တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ H.E. Mr. Yohei SASAKAWA အား လက်ခံ တွေ့ဆုံ

ေနျပည္ေတာ္၊ မတ္ ၂၅

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ဂ်ပန္အစုိးရ၏ ျမန္မာႏုိင္ငံ ဆုိင္ရာ အထူးကုိယ္စားလွယ္ႏွင့္ နီပြန္ေဖာင္ေဒးရွင္းဥကၠ႒ H.E. Mr. Yohei SASAKAWA အား ယေန႔ မြန္းလြဲပုိင္းတြင္ ေနျပည္ေတာ္ရွိဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမ ေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး ဆန္းဦး၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအးတုိ႔ တက္ေရာက္ၾကၿပီး ဂ်ပန္အစိုးရ၏ျမန္မာႏုိင္ငံဆုိင္ရာ အထူးကုိယ္စားလွယ္ႏွင့္ နီပြန္ေဖာင္ေဒးရွင္းဥကၠ႒ျဖစ္သူႏွင့္အတူ ျမန္မာႏုိင္ငံဆုိင္ရာ ဂ်ပန္ႏုိင္ငံသံအမတ္ႀကီး H.E. Mr. Ichiro Maruyama ႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ဂ်ပန္အစုိးရ၏ျမန္မာႏုိင္ငံဆုိင္ရာအထူးကုိယ္စားလွယ္ႏွင့္ နီပြန္ေဖာင္ေဒးရွင္း ဥကၠ႒ အေနျဖင့္ ရခုိင္ျပည္နယ္အတြင္းသြားေရာက္ၾကည့္႐ႈ ေလ့လာခဲ့ၿပီး အေျခအေနမွန္မ်ားအားေတြ႕ရွိခဲ့ရမႈ အေျခအေနမ်ား၊ ရခုိင္ျပည္နယ္အတြင္း မူးယစ္ေဆး၀ါးမ်ား ေရာင္း၀ယ္ေနမႈအေျခအေနမ်ားႏွင့္ ဖမ္းဆီး ႏွိမ္နင္းေဆာင္ရြက္ေနမႈအေျခအေနမ်ား၊ ဂ်ပန္ႏုိင္ငံမွမြန္ျပည္နယ္အတြင္း ေဒသဖြံ႕ၿဖိဳးတုိးတက္ေရး လုပ္ငန္း မ်ားေဆာင္ရြက္ေနမႈႏွင့္ ကခ်င္ျပည္နယ္အတြင္းစစ္ေဘးေရွာင္ျပည္သူမ်ားႏွင့္ ေဒသဖြံ႕ၿဖိဳးေရးအတြက္ ဆက္လက္ ကူညီေဆာင္ရြက္ေပးမည့္အေျခအေနမ်ား၊ တပ္မေတာ္မွျပည္တြင္းၿငိမ္းခ်မ္းေရးရရွိရန္ ေဆာင္ရြက္ ေနမႈအေျခအေနမ်ားႏွင့္ ဂ်ပန္ႏုိင္ငံမွကူညီေဆာင္ရြက္ေပးေနသည့္ အေျခအေနမ်ားအား ရင္းရင္းႏွီးႏွီး အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

 

(Uicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ H.E. Mr. Yohei SASAKAWA အား လက်ခံ တွေ့ဆုံ

နေပြည်တော်၊ မတ် ၂၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ H.E. Mr. Yohei SASAKAWA အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိဘုရင့်နောင်ရိပ်သာဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေးတို့ တက်ရောက်ကြပြီး ဂျပန်အစိုးရ၏မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌဖြစ်သူနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Ichiro Maruyama နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဂျပန်အစိုးရ၏မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ အနေဖြင့် ရခိုင်ပြည်နယ်အတွင်းသွားရောက်ကြည့်ရှု လေ့လာခဲ့ပြီး အခြေအနေမှန်များအားတွေ့ရှိခဲ့ရမှု အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးများ ရောင်းဝယ်နေမှုအခြေအနေများနှင့် ဖမ်းဆီး နှိမ်နင်းဆောင်ရွက်နေမှုအခြေအနေများ၊ ဂျပန်နိုင်ငံမှမွန်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များဆောင်ရွက်နေမှုနှင့် ကချင်ပြည်နယ်အတွင်းစစ်ဘေးရှောင်ပြည်သူများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဆက်လက် ကူညီဆောင်ရွက်ပေးမည့်အခြေအနေများ၊ တပ်မတော်မှပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက် နေမှုအခြေအနေများနှင့် ဂျပန်နိုင်ငံမှကူညီဆောင်ရွက်ပေးနေသည့် အခြေအနေများအား ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။