တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံရေးပါတီ ၃၂ ပါတီမှ ပါတီဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများလာရောက်မိတ်ဆက်တွေ့ဆုံ

ေနျပည္ေတာ္၊ မတ္ – ၂၂

ယေန႔မြန္းလြဲပိုင္းတြင္ ႏုိင္ငံေရးပါတီမ်ားမွ ဥကၠ႒မ်ား၊ ဒုတိယဥကၠ႒မ်ားႏွင့္ တာ၀န္ရွိသူမ်ားသည္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ လာေရာက္ ေတြ႕ဆုံမိတ္ဆက္ၾကရာ ေနျပည္ေတာ္ရွိဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံ ေတြ႕ဆုံ၍ လက္ဘက္ရည္၀ုိင္းျဖင့္ တည္ခင္းဧည့္ခံသည္။

လာေရာက္ေတြ႕ဆုံမိတ္ဆက္ၾကသည့္ ပါတီအဖြဲ႕အစည္းမ်ားမွ ပုဂၢိဳလ္မ်ားမွာ ျပည္ေထာင္စုႀကံ့ခုိင္ေရး ႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးသန္းေဌး၊ တုိင္းရင္းသားစည္းလုံး ညီၫြတ္ေရးပါတီ အေထြေထြ အတြင္းေရးမွဴး ဦးသိန္းထြန္း၊ အမ်ိဳးသားဒီမုိကေရစီ ပါတီသစ္ဥကၠ႒ ဦးသိန္းၫြန္႔၊ အမ်ိဳးသား တုိးတက္ေရးပါတီဥကၠ႒ ေဒါက္တာ ေနဇင္လတ္၊ ဒီမုိကရက္တစ္ပါတီ(ျမန္မာ)ဒုတိယဥကၠ႒ ဦးတင့္ေဆြ၊ ေခတ္သစ္ျပည္သူ႕ပါတီဥကၠ႒ ဦးထြန္းေအာင္ေက်ာ္၊ အမ်ိဳးသားႏုိင္ငံေရးမဟာမိတ္မ်ား အဖြဲ႕ခ်ဳပ္ဥကၠ႒ ဦးသိမ္းၾကည္၊ ၀ံသာႏုဒီမုိကရက္တစ္ပါတီ ပူးတြဲဥကၠ႒ ေဒၚနန္းေရႊၾကာ၊ အင္းအမ်ိဳးသားဖြံ႕ၿဖိဳးတုိးတက္ေရးပါတီဥကၠ႒ ဦး၀င္းျမင့္၊ ကရင္အမ်ိဳးသားဒီမုိကရက္တစ္ပါတီ ဒုတိယဥကၠ႒ ဦးေစာျမတ္ထြဋ္၀င္း၊ ကရင္ျပည္သူ႕ပါတီ ဒုတိယဥကၠ႒ ဦးေစာဂ်ဴဗလီစံလွ၊ လီဆူ အမ်ိဳးသား ဖြံ႕ၿဖိဳးတုိးတက္ေရး ပါတီ ဥကၠ႒ ဦးေရႊမင္း(ခ) ဆီဖာလာလူ၊ ကုိးကန္႔ဒီမုိကေရစီႏွင့္ညီၫြတ္ ေရးပါတီ ဥကၠ႒ ဦးထြန္းႏုိင္၊ ခ်င္းအမ်ိဳးသားဒီမုိကရက္တစ္ပါတီ ဥကၠ႒ ဦးဇုိဇမ္း(ခ) ဦးဇမ္က်င္ေပၚ၊ ရွမ္းတုိင္းရင္းသားမ်ားဒီမုိကရက္တစ္ပါတီ ဥကၠ႒ ဦးစုိင္းအုိက္ေပါင္း၊ ‘၀’ ဒီမုိကရက္တစ္ ပါတီ အတြင္းေရးမွဴး ဦးရန္ေက်ာ္၊ ‘၀’ လစ္ဘရယ္ဒီမုိကရက္တစ္ တုိးတက္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးဆုိင္းေပါင္းနပ္၊ ပအုိ၀္းအမ်ဳိးသားအဖြဲ႕ခ်ဳပ္ပါတီ (PNO) တြဲဖက္အတြင္းေရးမွဴး ဦးခြန္ထြန္းေရႊ၊ ကယားျပည္နယ္ဒီမုိကရက္တစ္ပါတီဥကၠ႒ ဦးဖုိးရယ္၊ ရခုိင္ျပည္နယ္ အမ်ိဳးသားအင္အားစုပါတီ ဥကၠ႒ ဦးေအးႀကိဳင္၊ ၿမိဳတုိင္းရင္းသားဖြံ႕ၿဖိဳးေရးပါတီ ဒုတိယဥကၠ႒ ဦးေက်ာ္ထြန္းခုိင္၊ ဒီမုိကေရစီႏွင့္ ၿငိမ္းခ်မ္းေရးပါတီ ဥကၠ႒ ဦးစုိးေမာင္၊ ျမန္မာအမ်ိဳးသားကြန္ဂရက္ပါတီ ဥကၠ႒ ဦးေကာင္းျမင့္ထြဋ္၊ ျပည္သူ႕အက်ိဳးျပဳ ေက်ာင္းသားမ်ားပါတီ ဥကၠ႒ ဦးမင္းမင္းထြန္း၊ မတူကြဲျပားျခင္းႏွင့္ ၿငိမ္းခ်မ္းေရးပါတီ ဥကၠ႒ ေဒၚစႏၵာဦး၊ ဗမာျပည္သူ႕ပါတီ ဗဟုိအလုပ္အမႈေဆာင္ ေဒၚေမေမၾကည္၊ ၈၈ မ်ိဳးဆက္ ဒီမုိကေရစီပါတီ ဥကၠ႒ ဦးစုိးျမင့္၊ ေခတ္သစ္ျပည္ေထာင္စုပါတီ ဗဟုိအလုပ္အမႈေဆာင္ ေဒၚေအးေအးရႊင္၊ ျမန္မာျပည္သူ႕ဒီမုိကရက္တစ္ပါတီ ဗဟုိအလုပ္အမႈေဆာင္ ဦးလႈိင္ၿဖိဳး၊ ျမန္မာႏုိင္ငံေတာင္သူလယ္သမား၊ အလုပ္သမားျပည္သူ႕ပါတီ ဥကၠ႒ ဦးေအာင္မ်ိဳးခိုင္၊ ေစ့စပ္ၫႇိႏႈိင္းေရးႏွင့္တည္ၿငိမ္ေအးခ်မ္းေရးပါတီ ဥကၠ႒ ဦးပါစီျပည္သိန္း၊ စည္းလုံးညီၫြတ္ေရးႏွင့္ ဒီမုိကေရစီပါတီ ကခ်င္ျပည္နယ္(စဒက) ဗဟုိအလုပ္အမႈေဆာင္ ဦး၀င္းျမင့္ တုိ႔ျဖစ္ၾကၿပီး တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း ႏွင့္တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ႏႈတ္ခြန္းဆက္စကားေျပာၾကားရာ၌ ယခုကဲ့သုိ႔ လာေရာက္ ေတြ႕ဆုံမိတ္ဆက္ၾကသည့္အတြက္၀မ္းေျမာက္စြာ ေႏြးေထြးလႈိက္လွဲစြာ ႀကိဳဆုိပါေၾကာင္း၊ တပ္မေတာ္ အေနျဖင့္ ႏုိင္ငံေရးအရေတြ႕ဆုံျခင္းမဟုတ္ဘဲ ႏုိင္ငံ့အေရး၊ အမ်ိဳးသားေရးအရ ေတြ႕ဆုံျခင္း ျဖစ္ေၾကာင္း၊ ပါတီအသီးသီးတုိ႔သည္ႏုိင္ငံေရးအရ၊ တုိင္းရင္းသားေရးအရ၊ ေတာင္သူလယ္သမားေရး အရ၊ အလုပ္သမားေရးအရ၊ ေဒသအေရးအရ မည္သုိ႔ပင္အယူအဆရွိၾကသည္ျဖစ္ေစ ႏုိင္ငံ့ အက်ိဳးအတြက္ေဆာင္ရြက္ ေနျခင္းျဖစ္သျဖင့္ ႏုိင္ငံေရးပါတီမ်ားအားလုံးကုိေလးစားပါေၾကာင္း၊ အေလးလည္းထားပါေၾကာင္း၊ သေဘာထားတုိက္ဆုိင္မႈမ်ားရွိသကဲ့သို႔ သေဘာထားမတုိက္ဆုိင္မႈမ်ား ရွိေသာ္လည္း မိမိတုိ႔အားလုံးတုိင္းျပည္ေကာင္းမြန္တုိးတက္ေရးအတြက္တူညီသည့္ ဘုံရည္မွန္းခ်က္ ထားၿပီး ေဆာင္ရြက္လ်င္အေကာင္းဆုံးျဖစ္ေၾကာင္း၊ တပ္မေတာ္၏ တာ၀န္သည္ ႏုိင္ငံေတာ္ ကာကြယ္ေရးတာ၀န္ျဖစ္ၿပီး ဒုိ႔တာ၀န္အေရးသုံးပါးသည္ အေရးအႀကီးဆုံးျဖစ္ေၾကာင္း၊ ထုိ႔ျပင္ ေျမေပၚေျမေအာက္သယံဇာတမ်ားႏွင့္ ျပည္သူမ်ား၏အသက္အုိးအိမ္စည္းစိမ္ကုိ ကာကြယ္ ေစာင့္ေရွာက္ရန္ျဖစ္ေၾကာင္း၊ မိမိတုိ႔အေနျဖင့္ ႏုိင္ငံေတာ္ကာကြယ္ေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းေရး အတြက္ အၿမဲျပင္ဆင္ ေဆာင္ရြက္ေနသည့္အဖြဲ႕အစည္းတစ္ခုျဖစ္ေၾကာင္း၊ တပ္မေတာ္သည္ ႏုိင္ငံေတာ္၏ အစိတ္အပုိင္းတစ္ခုျဖစ္ၿပီး တပ္မေတာ္သားမ်ားသည္ ျပည္သူမ်ား၏အစိတ္အပုိင္း တစ္ခုျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္တပ္မေတာ္အေနျဖင့္ တုိင္းျပည္ႏွင့္ျပည္သူ၊ ျပည္သားမ်ား အေပၚမည္သည့္အခါမွ သစၥာပ်က္ယြင္းမည္မဟုတ္ေၾကာင္း၊ မိမိတုိ႔ႏုိင္ငံတြင္ ႏုိင္ငံေရး အရတည္ၿငိမ္ေအးခ်မ္းမႈ၊ လုံၿခဳံေရးအရတည္ၿငိမ္ေအးခ်မ္းမႈႏွင့္ စီးပြားေရးအရ ဖြံ႕ၿဖိဳးတိုးတက္မႈမ်ား လုိအပ္ေနဆဲပင္ျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္တည္ၿငိမ္ ေအးခ်မ္းေရးကုိ အဓိကထား ေဆာင္ရြက္ေနၿပီး ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိေအာင္ ေဆာင္ရြက္ေနခ်ိန္တြင္ ပါတီမ်ားမွလည္း ၿငိမ္းခ်မ္းေရးရရွိရန္အတြက္ ၀ုိင္း၀န္း ပါ၀င္ကူညီေဆာင္ရြက္ၾကေစလိုေၾကာင္း၊ လက္နက္ကုိင္ ပဋိပကၡမ်ားမရွိမွသာ ႏုိင္ငံတည္ၿငိမ္ေအးခ်မ္းၿပီး အျခားဖြံ႕ၿဖိဳးတုိးတက္ေရးလုပ္ငန္းမ်ားကုိ ေဆာင္ရြက္ႏုိင္မည္ ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္တစ္ဦးႏွင့္တစ္ဦး အမုန္းတရားျဖစ္ေစမည့္ အရာမ်ားကုိလည္း ေရွာင္ရွားၾကရန္လုိေၾကာင္း၊ တပ္မေတာ္အေနျဖင့္လည္း မတည္ၿငိမ္မႈမ်ား မျဖစ္ေပၚေအာင္ စိတ္ရွည္သည္းခံစြာျဖင့္ အတတ္ႏုိင္ဆုံးထိန္းသိမ္းေဆာင္ရြက္လ်က္ ရွိေၾကာင္း၊ ႏုိင္ငံတစ္ခုတြင္ႏုိင္ငံေရးေမာင္းႏွင္အား၊ စီးပြားေရးေမာင္းႏွင္အားႏွင့္ ကာကြယ္ေရးေမာင္းႏွင္အားဆုိၿပီး ေမာင္းႏွင္အားသုံးခုရွိေၾကာင္း၊ စီးပြားေရးေမာင္းႏွင္အားေကာင္းမြန္မွသာ အျခားက႑မ်ားကုိ ေဆာင္ရြက္ႏုိင္မည္ျဖစ္ၿပီး မိမိတုိ႔ႏုိင္ငံတြင္ စီးပြားေရးေမာင္းႏွင္အား ေကာင္းမြန္ရန္လုိအပ္ လ်က္ရွိေၾကာင္း၊ ယေန႔တုိင္းျပည္ လူဦးေရ၏ ၇၀ ရာခုိင္ႏႈန္းမွာ ေက်းလက္ေနျပည္သူမ်ားျဖစ္ၿပီး ၎တုိ႔၏စီးပြားဖြံ႕ၿဖိဳး တုိးတက္ေရး၊ ၀င္ေငြရရွိေရးမွာအလြန္အေရးႀကီးေၾကာင္း၊ ျပည္တြင္းစီးပြားေရးႏွင့္ အလုပ္အကုိင္အခြင့္လမ္း နည္းပါးမႈေၾကာင့္ ျပည္ပသုိ႔မ်ားစြာထြက္ခြာအလုပ္လုပ္ ေနေၾကာင္း၊ ႏုိင္ငံသားမ်ားအားလုံး မိမိတို႔ႏုိင္ငံအတြင္း ေႏြးေထြးစြာလုပ္ကုိင္ စားေသာက္ႏုိင္ေရး ႀကိဳးစားရမည္ျဖစ္ရာ ႏုိင္ငံေရးပါတီမ်ားအေနျဖင့္ ၀ုိင္း၀န္းပူးေပါင္း ေဆာင္ရြက္ၾကေစလုိေၾကာင္း၊ မိမိတုိ႔တပ္မေတာ္အေနျဖင့္ တပ္မေတာ္သားမ်ားႏွင့္ မိသားစုမ်ားစားေသာက္မႈ အဆင္ေျပေစရန္ အတြက္ တပ္ပုိင္စုိက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းမ်ားကုိေဆာင္ရြက္လ်က္ရွိၿပီး ပုိလွ်ံသည့္ အသား၊ ငါး၊ ဟင္းသီး ဟင္းရြက္မ်ားအား ဌာနဆုိင္ရာ၀န္ထမ္းမ်ား၊ စစ္မႈထမ္းေဟာင္းမ်ားႏွင့္ ေဒသခံျပည္သူမ်ားထံ သက္သာသည့္ေစ်းႏႈန္းျဖင့္ ေရာင္းခ်ေပးလ်က္ရွိေၾကာင္း၊ ထုိသုိ႔ေဆာင္ရြက္ေနျခင္းသည္ ႏုိင္ငံ၏စီးပြားေရးကုိ တစ္ဖက္တစ္လမ္းမွအေထာက္အကူ ျဖစ္ေစရန္အတြက္ ေဆာင္ရြက္ ေနျခင္းျဖစ္ေၾကာင္း၊ စားကုန္၊ ေသာက္ကုန္၊ သုံးကုန္ပစၥည္းမ်ား ျပည္တြင္း၌ အျပည့္အ၀ ထုတ္လုပ္သုံးစြဲေရးႀကိဳးစားေစလုိေၾကာင္း၊၂၀၀၈ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးႏွင့္ ပတ္သက္ၿပီး အဆုိပါအေျခခံဥပေဒအား ဆႏၵမဲေပးခြင့္ရွိသူအမ်ားစုမွ ေထာက္ခံအတည္ျပဳခဲ့သည့္ ဥပေဒျဖစ္ေၾကာင္း၊ မည္သည့္ႏုိင္ငံတြင္မွၿပီးျပည့္စုံသည့္ အေျခခံဥပေဒမ်ိဳးမရွိေသာ္လည္း ခုိင္မာအား ေကာင္းသည့္အေျခခံဥပေဒျဖစ္ရန္ လုိေၾကာင္း၊ အားနည္းခ်က္ရွိၿပီး ျပင္ဆင္သင့္သည့္ဥပေဒမ်ားကုိ ျပင္သင့္ျပင္ထုိက္သည့္ အခ်ိန္မွသာျပင္ဆင္သင့္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ အေျခခံ ဥပေဒျပင္ဆင္ျခင္းကုိ သေဘာတူေၾကာင္း၊ သုိ႔ေသာ္သတ္မွတ္ျပ႒ာန္းထားသည့္အတုိင္းသာ ျပင္ဆင္ရန္လုိ ေၾကာင္း၊ တပ္မေတာ္သည္ ႏုိင္ငံေတာ္ကာကြယ္ေရးတာ၀န္အျပင္ အမ်ိဳးသားႏုိင္ငံေရး တာ၀န္ကုိလည္း ထမ္းေဆာင္လ်က္ရွိေၾကာင္း၊ အမ်ိဳးသားႏုိင္ငံေရးဆုိသည္မွာ ျပည္သူ၊ ျပည္သားမ်ား၏လုိအပ္ခ်က္၊ တုိင္းျပည္၏လုိအပ္ခ်က္မ်ားကုိ အမ်ိဳးသားအက်ိဳးစီးပြား အတြက္ဆုိပါက မည္သည့္ကိစၥကုိမဆုိေဆာင္ရြက္ျခင္းပင္ျဖစ္ေၾကာင္း၊ မိမိတုိ႔အေတြ႕ အႀကဳံမ်ားအား အျမင္ က်ယ္က်ယ္ျဖင့္ စဥ္းစားေတြးေခၚ၍ တုိင္းျပည္အတြက္အသုံးခ် ေဆာင္ရြက္ၾကေစလုိေၾကာင္း၊ ႏုိင္ငံေရးပါတီမ်ားအေနျဖင့္ ႏုိင္ငံေရးအတြက္ ဦးေဆာင္မႈျပဳေဆာင္ရြက္ၾကေစလိုၿပီး တပ္မေတာ္အေနျဖင့္ႏုိင္ငံ့အေရး၊ အမ်ိဳးသားေရးအတြက္ ပူးေပါင္းေဆာင္ရြက္မႈျပဳလုပ္သြားမည္ ျဖစ္ေၾကာင္းေျပာၾကား သည္။

ထုိ႔ေနာက္ ႏုိင္ငံေရးပါတီမ်ားမွ ကုိယ္စားလွယ္မ်ားက တပ္မတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ အား လာေရာက္ေတြ႕ဆုံမိတ္ဆက္ခြင့္ရရွိသည့္အတြက္ ေက်းဇူးတင္ရွိပါေၾကာင္းႏွင့္ လက္ရွိႏုိင္ငံေရး၊ အုပ္ခ်ဳပ္ေရး၊ စီးပြားေရးအေျခအေနမ်ား၊ လႊတ္ေတာ္တြင္းအေျခအေနမ်ား၊ ျပည္တြင္း ၿငိမ္းခ်မ္းေရး ရရွိရန္လုိအပ္မႈအေျခအေနမ်ား၊ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးကုိ ယခင္အစုိးရ သက္တမ္းတြင္လည္း ေဆာင္ရြက္ခဲ့ၿပီး လက္ရွိကာလတြင္လည္း ျပင္ဆင္သင့္သည့္ အခ်က္မ်ားကုိ ဥပေဒႏွင့္အညီသာ ျပင္ဆင္သင့္သည့္အေျခအေန မ်ားႏွင့္ပတ္သက္၍ ပါတီအသီးသီး၏ သေဘာထားမ်ားကုိ မိတ္ဆက္ရွင္းလင္းေဆြးေႏြး ၾကၿပီး တပ္မေတာ္၏သေဘာထားရပ္တည္ခ်က္ျဖင့္ ေဆာင္ရြက္ခ်က္မ်ားကုိ ေထာက္ခံပါေၾကာင္းႏွင့္ ႏုိင္ငံေတာ္အတြက္၊ အမ်ိဳးသားေရးအတြက္ ညီညီၫြတ္ၫြတ္ပူးေပါင္း ေဆာင္ရြက္ၾကရန္အသင့္ရွိပါေၾကာင္းေျပာၾကားၾကသည္။ ယင္းေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က တက္ေရာက္လာၾကသူမ်ားအား လက္ဘက္ရည္၊ မုန္႔မ်ားျဖင့္ တည္ခင္းဧည့္ခံၿပီး ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံရေးပါတီ ၃၂ ပါတီမှ ပါတီဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများလာရောက်မိတ်ဆက်တွေ့ဆုံ

