ကဋ္ဌဆရာတော် Maha Ammat Tri Phraya Sisuriyarat Chawaranuwat  သီတင်းသုံးလျက်ရှိပြီး ဘုရားကျောင်းအတွင်းရှိ အဆောက်အဦများ ပြုပြင်ထိန်းသိမ်းခြင်းများဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ထိုင်းဘုရင့် တပ်မတော် လေတပ် Wing 23 ဌာနချုပ်မှ ဘန်ကောက်မြို့သို့ထွက်ခွာကြရာ လေတပ်စခန်း ဌာနချုပ်မှူး Group Captain Chanawee Klinmalee နှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။ လေတပ်စခန်းဌာနချုပ်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ထိုင်းဘုရင့်လေတပ် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဘန်ကောက်မြို့ရှိ ထိုင်းဘုရင့် လေတပ် ဒွန်မောင်းလေဆိပ် (Wing – 6) လေဆိပ်သို့ရောက်ရှိရာ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ ထိုင်းဘုရင့်တပ်မတော်မှ Major General Nopadon Mungkalaton  နှင့် တာဝန်ရှိသူများကလေဆိပ်တွင်ကြိုဆို နှုတ်ဆက်ကြ သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးဒေါ်ကြူကြူလှ ဦးဆောင်သည့်  မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် General  Ponpipaat Benyasri နှင့်ဇနီးတို့က  Sala Tim Naam ထိုင်းရိုးရာ စားသောက်ဆိုင်တွင် အလုပ်သဘောဂုဏ်ပြုညစာစားပွဲအခမ်းအနားဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။

ညစာသုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး  သီဆိုကပြဖျော်ဖြေခဲ့ကြသော ဖျော်ဖြေရေးအဖွဲ့အား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့ကဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ ကြသည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။