တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌဖြစ်သူ General Prem Tinsulanonda နှင့်တွေ့ဆုံ

ေနျပည္ေတာ္၊ မတ္ ၁၁

ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ General Ponpipaat Benyasri ၏ ဖိတ္ၾကားခ်က္အရ ထုိင္းႏုိင္ငံသုိ႔ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ယေန႔နံနက္ပုိင္းတြင္ ထုိင္းဘုရင့္အတုိင္ပင္ခံေကာင္စီဥကၠ႒ျဖစ္သူ General Prem Tinsulanonda ၎၏ ေနအိမ္ဧည့္ခန္းမတြင္ဂါရ၀ျပဳေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီးစုိးထြဋ္၊ ဗုိလ္ခ်ဳပ္ မုိးျမင့္ထြန္း၊ ထုိင္းႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးမ်ိဳးျမင့္သန္း၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ ခင္ေဇာ္ႏွင့္ တပ္မေတာ္ အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ထုိင္းဘုရင့္အတိုင္ပင္ေကာင္စီ ဥကၠ႒ႏွင့္အတူ ထုိင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ General Ponpipaat Benyasri ႏွင့္ ထုိင္းဘုရင့္တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံစဥ္ ႏွစ္ႏုိင္ငံႏွင့္တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈ တုိးတက္ေကာင္းမြန္မႈ အေျခအေနမ်ား၊ ျမန္မာႏုိင္ငံတည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ တပ္မေတာ္မွ ပါ၀င္ေဆာင္ရြက္ေနမႈအေျခအေနမ်ား၊ တပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္ရြက္မႈမ်ား ျမႇင့္တင္ ေဆာင္ရြက္ျခင္းႏွင့္ အဆင့္လိုက္ ခ်စ္ၾကည္ေရးခရီးစဥ္မ်ားအျပန္အလွန္လည္ပတ္မႈ အေျခအေန မ်ားအား ရင္းႏွီးပြင့္လင္းစြာေဆြးေႏြးၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ထုိင္းဘုရင့္အတုိင္ပင္ခံ ေကာင္စီဥကၠ႒ တုိ႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ားအျပန္အလွန္ေပးအပ္ၾကၿပီး စုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌဖြစ်သူ General Prem Tinsulanonda နှင့်တွေ့ဆုံ

နေပြည်တော်၊ မတ် ၁၁

ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ponpipaat Benyasri ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌဖြစ်သူ General Prem Tinsulanonda ၎င်း၏ နေအိမ်ဧည့်ခန်းမတွင်ဂါရဝပြုတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဗိုလ်ချုပ် မိုးမြင့်ထွန်း၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ခင်ဇော်နှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့်အတိုင်ပင်ကောင်စီ ဥက္ကဋ္ဌနှင့်အတူ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Ponpipaat Benyasri နှင့် ထိုင်းဘုရင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးတက်ကောင်းမွန်မှု အခြေအနေများ၊ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်မှ ပါဝင်ဆောင်ရွက်နေမှုအခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင် ဆောင်ရွက်ခြင်းနှင့် အဆင့်လိုက် ချစ်ကြည်ရေးခရီးစဉ်များအပြန်အလှန်လည်ပတ်မှု အခြေအနေ များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်အတိုင်ပင်ခံ ကောင်စီဥက္ကဋ္ဌ တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်ကြပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။