နေပြည်တော်၊ မတ် – ၂၂

ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လာရောက် တွေ့ဆုံမိတ်ဆက်ကြရာ နေပြည်တော်ရှိဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံ၍ လက်ဘက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံသည်။

လာရောက်တွေ့ဆုံမိတ်ဆက်ကြသည့် ပါတီအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များမှာ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးသိန်းထွန်း၊ အမျိုးသားဒီမိုကရေစီ ပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်၊ အမျိုးသား တိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာ နေဇင်လတ်၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဒုတိယဥက္ကဋ္ဌ ဦးတင့်ဆွေ၊ ခေတ်သစ်ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသိမ်းကြည်၊ ဝံသာနုဒီမိုကရက်တစ်ပါတီ ပူးတွဲဥက္ကဋ္ဌ ဒေါ်နန်းရွှေကြာ၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးစောမြတ်ထွဋ်ဝင်း၊ ကရင်ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ ဦးစောဂျူဗလီစံလှ၊ လီဆူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ ဥက္ကဋ္ဌ ဦးရွှေမင်း(ခ) ဆီဖာလာလူ၊ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ် ရေးပါတီ ဥက္ကဋ္ဌ ဦးထွန်းနိုင်၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်း(ခ) ဦးဇမ်ကျင်ပေါ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း၊ ‘ဝ’ ဒီမိုကရက်တစ် ပါတီ အတွင်းရေးမှူး ဦးရန်ကျော်၊ ‘ဝ’ လစ်ဘရယ်ဒီမိုကရက်တစ် တိုးတက်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးဆိုင်းပေါင်းနပ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) တွဲဖက်အတွင်းရေးမှူး ဦးခွန်ထွန်းရွှေ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးဖိုးရယ်၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ ဥက္ကဋ္ဌ ဦးအေးကြိုင်၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးကျော်ထွန်းခိုင်၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးစိုးမောင်၊ မြန်မာအမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ်၊ ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ ဥက္ကဋ္ဌ ဦးမင်းမင်းထွန်း၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာဦး၊ ဗမာပြည်သူ့ပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါ်မေမေကြည်၊ ၈၈ မျိုးဆက် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးစိုးမြင့်၊ ခေတ်သစ်ပြည်ထောင်စုပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါ်အေးအေးရွှင်၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှိုင်ဖြိုး၊ မြန်မာနိုင်ငံတောင်သူလယ်သမား၊ အလုပ်သမားပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးအောင်မျိုးခိုင်၊ စေ့စပ်ညှိနှိုင်းရေးနှင့်တည်ငြိမ်အေးချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးပါစီပြည်သိန်း၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်(စဒက) ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့် တို့ဖြစ်ကြပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နှုတ်ခွန်းဆက်စကားပြောကြားရာ၌ ယခုကဲ့သို့ လာရောက် တွေ့ဆုံမိတ်ဆက်ကြသည့်အတွက်ဝမ်းမြောက်စွာ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ တပ်မတော် အနေဖြင့် နိုင်ငံရေးအရတွေ့ဆုံခြင်းမဟုတ်ဘဲ နိုင်ငံ့အရေး၊ အမျိုးသားရေးအရ တွေ့ဆုံခြင်း ဖြစ်ကြောင်း၊ ပါတီအသီးသီးတို့သည်နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊ တောင်သူလယ်သမားရေး အရ၊ အလုပ်သမားရေးအရ၊ ဒေသအရေးအရ မည်သို့ပင်အယူအဆရှိကြသည်ဖြစ်စေ နိုင်ငံ့ အကျိုးအတွက်ဆောင်ရွက် နေခြင်းဖြစ်သဖြင့် နိုင်ငံရေးပါတီများအားလုံးကိုလေးစားပါကြောင်း၊ အလေးလည်းထားပါကြောင်း၊ သဘောထားတိုက်ဆိုင်မှုများရှိသကဲ့သို့ သဘောထားမတိုက်ဆိုင်မှုများ ရှိသော်လည်း မိမိတို့အားလုံးတိုင်းပြည်ကောင်းမွန်တိုးတက်ရေးအတွက်တူညီသည့် ဘုံရည်မှန်းချက် ထားပြီး ဆောင်ရွက်လျင်အကောင်းဆုံးဖြစ်ကြောင်း၊ တပ်မတော်၏ တာဝန်သည် နိုင်ငံတော် ကာကွယ်ရေးတာဝန်ဖြစ်ပြီး ဒို့တာဝန်အရေးသုံးပါးသည် အရေးအကြီးဆုံးဖြစ်ကြောင်း၊ ထို့ပြင် မြေပေါ်မြေအောက်သယံဇာတများနှင့် ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရန်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် တည်ငြိမ်အေးချမ်းရေး အတွက် အမြဲပြင်ဆင် ဆောင်ရွက်နေသည့်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တပ်မတော်သားများသည် ပြည်သူများ၏အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့်တပ်မတော်အနေဖြင့် တိုင်းပြည်နှင့်ပြည်သူ၊ ပြည်သားများ အပေါ်မည်သည့်အခါမှ သစ္စာပျက်ယွင်းမည်မဟုတ်ကြောင်း၊ မိမိတို့နိုင်ငံတွင် နိုင်ငံရေး အရတည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရတည်ငြိမ်အေးချမ်းမှုနှင့် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှုများ လိုအပ်နေဆဲပင်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့်တည်ငြိမ် အေးချမ်းရေးကို အဓိကထား ဆောင်ရွက်နေပြီး ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေချိန်တွင် ပါတီများမှလည်း ငြိမ်းချမ်းရေးရရှိရန်အတွက် ဝိုင်းဝန်း ပါဝင်ကူညီဆောင်ရွက်ကြစေလိုကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများမရှိမှသာ နိုင်ငံတည်ငြိမ်အေးချမ်းပြီး အခြားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့်တစ်ဦးနှင့်တစ်ဦး အမုန်းတရားဖြစ်စေမည့် အရာများကိုလည်း ရှောင်ရှားကြရန်လိုကြောင်း၊ တပ်မတော်အနေဖြင့်လည်း မတည်ငြိမ်မှုများ မဖြစ်ပေါ်အောင် စိတ်ရှည်သည်းခံစွာဖြင့် အတတ်နိုင်ဆုံးထိန်းသိမ်းဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံတစ်ခုတွင်နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အားနှင့် ကာကွယ်ရေးမောင်းနှင်အားဆိုပြီး မောင်းနှင်အားသုံးခုရှိကြောင်း၊ စီးပွားရေးမောင်းနှင်အားကောင်းမွန်မှသာ အခြားကဏ္ဍများကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မိမိတို့နိုင်ငံတွင် စီးပွားရေးမောင်းနှင်အား ကောင်းမွန်ရန်လိုအပ် လျက်ရှိကြောင်း၊ ယနေ့တိုင်းပြည် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်နေပြည်သူများဖြစ်ပြီး ၎င်းတို့၏စီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ ဝင်ငွေရရှိရေးမှာအလွန်အရေးကြီးကြောင်း၊ ပြည်တွင်းစီးပွားရေးနှင့် အလုပ်အကိုင်အခွင့်လမ်း နည်းပါးမှုကြောင့် ပြည်ပသို့များစွာထွက်ခွာအလုပ်လုပ် နေကြောင်း၊ နိုင်ငံသားများအားလုံး မိမိတို့နိုင်ငံအတွင်း နွေးထွေးစွာလုပ်ကိုင် စားသောက်နိုင်ရေး ကြိုးစားရမည်ဖြစ်ရာ နိုင်ငံရေးပါတီများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့် တပ်မတော်သားများနှင့် မိသားစုများစားသောက်မှု အဆင်ပြေစေရန် အတွက် တပ်ပိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပြီး ပိုလျှံသည့် အသား၊ ငါး၊ ဟင်းသီး ဟင်းရွက်များအား ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းများနှင့် ဒေသခံပြည်သူများထံ သက်သာသည့်ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်နေခြင်းသည် နိုင်ငံ၏စီးပွားရေးကို တစ်ဖက်တစ်လမ်းမှအထောက်အကူ ဖြစ်စေရန်အတွက် ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ စားကုန်၊ သောက်ကုန်၊ သုံးကုန်ပစ္စည်းများ ပြည်တွင်း၌ အပြည့်အ၀ ထုတ်လုပ်သုံးစွဲရေးကြိုးစားစေလိုကြောင်း၊၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး အဆိုပါအခြေခံဥပဒေအား ဆန္ဒမဲပေးခွင့်ရှိသူအများစုမှ ထောက်ခံအတည်ပြုခဲ့သည့် ဥပဒေဖြစ်ကြောင်း၊ မည်သည့်နိုင်ငံတွင်မှပြီးပြည့်စုံသည့် အခြေခံဥပဒေမျိုးမရှိသော်လည်း ခိုင်မာအား ကောင်းသည့်အခြေခံဥပဒေဖြစ်ရန် လိုကြောင်း၊ အားနည်းချက်ရှိပြီး ပြင်ဆင်သင့်သည့်ဥပဒေများကို ပြင်သင့်ပြင်ထိုက်သည့် အချိန်မှသာပြင်ဆင်သင့်ကြောင်း၊ တပ်မတော်အနေဖြင့် အခြေခံ ဥပဒေပြင်ဆင်ခြင်းကို သဘောတူကြောင်း၊ သို့သော်သတ်မှတ်ပြဋ္ဌာန်းထားသည့်အတိုင်းသာ ပြင်ဆင်ရန်လို ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်အပြင် အမျိုးသားနိုင်ငံရေး တာဝန်ကိုလည်း ထမ်းဆောင်လျက်ရှိကြောင်း၊ အမျိုးသားနိုင်ငံရေးဆိုသည်မှာ ပြည်သူ၊ ပြည်သားများ၏လိုအပ်ချက်၊ တိုင်းပြည်၏လိုအပ်ချက်များကို အမျိုးသားအကျိုးစီးပွား အတွက်ဆိုပါက မည်သည့်ကိစ္စကိုမဆိုဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့အတွေ့ အကြုံများအား အမြင် ကျယ်ကျယ်ဖြင့် စဉ်းစားတွေးခေါ်၍ တိုင်းပြည်အတွက်အသုံးချ ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးအတွက် ဦးဆောင်မှုပြုဆောင်ရွက်ကြစေလိုပြီး တပ်မတော်အနေဖြင့်နိုင်ငံ့အရေး၊ အမျိုးသားရေးအတွက် ပူးပေါင်းဆောင်ရွက်မှုပြုလုပ်သွားမည် ဖြစ်ကြောင်းပြောကြား သည်။

ထို့နောက် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များက တပ်မတာ်ကာကွယ်ရေးဦးစီးချုပ် အား လာရောက်တွေ့ဆုံမိတ်ဆက်ခွင့်ရရှိသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် လက်ရှိနိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးအခြေအနေများ၊ လွှတ်တော်တွင်းအခြေအနေများ၊ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန်လိုအပ်မှုအခြေအနေများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ယခင်အစိုးရ သက်တမ်းတွင်လည်း ဆောင်ရွက်ခဲ့ပြီး လက်ရှိကာလတွင်လည်း ပြင်ဆင်သင့်သည့် အချက်များကို ဥပဒေနှင့်အညီသာ ပြင်ဆင်သင့်သည့်အခြေအနေ များနှင့်ပတ်သက်၍ ပါတီအသီးသီး၏ သဘောထားများကို မိတ်ဆက်ရှင်းလင်းဆွေးနွေး ကြပြီး တပ်မတော်၏သဘောထားရပ်တည်ချက်ဖြင့် ဆောင်ရွက်ချက်များကို ထောက်ခံပါကြောင်းနှင့် နိုင်ငံတော်အတွက်၊ အမျိုးသားရေးအတွက် ညီညီညွတ်ညွတ်ပူးပေါင်း ဆောင်ရွက်ကြရန်အသင့်ရှိပါကြောင်းပြောကြားကြသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တက်ရောက်လာကြသူများအား လက်ဘက်ရည်၊ မုန့်များဖြင့် တည်ခင်းဧည့်ခံပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။